20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

မတ္လ ၃၀ရက္ေန႔က ျမန္မာပလာဇာမွာ ျပဳလုပ္က်င္းပခဲ့တဲ့ AYA X Sai Sai ပြဲကို ပရိသတ္ သံုးေထာင္ေက်ာ္လာေရာက္ၿပီး April 10ရက္ေန႔ စိုင္းစိုင္း birthday showအတြက္ လက္မွတ္လာေရာက္တန္းစီဝယ္ယူခဲ့ၾကတာ တကယ့္ကို စံခ်ိန္တင္ေရာင္းခ်မႈႀကီးျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာေရာ စိုင္းစိုင္းအေနနဲ႔ ဘယ္လိုခံစားခ်က္ေတြ ျဖစ္ေပၚေနလဲ။ Showပြဲေန႔အတြက္ေရာ ဘာေတြျပင္ဆင္ေနလဲဆိုတာ ေျပာျပသြားမွာပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီပြဲအတြက္ေရာ Birthdayပြဲအတြက္ေရာ အခ်ိန္ေတြအမ်ားႀကီးယူၿပီး ျပင္ဆင္ေနၾကတဲ့အတြက္ အားလံုးလည္း ပင္ပန္းေနၾကတယ္ ရင္လည္းအရမ္းခုန္ပါတယ္ ဒီေန႔ပြဲမွာလည္း လူေတြအမ်ားႀကီးတိုးေဝွ့ၿပီးေတာ့ ဝယ္ၾကေတာ့ အရမ္းလည္းဝမ္းသာတယ္ ေက်းဇူးလည္းတင္တယ္ ဝမ္းသာၿပီး ေက်းဇူးတင္တာက လူေတြ တိုးေဝွ့လို႔မဟုတ္ပါဘူး ကြၽန္ေတာ္ကိုအားေပးၾကတဲ့အတြက္ ပြဲကိုစိတ္ဝင္စားေပးတယ္ ကြၽန္ေတာ့္ဘက္ကေန ရပ္တည္ေပးတယ္ တစ္ခုခုဆို ကြၽန္ေတာ့္ကို အျမဲအားေပးတဲ့အတြက္ အားေပးမႈခ်စ္ျခင္းေမတၱာႀကီးကို ခံစားရတဲ့အတြက္ ၾကည္ႏူးဝမ္းသာပါတယ္။ မနက္က တိုးေဝွ့ခဲ့ရတဲ့အတြက္ ကြၽန္ေတာ္တို႔ဘက္က စီစဥ္ထားတာက ကသီသြားတဲ့အတြက္ ဘာလို႔အဆင္မေျပျဖစ္သြားရတာလဲဆိုေတာ့ ကြၽန္ေတာ့္ Birthday show ဆယ့္ေလးႀကိမ္ က်င္းပၿပီးပါၿပီ လက္မွတ္ေရာင္းတဲ့ေန႔မွာ တစ္ခါမွ လူတစ္ေထာင္လာဝယ္တာမ႐ွိပါဘူး

အဲ့ေတာ့ ကြၽန္ေတာ္တို႔ လူတစ္ေထာင္စာပဲမွန္းၿပီး လုပ္ထားလိုက္တဲ့အခ်ိန္မွာ လူက သံုးေထာင္ထက္မနည္းေရာက္လာတဲ့အတြက္ နည္းနည္းေလး ကသီသြားၿပီး အဆင္မေျပျဖစ္ခဲ့ရတာကို ကြၽန္ေတာ္ အားလံုးကိုယ္စားေတာင္းပန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္အရမ္းလည္းေပ်ာ္တယ္ ဒီေန႔ ကြၽန္ေတာ္ စံခ်ိန္တင္ ေရာင္းခဲ့ရတာျဖစ္ပါတယ္။ ဒီေန႔ေရာင္းရတဲ့ လူေတြနဲ႔တင္ ကြၽန္ေတာ့္ပြဲက လူျပည့္ေနၿပီလို႔ ေျပာလို႔ရေနပါၿပီ။ တကယ္ပါ ကြၽန္ေတာ္ပရိတ္သတ္ႀကီးကို အရမ္းေက်းဇူးတင္ပါတယ္။ ကံေကာင္းတာက ကြၽန္ေတာ္တို႔ ဒီတစ္ခါလုပ္မွာက အမ်ဳိးသားဇာတ္ရံုမဟုတ္ပဲ သုဝဏၰဘူမိကြင္းဆိုေတာ့ ထိုင္ခံုေတြဘာေတြ မ႐ွိေတာ့ေပမယ့္လည္း ကြင္းထဲမွာေတာ့ ပရိသတ္ေတြ ထပ္လာလို႔ရပါေသးတယ္။

အနည္းဆံုး လူတစ္ေသာင္းခြဲေလာက္ လာလို႔ရေသးတာျဖစ္တဲ့အတြက္ အားလံုးစိတ္ခ်လက္ခ်နဲ႔ ေနာက္ရက္ေတြမွာ လက္မွတ္ေတြထပ္ၿပီး ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ေနာက္ရက္ေရာင္းတဲ့လက္မွတ္ေတြမွာလည္း မူရင္းေစ်းႏႈန္းအတိုင္းပဲ ၿပီးေတာ့ အထဲမွာလည္း Sai Sai Visaကဒ္ေရာပါဝင္မွာျဖစ္ပါတယ္။ Birthday showရဲ႕ ထူးျခားခ်က္ကေတာ့ ကြၽန္ေတာ္တို႔ Teamတစ္ခုထဲကေနၿပီး ကြၽန္ေတာ္ကိုယ္တိုင္ Show directorလုပ္ပါတယ္။ ဒီပြဲမွာ ဘယ္လို ဝင္မယ္ ထြက္မယ္ lightingဘယ္လိုလုပ္မလဲဆိုတာေတြေပါ့ေနာ္ ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္တစ္ေယာက္ထဲတင္မဟုတ္ပဲ Showပြဲအတြက္ ေရးဆြဲထားတဲ့ ဇာတ္ၫႊန္းကို ထိုင္းproduction teamကို အပ္ပါတယ္ အဲ့ေတာ့ သူတို႔က Lightingေတြ Sound systemေတြ အကုန္လံုးကို ကူညီေပးၾကမွာျဖစ္ပါတယ္။ ကြၽန္ေတာ္ ကတိမေပးႏိုင္ေပမယ့္ အရင္ႏွစ္ထက္ 7.1 surround systemနဲ႔ ရေအာင္ၾကဳိးစားေနၾကပါတယ္။”လို႔ Showပြဲ ျပင္ဆင္မႈေတြကို ေျပာျပသြားခဲ့ပါတယ္။

“ကြၽန္ေတာ္မွာ သီခ်င္းအပုဒ္ေရ တစ္ရာေက်ာ္႐ွိပါတယ္။အဲ့ထဲကမွ အရင္ကသီခ်င္းေတြနဲ႔ အခုေနာက္ထြက္တဲ့ သီခ်င္းေတြကို မွ်တေအာင္လို႔ အပုဒ္ငါးဆယ္ေလာက္ ေရြးထားပါတယ္ အဲ့ထဲကေန သင့္ေတာ္တာေတြကို ထုတ္ၿပီးဆိုသြားမွာပါ။ ႏွစ္စဥ္ႏွစ္တိုင္းမွာ ကြၽန္ေတာ္တို႔ ေရသန္႔ဘူး ေပးမယူပါဘူး ေရာင္းလည္းမေရာင္းပါဘူး ေရကိုေရာင္းရင္လည္း ပလပ္စတစ္အိတ္ထဲထည့္ေရာင္းခိုင္းတဲ့ အခါမွာ ကြၽန္ေတာ့္ပရိတ္သတ္ေတြ အရမ္းေရငတ္ၾကတယ္။ ေရသန္႔ဘူး ေပးမယူတာက ႏိုင္ငံတကာပြဲေတြ ထံုးစံအတိုင္းပဲ အခ်င္းခ်င္း ေရသန္႔ဘူးနဲ႔ ပစ္ေပါက္တာေတြ ျပႆနာတက္မွာစိုးတဲ့အတြက္ေၾကာင့္မလို႔ အဲ့လိုလုပ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ပရိတ္သတ္ေတြ ေရငတ္တဲ့အတြက္ ဒီႏွစ္ေတာ့ ေရသန္႔ဘူးေတြ ေပးယူမယ္ ေရာင္းလည္းေရာင္းမယ္ ၿပီးေတာ့ ဓာတ္ဆားေရကို ကုမၸဏီတစ္ခုနဲ႔ ညႇိႏႈိင္းအကူညီေတာင္းၿပီး လူေစ့တစ္ေယာက္ တစ္ဘူးေပးဖို႔ စီစဥ္ေနပါတယ္။

အဲ့ေတာ့ လူတစ္ေသာင္းလာရင္ ကြင္းထဲမွာ အနည္းဆံုးေရသန္႔ဘူးတစ္ေသာင္းျဖစ္ေနမယ္ ဒါေပမယ့္ တစ္ခုေပါ့ ပရိသတ္ေတြ ေတာင္းပန္ခ်င္တာက ဒီေရသန္႔ဘူးေၾကာင့္ သူမ်ား အေႏွာင့္ယွက္မျဖစ္ဖို႔ရယ္ ပြဲၿပီးလို႔ ျပန္သြားၾကရင္ ကြင္းထဲမွာ ပ်ံ့ၾကဲၿပီးက်န္ေနခဲ့တာက လံုးဝမလွပါဘူး အဲ့ေတာ့ ကြင္းထဲမွာ ကြၽန္ေတာ္တို႔ ေရသန္႔ဘူးပစ္ရန္ဆိုၿပီး ေနရာတစ္ခုအႀကီးႀကီးလုပ္ထားမယ္ အားလံုးက အျပန္က်ရင္ ကိုယ့္ေရသန္႔ဘူး အမိႈက္ေတြကို ေကာက္ၿပီး အဲ့မွာ သြားပစ္ထားလိုက္ရင္ စိုင္းစိုင္းပြဲႀကီးက လူတစ္ေသာင္းလာတယ္ ပြဲၿပီးသြားလည္း ကြင္းႀကီးက ႐ွင္းေနတာပဲဆိုၿပီး ကိုယ့္အမႈိက္ကိုေကာက္တဲ့ indoor campaignေလး လုပ္ဖို႔ ေျပာခ်င္ပါတယ္။”လို႔ ပြဲေန႔အတြက္ ပရိတ္သတ္ေတြကို ေတာင္းဆိုမႈ ႏွစ္ခုေျပာျပခဲ့ပါတယ္။

“ခါတိုင္းကြၽန္ေတာ့္ပြဲေတြ လူတစ္ေသာင္းလာပါတယ္။ တစ္ေသာင္းဆိုတဲ့ေနရာမွာ လက္မွတ္ေရာင္းတာလည္း ႐ွိတယ္ ကြၽန္ေတာ္ ေဝတာလည္း႐ွိတယ္ sponsorတြကို လက္ေဆာင္ေပးတာေတြ သူငယ္ခ်င္းေတြကို လက္ေဆာင္ေပးတာေတြ ႐ွိပါတယ္။ ကြၽန္ေတာ့္ပြဲကို လူစည္ေစခ်င္ေတာ့ တစ္ဝက္ကေရာင္းတယ္ တစ္ဝက္က လက္ေဆာင္ေပးတာမ်ဳိးေပါ့ အမ်ားၾက္ိးပဲ ဒီႏွစ္ေတာ့ တစ္ေသာင္းထက္လည္း ပိုမယ္လို႔ ထင္ပါတယ္ ႂကြားေတာ့ မႂကြားရဲပါဘူး ဒါေပမယ့္ ကြင္းထဲမွာ လူတစ္ေသာင္းလာရင္ ငါးေထာင္က ကြၽန္ေတာ္ေရာင္းထားတာပါ။ က်န္တဲ့ ငါးေထာင္ကေတာ့ ဖိတ္ထားတာေပါ့ေနာ္ ႏွစ္ေသာင္းျဖစ္ခဲ့ရင္လည္း အဲ့လိုပံုစံမ်ဳိးပဲ ျဖစ္မွာပါ။ ကြၽန္ေတာ္က ပရိတ္သတ္ေတြကို 18ႏွစ္ဆိုၿပီး စေနာက္ေနတာပါ ကြၽန္ေတာ့္ပရိသတ္ေတြအကုန္လံုးလည္း ကြၽန္ေတာ့္အသက္ကို သိၾကပါတယ္ သီခ်င္းထဲမွာလည္း ထည့္ဆိုတယ္ Googleမွာ Sai Saiလို႔ ႐ိုက္လိုက္တာနဲ႔ ဒီေကာင္ ဘယ္ႏွႏွစ္ဆိုၿပီး ေပၚလာတာပါ။ သာမန္ေန႔ရက္အခ်ိန္ေတြေတာင္မွ ကြၽန္ေတာ္က အလုပ္ကို ပိုၿပီးအာရံုစိုက္ျဖစ္ေနတဲ့အတြက္ ဒီတစ္လႏွစ္လအတြင္းမွာ ေတာက္ေလ်ာက္ကေတာ့ ကြၽန္ေတာ္ အလုပ္ပဲပိေနတယ္ သူငယ္ခ်င္းေတြနဲ႔ေတာင္ အျပင္မထြက္ျဖစ္ဘူး ကြၽန္ေတာ္လူမႈေရးကိစၥေတြက ေျပာဖို႔ အရမ္းေစာပါေသးတယ္။”လို႔ သူရဲ႕ လတ္တေလာ အခ်စ္ေရးက ေအးေအးေဆးေဆးျဖတ္သန္းၿပီး အလုပ္ကိုပိုဦးစားေပးျဖစ္ေနတာကိုသိရပါတယ္။

“ပရိသတ္ေတြအားလံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကြၽန္ေတာ့္ကို ယံုၾကည္တယ္ အပင္ပန္းခံၿပီးလာၾကတယ္ တစ္ခါတစ္ေလ အဆင္ေျပတာေတြ ႐ွိသလို မေျပတာေတြလည္း ႐ွိတဲ့မေျပတာေတြလည္း ႐ွိတဲ့အတြက္ နားလည္ခြင့္လႊတ္ေပးၾကပါလို႔ ကြၽန္ေတာ္တို႔ အေကာင္းဆံုးေပါ့ေနာ္ လက္မွတ္ကို ဒီတိုင္း ေရာ့အင့္ဆိုၿပီး ေရာင္းလိုက္တာထက္ ဘဏ္ကဒ္ေလးေရာ ေပးခ်င္တာတို႔ ဦးထုပ္ေလးေတြလည္း ေပးခ်င္တာတို႔ ျဖစ္တဲ့အတြက္ ေစတနာေတြပိုၿပီး နည္းနည္း ကသီတာေတြ ျဖစ္တဲ့အတြက္ နားလည္ေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္...
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
မတ်လ ၃၀ရက်နေ့က မြန်မာပလာဇာမှာ ပြုလုပ်ကျင်းပခဲ့တဲ့ AYA X Sai Sai ပွဲကို ပရိသတ် သုံးထောင်ကျော်လာရောက်ပြီး April 10ရက်နေ့ စိုင်းစိုင်း birthday showအတွက် လက်မှတ်လာရောက်တန်းစီဝယ်ယူခဲ့ကြတာ တကယ့်ကို စံချိန်တင်ရောင်းချမှုကြီးဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာရော စိုင်းစိုင်းအနေနဲ့ ဘယ်လိုခံစားချက်တွေ ဖြစ်ပေါ်နေလဲ။ Showပွဲနေ့အတွက်ရော ဘာတွေပြင်ဆင်နေလဲဆိုတာ ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီပွဲအတွက်ရော Birthdayပွဲအတွက်ရော အချိန်တွေအများကြီးယူပြီး ပြင်ဆင်နေကြတဲ့အတွက် အားလုံးလည်း ပင်ပန်းနေကြတယ် ရင်လည်းအရမ်းခုန်ပါတယ် ဒီနေ့ပွဲမှာလည်း လူတွေအများကြီးတိုးဝှေ့ပြီးတော့ ဝယ်ကြတော့ အရမ်းလည်းဝမ်းသာတယ် ကျေးဇူးလည်းတင်တယ် ဝမ်းသာပြီး ကျေးဇူးတင်တာက လူတွေ တိုးဝှေ့လို့မဟုတ်ပါဘူး ကျွန်တော်ကိုအားပေးကြတဲ့အတွက် ပွဲကိုစိတ်ဝင်စားပေးတယ် ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးတယ် တစ်ခုခုဆို ကျွန်တော့်ကို အမြဲအားပေးတဲ့အတွက် အားပေးမှုချစ်ခြင်းမေတ္တာကြီးကို ခံစားရတဲ့အတွက် ကြည်နူးဝမ်းသာပါတယ်။ မနက်က တိုးဝှေ့ခဲ့ရတဲ့အတွက် ကျွန်တော်တို့ဘက်က စီစဉ်ထားတာက ကသီသွားတဲ့အတွက် ဘာလို့အဆင်မပြေဖြစ်သွားရတာလဲဆိုတော့ ကျွန်တော့် Birthday show ဆယ့်လေးကြိမ် ကျင်းပပြီးပါပြီ လက်မှတ်ရောင်းတဲ့နေ့မှာ တစ်ခါမှ လူတစ်ထောင်လာဝယ်တာမရှိပါဘူး

အဲ့တော့ ကျွန်တော်တို့ လူတစ်ထောင်စာပဲမှန်းပြီး လုပ်ထားလိုက်တဲ့အချိန်မှာ လူက သုံးထောင်ထက်မနည်းရောက်လာတဲ့အတွက် နည်းနည်းလေး ကသီသွားပြီး အဆင်မပြေဖြစ်ခဲ့ရတာကို ကျွန်တော် အားလုံးကိုယ်စားတောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်အရမ်းလည်းပျော်တယ် ဒီနေ့ ကျွန်တော် စံချိန်တင် ရောင်းခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ရောင်းရတဲ့ လူတွေနဲ့တင် ကျွန်တော့်ပွဲက လူပြည့်နေပြီလို့ ပြောလို့ရနေပါပြီ။ တကယ်ပါ ကျွန်တော်ပရိတ်သတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်။ ကံကောင်းတာက ကျွန်တော်တို့ ဒီတစ်ခါလုပ်မှာက အမျိုးသားဇာတ်ရုံမဟုတ်ပဲ သုဝဏ္ဏဘူမိကွင်းဆိုတော့ ထိုင်ခုံတွေဘာတွေ မရှိတော့ပေမယ့်လည်း ကွင်းထဲမှာတော့ ပရိသတ်တွေ ထပ်လာလို့ရပါသေးတယ်။

အနည်းဆုံး လူတစ်သောင်းခွဲလောက် လာလို့ရသေးတာဖြစ်တဲ့အတွက် အားလုံးစိတ်ချလက်ချနဲ့ နောက်ရက်တွေမှာ လက်မှတ်တွေထပ်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ နောက်ရက်ရောင်းတဲ့လက်မှတ်တွေမှာလည်း မူရင်းဈေးနှုန်းအတိုင်းပဲ ပြီးတော့ အထဲမှာလည်း Sai Sai Visaကဒ်ရောပါဝင်မှာဖြစ်ပါတယ်။ Birthday showရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ Teamတစ်ခုထဲကနေပြီး ကျွန်တော်ကိုယ်တိုင် Show directorလုပ်ပါတယ်။ ဒီပွဲမှာ ဘယ်လို ဝင်မယ် ထွက်မယ် lightingဘယ်လိုလုပ်မလဲဆိုတာတွေပေါ့နော် ဒီနှစ်မှာတော့ ကျွန်တော်တစ်ယောက်ထဲတင်မဟုတ်ပဲ Showပွဲအတွက် ရေးဆွဲထားတဲ့ ဇာတ်ညွှန်းကို ထိုင်းproduction teamကို အပ်ပါတယ် အဲ့တော့ သူတို့က Lightingတွေ Sound systemတွေ အကုန်လုံးကို ကူညီပေးကြမှာဖြစ်ပါတယ်။ ကျွန်တော် ကတိမပေးနိုင်ပေမယ့် အရင်နှစ်ထက် 7.1 surround systemနဲ့ ရအောင်ကြိုးစားနေကြပါတယ်။”လို့ Showပွဲ ပြင်ဆင်မှုတွေကို ပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်မှာ သီချင်းအပုဒ်ရေ တစ်ရာကျော်ရှိပါတယ်။အဲ့ထဲကမှ အရင်ကသီချင်းတွေနဲ့ အခုနောက်ထွက်တဲ့ သီချင်းတွေကို မျှတအောင်လို့ အပုဒ်ငါးဆယ်လောက် ရွေးထားပါတယ် အဲ့ထဲကနေ သင့်တော်တာတွေကို ထုတ်ပြီးဆိုသွားမှာပါ။ နှစ်စဉ်နှစ်တိုင်းမှာ ကျွန်တော်တို့ ရေသန့်ဘူး ပေးမယူပါဘူး ရောင်းလည်းမရောင်းပါဘူး ရေကိုရောင်းရင်လည်း ပလပ်စတစ်အိတ်ထဲထည့်ရောင်းခိုင်းတဲ့ အခါမှာ ကျွန်တော့်ပရိတ်သတ်တွေ အရမ်းရေငတ်ကြတယ်။ ရေသန့်ဘူး ပေးမယူတာက နိုင်ငံတကာပွဲတွေ ထုံးစံအတိုင်းပဲ အချင်းချင်း ရေသန့်ဘူးနဲ့ ပစ်ပေါက်တာတွေ ပြဿနာတက်မှာစိုးတဲ့အတွက်ကြောင့်မလို့ အဲ့လိုလုပ်တဲ့အချိန်မှာ ကျွန်တော်ပရိတ်သတ်တွေ ရေငတ်တဲ့အတွက် ဒီနှစ်တော့ ရေသန့်ဘူးတွေ ပေးယူမယ် ရောင်းလည်းရောင်းမယ် ပြီးတော့ ဓာတ်ဆားရေကို ကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းအကူညီတောင်းပြီး လူစေ့တစ်ယောက် တစ်ဘူးပေးဖို့ စီစဉ်နေပါတယ်။

အဲ့တော့ လူတစ်သောင်းလာရင် ကွင်းထဲမှာ အနည်းဆုံးရေသန့်ဘူးတစ်သောင်းဖြစ်နေမယ် ဒါပေမယ့် တစ်ခုပေါ့ ပရိသတ်တွေ တောင်းပန်ချင်တာက ဒီရေသန့်ဘူးကြောင့် သူများ အနှောင့်ယှက်မဖြစ်ဖို့ရယ် ပွဲပြီးလို့ ပြန်သွားကြရင် ကွင်းထဲမှာ ပျံ့ကြဲပြီးကျန်နေခဲ့တာက လုံးဝမလှပါဘူး အဲ့တော့ ကွင်းထဲမှာ ကျွန်တော်တို့ ရေသန့်ဘူးပစ်ရန်ဆိုပြီး နေရာတစ်ခုအကြီးကြီးလုပ်ထားမယ် အားလုံးက အပြန်ကျရင် ကိုယ့်ရေသန့်ဘူး အမှိုက်တွေကို ကောက်ပြီး အဲ့မှာ သွားပစ်ထားလိုက်ရင် စိုင်းစိုင်းပွဲကြီးက လူတစ်သောင်းလာတယ် ပွဲပြီးသွားလည်း ကွင်းကြီးက ရှင်းနေတာပဲဆိုပြီး ကိုယ့်အမှိုက်ကိုကောက်တဲ့ indoor campaignလေး လုပ်ဖို့ ပြောချင်ပါတယ်။”လို့ ပွဲနေ့အတွက် ပရိတ်သတ်တွေကို တောင်းဆိုမှု နှစ်ခုပြောပြခဲ့ပါတယ်။

“ခါတိုင်းကျွန်တော့်ပွဲတွေ လူတစ်သောင်းလာပါတယ်။ တစ်သောင်းဆိုတဲ့နေရာမှာ လက်မှတ်ရောင်းတာလည်း ရှိတယ် ကျွန်တော် ဝေတာလည်းရှိတယ် sponsorတွကို လက်ဆောင်ပေးတာတွေ သူငယ်ချင်းတွေကို လက်ဆောင်ပေးတာတွေ ရှိပါတယ်။ ကျွန်တော့်ပွဲကို လူစည်စေချင်တော့ တစ်ဝက်ကရောင်းတယ် တစ်ဝက်က လက်ဆောင်ပေးတာမျိုးပေါ့ အများြကိးပဲ ဒီနှစ်တော့ တစ်သောင်းထက်လည်း ပိုမယ်လို့ ထင်ပါတယ် ကြွားတော့ မကြွားရဲပါဘူး ဒါပေမယ့် ကွင်းထဲမှာ လူတစ်သောင်းလာရင် ငါးထောင်က ကျွန်တော်ရောင်းထားတာပါ။ ကျန်တဲ့ ငါးထောင်ကတော့ ဖိတ်ထားတာပေါ့နော် နှစ်သောင်းဖြစ်ခဲ့ရင်လည်း အဲ့လိုပုံစံမျိုးပဲ ဖြစ်မှာပါ။ ကျွန်တော်က ပရိတ်သတ်တွေကို 18နှစ်ဆိုပြီး စနောက်နေတာပါ ကျွန်တော့်ပရိသတ်တွေအကုန်လုံးလည်း ကျွန်တော့်အသက်ကို သိကြပါတယ် သီချင်းထဲမှာလည်း ထည့်ဆိုတယ် Googleမှာ Sai Saiလို့ ရိုက်လိုက်တာနဲ့ ဒီကောင် ဘယ်နှနှစ်ဆိုပြီး ပေါ်လာတာပါ။ သာမန်နေ့ရက်အချိန်တွေတောင်မှ ကျွန်တော်က အလုပ်ကို ပိုပြီးအာရုံစိုက်ဖြစ်နေတဲ့အတွက် ဒီတစ်လနှစ်လအတွင်းမှာ တောက်လျောက်ကတော့ ကျွန်တော် အလုပ်ပဲပိနေတယ် သူငယ်ချင်းတွေနဲ့တောင် အပြင်မထွက်ဖြစ်ဘူး ကျွန်တော်လူမှုရေးကိစ္စတွေက ပြောဖို့ အရမ်းစောပါသေးတယ်။”လို့ သူရဲ့ လတ်တလော အချစ်ရေးက အေးအေးဆေးဆေးဖြတ်သန်းပြီး အလုပ်ကိုပိုဦးစားပေးဖြစ်နေတာကိုသိရပါတယ်။

“ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော့်ကို ယုံကြည်တယ် အပင်ပန်းခံပြီးလာကြတယ် တစ်ခါတစ်လေ အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိတဲ့မပြေတာတွေလည်း ရှိတဲ့အတွက် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကျွန်တော်တို့ အကောင်းဆုံးပေါ့နော် လက်မှတ်ကို ဒီတိုင်း ရော့အင့်ဆိုပြီး ရောင်းလိုက်တာထက် ဘဏ်ကဒ်လေးရော ပေးချင်တာတို့ ဦးထုပ်လေးတွေလည်း ပေးချင်တာတို့ ဖြစ်တဲ့အတွက် စေတနာတွေပိုပြီး နည်းနည်း ကသီတာတွေ ဖြစ်တဲ့အတွက် နားလည်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်...

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top