ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

 ေနာက္ပိုင္း သၾကၤန္မစည္တာကေတာ့ စီးပြားေရးေၾကာင့္ပါ၊ သၾကၤန္မိုးထုတ္လုပ္သူေတြနဲ႔ ေမးျမန္းခန္း
ဘိုဘို

သၾကၤန္မိုးက သီတာသိမ့္နဲ႔ ေနေအာင္ ဓာတ္ပုံ မူပိုင္ZIN WAI LATT
သၾကၤန္မိုး ႐ုပ္ရွင္ဟာ ၁၉၈၅ ခုႏွစ္အတြက္ အေကာင္းဆုံး ျမန္မာ႐ုပ္ရွင္ဆုရ ဇာတ္ကား ျဖစ္ပါတယ္။ ဇာတ္ကားဆုအျပင္ ဒါ႐ိုက္တာဆုနဲ႔ ဓာတ္ပုံဆုေတြလည္း ရခဲ့ပါတယ္။

ဒီကားဟာ အႏွစ္ ၃ဝ ေက်ာ္ၾကာတဲ့အထိ ျမန္မာဇာတ္ကားေကာင္းတကားအျဖစ္ လူႀကိဳက္မ်ားဆဲ ျဖစ္သလို သၾကၤန္ပြဲေတာ္ရဲ႕ ပုံရိပ္လိုလည္း ျဖစ္လာခဲ့ပါတယ္။

ဒီကားနဲ႔ ပတ္သက္ၿပီး လူသိနည္းတဲ့ အခ်က္ေတြထဲမွာburmaဓာတ္ပုံ မူပိုင္SUE HNGET
မႏၲေလး႐ုပ္ရွင္ဒါ႐ိုက္တာအဖြဲ႕ဝင္ ဓားတန္းဦးသန္႔

၁။ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့တဲ့ ရီျမင့္႐ုပ္ရွင္ထုတ္လုပ္ေရးက ဇာတ္ကားဆု မရခဲ့ဘဲ သူရိယပညာ႐ုပ္ရွင္က ရခဲ့ပါတယ္။

မႏၲေလး႐ုပ္ရွင္ကုမၸဏီဒါ႐ိုက္တာ အဖြဲ႕ဝင္ မိသားစုေတြထဲက ဆင္းသက္လာတဲ့ ရီျမင့္႐ုပ္ရွင္ ထုတ္လုပ္ေရးဟာ အဲဒီအခ်ိန္က အစိုးရရဲ႕ စီးပြားေရး မူအရ ျပည္ပက ဖလင္ကို ဝယ္လို႔မရတဲ့အတြက္ ထုတ္ေဝခြင့္ရွိတဲ့ ႐ုပ္ရွင္ ကုမၸဏီေတြနာမည္ယူၿပီး အစိုးရဆီက ဖလင္ဝယ္ ႐ိုက္ကူးရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မင္းသား တကၠသိုလ္မ်ိဳးခ်စ္နဲ႔ မင္းသမီး ခင္အုန္းျမင့္တို႔ ပိုင္တဲ့ သူရိယပညာ႐ုပ္ရွင္နာမည္နဲ႔ ထုတ္ခဲ့ရပါတယ္။

burmaဓာတ္ပုံ မူပိုင္LATT MG CHOတကၠသိုလ္မ်ိဳးခ်စ္နဲ႔ ခင္အုန္းျမင့္မိသားစု
ဒီဇာတ္ကားမွာ ေဒၚခင္အုန္းျမင့္က မင္းသမီး ခင္သန္းႏုရဲ႕ မိခင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

၂။ ဒီကားမွာ မေဖာ္ျပျဖစ္ခဲ့တဲ့ အခန္းတခန္းက မႏၲေလးၿမိဳ႕က ထင္ရွားတဲ့ ပုဂၢိဳလ္ႀကီးေတြ ပါဝင္တဲ့ ဧည့္ခံပြဲ ျမင္ကြင္း ျဖစ္ပါတယ္။

မႏၲေလးက ျပတိုက္မႉးေဒၚတင္လွ၊ ေရခ်ိဳဦးေအးေမာင္၊ ေ႐ႊကုန္သည္ ေဒၚေမာ္လီျမေမာင္ စတဲ့ နာမည္ႀကီး ပုဂၢိဳလ္ေတြနဲ႔ လူခ်မ္းသာေတြ ကိုယ္တိုင္ ဇာတ္ကားထဲကလို ၁၉၅၇ က အဝတ္အစားပုံစံေတြနဲ႔ ႐ိုက္ကူးဖို႔ စီစဥ္ခဲ့ပါတယ္။

ဒါေပမဲ့ ၁၉၈၅ ဧၿပီလ ၂ ရက္မွာ ႐ိုက္တဲ့ ဒီ႐ုပ္ရွင္႐ိုက္ကြင္းမွာ လူအုပ္ကို မထိန္းႏိုင္လို႔ပ်က္သြားခဲ့တဲ့အတြက္ ဒီအခန္း မ႐ိုက္ျဖစ္ခဲ့ဘူးလို႔ ႐ုပ္ရွင္ထုတ္လုပ္သူ ဦးေဇာ္ျမင့္က ရွင္းျပပါတယ္။

အဲဒီအခန္းသာ ႐ိုက္ႏိုင္ခဲ့ရင္ အမွတ္တရ အျဖစ္ က်န္ရစ္ခဲ့မယ္လို႔လည္း ဆိုပါတယ္။

ရင္ရင္ရဲ႕ မဟာဇနကၠဓာတ္ျပားထားရဲ႕ မဂၤလာပြဲမွာ ဧည့္ခံသူေတြအျဖစ္ မႏၲေလးက ႐ုပ္ရွင္ေတြမွာ ဇာတ္ပို႔အျဖစ္ ပါဝင္တတ္တဲ့ အဆိုေတာ္ ဂင္ဇာေဒၚရင္ရင္ ပါဝင္တာကို ေတြ႕ႏိုင္ပါတယ္။

ေဒၚရင္ရင္ဟာ စစ္မျဖစ္ခင္က မဟာဇနကၠဓာတ္ျပားနဲ႔ ထင္ရွားခဲ့ၿပီး အဆိုေတာ္ ေသာင္းေသာင္းႏုရဲ႕ မိခင္ျဖစ္သလို ဂီတမႉး အကယ္ဒမီ ေဇာ္မ်ိဳးထြဋ္ရဲ႕ အဘြားလည္း ျဖစ္ပါတယ္။

႐ိုက္ကြင္းကို မႏၲေလးဆိုင္းတန္းရပ္က ရီျမင့္႐ုပ္ရွင္ အေဆာက္အအုံနဲ႔ ပြဲကုန္းရပ္က ေဒါက္တာသိန္းေအာင္တိုက္မွာ ႐ိုက္ကူးတာ ျဖစ္ၿပီး စႏၵရားကိုၿငိမ္းေမာင္အိမ္အတြင္းခန္းကိုေတာ့ ရန္ကုန္က စိန္ေမာင္စတူဒီယိုမွာ ႐ိုက္ကူးခဲ့ပါတယ္။

burmaဓာတ္ပုံ မူပိုင္TI TI TARအကယ္ဒမီငါးဆုရ ဒါ႐ိုက္တာေမာင္တင္ဦး

၃။ ဒီကားကို ဝတၳဳ ခင္ေမာင္ေအး (မႏၲေလး)လို႔ ေဖာ္ျပခဲ့ေပမယ့္ မႏၲေလးသား ဒါ႐ိုက္တာေမာင္တင္ဦးရဲ႕ ဇာတ္လမ္းသာ ျဖစ္လိမ့္မယ္လို႔ ႐ုပ္ရွင္ထုတ္လုပ္သူ ဦးေဇာ္ျမင့္က ဆိုပါတယ္။ဇာတ္ၫႊန္းေရးသူကိုေတာ့ ေအာင္စိုးဦးလို႔ ေဖာ္ျပပါတယ္။

ခင္ေမာင္ေအး (မႏၲေလး)ဟာ အဲဒီအခ်ိန္က သတင္းနဲ႔စာနယ္ဇင္း ေကာ္ပိုေရးရွင္းမွာ ဦးေဆာင္ၫႊန္ၾကားေရးမႉး တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဗိုလ္မႉးႀကီးတေယာက္ ျဖစ္ၿပီး NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစ္ကိုတဝမ္းကြဲ ေတာ္ပါတယ္။

၁၉၈၃ ေလာက္က ဗိုလ္မႉးႀကီး ခင္ေမာင္ေအး ဘုန္းတန္ခိုးႀကီးမားေနခ်ိန္ ျဖစ္လို႔ ႐ုပ္ရွင္ေကာ္ပိုေရးရွင္း၊ ဇာတ္လမ္း ႐ုပ္ရွင္မွာ ဝတၳဳဇာတ္လမ္းတင္ရာမွာ ေခ်ာေခ်ာေမြ႕ေမြ႕ ခြင့္ျပဳခ်က္ရေအာင္ ခင္ေမာင္ေအး (မႏၲေလး) ဝတၳဳဆိုၿပီး နာမည္တပ္ခဲ့တာလို႔ ေျပာၾကဆိုၾကေၾကာင္း ျမန္မာေစ်းကြက္ဂ်ာနယ္ပါ တကၠသိုလ္စိန္တင္ရဲ႕ ဤပုံကို ၾကည့္ပါ၊ အေဝးကပင္ ျမင္ႏိုင္ပါသည္ ေဆာင္းပါးမွာ ေဖာ္ျပပါတယ္။

ဒါ႐ိုက္တာေမာင္တင္ဦးဟာ မႏၲေလး တိုင္းခ်စ္သတင္းစာ အယ္ဒီတာ သခင္သိန္းေဖနဲ႔ ေဒၚျမျမတို႔ရဲ႕သားျဖစ္ၿပီး သူ႔မိဘေတြကလည္း အဂၤလိပ္ေခတ္ကတည္းက ထင္ရွားတဲ့ သတင္းစာဆရာ၊ စာေရးဆရာနဲ႔ ႏိုင္ငံေရးသမားေတြ ျဖစ္ၾကပါတယ္။

ဒီဇာတ္ကားပါ ဇာတ္လိုက္ စႏၵရားဆရာ ကိုၿငိမ္းေမာင္ဟာ ၿမိဳ႕မၿငိမ္း၊ စႏၵရားသိန္းေမာင္ စတဲ့ ထင္ရွားတဲ့ အႏုပညာရွင္ေတြရဲ႕ လႊမ္းမိုးမႈေတြနဲ႔ တည္ေဆာက္ထားတာ လို႔လည္း ဦးေဇာ္ျမင့္က ဆိုပါတယ္။

burmaဓာတ္ပုံ မူပိုင္ZIN WAI LATTသၾကၤန္မိုးက မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြ
၄။ ဒီ႐ုပ္ရွင္ဟာ ျပသစဥ္က ဒီေလာက္မေအာင္ျမင္ဘဲ အဲဒီႏွစ္ ဒီဇင္ဘာလမွာ အကယ္ဒမီဆုရၿပီးမွ ႐ုပ္ျမင္သံၾကားက ျပသခဲ့လို႔ ထင္ရွား လူႀကိဳက္မ်ားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့အသံက ဒီ႐ုပ္ရွင္ကို ယူျပလို႔ အက်ိဳးခံစားခြင့္ မရခဲ့ဘူးလို႔လည္း ဦးေဇာ္ျမင့္က ဆိုပါတယ္။

ပိေတာက္၊ သိၾကားမင္းနဲ႔ တူးပို႔သၾကၤန္ကားစျပစဥ္က မ်က္ႏွာသစ္ေတြ ထုတ္သုံးတာအျပင္ ေနေအာင္ဟာ အကယ္ဒမီရၿပီးေပမယ့္ မေအာင္ျမင္ေသးတဲ့အခ်ိန္မို႔လို႔ ဒီကားကို လူသိပ္မသိခဲ့ဘူးလို႔ သူက ဆိုပါတယ္။
အခုေတာ့ ဒီကားက အင္တာနက္ထဲမွာ ျပန္႔ႏွံ႔ေနၿပီး လူထုလက္ထဲ ေရာက္ေနၿပီလို႔လည္း ေျပာပါတယ္။

burmaဓာတ္ပုံ မူပိုင္ZIN WAI LATTထားနဲ႔ ကိုၿငိမ္းေမာင္ျဖစ္သြားတဲ့ ခင္သန္းႏုနဲ႔ ေနေအာင္
၅။ ဒီ႐ုပ္ရွင္မွာ ဆင္ဆာ အျဖတ္ခံရတာက မႏၲေလးသူရဲ႕ ကြၽန္ေတာ္အေျပာ ျဖစ္ပါတယ္။

အမ်ိဳးသမီးက ကြၽန္ေတာ္လို႔ က်ားနာမ္စားသုံးတာကို ခြင့္မျပဳလို႔ ထားအျဖစ္ သ႐ုပ္ေဆာင္တဲ့ ခင္သန္းႏုရဲ႕ ကြၽန္ေတာ္လို႔ ေျပာသမွ် ေနရာေတြမွာ ထားကေလ ဆိုၿပီး လိုက္ျပင္ခဲ့ရတာ ျဖစ္ပါတယ္။

ဒါဟာ မႏၲေလးအတြက္ နစ္နာဆုံးရႈံးမႈ ျဖစ္တယ္လို႔လည္း ထုတ္လုပ္သူ ဦးေဇာ္ျမင့္က ေျပာပါတယ္။

burmaဓာတ္ပုံ မူပိုင္YIN YIN HTWAYဦးေဇာ္ျမင့္၊ ေဒၚယဥ္ယဥ္ေထြးနဲ႔ အၪၥလီေမာင္ေမာင္

၆။ ဒီဇာတ္ကားမွာ သီခ်င္းေကာင္းေတြ အမ်ားအျပားပါလို႔ သီခ်င္းကားအျဖစ္ ထင္ရွားခဲ့ပါတယ္။

ျမဴေမွာင္ေဝကင္း၊ ႏွစ္ကိုယ္တူခ်စ္သမွ် စတဲ့ သီခ်င္းေဟာင္းေတြ ျပန္သုံးသလို ညခ်မ္းသဘင္ ဆိုတဲ့ ၿမိဳ႕မၿငိမ္းရဲ႕ ေတးကိုလည္း အကယ္ဒမီ ဦးေပါက ျပန္ေဖာ္ေပးမွ သတိရၿပီး ထည့္သုံးခဲ့ၾကပါတယ္။

သၾကၤန္မိုး နဲ႔ ေႏြဦးကဗ်ာ စတဲ့ သီခ်င္းသစ္ေတြကိုလည္း သၾကၤန္မိုး႐ုပ္ရွင္အတြက္ အၪၥလီေမာင္ေမာင္က ေရးစပ္ ေပးခဲ့ပါတယ္။

ကိုေမာင္ေမာင္ဟာ သၾကၤန္သီခ်င္းေရးေလ့မရွိေပမယ့္ သူတို႔အတြက္ ေသခ်ာေရးစပ္ေပးခဲ့တယ္လို႔လည္း ဦးေဇာ္ျမင့္က ဆိုပါတယ္။

အၪၥလီေမာင္ေမာင္ဟာ ရီျမင့္႐ုပ္ရွင္ ပိုင္ရွင္ ဦးေဇာ္ျမင့္ရဲ႕ ေယာက္ဖျဖစ္ၿပီး မႏၲေလး႐ုပ္ရွင္ ဒါ႐ိုက္တာအဖြဲ႕ဝင္ေတြထဲက နဂါးေဒၚဦးရဲ႕တူလည္း ေတာ္စပ္ပါတယ္။

ကိုေမာင္ေမာင္ကို သီခ်င္းစပ္ဖို႔ စာသားစိတ္ကူးေတြကို ဒါ႐ိုက္တာေမာင္တင္ဦးက ေျပာျပခဲ့တယ္လို႔လည္း သိရပါတယ္။

သၾကၤန္မိုး ဆိုတဲ့ စာသားအဓိပၸာယ္ ျဖစ္ပါတယ္။သၾကၤန္မိုးေနာက္ပိုင္းမွာ မမစိမ္းနဲ႔ ဒ႑ာရီ စတဲ့ မႏၲေလးေနာက္ခံ အခ်စ္ဇာတ္ကားေတြ ဆက္လက္ ေပၚထြက္ခဲ့ပါတယ္။

ဒီကားေတြမွာ သၾကၤန္မိုးမွာ ေအာင္ျမင္ထင္ရွားလာခဲ့တဲ့ ဇင္ဝိုင္းနဲ႔ ေမသန္းႏုအျပင္ မင္းသမီးႀကီး ခင္သန္းႏုတို႔လည္း ပါဝင္ခဲ့ၾကပါတယ္။

သၾကၤန္မိုးကို ထုတ္လုပ္တဲ့ ရီျမင့္႐ုပ္ရွင္ဟာ ၁၉၈၃ က ပြဲဦးထြက္ ဇာတ္ကား တတိယအ႐ြယ္၏ဒုတိယေဝဒနာ မွာကတည္းက အကယ္ဒမီႏွစ္ဆုရရွိခဲ့ပါတယ္။

သၾကၤန္မိုးမွာ အကယ္ဒမီ သုံးဆုရရွိခဲ့ၿပီး အဲဒီအခ်ိန္က သုံးဆုဆို ေတာ္ၿပီေပါ့ဆိုတဲ့ သေဘာထား ရွိတဲ့အတြက္ သၾကၤန္မိုးမွာ သ႐ုပ္ေဆာင္ေကာင္းတဲ့ ေနေအာင္ကို အဲဒီႏွစ္အတြက္ ေပးခ်င္တဲ့အခါမွာ ပန္းသီတဲ့ႀကိဳး နဲ႔ မင္းသားဆု ေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒီကား႐ိုက္တဲ့အခ်ိန္က အဘိုးျဖစ္သူ ၿမိဳ႕မအသင္း တည္ေထာင္သူ ဓားတန္းဦးသန္႔ကို အစမ္း႐ိုက္ထားတဲ့အကြက္ေတြကို ျပတဲ့အခါ မ်ားစြာႏွစ္ၿခိဳက္သေဘာက်ၿပီး ဒါ႐ိုက္တာေမာင္တင္ဦးကို ခ်ီးက်ဴးဂုဏ္ျပဳ ခဲ့တယ္လို႔လည္း ဦးေဇာ္ျမင့္က အမွတ္တရ ေျပာျပခဲ့ပါတယ္။

ေနာက္ပိုင္း သၾကၤန္မစည္တာကေတာ့ စီးပြားေရးေၾကာင့္ျဖစ္ၿပီး ေငြေၾကးစိုက္ၿပီး သၾကၤန္ကို စည္ကားေအာင္ အားေပးမယ့္ ၿမိဳ႕ခံေတြ မရွိေတာ့လို႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

သၾကၤန္ကို ခ်စ္လို႔ သၾကၤန္ကားေတြ ဆက္လက္ထုတ္လုပ္သြားမယ္လို႔လည္း သၾကၤန္မိုးထုတ္လုပ္သူေတြက ေျပာျပၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

နောက်ပိုင်း သြင်္ကန်မစည်တာကတော့ စီးပွားရေးကြောင့်ပါ၊ သြင်္ကန်မိုးထုတ်လုပ်သူတွေနဲ့ မေးမြန်းခန်း
ဘိုဘို
သြင်္ကန်မိုးက သီတာသိမ့်နဲ့ နေအောင် ဓာတ်ပုံ မူပိုင်ZIN WAI LATT
သြင်္ကန်မိုး ရုပ်ရှင်ဟာ ၁၉၈၅ ခုနှစ်အတွက် အကောင်းဆုံး မြန်မာရုပ်ရှင်ဆုရ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ကားဆုအပြင် ဒါရိုက်တာဆုနဲ့ ဓာတ်ပုံဆုတွေလည်း ရခဲ့ပါတယ်။

ဒီကားဟာ အနှစ် ၃ဝ ကျော်ကြာတဲ့အထိ မြန်မာဇာတ်ကားကောင်းတကားအဖြစ် လူကြိုက်များဆဲ ဖြစ်သလို သြင်္ကန်ပွဲတော်ရဲ့ ပုံရိပ်လိုလည်း ဖြစ်လာခဲ့ပါတယ်။

ဒီကားနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တွေထဲမှာ

burmaဓာတ်ပုံ မူပိုင်SUE HNGETမန္တလေးရုပ်ရှင်ဒါရိုက်တာအဖွဲ့ဝင် ဓားတန်းဦးသန့်

၁။ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်ကားဆု မရခဲ့ဘဲ သူရိယပညာရုပ်ရှင်က ရခဲ့ပါတယ်။

မန္တလေးရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် မိသားစုတွေထဲက ဆင်းသက်လာတဲ့ ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးဟာ အဲဒီအချိန်က အစိုးရရဲ့ စီးပွားရေး မူအရ ပြည်ပက ဖလင်ကို ဝယ်လို့မရတဲ့အတွက် ထုတ်ဝေခွင့်ရှိတဲ့ ရုပ်ရှင် ကုမ္ပဏီတွေနာမည်ယူပြီး အစိုးရဆီက ဖလင်ဝယ် ရိုက်ကူးရတာ ဖြစ်ပါတယ်။

ဒါကြောင့် မင်းသား တက္ကသိုလ်မျိုးချစ်နဲ့ မင်းသမီး ခင်အုန်းမြင့်တို့ ပိုင်တဲ့ ရိယပညာရုပ်ရှင်နာမည်နဲ့ ထုတ်ခဲ့ရပါတယ်။

burmaဓာတ်ပုံ မူပိုင်LATT MG CHOတက္ကသိုလ်မျိုးချစ်နဲ့ ခင်အုန်းမြင့်မိသားစု
ဒီဇာတ်ကားမှာ ဒေါ်ခင်အုန်းမြင့်က မင်းသမီး ခင်သန်းနုရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

