ေရွးေခတ္တုန္းက ဥကၠာခဲေတြ ကမၻာေပၚက်လာတာကုိ နတ္ဘုရားေတြရဲ႕လက္နက္ေတြ ကမၻာေပၚကုိ က်ေရာက္လာတာျဖစ္တယ္လုိ႕ထင္ခဲ့ၾကဖူးပါတယ္။ အခု ေတြ႕ရွိထားတဲ့ အက်ယ္မီတာ ၃၇၀ ရွိ Apophis 99942 ကုိေတာ့ သိပၸံပညာရွင္ေတြက ဂရိနတ္ဘုရားတစ္ပါးရဲ႕ နာမည္ျဖစ္တဲ့ Apophis ကို အစြဲျပဳျပီးေပးခဲ့တာပဲျဖစ္ပါတယ္။ဒီဥကၠာခဲၾကီးဟာ တစ္နာရီမိုင္ ၁၅၀၀၀ ႏႈန္းနဲ႕ ကမၻာဆီကုိ ဦးတည္ဝင္ေရာက္လာေနျပီး ၂၀၆၈ ခုႏွစ္မွာ ကမၻာေပၚက်လာႏုိင္ေခ်ရွ္တယ္လုိ႕လည္းသိရပါတယ္ ။

ကမၻာေပၚကုိ က်လာႏိုင္ေခ်က ၂.၃သန္းပံု တစ္ပံုသာရွိတဲ့အတြက္ သိပ္ေတာ့ စုိးရိမ္ဖုိ႕မလိုအပ္ပါဘူး ။ဒါေပမယ့္ တကယ္လုိ႕သာ ဒီဥကၠာခဲၾကီး ကမၻာေပၚက်ာလာခဲ့ရင္ေတာ့လူသားမ်ိဳးႏြယ္ေတြအတြက္ ေနာက္ဆံုးေန႕ရက္ျဖစ္သြားႏုိင္တယ္လုိ႕သိပၸံပညာရွင္ေတြကခန္႕မွန္းထားပါတယ္ ။Apophis ဟာ ၂၀၀၄ ခုႏွစ္ထဲက အာကာသဆိုင္ရာ ဂ်ာနယ္ေတြမွာ နာမည္ေက်ာ္ခဲ့တဲ့ ဥကၠာခဲၾကီးတစ္ခုပါ ။

မူလတြက္ခ်က္မႈေတြအရ ကမၻာေပၚကုိ ၂၀၃၆ ခုႏွစ္ ေအပရယ္လ ၁၃ ရက္ေန႕မွာ က်လာႏုိင္ျပီး က်လာႏုိင္ေခ်ကေတာ့ ၄၅၀၀၀ ပုံတစ္ပံုကေန တစ္သန္းပံု ေလးပံုရွိတယ္လုိ႕ေဖာ္ျပထားတာကုိေတြ႕ရပါတယ္ ။ေနာက္ပိုင္းေလ့လာခ်က္ေတြအရ ၂၀၂၉ ခုႏွစ္မွာ ကမၻာနဲ႕ ဝင္တုိက္ႏုိင္ေခ် ၂.၇ ရာခိုင္ႏႈန္းရွိတယ္လုိ႕ ေၾကျငာခ်က္ထုတ္ျပန္္ခဲ့ျပီးေနာက္မွာ အၾကီးအက်ယ္အုတ္ေၾသာ္ေသာင္းတင္းျဖစ္သြားခဲ့ဖူးပါတယ္။

တစ္ခ်ိဳ႕ေသာ အင္တာနက္ေပၚက ကမၻာျပားတယ္လုိ႕ယံုၾကည္ၾကတဲ့သူေတြကေတာ့ နာဆာရဲ႕ ေျပာဆုိမႈေတြကုိ တစ္လံုးမွမယံုၾကည္တဲ့အျပင္ နာဆာဟာ ျဂိဳလ္သားေတြရွိေနတဲ့အေၾကာင္းကိုဖံုးကြယ္ထားတယ္လုိ႕ေတာင္ယူဆထားၾကပါတယ္ ။ကမၻာၾကီးကုိ ဥကၠာခဲၾကီးဝင္တုိက္မယ့္အေျခအေနနဲ႕ပတ္သတ္လုိ႕ နာဆာမွ ကြန္ျပဴတာပရိုဂရမ္မာ အာကာသသိပၸံပညာရွင္ Robert Walker ကေတာ့ တိုက္မိတဲ့ေနရာအနီးတစ္ဝိုက္မွာ လူေတြအားလံုး ေသဆံုးသြားႏုိင္ေခ်ရွိေပမယ့္ လူသားမ်ိဳးႏြယ္ ပ်က္သုန္းဖုိ႕ေတာ့မျဖစ္ႏုိင္ဘူးလို႕ ေျပာျပသြားပါတယ္။ ဒါေပမယ့္ လူသန္းခ်ီ ေသႏုိင္ကိန္းရွိတယ္လုိ႕လည္း ေျပာသြားပါေသးတယ္ ။

ဥကၠာခဲၾကီးက်လာခဲ့မယ္ဆိုရင္ ရုရွားႏုိင္ငံလုပ္ ဗံုးဘုရင္လုိ႕ေခၚတဲ့ Tsar Bomba ေပါက္ကြဲမႈထက္ ၁၅ ျပင္းထန္တဲ့ ေပါက္ကြဲမႈျဖစ္ေပၚလာျပီးေတာ့ ၂.၆ မိုင္အက်ယ္အဝန္းရွိတဲ့တြင္းၾကီးျဖစ္သြားပါလိမ့္မယ္ ။ဒီဥကၠာခဲၾကီးကုိ ေပးခဲ့တဲ့ Apophis ဆိုတဲ့နာမည္ကေတာ့ ေနနတ္ဘုရား ၊အလင္းရဲ႕သခင္ျဖစ္တဲ့ ရာ ရဲ႕ ရန္သူေတာ္ ေျမြနတ္ဘုရားရဲ႕နာမည္ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu

#Unicode Version# ျဖင့္ဖတ္ပါ ။

ရှေးခေတ်တုန်းက ဥက္ကာခဲတွေ ကမ္ဘာပေါ်ကျလာတာကို နတ်ဘုရားတွေရဲ့လက်နက်တွေ ကမ္ဘာပေါ်ကို ကျရောက်လာတာဖြစ်တယ်လို့ထင်ခဲ့ကြဖူးပါတယ်။ အခု တွေ့ရှိထားတဲ့ အကျယ်မီတာ ၃၇၀ ရှိ Apophis 99942 ကိုတော့ သိပ္ပံပညာရှင်တွေက ဂရိနတ်ဘုရားတစ်ပါးရဲ့ နာမည်ဖြစ်တဲ့ Apophis ကို အစွဲပြုပြီးပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဥက္ကာခဲကြီးဟာ တစ်နာရီမိုင် ၁၅၀၀၀ နှုန်းနဲ့ ကမ္ဘာဆီကို ဦးတည်ဝင်ရောက်လာနေပြီး ၂၀၆၈ ခုနှစ်မှာ ကမ္ဘာပေါ်ကျလာနိုင်ချေရှ်တယ်လို့လည်းသိရပါတယ် ။

ကမ္ဘာပေါ်ကို ကျလာနိုင်ချေက ၂.၃သန်းပုံ တစ်ပုံသာရှိတဲ့အတွက် သိပ်တော့ စိုးရိမ်ဖို့မလိုအပ်ပါဘူး ။ဒါပေမယ့် တကယ်လို့သာ ဒီဥက္ကာခဲကြီး ကမ္ဘာပေါ်ကျာလာခဲ့ရင်တော့လူသားမျိုးနွယ်တွေအတွက် နောက်ဆုံးနေ့ရက်ဖြစ်သွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ် ။Apophis ဟာ ၂၀၀၄ ခုနှစ်ထဲက အာကာသဆိုင်ရာ ဂျာနယ်တွေမှာ နာမည်ကျော်ခဲ့တဲ့ ဥက္ကာခဲကြီးတစ်ခုပါ ။

မူလတွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ၂၀၃၆ ခုနှစ် အေပရယ်လ ၁၃ ရက်နေ့မှာ ကျလာနိုင်ပြီး ကျလာနိုင်ချေကတော့ ၄၅၀၀၀ ပုံတစ်ပုံကနေ တစ်သန်းပုံ လေးပုံရှိတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ် ။နောက်ပိုင်းလေ့လာချက်တွေအရ ၂၀၂၉ ခုနှစ်မှာ ကမ္ဘာနဲ့ ဝင်တိုက်နိုင်ချေ ၂.၇ ရာခိုင်နှုန်းရှိတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာ အကြီးအကျယ်အုတ်သြော်သောင်းတင်းဖြစ်သွားခဲ့ဖူးပါတယ်။

တစ်ချို့သော အင်တာနက်ပေါ်က ကမ္ဘာပြားတယ်လို့ယုံကြည်ကြတဲ့သူတွေကတော့ နာဆာရဲ့ ပြောဆိုမှုတွေကို တစ်လုံးမှမယုံကြည်တဲ့အပြင် နာဆာဟာ ဂြိုလ်သားတွေရှိနေတဲ့အကြောင်းကိုဖုံးကွယ်ထားတယ်လို့တောင်ယူဆထားကြပါတယ် ။ကမ္ဘာကြီးကို ဥက္ကာခဲကြီးဝင်တိုက်မယ့်အခြေအနေနဲ့ပတ်သတ်လို့ နာဆာမှ ကွန်ပြူတာပရိုဂရမ်မာ အာကာသသိပ္ပံပညာရှင် Robert Walker ကတော့ တိုက်မိတဲ့နေရာအနီးတစ်ဝိုက်မှာ လူတွေအားလုံး သေဆုံးသွားနိုင်ချေရှိပေမယ့် လူသားမျိုးနွယ် ပျက်သုန်းဖို့တော့မဖြစ်နိုင်ဘူးလို့ ပြောပြသွားပါတယ်။ ဒါပေမယ့် လူသန်းချီ သေနိုင်ကိန်းရှိတယ်လို့လည်း ပြောသွားပါသေးတယ် ။

ဥက္ကာခဲကြီးကျလာခဲ့မယ်ဆိုရင် ရုရှားနိုင်ငံလုပ် ဗုံးဘုရင်လို့ခေါ်တဲ့ Tsar Bomba ပေါက်ကွဲမှုထက် ၁၅ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပေါ်လာပြီးတော့ ၂.၆ မိုင်အကျယ်အဝန်းရှိတဲ့တွင်းကြီးဖြစ်သွားပါလိမ့်မယ် ။ဒီဥက္ကာခဲကြီးကို ပေးခဲ့တဲ့ Apophis ဆိုတဲ့နာမည်ကတော့ နေနတ်ဘုရား ၊အလင်းရဲ့သခင်ဖြစ်တဲ့ ရာ ရဲ့ ရန်သူတော် မြွေနတ်ဘုရားရဲ့နာမည်ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top