20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
ဒါပေမဲ့ ၄င်းက ဂလက်ဆီကို အလွန်ပြင်းထန်သောအရှိန်ဖြင့် လည်ပြီး ဖြတ်သန်းသွားနေခြင်းဖြစ်ပါတယ်။
Credit:xyznews
# Unicode Version # ဖြင့် ဖတ်ပါ #
နာဆာမှ ‘Bennu’ ဟုအမည်ပေးထားသော ဥက္ကာခဲမှ ရုပ်ပုံများကို မကြာခင်အချိန်က ထုတ်ပြန်ခဲ့ရာ အာကာသစူးစမ်းလေ့လာသူများမှ အဆိုပါဥက္ကာခဲ၏ကျောက်မျက်နှာပြင်ကိုပုံစံကိုလေ့လာနိုင်ခဲ့ပါတယ်။
ယင်းဥက္ကာခဲဟာ ဘောလုံးကွင်း ၅ကွင်းစာခန့်ကျယ်ပြီး၊ ၇၉ဘီလီယံ ကီလိုဂရမ်ခန့် လေးပါတယ်။”UFO Sighting Daily” ဘလော့မှအဆိုအရ ယင်းဥက္ကာခဲပေါ်တွင် လျှို့ဝှက်ဆန်းကျယ်သော ဂြိုလ်သားအဆောက်အုံများတည်ရှိနေသည်ဟုသိရှိရကြောင်းပြောကြားခဲ့ပါတယ်။
နာဆာ၏ Osris-Rex အာကာသာစူးစမ်းယာဉ် မှပေးပို့သောပုံကို လေ့လာကြည့်ရာ၊ ဂြိုလ်သားရှာဖွေသူ Scott C. ၏အဆိုအရ ဥက္ကာခဲ၏မျက်နှာပြင်ပေါ်တွင် ဂြိုလ်သားနည်းပညာများတွေ့ရခဲ့ပါတယ်။
Bennu ပေါ်မှ ဂြိုလ်သားအဆောက်အအုံနှင့်ပက်သက်၍ “ဥက္ကာခဲပေါ်တွင် အစိုင်အခဲငယ်များစွာရှိနေပြီး၊ ထိုအထဲမှ အနက်ရောင်နှင့် ခဲရောင် အစိုင်အခဲများမှာ နာဆာမှဖော်ပြသောအရာများထက်ပို၍စိတ်ဝင်စားစရာကောင်းနေတယ် ဟု၍ရေးသားထားပါတယ်။
ယင်းတို့မှာ ဥက္ကာခဲ Bennu ပေါ်တွင်ရှိပြီး အဆောက်အုံများ၊ မျှော်စင်များ၊ ပိရမစ်များ၊ နှင့် စွန့်ပစ်ထားသော သင်္ဘောများပါတွေ့ရပါတယ်။
လွန်ခဲ့သော နှစ် သန်းပေါင်းများစွာထဲမှ စွန်ပစ်ခံခဲ့ရသဖြင့် ထိုအရာအားလုံးမှာအနည်းငယ်ထိခိုက်ပျက်စီးနေပါတယ်။သို့သော် ထိုအရာများမှာတည်ရှိနေသေးကာ ၎င်းကိုသက်သေပြရန်အနီးကပ်ပုံ ဖြစ်ပါတယ်။ ယင်းထုတ်ဖော်ပြောကြားချက်များနှင့်အတူ အာကာသစူးစမ်းယာဉ်မှ ရုပ်ပုံများနှင့် တွဲဖက်၍ ဂြိုလ်သားအဆောက်အအုံများကိုပြခဲ့ပါတယ်။
ဒီလိုမျိုး ကျောက်တုံးနဲ့ခပ်ဆင်ဆင်အရာတွေပါ
“ဂြိုလ်သားနည်းပညာ”များသည် နှစ်ပေါင်းများစွာအတည်းကပင် ယင်းနေရာတွင်ရှိနှင့်နေပြီဟုဆိုခဲ့ပါတယ်။
ပျက်စီးပြီးကျလာတဲ့ ဂြိုလ်သားယာဉ်ပျံလား
တစ်ချိန်တည်းမှာပဲ ၂၁၇၅နှစ်မှ ၂၁၉၉ နှစ်အတွင်းမှာ Bennu ကမ္ဘာကိုတိုက်ရန် ဖြစ်နိုင်ချေမှာ ၂၇၀၀ပုံတွင် ၁ပုံသာရှိပါတယ်။ဒါကြောင့် သင့်ရဲ့ တီရဲ့ အသက်အန္တာရယ်ကို လုံးဝစိတ်ပူစရာမလိုပါဘူး။
ဒါပေမဲ့ ၎င်းက ဂလက်ဆီကို အလွန်ပြင်းထန်သောအရှိန်ဖြင့် လည်ပြီး ဖြတ်သန်းသွားနေခြင်းဖြစ်ပါတယ်။
Bennu ဟာအရှိန်ပြင်းစွာဦးတည်ရာမဲ့ လည်နေပါတယ်
ဥက္ကာခဲဟာ မြို့တစ်မြို့လုံးကို ကောင်းကောင်းဖျက်စီးပစ်နိုင်တဲ့အထိကြီးပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ထိမှန်ရင်တော့ လူသားတွေကို ကြီးကြီးမားမားထိခိုက်နိုင်ပေမဲ့ ရှင်သန်နိုင်ပါလိမ့်မယ်။
” ကျွန်တော်တို့ဟာ ကမ္ဘာကိုဖျက်စီးမဲ့ ဥက္ကာခဲအကြောင်းပြောနေတာမဟုတ်ပါဘူး။” ဟု နာဆာ Osiris-Rex ၏ စူးစမ်းလေ့လာရေးအကြီးအကဲဖြစ်သူ Dante Lauretta မှပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ အဲ့လိုအကျိုးသက်ရောက်မှုတွေဖြစ်ဖို့အလားအလာမရှိပါဘူး”
ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top