Angelina Jolie ဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ကမၻာ့ဆြဲေဆာင္မႈအရွိဆံုးဆုရ အနုပညာရွင္တစ္ဦးျဖစ္ျပီး တစ္ကမၻာလံုးကပရိသတ္ေတြသည္းသည္းလႈပ္အားေပးၾကတဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။



ဂ်ိဳလီဆိုရင္ မသိသူမရွိေလာက္ေအာင္ ကမၻာအနွံ႔မွာ ခမ္းနားၾကီးက်ယ္တဲ့ေအာင္ျမင္မႈေတြကုိ သိမ္းပုိုက္ထားတဲ့ Angelina Jolie က မၾကာေသးမီကပဲ သူ႔ပရိသတ္ေတြအံ့ၾသသြားေစမယ့္သတင္းတစ္ခုကုိ ထုတ္ေဖာ္ေျပာလိုက္ပါျပီ။ အဲဒါကေတာ့ ဂ်ိဳလီဟာ နိိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္လုပ္ဖို႔စိတ္ဝင္စားမႈရွိေနတယ္္ဆိုတာပါပဲ။

မၾကာေသးမီရက္ပုိင္းက ဂ်ိဳလီဟာ အေမရိကန္သမၼတလုပ္ဖို႔ စိတ္ဝင္စားေနတယ္လို႔ Harper’s Bazzar Magazine က ေဖာ္ျပလာခဲ့ပါတယ္။ ဂ်ိဳလီဟာ အသက္ၾကီးလာတာနဲ႔အမွ် သူမ်ားေတြအတြက္စဥ္းစားေပးတတ္လာျပီးအမ်ိဳးသမီးေတြအတြက္လူ႔အခြင့္အေရးလႈပ္ရွားမႈေတြလည္းျပဳလုပ္လာခဲ့တယ္လို႔သိရပါတယ္။



လက္ရွိမွာ အေမရိကန္ရဲ႕ High Commision အဖြဲ႕အစည္း တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ ဂ်ိဳလီဟာ နုိင္ငံေရးကိုလည္းအတန္အသင့္စိတ္ဝင္စားမႈရွိေနပါတယ္တဲ့။ ဂ်ိဳလီက People Magazine နဲ႔ အင္တာဗ်ဴးမွာလည္း လူေတြအတြက္ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ေျပာခဲ့ဖူးပါေသးတယ္။

ဂ်ိဳလီဟာ ျပည္္သူေတြကုိ ဒုတိယတန္းစားနိုင္ငံသားေတြလိုအဓိပၸါယ္သက္ေရာက္ေစတဲ့ ဥပေဒေတြကုိျပင္ဆင္ဖုိ႔ရာ အစိုးရကုိေမတၱာရပ္ခံခဲ့ဖူးျပီး ဒုကၡသည္ေတြအတြက္ တရားမွ်တမႈရေရးနဲ႔ အမ်ိဳးသမီးအခြင့္အေရးေတြအတြက္လည္း လႈပ္ရွားခဲ့ဖူးပါတယ္။ ဂ်ိဳလီက အမ်ိဳးသမီးေရးရာလႈပ္ရွားမႈနဲ႔ပတ္သက္ျပီး “ကြ်န္္မက ကုိယ္ယံုၾကည္ရာကုိပဲေျပာဆိုပါတယ္။



ကမၻာအနွံ႔မွာ အမ်ိဳးသမီးေတြက အခြင့္အေရးေတြလုယူခံေနရတယ္။ တိုးတက္မႈေနွာင့္္ေနွးေနတယ္။ ဒါေၾကာင့္ ကြ်န္မတို႔က စစ္ပြဲေတြနဲ႔ဆိုင္တဲ့အမႈအခင္းေတြ၊ မ်ားျပားလြန္းတဲ့အမ်ိဳးသ မီးေတြမေတာ္္မတရားအျပဳခံရမႈေတြနဲ႔ ခြဲျခားဆက္ဆံခံရမႈေတြပေပ်ာက္ေစဖို႔ ဦးစားေပး လုပ္ေဆာင္ရလိမ့္မယ္”လို႔ ဂ်ိဳလီက ေျပာခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။ ဂ်ိဳလီက ျပီးခဲ့တဲ့ 2018 ခုနွစ္မွာ BBC today programme နဲ႔အင္တာဗ်ဴးမွာလည္း လြန္ခဲ့တဲ့နွစ္နွစ္ဆယ္ကေတာ့ နုိင္ငံေရးလႈပ္ရွားဖုိ႔ ေတြးေတာင္မေတြး ခဲ့ဖူးေပမယ့္ အခုေတာ့ သူ႔ကုိလိုအပ္တဲ့ေနရာေတြအတြက္အဆင္္သင့္ျဖစ္ေနျပီျဖစ္ေၾကာင္းနဲ႔ မ်ားျပားတဲ့တာဝန္ယူမႈေတြအတြက္အသင့့္ျဖစ္ေနျပီလို႔လည္းေျပာခဲ့ပါေသးတယ္။



ပရိသတ္ေတြကေတာ့ ဂ်ိဳလီသာ အမ်ိဳးသမီးသမၼတျဖစ္လာမယ္ဆိုရင္ဝမ္းသာအားရအားေပး မယ္ဆိုတဲ့လူေတြေတာ္ေတာ္မ်ားမ်ားရွိေနသလို မင္းသမီးအလုပ္မလုပ္ပဲ နုိင္ငံေရးေလာကထဲဝင္မယ္ဆိုတာကုိ မနွစ္ျမိဳ႕တဲ့လူအခ်ိဳ႕လည္းရွိေနပါတယ္။

႔ပရိသတ္ၾကီးေရာ ဂ်ိဳလီ သမၼတအျဖစ္ဝင္အေရြးခံရင္ အားေပးၾကမွာလား။ ဂ်ိဳလီဟာ အေမရိကန္သမၼတတာဝန္ကိုေက်ပြန္ေအာင္ထမ္းရြက္နိုင္မယ္ထင္လား။ ဒါမွမဟုတ္ အခ်ိဳ ႕ေတြေဝဖန္ေနသလိုပဲ ကုိယ့္အိမ္ေထာင္ေရးကုိေတာင္မထိန္းသိမ္းနိုင္ပဲ နုိင္ငံတစ္နုိင္ငံကုိဦးေဆာင္ ဖို႔မျဖစ္နုိင္ဘူးလို႔ထင္လား။ေျပာခဲ့ၾကပါဦး။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


Angelina Jolie ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးဆုရ အနုပညာရှင်တစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးကပရိသတ်တွေသည်းသည်းလှုပ်အားပေးကြတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

ဂျိုလီဆိုရင် မသိသူမရှိလောက်အောင် ကမ္ဘာအနှံ့မှာ ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ Angelina Jolie က မကြာသေးမီကပဲ သူ့ပရိသတ်တွေအံ့သြသွားစေမယ့်သတင်းတစ်ခုကို ထုတ်ဖော်ပြောလိုက်ပါပြီ။ အဲဒါကတော့ ဂျိုလီဟာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်လုပ်ဖို့စိတ်ဝင်စားမှုရှိနေတယ်ဆိုတာပါပဲ။

မကြာသေးမီရက်ပိုင်းက ဂျိုလီဟာ အမေရိကန်သမ္မတလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ Harper’s Bazzar Magazine က ဖော်ပြလာခဲ့ပါတယ်။ ဂျိုလီဟာ အသက်ကြီးလာတာနဲ့အမျှ သူများတွေအတွက်စဉ်းစားပေးတတ်လာပြီးအမျိုးသမီးတွေအတွက်လူ့အခွင့်အရေးလှုပ်ရှားမှုတွေလည်းပြုလုပ်လာခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ High Commision အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဂျိုလီဟာ နိုင်ငံရေးကိုလည်းအတန်အသင့်စိတ်ဝင်စားမှုရှိနေပါတယ်တဲ့။ ဂျိုလီက People Magazine နဲ့ အင်တာဗျူးမှာလည်း လူတွေအတွက်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်။

ဂျိုလီဟာ ပြည်သူတွေကို ဒုတိယတန်းစားနိုင်ငံသားတွေလိုအဓိပ္ပါယ်သက်ရောက်စေတဲ့ ဥပဒေတွေကိုပြင်ဆင်ဖို့ရာ အစိုးရကိုမေတ္တာရပ်ခံခဲ့ဖူးပြီး ဒုက္ခသည်တွေအတွက် တရားမျှတမှုရရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက်လည်း လှုပ်ရှားခဲ့ဖူးပါတယ်။ ဂျိုလီက အမျိုးသမီးရေးရာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး “ကျွန်မက ကိုယ်ယုံကြည်ရာကိုပဲပြောဆိုပါတယ်။

ကမ္ဘာအနှံ့မှာ အမျိုးသမီးတွေက အခွင့်အရေးတွေလုယူခံနေရတယ်။ တိုးတက်မှုနှောင့််နှေးနေတယ်။ ဒါကြောင့် ကျွန်မတို့က စစ်ပွဲတွေနဲ့ဆိုင်တဲ့အမှုအခင်းတွေ၊ များပြားလွန်းတဲ့အမျိုးသ မီးတွေမတော်မတရားအပြုခံရမှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေပပျောက်စေဖို့ ဦးစားပေး လုပ်ဆောင်ရလိမ့်မယ်”လို့ ဂျိုလီက ပြောခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ဂျိုလီက ပြီးခဲ့တဲ့ 2018 ခုနှစ်မှာ BBC today programme နဲ့အင်တာဗျူးမှာလည်း လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတော့ နိုင်ငံရေးလှုပ်ရှားဖို့ တွေးတောင်မတွေး ခဲ့ဖူးပေမယ့် အခုတော့ သူ့ကိုလိုအပ်တဲ့နေရာတွေအတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ များပြားတဲ့တာဝန်ယူမှုတွေအတွက်အသင့်ဖြစ်နေပြီလို့လည်းပြောခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ ဂျိုလီသာ အမျိုးသမီးသမ္မတဖြစ်လာမယ်ဆိုရင်ဝမ်းသာအားရအားပေး မယ်ဆိုတဲ့လူတွေတော်တော်များများရှိနေသလို မင်းသမီးအလုပ်မလုပ်ပဲ နိုင်ငံရေးလောကထဲဝင်မယ်ဆိုတာကို မနှစ်မြို့တဲ့လူအချို့လည်းရှိနေပါတယ်။

့ပရိသတ်ကြီးရော ဂျိုလီ သမ္မတအဖြစ်ဝင်အရွေးခံရင် အားပေးကြမှာလား။ ဂျိုလီဟာ အမေရိကန်သမ္မတတာဝန်ကိုကျေပွန်အောင်ထမ်းရွက်နိုင်မယ်ထင်လား။ ဒါမှမဟုတ် အချို့တွေဝေဖန်နေသလိုပဲ ကိုယ့်အိမ်ထောင်ရေးကိုတောင်မထိန်းသိမ်းနိုင်ပဲ နိုင်ငံတစ်နိုင်ငံကိုဦးဆောင် ဖို့မဖြစ်နိုင်ဘူးလို့ထင်လား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top