Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #
သက်ထားသူဇာ ဟာဆိုရင်ဖြင့် အသက် (၇) နှစ်အရွယ်မှ စတင်၍ ကြက်တောင် အားကစားအားစတင် သင်ကြားလေ့ကျင့်ခဲ့ပြီး အားကစား သက်တမ်းတစ်လျှောက်တွင် ထိုင်းဘုရင်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆုလည်းရရှိထားသူလေးပဲ ဖြစ်ပါတယ်။။
အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတဦးချင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သေးပါတယ်။
ထို့အပြင် နီပေါအပြည်ပြည်ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)တွင်လည်း တတိယဆု များကိုလည်း အသီးသီးရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာကျင်းပနေတဲ့ Badminton Asia Championship 2019 အတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်နေတယ်လို့သိရပါတယ်။
” Badminton Asia Championships 2019 တွင် မူလက qualification rounds တွင်စရိုက်ရန်ရှိပြီး maindraw ထဲဝင်ရင် world ranking 4 ရှိ Akane YAMAGUCHI နဲ့ကစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ယခု maindraw မှ ကစားသမား 3 ဦးသည် ပြိုင်ပွဲမှ နှုတ်ထွက်သွားပါ၍ ranking အရ qualification rounds တွင်ရိုက်စရာမလိုတော့ပဲ round 32 သို့တက်ရောက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
 Round 32 တွင် world ranking 19 ရှိ Aya OHORI နှ(Japan) နှင့် ကစားရမှာဖြစ်ပါတယ် ” လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။မြန်မာကြက်တောင်အားကစားလော ကအတွက် အတော်ဝေးကွာနေတဲ့အောင်မြင်မှုကို သက်ထားသူဇာဟာ မြန်မာ့ဂုဏ်ဆောင်အနေနဲ့ Badminton Asia Championships 2018 မှာ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့သလို ဒီ 2019 ရယူလာနိုင်ဖို့ ပြည်သူတွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေး သက်ထားသူ ဇာ ကို အားပေးကြမယ်မဟုတ်လား။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top