ကုိယ္ကုိယ္တုိင္ ႐ုိးသားပါ မ”အ”ေစနဲ႔
ကုိယ္ကုိယ္တုိင္ ႐ုိးသားပါ မ”အ”ေစနဲ႔ မာန မ႐ွိတာ မဟုတ္ဘူး မာန ထက္ ႐ုိးသားမႈကုိ ကုိးကြယ္ေနလုိ႔ပါ။
မသိတာ မဟုတ္ဘူး မသိခ်င္ေယာင္ ေဆာင္ေနတာက သူေရာကုိယ္ေရာ ၿငိမ္းခ်မ္းမယ္ထင္လုိ႔ပါ။
လူေတြအေၾကာင္းကုိ မသိတာမဟုတ္ဘူး လူဆုိး မျဖစ္ခ်င္လုိ႔ သည္းခံေနတာပါ။
လိမ္ညာတာကုိ “အ”လုိ႔ခံလုိက္တာ မဟုတ္ပါဘူး။ လိမ္ညာေနမွ ေက်နပ္မည့္ သူကုိ သိသိႀကီးနဲ႔ မသိခ်င္ေယာင္ေဆာင္လုိက္တာပါ။
မုိက္မုိက္႐ုိင္း႐ုိင္း ေျပာဆုိေနတာကုိ ေၾကာက္လုိ႔ၿငိမ္ေနတာမဟုတ္ပါဘူး
ကုိယ္ပါ သူ႔လုိ ျပန္ေျပာေနရင္ ကုိယ္လည္းသူနဲ႔ အတူတူပဲေလ။ ေမာက္မာေန သူကုိ ျပဳံးျပၿပီး ေအာက္က်ေပးေနတာက အထင္ႀကီးေနလုိ႔လုိ႔ မထင္လုိက္ပါနဲ႔
သူ႔ကုိ ၾကည့္ၿပီး ပကာသနဆုိတဲ့ အရာကုိ မုန္းတီးေနမိတာပါ။ ကုိယ့္ကုိနာက်င္ ေအာင္ ကစားေနသူကုိ မသိလုိ႔မဟုတ္ပါဘူး။ သူေပ်ာ္ပါေစေတာ့ဆုိၿပီး အလုိက္ အထုိက္ ေနေပးေနတာပါ။ အခ်စ္ဆုိတဲ့အရာကုိ မယုံၾကည္တာ မဟုတ္ပါဘူး
အခ်စ္ဆုိတဲ့ ေခါင္းစဥ္ေအာက္က အသည္းစားဘီလူး ၊ ဘီလူးမေတြရဲ႕လွည့္စားမူွ ကုိ မခံခ်င္တာပါ။ တကယ္ေတာ့… လူ႔ဘဝဆုိတာ ေနတတ္ရင္ သူေရာ ကုိယ္ပါ စိတ္ခ်မ္းသာေစတယ္ေလ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
ကိုယ်ကိုယ်တိုင် ရိုးသားပါ မ”အ”စေနဲ့ မာန မရှိတာ မဟုတ်ဘူး မာန ထက် ရိုးသားမှုကို ကိုးကွယ်နေလို့ပါ။
မသိတာ မဟုတ်ဘူး မသိချင်ယောင် ဆောင်နေတာက သူရောကိုယ်ရော ငြိမ်းချမ်းမယ်ထင်လို့ပါ။
လူတွေအကြောင်းကို မသိတာမဟုတ်ဘူး လူဆိုး မဖြစ်ချင်လို့ သည်းခံနေတာပါ။
လိမ်ညာတာကို “အ”လို့ခံလိုက်တာ မဟုတ်ပါဘူး။ လိမ်ညာနေမှ ကျေနပ်မည့် သူကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်လိုက်တာပါ။
မိုက်မိုက်ရိုင်းရိုင်း ပြောဆိုနေတာကို ကြောက်လို့ငြိမ်နေတာမဟုတ်ပါဘူး
ကိုယ်ပါ သူ့လို ပြန်ပြောနေရင် ကိုယ်လည်းသူနဲ့ အတူတူပဲလေ။ မောက်မာနေ သူကို ပြုံးပြပြီး အောက်ကျပေးနေတာက အထင်ကြီးနေလို့လို့ မထင်လိုက်ပါနဲ့
သူ့ကို ကြည့်ပြီး ပကာသနဆိုတဲ့ အရာကို မုန်းတီးနေမိတာပါ။ ကိုယ့်ကိုနာကျင် အောင် ကစားနေသူကို မသိလို့မဟုတ်ပါဘူး။ သူပျော်ပါစေတော့ဆိုပြီး အလိုက် အထိုက် နေပေးနေတာပါ။ အချစ်ဆိုတဲ့အရာကို မယုံကြည်တာ မဟုတ်ပါဘူး
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်က အသည်းစားဘီလူး ၊ ဘီလူးမတွေရဲ့လှည့်စားမူှ ကို မခံချင်တာပါ။ တကယ်တော့… လူ့ဘဝဆိုတာ နေတတ်ရင် သူရော ကိုယ်ပါ စိတ်ချမ်းသာစေတယ်လေ။
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay