

Credit:nanmalgyi
#Unicode Version# ဖြင့်ဖတ်ပါ ။
အလှမယ်ထက်ထက်ထွန်းကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေ သူမရဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေကြားမှာ ပရိသတ်တွေသိလာတာ ဖြစ်ပါတယ်။ အလှမယ်ထက်ထက်ထွန်းကတော့ ရန်ကုန်စည်ပင် ေaရွးကောက်ပွဲတွင် အမတ်လောင်းရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ထက်ထက်ထွန်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကတော့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထက်ထက်ထွန်းကတော့ သူမရဲ့ဖေ့ဘုတ်အကောင့်တွင် “ရန်ကုန်စည်ပင် ရွေးကောက်ပွဲက မတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးသွားပီပဲ ဖြစ်ပါတယ်။ ထက်ထက်ကို ယုံကြည်ပြီး မဲထည့်ပေးခဲ့ကြတဲ့ စတဲ့ မဲဆန္ဒနယ် (၁၂ ) မြို့နယ်ထဲမှ မဲဆန္ဒရှင် အားလုံးကို လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။
ဒီတစ်ခေါက် ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲလာပေးမှုနှုန်းက ၁၀ ရာခိုင်နှုန်းအောက်သာရှိပါတယ်။ ဒါ့ကြောင့် ထက်ရဲ့ မဲဆန္ဒနယ်အမှတ် (၃) ထဲမှာပါတဲ့ မြို့နယ် (၁၂) မြို့နယ်အပြင်၊ အခြားမဲဆန္ဒနယ်က ကျန်ရှိတဲ့ (၂၁ ) မြို့နယ်ထဲမှာပါဝင်တဲ့ မဲပေးခွင့်မရခဲ့သော မဲဆန္ဒရှင်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးခဲ့ကြတဲ့ ပြည်သူတွေအားလုံးလည်း နောက်လာမယ့်ရွေးကောက်ပွဲတွေ (အထူးသဖြင့် သိပ်မကြာခင်လာတော့မယ် “၂၀၂၀ အထွေထွေရွေးကောက်ပွဲ”) မှာ မဲထွက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်” ဆိုပြီးတော့ စာသားလေးကို ရေးသားပြီးတော့ တင်ထားတာဖြစ်ပါတယ်။
ဒါကြောင့်အမတ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံသော အလှမယ် ထက်ထက်ထွန်းကတော့ သူ့ကိုမဲပေးနှုန်းက ၁၀ ရာခိုင်နှုန်းအောက်သာ ရှိတာကြောင့် သူမရဲ့ အမတ်လောင်း ဝင်ရောက်အရွေးချယ်ခံခဲ့တဲ့ ကိစ္စဟာ မအောင်မြင်ခဲ့ဘူးပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပြန်ပေးကြဖို့တော့ တိုက်တွန်းထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi