တနဂၤေႏြ

ဒီကာလအတြင္း မိမိျဖစ္ခ်င္တာေတြကိုျဖစ္ေအာင္လုပ္သြားႏုိင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီးမိမိ အတြက္ လိုအပ္တဲ့အကူအညီေတြကိုလဲ မိမိရဲ့ဆရာသမားမိဘေတြဆီကရရွိပါလိမ့္မယ္။ ဖခင္က မိမိျဖစ္ခ်င္တာ ေတြကိုလိုက္ေလ်ာပါလိမ့္မယ္။ အလုပ္ထဲမွာလစာနည္းေနတာျဖစ္ေစ၊ အခြင့္အေရးမရတာမ်ိဳးျဖစ္ေစ၊ လုပ္ရတာ နဲ႔မတန္ဘူးထင္ေနတယ္ဆိုရင္ အထက္လူႀကီးဆီတင္ျပေျပာဆိုလို႔အလြန္ပဲေကာင္းပါတယ္။ က်န္းမာေရးႏွင့္ပက္ သက္ၿပီးေတာ့လဲ အဆိုးအညံ့မရွိသေလာက္ရွားပါးေနတတ္ပါတယ္။ စိတ္ခ်မ္းသာကိုယ္က်န္းမာမႈေတြရွိမဲ့ေန႔ရက္ေတြ ပဲျဖစ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့လဲ အလုပ္ထဲမွာလိုအပ္တာေတြကို ရင္းႏွီးျမဳပ္နွံလုိက္ပါ။ ေငြေၾကးရင္း ႏွီးထားတဲ့ကိစၥေတြက အက်ိဳးအျမတ္ႀကီးပါလိမ့္မယ္။အလုပ္ခြင္မွာ ေနရာေပးလာရင္ ရြံရြံခၽြန္ခၽြန္လုပ္ျပလုိက္ပါ။ တာ၀န္ယူစိတ္အျပည့္နဲ႔လုပ္ျပလိုက္ပါ။ ေသခ်ာေပါက္ရာထူးတိုးတာအသိအမွတ္ျပဳခံရတာေတြႀကံဳရပါလိမ့္မယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အားရစရာေကာင္းတဲ့အေနအထားပါ။ မိမိတုိ႔အခ်စ္ေရးအေျခအေနကိုမိဘေတြ ကိုတုိင္ပင္သင့္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ေန႔ရက္ေတြျဖစ္ေနပါလိမ့္ မယ္။ပညာေရးကေတာ့ ေခါင္းေဆာင္မႈဆိုင္ရာပညာေတြကိုေလ့လာသင့္ပါတယ္။

အက်ိဳးေပးဂဏန္း 1/8/5

အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ အားတဲ့ေန႔ ေခါင္းေဆးမဂၤလာျပဳလုပ္ပါ။

တနလၤာ

ဒီကာလကေတာ့ အႏုပညာဆန္ဆန္ကိစၥေတြကိုဦးစားေပးလုပ္ကိုင္လိုက္ေစခ်င္ပါတယ္။ စိတ္ကူးေတြ၊ ခံစားခ်က္ေတြကိုဦးစားေပးၿပီး လုပ္ရတဲ့အလုပ္ေတြကိုအထူးအေလးေပးေဆာင္ရြက္ပါ။ စာေရးတာ၊ကဗ်ာစပ္တာ၊ ပန္းခ်ီဆြဲတာ၊ပန္းပုထုတာမ်ိဳးေတြလဲ အထူးေကာင္းပါတယ္။ လူမ်ားမ်ားနဲ႔တြဲဖက္လုပ္ကိုင္ေဆာင္ရြက္ရတဲ့အလုပ္ ေတြမွာေတာ့ ထင္ထားသည္ထက္ပိုမိုေအာင္ျမင္မႈေတြကို ႀကံဳရတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးအလြန္ လာဘ္လာဘေပါမ်ားတတ္ပါတယ္။ ေဘာက္ဆူးရတာမ်ဳိး ၊ေရာင္းလုိတဲ့ပစၥည္းေရာင္းထြက္သြားလုိ႔ေငြအစုလုိက္ ၀င္တာမ်ိဳးေတြႀကံဳရတတ္ပါတယ္။ လူခ်စ္လူခင္ေပါမ်ားပါလိမ့္မယ္။ အရင္ကတည္းကလူခ်စ္ခင္ေအာာင္ေနတတ္ သူေတြကေတာ့ အတိုင္းထက္အလြန္ပါပဲ။ မိမိဆိုင္လူက်ပါလိမ့္မယ္။ေဖာက္သည္သစ္ေတြတုိးပြားပါလိမ့္မယ္။ က်န္းမာေရးႏွင့္ပက္သက္ၿပီးေတာ့ ဥတုနဲ႔လုိက္ဖက္ေအာင္ေနတတ္ရင္ အညံံ့အဆိုးရွိမွာမဟုတ္ပါဘူး။ အခ်စ္ေရး ကိစၥေတြမွာေတာ့ တစ္ေယာက္မကေသာအခ်စ္ေရးမ်ိဳးႀကံဳရတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အားနည္းခ်က္ေတြရွိေနတတ္ပါတယ္။ အိမ္ေထာင္ဘက္က မိမိကိုသံသယေတြမ်ားေနတတ္ပါတယ္။ ပညာေရးက ေတာ့ သင္ယူလြယ္တတ္ေျမာက္လြယ္မဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 9/5/6

အထူးေဟာ စိတ္ခ်မ္းသာရပါလိမ့္မယ္။

ယၾတာ ကေလးေတြကိုသၾကားလံုးေ၀ပါ။

အဂၤါ

ဒီကာလအတြင္း အခ်ိန္ကိုအက်ိဳးရွိေအာင္အသံုးခ်တတ္ဖို႔လုိပါတယ္။ ဟိုဟာလုပ္ရႏိုးႏို္း ဒီဟာလုပ္ရႏိုးနိုး နဲ႔အခ်ိန္ကုန္ေနရတတ္ပါတယ္။ မိုးလင္းကတည္းက အခ်ိန္ဇယားဆြဲထားၿပီးေတာ့ အေရးႀကီးတာေတြကိုဦးစားေပး လုပ္ကို္င္ေဆာင္ရြက္သြားလုိက္ပါ။ လူငယ္မ်ား အေပါင္းအသင္းမွားတတ္ပါတယ္။ ဆိုးသြမ္းတဲ့ မိတ္ေဆြေတြကို ေပါငး္သင္းမိရာကစလို႔ ျပႆနာၾကားမိမိ၀င္ပါလာရတတ္ပါတယ္။ စက္ပစၥည္းနဲ႔ပက္သက္ၿပီး တစ္ပတ္ရစ္၀ယ္တာ မ်ိဳးေတြကို ဒီကာလမွာေသခ်ာစစ္ေဆးၿပီးမွ၀ယ္ေစခ်င္ပါတယ္။ ဂ်ံဳးဂ်ံဳးက်ေနတဲ့ စက္မ်ိဳးကို ၀ယ္မိတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြ က်န္းမာေရးျခဴျခာတာေၾကာင့္ မိမိတုိ႔ကိုယ္တိုင္ပဲအားျပဳၿပီးလုပ္ကိုင္ေနရတတ္ပါတယ္ ။ က်န္းမာေရးနဲ႔ပက္သက္ၿပီးေတာ့ လဲ ဒီကာလမွာ အနည္းငယ္သတိထားလိုက္ပါ။ ႏွလံုး၊အသည္း၊ေက်ာက္ကပ္ စတာေတြနဲ႔ပက္သက္တဲ့ေရာဂါေတြျဖစ္ရတတ္ပါတယ္။ အကင္မ်ား၊အရမ္းတူးေနေအာင္ခ်က္ထားတဲ့အစား အေသာက္မ်ားဒီကာလမွာေရွာင္သင့္ပါတယ္။ အခ်စ္ေရးကံေကာင္းေနပါလိမ့္မယ္။ ခ်စ္ရသူနဲ႔ အနာဂတ္အတြက္ စီမံကိန္းေတြေရးဆြဲသင့္တဲ့ကာလပါ။ အိမ္ေထာင္ေရးကေတာ့ ကိုယ့္အလုပ္နဲ႔ကိုယ္ စကားေျပာဖို႔အခ်ိန္လဲမရျဖစ္ရ တတ္ပါတယ္။ ပညာေရးမွာေတာ့ ဆရာသင္တာကိုနားမလည္သလိုခံစားေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/0/6

အထူးေဟာ ကံအားနည္းေနမည္။

ယၾတာ ၂၄ပစၥည္းကိုေန႔စဥ္သက္ေစ့ရြတ္ဆိုပြားမ်ားပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း ဆုံုးျဖတ္ခ်က္ေတြခိုင္မာျပတ္သားေနတတ္ပါတယ္။ မိမိလုိခ်င္တာကိုလဲရေအာင္ယူႏုိင္မဲ့ ကာလပါပဲ။ မိမိႀကိဳးစားမႈေၾကာင့္အသိအမွတ္ျပဳခံရတာမ်ိဳးေတြ၊ရာထူးတဆင့္တိုးတာမ်ိဳးေတြအထူးႀကံဳရတတ္ပါ တယ္။ ကုိယ္ပိုင္စီးပြားမ်ားကေတာ့ အတိုက္အခံမ်ားပါတယ္။မနာလိုသူေတြက အကြက္ခ်ေခ်ာက္ခ်တာမ်ိဳးေတြကို လဲ ႀကံဳရတတ္ပါတယ္။ ကိုယ့္ရဲ့တိုးတတ္ေအာင္ျမင္မႈေတြကို မနာလုိသူေတြရွိေနတတ္ပါတယ္။ မိမိလုပ္မဲ့အၾကံ အစည္စိတ္ကူးေတြကိုသူမ်ားကိုထုတ္မေျပာလိုက္ပါနဲ႔။ သူမ်ားက မိမိထက္ဦးေအာင္လုပ္သြားပါလိမ့္မယ္။ စိတ္ကူး အေတြးအေခၚေတြရင့္သန္ေနပါလိမ့္မယ္။ ဒါေၾကာင့္ပဲဒီကာလဟာ ေခါင္းစားရမဲ့အလုပ္ေတြကိုဦးစားေပးၿပီးလုပ္ ကိုင္ႏိုင္ပါလိမ့္မယ္။ ဘ၀အတြက္ေလးနက္တဲ့အသိအျမင္ေတြကိုရရွိပါလိမ့္မယ္။ ဆန္႔က်င္ဘက္လိင္ေတြရဲ့ျမဴဆြယ္ ျခင္းကိုခံရတတ္ပါတယ္။ မိမိကရာထူးတိုးၿပီးေနရာေျပာင္းေရႊ႕ရတာမ်ိဳးေတြလဲ ႀကံဳေနရတတ္ပါတယ္။ အခ်စ္ေရး ကိစၥေတြမွာေတာ့ မိမိကိုယ္တိုင္အခ်စ္ေရးအေပၚစိတ္မပါသလိုျဖစ္ေနတတ္ပါတယ္။အိမ္ေထာင္ေရးကံကေတာ့ အထူးေကာင္းပါတယ္။အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အသိဥာဏ္ပြင့္လန္း ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/7/4

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ ဘုရားေက်ာင္းေဆာင္ကိုသန္႔ရွင္းေရးလုပ္ေပးပါ။

ၾကာသပေတး

ဒီကာလအတြင္း စိတ္ကူးနဲ႔လက္ေတြ႔ေပါင္းစပ္ၿပီးေတာ့ အေကာင္းဆံုးစြမ္းေဆာင္ႏုိင္ပါလိမ့္မယ္။ အလုပ္ ေတြခ်ဲ႕ထြင္ႏိုင္သည္အထိ တိုးတတ္မႈေတြႀကံဳရတတ္ပါတယ္။ အလုပ္ေတြတိုးတတ္ေနတာနဲ႔အမွ်၀င္ေငြလဲတိုး တတ္ေနပါလိမ့္မယ္။ အလုပ္ေတြခ်ဲ႕ခ်င္တယ္ဆိုရင္ေတာ့ ဒီကာလမွာခ်ဲ႕ထြင္တာအေကာင္းဆံုးပါပဲ။အလုပ္ရွာတာ၊ cv form တင္တာမ်ိဳးေတြလဲ ဒီကာလမွာအထူးအေလးေပးေဆာင္ရြက္ေစခ်င္ပါတယ္။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့ မိမိကိုယ္တုိင္က ေစတနာပါပါလုပ္ေလ၊အသိအမွတ္ျပဳခံရေလပါပဲ၊ အိမ္သစ္စတင္ေဆာက္တာမ်ိဳးေတြ၊တိုင္ထူတာ၊ ပႏၷက္ရိုက္တာမ်ိဳးေတြအထူးေဆာင္ရြက္လုိ႔ေကာင္းတဲ့ကလာပါပဲ။ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈေတြအထူးေဆာင္ရြက္လို႔ ေကာင္းတဲ့ကာလပါပဲ။ လက္ကားအလုပ္ေတြေကာင္းမြန္တိုးတတ္ေနပါလိမ့္မယ္။ ပညာေရး၀န္ေဆာင္မႈေပးရတဲ့ အလုပ္မ်ိဳးေတြအဆင္ေျပတတ္ပါတယ္။ က်န္းမာေရးကေတာ့အလြန္ေကာင္းပါတယ္။ က်န္းမာေရးေဒါင္ေဒါင္ျမည္ ေနပါလိမ့္မယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ အနည္းငယ္စိတ္ညစ္ရလိမ့္မယ္။ ခ်စ္သူရဲ့စိတ္ေကာက္တာကိုခံရပါ လိမ့္မယ္။ အိမ္ေထာင္ေရးအညံံနည္းပါးပါးလိမ့္မယ္။ ပညာေရးကေတာ့ အထူးေကာင္းပါတယ္။ စီးပြားေရးနဲ႔ပက္ သက္ေသာပညာေတြသင္ၾကားခြင့္ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/2/5

အထူးေဟာ အလုပ္ကံ၊စီးပြားကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ ေျမပဲေၾကာ္ဘုရားကပ္လွဴလုိက္ပါ။

ေသာၾကာ

ဒီကာလအတြင္း အၿငိမ္မေနရတတ္။ လႈပ္ရွားသြားလာရုန္းကန္ေနရတတ္ပါတယ္။ အထိုင္လုပ္ငန္းေတြ ထက္သြားေနရတဲ့အလုပ္ေတြကပိုမိုတိုးတတ္ပါလိမ့္မယ္။ အၿငိမ္မေနဘဲ လႈပ္ရွားေနမွပဲပိုမိုတိုးတတ္ပါလိမ့္မယ္။ သတိထားရမဲ့အခ်က္ကေတာ့ မိတ္ေကာင္းေကာင္းရွားၿပီးေတာ့ မိတ္ေဆြတုေတြအနားမွာရွိေနတတ္ပါတယ္။ မိမိအဆင္ေျပေနရင္၀မ္းမသာဘဲ မနာလိုသူေတြရွိေနတတ္ပါတယ္။ ခရီးနဲ႔ပက္သက္ရင္လဲဒီကာလမွာေတာ့ အေပ်ာ္အပါးခရီးေတြကိုေရွာင္သင့္ပါတယ္။ အလုပ္စီးပြားနဲ႔ပက္သက္တဲ့ခရီးကလြဲလို႔ အျခားခရီးေတြကိုေရွာင္ေစ ခ်င္ပါတယ္။ ညနက္သန္းေခါင္ အျပင္ထြက္တာမ်ိဳး၊ အေပ်ာ္အပါးေနာက္လုိက္တာမ်ိဳးေရွာင္ပါ။ ရန္ျဖစ္ရတတ္ပါ တယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့အ၀င္ၾကမ္းအထြက္ၾကမ္းျဖစ္ေနတတ္ပါတယ္။ ရလုိက္ကုန္လုိက္ပါပဲ။ လုပ္ငန္း ခြင္အတြင္းတတ္ႏိုင္သမွ်အလုပ္နဲ႔ပက္သက္တဲ့စကားကလြဲလို႔အျခားစကားမေျပာလိုက္ပါနဲ႔။ေျပာပါမ်ားေလ စကား အမွားေတြထြက္ေလျဖစ္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဒီကာလမွာေသြးလည္ပတ္မႈအားနည္းေနတတ္ပါ တယ္။ ကိုယ္လက္လႈပ္ရွားမႈေလးေတြလုပ္ေပးပါ။ အခ်စ္ကံညံ့ဖ်င္းေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ စကားနည္းေလရန္ေအးေလပါပဲ။ ပညာစတင္သင္ယူလို႔မေကာင္းေသးပါဘူး။

အက်ိဳးေပးဂဏန္္း 2/3/6

အထူးေဟာ လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။

ယၾတာ တံတားျပဳျပင္တဲ့ေနရာေတြမွာ အလွဴေငြထည့္၀င္ပါ။

စေန

ဒီကာလအတြင္းမိမိျဖစ္ခ်င္တာေတြကို ဦးစားေပးလုပ္ကိုင္ႏိုင္မွာမဟုတ္ပါဘူး။ သူမ်ားေတြျဖစ္ခ်င္တဲ့ကိစၥ ေတြကိုပဲဦးစားေပးေနရတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးစုေဆာင္းရခက္ခဲေနတတ္ပါတယ္။ သူမ်ားေတြကို ေငြေၾကးလက္လြန္ထားတယ္ဆိုရင္ေတာ့ ျပန္ေတာင္းရခက္ခဲေနတတ္ပါတယ္။ ေငြမေခ်းပါနဲ႔။ ေငြကို္င္ၿပီးရင္းႏွီး ျမဳပ္ႏွံရတဲ့ကိစၥမွန္သမွ် အဆံုးအရႈံးမ်ားႏုိင္ပါတယ္။ ရပ္ေ၀းသြားၿပီးစီးပြားရွာတာမ်ိဳးေတြကိုေရွာင္သင့္ပါတယ္။ ရပ္ေ၀းကအလုပ္ေတြ တိုးတတ္မႈေနွာင့္ေႏွးတတ္ပါတယ္။ လူမ်ိဳးျခား၊တစိမ္းတရံေတြနဲ႔ အက်ိဳးေပးမႈနညး္ပါးတတ္ ပါတယ္။ အလုပ္ေတြမ်ားေနတတ္ပါတယ္။ အခ်ိန္ပိုဆင္းရတာမ်ိဳးေတြကိုလဲ အထူးႀကံဳေနရတတ္ပါတယ္။ ကိုယ္ပိုင္ အလုပ္မ်ား အလုပ္ေတြက်ေနတာေၾကာင့္ ၀န္ထမ္းေတြတင္မကဘဲ ကိုယ္တိုင္၀င္ေရာက္လုပ္ကိုင္ေပးေနရတတ္ပါ တယ္။က်နး္မာေရးကေတာ့ အညံ့မ်ားတယ္ဗ်။ ေသြးတိုးသမား၊ဆီးခ်ိဳ၊ေသြးခ်ိဳသမားမ်ားသတိထားပါ။ အေရျပားမွာ အနာေပါက္တာမ်ိဳးေတြလဲျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အဆင္ေျပတိုးတတ္မႈေတြရွိပါ လိမ့္မယ္။ ခ်စ္သူကမိမိအလုပ္ေတြကို ကူညီေဆာင္ရြက္ေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့သာယာေပ်ာ္ရႊင္ ရပါလိမ့္မယ္။ ပညာရွာလုိ႔မေကာင္းေသးပါဘူး။

အက်ိဳးေပးဂဏန္း 3/8/7

အက်ိဳးေပးဂဏနး္ စိတ္ပင္ပန္းေနရမည္။

ယၾတာ ဒီကာလအတြင္း ဘုရားရွင္ကိုယပ္ေတာ္သြင္းတာမ်ိဳးခဏခဏလုပ္ေပးပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

viber only -09775555695

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆရာၿငိမ္းေအးလူ

#Unicode Version# ျဖင့္ဖတ္ပါ ။

တနင်္ဂနွေ

ဒီကာလအတွင်း မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီးမိမိ အတွက် လိုအပ်တဲ့အကူအညီတွေကိုလဲ မိမိရဲ့ဆရာသမားမိဘတွေဆီကရရှိပါလိမ့်မယ်။ ဖခင်က မိမိဖြစ်ချင်တာ တွေကိုလိုက်လျောပါလိမ့်မယ်။ အလုပ်ထဲမှာလစာနည်းနေတာဖြစ်စေ၊ အခွင့်အရေးမရတာမျိုးဖြစ်စေ၊ လုပ်ရတာ နဲ့မတန်ဘူးထင်နေတယ်ဆိုရင် အထက်လူကြီးဆီတင်ပြပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးနှင့်ပက် သက်ပြီးတော့လဲ အဆိုးအညံ့မရှိသလောက်ရှားပါးနေတတ်ပါတယ်။ စိတ်ချမ်းသာကိုယ်ကျန်းမာမှုတွေရှိမဲ့နေ့ရက်တွေ ပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ အလုပ်ထဲမှာလိုအပ်တာတွေကို ရင်းနှီးမြုပ်နှံလိုက်ပါ။ ငွေကြေးရင်း နှီးထားတဲ့ကိစ္စတွေက အကျိုးအမြတ်ကြီးပါလိမ့်မယ်။အလုပ်ခွင်မှာ နေရာပေးလာရင် ရွံရွံချွန်ချွန်လုပ်ပြလိုက်ပါ။ တာဝန်ယူစိတ်အပြည့်နဲ့လုပ်ပြလိုက်ပါ။ သေချာပေါက်ရာထူးတိုးတာအသိအမှတ်ပြုခံရတာတွေကြုံရပါလိမ့်မယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့အနေအထားပါ။ မိမိတို့အချစ်ရေးအခြေအနေကိုမိဘတွေ ကိုတိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေဖြစ်နေပါလိမ့် မယ်။ပညာရေးကတော့ ခေါင်းဆောင်မှုဆိုင်ရာပညာတွေကိုလေ့လာသင့်ပါတယ်။

အကျိုးပေးဂဏန်း 1/8/5

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ အားတဲ့နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ပါ။

တနင်္လာ

ဒီကာလကတော့ အနုပညာဆန်ဆန်ကိစ္စတွေကိုဦးစားပေးလုပ်ကိုင်လိုက်စေချင်ပါတယ်။ စိတ်ကူးတွေ၊ ခံစားချက်တွေကိုဦးစားပေးပြီး လုပ်ရတဲ့အလုပ်တွေကိုအထူးအလေးပေးဆောင်ရွက်ပါ။ စာရေးတာ၊ကဗျာစပ်တာ၊ ပန်းချီဆွဲတာ၊ပန်းပုထုတာမျိုးတွေလဲ အထူးကောင်းပါတယ်။ လူများများနဲ့တွဲဖက်လုပ်ကိုင်ဆောင်ရွက်ရတဲ့အလုပ် တွေမှာတော့ ထင်ထားသည်ထက်ပိုမိုအောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးအလွန် လာဘ်လာဘပေါများတတ်ပါတယ်။ ဘောက်ဆူးရတာမျိုး ၊ရောင်းလိုတဲ့ပစ္စည်းရောင်းထွက်သွားလို့ငွေအစုလိုက် ဝင်တာမျိုးတွေကြုံရတတ်ပါတယ်။ လူချစ်လူခင်ပေါများပါလိမ့်မယ်။ အရင်ကတည်းကလူချစ်ခင်အောာင်နေတတ် သူတွေကတော့ အတိုင်းထက်အလွန်ပါပဲ။ မိမိဆိုင်လူကျပါလိမ့်မယ်။ဖောက်သည်သစ်တွေတိုးပွားပါလိမ့်မယ်။ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့ ဥတုနဲ့လိုက်ဖက်အောင်နေတတ်ရင် အညံံ့အဆိုးရှိမှာမဟုတ်ပါဘူး။ အချစ်ရေး ကိစ္စတွေမှာတော့ တစ်ယောက်မကသောအချစ်ရေးမျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အားနည်းချက်တွေရှိနေတတ်ပါတယ်။ အိမ်ထောင်ဘက်က မိမိကိုသံသယတွေများနေတတ်ပါတယ်။ ပညာရေးက တော့ သင်ယူလွယ်တတ်မြောက်လွယ်မဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 9/5/6

အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။

ယတြာ ကလေးတွေကိုသကြားလုံးဝေပါ။

အင်္ဂါ

ဒီကာလအတွင်း အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်ဖို့လိုပါတယ်။ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုး နဲ့အချိန်ကုန်နေရတတ်ပါတယ်။ မိုးလင်းကတည်းက အချိန်ဇယားဆွဲထားပြီးတော့ အရေးကြီးတာတွေကိုဦးစားပေး လုပ်ကိုင်ဆောင်ရွက်သွားလိုက်ပါ။ လူငယ်များ အပေါင်းအသင်းမှားတတ်ပါတယ်။ ဆိုးသွမ်းတဲ့ မိတ်ဆွေတွေကို ပေါင်းသင်းမိရာကစလို့ ပြဿနာကြားမိမိဝင်ပါလာရတတ်ပါတယ်။ စက်ပစ္စည်းနဲ့ပက်သက်ပြီး တစ်ပတ်ရစ်ဝယ်တာ မျိုးတွေကို ဒီကာလမှာသေချာစစ်ဆေးပြီးမှဝယ်စေချင်ပါတယ်။ ဂျုံးဂျုံးကျနေတဲ့ စက်မျိုးကို ဝယ်မိတတ်ပါတယ်။ အောက်လက်ငယ်သားတွေ ကျန်းမာရေးခြူခြာတာကြောင့် မိမိတို့ကိုယ်တိုင်ပဲအားပြုပြီးလုပ်ကိုင်နေရတတ်ပါတယ် ။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ လဲ ဒီကာလမှာ အနည်းငယ်သတိထားလိုက်ပါ။ နှလုံး၊အသည်း၊ကျောက်ကပ် စတာတွေနဲ့ပက်သက်တဲ့ရောဂါတွေဖြစ်ရတတ်ပါတယ်။ အကင်များ၊အရမ်းတူးနေအောင်ချက်ထားတဲ့အစား အသောက်များဒီကာလမှာရှောင်သင့်ပါတယ်။ အချစ်ရေးကံကောင်းနေပါလိမ့်မယ်။ ချစ်ရသူနဲ့ အနာဂတ်အတွက် စီမံကိန်းတွေရေးဆွဲသင့်တဲ့ကာလပါ။ အိမ်ထောင်ရေးကတော့ ကိုယ့်အလုပ်နဲ့ကိုယ် စကားပြောဖို့အချိန်လဲမရဖြစ်ရ တတ်ပါတယ်။ ပညာရေးမှာတော့ ဆရာသင်တာကိုနားမလည်သလိုခံစားနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/0/6

အထူးဟော ကံအားနည်းနေမည်။

ယတြာ ၂၄ပစ္စည်းကိုနေ့စဉ်သက်စေ့ရွတ်ဆိုပွားများပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ဆုံးဖြတ်ချက်တွေခိုင်မာပြတ်သားနေတတ်ပါတယ်။ မိမိလိုချင်တာကိုလဲရအောင်ယူနိုင်မဲ့ ကာလပါပဲ။ မိမိကြိုးစားမှုကြောင့်အသိအမှတ်ပြုခံရတာမျိုးတွေ၊ရာထူးတဆင့်တိုးတာမျိုးတွေအထူးကြုံရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများကတော့ အတိုက်အခံများပါတယ်။မနာလိုသူတွေက အကွက်ချချောက်ချတာမျိုးတွေကို လဲ ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့တိုးတတ်အောင်မြင်မှုတွေကို မနာလိုသူတွေရှိနေတတ်ပါတယ်။ မိမိလုပ်မဲ့အကြံ အစည်စိတ်ကူးတွေကိုသူများကိုထုတ်မပြောလိုက်ပါနဲ့။ သူများက မိမိထက်ဦးအောင်လုပ်သွားပါလိမ့်မယ်။ စိတ်ကူး အတွေးအခေါ်တွေရင့်သန်နေပါလိမ့်မယ်။ ဒါကြောင့်ပဲဒီကာလဟာ ခေါင်းစားရမဲ့အလုပ်တွေကိုဦးစားပေးပြီးလုပ် ကိုင်နိုင်ပါလိမ့်မယ်။ ဘဝအတွက်လေးနက်တဲ့အသိအမြင်တွေကိုရရှိပါလိမ့်မယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့မြူဆွယ် ခြင်းကိုခံရတတ်ပါတယ်။ မိမိကရာထူးတိုးပြီးနေရာပြောင်းရွှေ့ရတာမျိုးတွေလဲ ကြုံနေရတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာတော့ မိမိကိုယ်တိုင်အချစ်ရေးအပေါ်စိတ်မပါသလိုဖြစ်နေတတ်ပါတယ်။အိမ်ထောင်ရေးကံကတော့ အထူးကောင်းပါတယ်။အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ အသိဉာဏ်ပွင့်လန်း နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/7/4

အထူးဟော ကံသင့်ပါတယ်။

ယတြာ ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်ပေးပါ။

ကြာသပတေး

ဒီကာလအတွင်း စိတ်ကူးနဲ့လက်တွေ့ပေါင်းစပ်ပြီးတော့ အကောင်းဆုံးစွမ်းဆောင်နိုင်ပါလိမ့်မယ်။ အလုပ် တွေချဲ့ထွင်နိုင်သည်အထိ တိုးတတ်မှုတွေကြုံရတတ်ပါတယ်။ အလုပ်တွေတိုးတတ်နေတာနဲ့အမျှဝင်ငွေလဲတိုး တတ်နေပါလိမ့်မယ်။ အလုပ်တွေချဲ့ချင်တယ်ဆိုရင်တော့ ဒီကာလမှာချဲ့ထွင်တာအကောင်းဆုံးပါပဲ။အလုပ်ရှာတာ၊ cv form တင်တာမျိုးတွေလဲ ဒီကာလမှာအထူးအလေးပေးဆောင်ရွက်စေချင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့ မိမိကိုယ်တိုင်က စေတနာပါပါလုပ်လေ၊အသိအမှတ်ပြုခံရလေပါပဲ၊ အိမ်သစ်စတင်ဆောက်တာမျိုးတွေ၊တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့ကလာပါပဲ။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေအထူးဆောင်ရွက်လို့ ကောင်းတဲ့ကာလပါပဲ။ လက်ကားအလုပ်တွေကောင်းမွန်တိုးတတ်နေပါလိမ့်မယ်။ ပညာရေးဝန်ဆောင်မှုပေးရတဲ့ အလုပ်မျိုးတွေအဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးကတော့အလွန်ကောင်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည် နေပါလိမ့်မယ်။ အချစ်ရေးကိစ္စတွေမှာတော့ အနည်းငယ်စိတ်ညစ်ရလိမ့်မယ်။ ချစ်သူရဲ့စိတ်ကောက်တာကိုခံရပါ လိမ့်မယ်။ အိမ်ထောင်ရေးအညံံနည်းပါးပါးလိမ့်မယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။ စီးပွားရေးနဲ့ပက် သက်သောပညာတွေသင်ကြားခွင့်ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/2/5

အထူးဟော အလုပ်ကံ၊စီးပွားကံမြင့်မားနေပါလိမ့်မယ်။

ယတြာ မြေပဲကြော်ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အငြိမ်မနေရတတ်။ လှုပ်ရှားသွားလာရုန်းကန်နေရတတ်ပါတယ်။ အထိုင်လုပ်ငန်းတွေ ထက်သွားနေရတဲ့အလုပ်တွေကပိုမိုတိုးတတ်ပါလိမ့်မယ်။ အငြိမ်မနေဘဲ လှုပ်ရှားနေမှပဲပိုမိုတိုးတတ်ပါလိမ့်မယ်။ သတိထားရမဲ့အချက်ကတော့ မိတ်ကောင်းကောင်းရှားပြီးတော့ မိတ်ဆွေတုတွေအနားမှာရှိနေတတ်ပါတယ်။ မိမိအဆင်ပြေနေရင်ဝမ်းမသာဘဲ မနာလိုသူတွေရှိနေတတ်ပါတယ်။ ခရီးနဲ့ပက်သက်ရင်လဲဒီကာလမှာတော့ အပျော်အပါးခရီးတွေကိုရှောင်သင့်ပါတယ်။ အလုပ်စီးပွားနဲ့ပက်သက်တဲ့ခရီးကလွဲလို့ အခြားခရီးတွေကိုရှောင်စေ ချင်ပါတယ်။ ညနက်သန်းခေါင် အပြင်ထွက်တာမျိုး၊ အပျော်အပါးနောက်လိုက်တာမျိုးရှောင်ပါ။ ရန်ဖြစ်ရတတ်ပါ တယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့အဝင်ကြမ်းအထွက်ကြမ်းဖြစ်နေတတ်ပါတယ်။ ရလိုက်ကုန်လိုက်ပါပဲ။ လုပ်ငန်း ခွင်အတွင်းတတ်နိုင်သမျှအလုပ်နဲ့ပက်သက်တဲ့စကားကလွဲလို့အခြားစကားမပြောလိုက်ပါနဲ့။ပြောပါများလေ စကား အမှားတွေထွက်လေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာသွေးလည်ပတ်မှုအားနည်းနေတတ်ပါ တယ်။ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။ အချစ်ကံညံ့ဖျင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ စကားနည်းလေရန်အေးလေပါပဲ။ ပညာစတင်သင်ယူလို့မကောင်းသေးပါဘူး။

အကျိုးပေးဂဏန်း 2/3/6

အထူးဟော လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။

ယတြာ တံတားပြုပြင်တဲ့နေရာတွေမှာ အလှူငွေထည့်ဝင်ပါ။

စနေ

ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကို ဦးစားပေးလုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ သူများတွေဖြစ်ချင်တဲ့ကိစ္စ တွေကိုပဲဦးစားပေးနေရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးစုဆောင်းရခက်ခဲနေတတ်ပါတယ်။ သူများတွေကို ငွေကြေးလက်လွန်ထားတယ်ဆိုရင်တော့ ပြန်တောင်းရခက်ခဲနေတတ်ပါတယ်။ ငွေမချေးပါနဲ့။ ငွေကိုင်ပြီးရင်းနှီး မြုပ်နှံရတဲ့ကိစ္စမှန်သမျှ အဆုံးအရှုံးများနိုင်ပါတယ်။ ရပ်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေကိုရှောင်သင့်ပါတယ်။ ရပ်ဝေးကအလုပ်တွေ တိုးတတ်မှုနှောင့်နှေးတတ်ပါတယ်။ လူမျိုးခြား၊တစိမ်းတရံတွေနဲ့ အကျိုးပေးမှုနည်းပါးတတ် ပါတယ်။ အလုပ်တွေများနေတတ်ပါတယ်။ အချိန်ပိုဆင်းရတာမျိုးတွေကိုလဲ အထူးကြုံနေရတတ်ပါတယ်။ ကိုယ်ပိုင် အလုပ်များ အလုပ်တွေကျနေတာကြောင့် ဝန်ထမ်းတွေတင်မကဘဲ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပေးနေရတတ်ပါ တယ်။ကျန်းမာရေးကတော့ အညံ့များတယ်ဗျ။ သွေးတိုးသမား၊ဆီးချို၊သွေးချိုသမားများသတိထားပါ။ အရေပြားမှာ အနာပေါက်တာမျိုးတွေလဲဖြစ်ရတတ်ပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ အဆင်ပြေတိုးတတ်မှုတွေရှိပါ လိမ့်မယ်။ ချစ်သူကမိမိအလုပ်တွေကို ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့သာယာပျော်ရွှင် ရပါလိမ့်မယ်။ ပညာရှာလို့မကောင်းသေးပါဘူး။

အကျိုးပေးဂဏန်း 3/8/7

အကျိုးပေးဂဏန်း စိတ်ပင်ပန်းနေရမည်။

ယတြာ ဒီကာလအတွင်း ဘုရားရှင်ကိုယပ်တော်သွင်းတာမျိုးခဏခဏလုပ်ပေးပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

viber only -09775555695

ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာငြိမ်းအေးလူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top