


Credit:So Oo
#Unicode Version#
ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံဖက်ကို တရားမဝင် တင်သွင်းလာတဲ့ ခေါင်းလျှော်ရည် အတုများ ဈေးကွက်အတွင်းမှာ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။
အဲဒါကြောင့် သုံးနေကျ ဈေးနှုန်းထက် သက်သာနေရင်၊ အရောင်အနံ့ တမျိုး ဖြစ်နေရင်၊ ထုပ်ပိုးမှုဒီဇိုင်း ပြောင်းလဲနေရင် သတိထား သုံးစွဲကြပါလို့ အကြံပြုချင်ပါတယ်။ပစ္စည်းအတုဆိုတာ မည်သည့်ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ထားမှန်း မသိတဲ့အတွက် လူကို သေချာပေါက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ကုန်ပစ္စည်း အတုများကို ဖမ်းဆီးနေပေမယ့် ဝိသမလောဘသားတွေကတော့ ဆက်လက်ပြီး အတုတွေကို ဖြန့်ချိနေဦးမှာပဲ ဖြစ်ပါတယ်။
လတ်တလောမှာ ဖမ်းမိတဲ့ ခေါင်းလျှော်ရည် အတုတွေရဲ့ ပုံကို ဖော်ပြ လိုက်ပါတယ်။ ကိုယ်သုံးနေတဲ့ ခေါင်းလျှော်ရည်တွေ ပါ/မပါ ကြည့်လိုက်ပါဦး။
ဖိုးသူတော်(www.phothutaw.com)
Credit:So Oo