၂။ ဒီကားမှာ မဖော်ပြဖြစ်ခဲ့တဲ့ အခန်းတခန်းက မန္တလေးမြို့က ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါဝင်တဲ့ ဧည့်ခံပွဲ မြင်ကွင်း ဖြစ်ပါတယ်။မန္တလေးက ပြတိုက်မှူးဒေါ်တင်လှ၊ ရေချိုဦးအေးမောင်၊ ရွှေကုန်သည် ဒေါ်မော်လီမြမောင် စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ လူချမ်းသာတွေ ကိုယ်တိုင် ဇာတ်ကားထဲကလို ၁၉၅၇ က အဝတ်အစားပုံစံတွေနဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၈၅ ဧပြီလ ၂ ရက်မှာ ရိုက်တဲ့ ဒီရုပ်ရှင်ရိုက်ကွင်းမှာ လူအုပ်ကို မထိန်းနိုင်လို့ပျက်သွားခဲ့တဲ့အတွက် ဒီအခန်း မရိုက်ဖြစ်ခဲ့ဘူးလို့ ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်က ရှင်းပြပါတယ်။

အဲဒီအခန်းသာ ရိုက်နိုင်ခဲ့ရင် အမှတ်တရ အဖြစ် ကျန်ရစ်ခဲ့မယ်လို့လည်း ဆိုပါတယ်။
ရင်ရင်ရဲ့ မဟာဇနက္ကဓာတ်ပြားထားရဲ့ မင်္ဂလာပွဲမှာ ဧည့်ခံသူတွေအဖြစ် မန္တလေးက ရုပ်ရှင်တွေမှာ ဇာတ်ပို့အဖြစ် ပါဝင်တတ်တဲ့ အဆိုတော် ဂင်ဇာဒေါ်ရင်ရင် ပါဝင်တာကို တွေ့နိုင်ပါတယ်။

ဒေါ်ရင်ရင်ဟာ စစ်မဖြစ်ခင်က မဟာဇနက္ကဓာတ်ပြားနဲ့ ထင်ရှားခဲ့ပြီး အဆိုတော် သောင်းသောင်းနုရဲ့ မိခင်ဖြစ်သလို ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ်ရဲ့ အဘွားလည်း ဖြစ်ပါတယ်။

ရိုက်ကွင်းကို မန္တလေးဆိုင်းတန်းရပ်က ရီမြင့်ရုပ်ရှင် အဆောက်အအုံနဲ့ ပွဲကုန်းရပ်က ဒေါက်တာသိန်းအောင်တိုက်မှာ ရိုက်ကူးတာ ဖြစ်ပြီး စန္ဒရားကိုငြိမ်းမောင်အိမ်အတွင်းခန်းကိုတော့ ရန်ကုန်က စိန်မောင်စတူဒီယိုမှာ ရိုက်ကူးခဲ့ပါတယ်။

burmaဓာတ်ပုံ မူပိုင်TI TI TARအကယ်ဒမီငါးဆုရ ဒါရိုက်တာမောင်တင်ဦး
၃။ ဒီကားကို ဝတ္ထု ခင်မောင်အေး (မန္တလေး)လို့ ဖော်ပြခဲ့ပေမယ့် မန္တလေးသား ဒါရိုက်တာမောင်တင်ဦးရဲ့ ဇာတ်လမ်းသာ ဖြစ်လိမ့်မယ်လို့ ရုပ်ရှင်ထုတ်လုပ်သူ ဦးဇော်မြင့်က ဆိုပါတယ်။

ဇာတ်ညွှန်းရေးသူကိုတော့ အောင်စိုးဦးလို့ ဖော်ပြပါတယ်။ခင်မောင်အေး (မန္တလေး)ဟာ အဲဒီအချိန်က သတင်းနဲ့စာနယ်ဇင်း ကော်ပိုရေးရှင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးတယောက် ဖြစ်ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတဝမ်းကွဲ တော်ပါတယ်။

၁၉၈၃ လောက်က ဗိုလ်မှူးကြီး ခင်မောင်အေး ဘုန်းတန်ခိုးကြီးမားနေချိန် ဖြစ်လို့ ရုပ်ရှင်ကော်ပိုရေးရှင်း၊ ဇာတ်လမ်း ရုပ်ရှင်မှာ ဝတ္ထုဇာတ်လမ်းတင်ရာမှာ ချောချောမွေ့မွေ့ ခွင့်ပြုချက်ရအောင် ခင်မောင်အေး (မန္တလေး) ဝတ္ထုဆိုပြီး နာမည်တပ်ခဲ့တာလို့ ပြောကြဆိုကြကြောင်း မြန်မာဈေးကွက်ဂျာနယ်ပါ တက္ကသိုလ်စိန်တင်ရဲ့ ဤပုံကို ကြည့်ပါ၊ အဝေးကပင် မြင်နိုင်ပါသည် ဆောင်းပါးမှာ ဖော်ပြပါတယ်။

ဒါရိုက်တာမောင်တင်ဦးဟာ မန္တလေး တိုင်းချစ်သတင်းစာ အယ်ဒီတာ သခင်သိန်းဖေနဲ့ ဒေါ်မြမြတို့ရဲ့သားဖြစ်ပြီး သူ့မိဘတွေကလည်း အင်္ဂလိပ်ခေတ်ကတည်းက ထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။

ဒီဇာတ်ကားပါ ဇာတ်လိုက် စန္ဒရားဆရာ ကိုငြိမ်းမောင်ဟာ မြို့မငြိမ်း၊ စန္ဒရားသိန်းမောင် စတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ တည်ဆောက်ထားတာ လို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

burmaဓာတ်ပုံ မူပိုင်ZIN WAI LATTသြင်္ကန်မိုးက မျက်နှာသစ်သရုပ်ဆောင်တွေ
၄။ ဒီရုပ်ရှင်ဟာ ပြသစဉ်က ဒီလောက်မအောင်မြင်ဘဲ အဲဒီနှစ် ဒီဇင်ဘာလမှာ အကယ်ဒမီဆုရပြီးမှ ရုပ်မြင်သံကြားက ပြသခဲ့လို့ ထင်ရှား လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အသံက ဒီရုပ်ရှင်ကို ယူပြလို့ အကျိုးခံစားခွင့် မရခဲ့ဘူးလို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

ပိတောက်၊ သိကြားမင်းနဲ့ တူးပို့သြင်္ကန်ကားစပြစဉ်က မျက်နှာသစ်တွေ ထုတ်သုံးတာအပြင် နေအောင်ဟာ အကယ်ဒမီရပြီးပေမယ့် မအောင်မြင်သေးတဲ့အချိန်မို့လို့ ဒီကားကို လူသိပ်မသိခဲ့ဘူးလို့ သူက ဆိုပါတယ်။

အခုတော့ ဒီကားက အင်တာနက်ထဲမှာ ပြန့်နှံ့နေပြီး လူထုလက်ထဲ ရောက်နေပြီလို့လည်း ပြောပါတယ်။

burmaဓာတ်ပုံ မူပိုင်ZIN WAI LATTထားနဲ့ ကိုငြိမ်းမောင်ဖြစ်သွားတဲ့ ခင်သန်းနုနဲ့ နေအောင်
၅။ ဒီရုပ်ရှင်မှာ ဆင်ဆာ အဖြတ်ခံရတာက မန္တလေးသူရဲ့ ကျွန်တော်အပြော ဖြစ်ပါတယ်။

အမျိုးသမီးက ကျွန်တော်လို့ ကျားနာမ်စားသုံးတာကို ခွင့်မပြုလို့ ထားအဖြစ် သရုပ်ဆောင်တဲ့ ခင်သန်းနုရဲ့ ကျွန်တော်လို့ ပြောသမျှ နေရာတွေမှာ ထားကလေ ဆိုပြီး လိုက်ပြင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ မန္တလေးအတွက် နစ်နာဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ထုတ်လုပ်သူ ဦးဇော်မြင့်က ပြောပါတယ်။

burmaဓာတ်ပုံ မူပိုင်YIN YIN HTWAYဦးဇော်မြင့်၊ ဒေါ်ယဉ်ယဉ်ထွေးနဲ့ အဉ္စလီမောင်မောင်

၆။ ဒီဇာတ်ကားမှာ သီချင်းကောင်းတွေ အများအပြားပါလို့ သီချင်းကားအဖြစ် ထင်ရှားခဲ့ပါတယ်။

မြူမှောင်ဝေကင်း၊ နှစ်ကိုယ်တူချစ်သမျှ စတဲ့ သီချင်းဟောင်းတွေ ပြန်သုံးသလို ညချမ်းသဘင် ဆိုတဲ့ မြို့မငြိမ်းရဲ့ တေးကိုလည်း အကယ်ဒမီ ဦးပေါက ပြန်ဖော်ပေးမှ သတိရပြီး ထည့်သုံးခဲ့ကြပါတယ်။

သြင်္ကန်မိုး နဲ့ နွေဦးကဗျာ စတဲ့ သီချင်းသစ်တွေကိုလည်း သြင်္ကန်မိုးရုပ်ရှင်အတွက် အဉ္စလီမောင်မောင်က ရေးစပ် ပေးခဲ့ပါတယ်။

ကိုမောင်မောင်ဟာ သြင်္ကန်သီချင်းရေးလေ့မရှိပေမယ့် သူတို့အတွက် သေချာရေးစပ်ပေးခဲ့တယ်လို့လည်း ဦးဇော်မြင့်က ဆိုပါတယ်။

အဉ္စလီမောင်မောင်ဟာ ရီမြင့်ရုပ်ရှင် ပိုင်ရှင် ဦးဇော်မြင့်ရဲ့ ယောက်ဖဖြစ်ပြီး မန္တလေးရုပ်ရှင် ဒါရိုက်တာအဖွဲ့ဝင်တွေထဲက နဂါးဒေါ်ဦးရဲ့တူလည်း တော်စပ်ပါတယ်။

ကိုမောင်မောင်ကို သီချင်းစပ်ဖို့ စာသားစိတ်ကူးတွေကို ဒါရိုက်တာမောင်တင်ဦးက ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။

သြင်္ကန်မိုး ဆိုတဲ့ စာသားအဓိပ္ပာယ် ဖြစ်ပါတယ်။

သြင်္ကန်မိုးနောက်ပိုင်းမှာ မမစိမ်းနဲ့ ဒဏ္ဍာရီ စတဲ့ မန္တလေးနောက်ခံ အချစ်ဇာတ်ကားတွေ ဆက်လက် ပေါ်ထွက်ခဲ့ပါတယ်။

ဒီကားတွေမှာ သြင်္ကန်မိုးမှာ အောင်မြင်ထင်ရှားလာခဲ့တဲ့ ဇင်ဝိုင်းနဲ့ မေသန်းနုအပြင် မင်းသမီးကြီး ခင်သန်းနုတို့လည်း ပါဝင်ခဲ့ကြပါတယ်။

သြင်္ကန်မိုးကို ထုတ်လုပ်တဲ့ ရီမြင့်ရုပ်ရှင်ဟာ ၁၉၈၃ က ပွဲဦးထွက် ဇာတ်ကား တတိယအရွယ်၏ဒုတိယဝေဒနာ မှာကတည်းက အကယ်ဒမီနှစ်ဆုရရှိခဲ့ပါတယ်။

သြင်္ကန်မိုးမှာ အကယ်ဒမီ သုံးဆုရရှိခဲ့ပြီး အဲဒီအချိန်က သုံးဆုဆို တော်ပြီပေါ့ဆိုတဲ့ သဘောထား ရှိတဲ့အတွက် သြင်္ကန်မိုးမှာ သရုပ်ဆောင်ကောင်းတဲ့ နေအောင်ကို အဲဒီနှစ်အတွက် ပေးချင်တဲ့အခါမှာ ပန်းသီတဲ့ကြိုး နဲ့ မင်းသားဆု ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကားရိုက်တဲ့အချိန်က အဘိုးဖြစ်သူ မြို့မအသင်း တည်ထောင်သူ ဓားတန်းဦးသန့်ကို အစမ်းရိုက်ထားတဲ့အကွက်တွေကို ပြတဲ့အခါ များစွာနှစ်ခြိုက်သဘောကျပြီး ဒါရိုက်တာမောင်တင်ဦးကို ချီးကျူးဂုဏ်ပြု ခဲ့တယ်လို့လည်း ဦးဇော်မြင့်က အမှတ်တရ ပြောပြခဲ့ပါတယ်။

နောက်ပိုင်း သြင်္ကန်မစည်တာကတော့ စီးပွားရေးကြောင့်ဖြစ်ပြီး ငွေကြေးစိုက်ပြီး သြင်္ကန်ကို စည်ကားအောင် အားပေးမယ့် မြို့ခံတွေ မရှိတော့လို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သြင်္ကန်ကို ချစ်လို့ သြင်္ကန်ကားတွေ ဆက်လက်ထုတ်လုပ်သွားမယ်လို့လည်း သြင်္ကန်မိုးထုတ်လုပ်သူတွေက ပြောပြကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top