iMyanmarHouse.com - Best Property Website for Myanmar
×

“အျမဲတမ္းမကဲြမကြာ”ဆိုတဲ့စကားကို သင္အယံုအၾကည္ရွိလားေတာ့မသိဘူး။ဒီတစ္ခါမွာ အခ်စ္စစ္မွာ အသက္အရြယ္သတ္မွတ္ခ်က္ေတြမလိုပါဘူးဆိုျပီး လက္ရွိခ်ိန္ထိ လက္တြဲျမဲေနၾကတဲ့ အသက္44နွစ္ေတာင္ ကြာဟတဲ့ Renato Payosနဲ့Loisa Gonzalesတို့ရဲ့ ဆန္းၾကယ္တဲ့အခ်စ္ပံုျပင္အေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။ ။

စတင္ျပီးခ်စ္္ၾကိဳးသြယ္ခဲ့တုန္းက Renatoဟာ 28နွစ္ပဲရွိေသးတာျဖစ္ျပီး Eloisaကေတာ့ 71နွစ္ေတာင္ရွိေနျပီျဖစ္ပါတယ္။သူတို့နွစ္ေယာက္ရဲ့ အလြန္အက်ဴးအသက္ကြာဟေနမွဳေၾကာင့္ ပတ္၀န္းက်င္အတြက္ ဆန္းၾကယ္စရာျဖစ္ေနေပမယ့္ သူတို့ကေတာ့ ဘာမွမွဳပံုမေပၚပါဘူး။တကယ္လည္း ထိုစဥ္ကတည္းက ခ်စ္ၾကိဳးသြယ္ခဲ့တဲ့ သူတို့နွစ္ေယာက္ဟာ ယခုခ်ိန္မွာေတာ့ Renatoဟာ 52နွစ္အရြယ္ရွိေနျပီျဖစ္ျပိး Eloisaကေတာ့ 96နွစ္ရွိေနျပီျဖစ္ပါတယ္။

ထို့အျပင္ Renatoဟာ ငယ္ရြယ္တဲ့အမ်ိဳးသားေတြအေနနဲ့ အသက္ၾကီးတဲ့အမ်ိဳးသမီးေတြကို လက္ထပ္တာဟာ ေငြေၾကာင့္ဆိုတဲ့ အယူအဆကိုလည္း ေခ်ဖ်က္ခဲ့သူျဖစ္ပါတယ္။သူစီးပြားေရးလုပ္ငန္းရွင္ျဖစ္ေနစဥ္မွာ သူမကဟင္းသီးဟင္းရြက္ေရာင္းတဲ့ပ်ံက်ေစ်းသည္တစ္ဦးသာျဖစ္ျပီး ေန့စဥ္နဲ့အမ်ွ သူမနဲ့ဆံုေတြ့ခြင့္ရဖို့ ဆိုင္အျပင္ဘက္မွာ အျမဲရပ္ေစာင့္ေနခဲ့ရေၾကာင္း ပထမဆံုးစဆံုျဖစ္တဲ့အမွတ္္တရကို Renatoက ေျပာျပခဲ့ပါတယ္။”သူမမွာ လံုေလာက္တဲ့ေငြေၾကးပိုင္ဆိုင္မွဳဆိုတာ မရွိခဲ့ပါဘူး”လို့ သူကထပ္ဆိုခဲ့ပါတယ္။

သူမရဲ့နူးညံ့ၾကင္နာတတ္တဲ့နွလံုးသားနဲ့အျပဳအမူေတြေၾကာင့္ ေၾကြခဲ့ရတာျဖစ္ျပီး ယေန့တိုင္ ခိုင္ျမဲတဲ့အခ်စ္ကိုတည္ေဆာက္ေနၾကဆဲပါပဲလို့ သူကထပ္ဆိုခဲ့ပါတယ္။

ဒါေပမယ့္ လတ္တေလာမွာေတာ့ Renatoတစ္ေယာက္ Loisaရဲ့ဆိုး၀ါးလာတဲ့က်န္းမာေရးေၾကာင့္ သူ့ရဲ့ခ်စ္ဇနီးနဲ့ခဲြခြာရေတာ့မွာစိုးျပီး အၾကီးအက်ယ္စိတ္ထိခိုက္ေနရခ်ိန္ျဖစ္ပါတယ္။သူမသာ အသက္ဆက္ဖို့ အခြင့္အေရးရခဲ့မယ္ဆိုရင္ ဘာမဆိုလုပ္ဖို့ အသင့္ရွိေနခ်ိန္ပါ..။ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
“အမြဲတမ်းမကွဲမကွာ”ဆိုတဲ့စကားကို သင်အယုံအကြည်ရှိလားတော့မသိဘူး။ဒီတစ်ခါမှာ အချစ်စစ်မှာ အသက်အရွယ်သတ်မှတ်ချက်တွေမလိုပါဘူးဆိုပြီး လက်ရှိချိန်ထိ လက်တွဲမြဲနေကြတဲ့ အသက်44နှစ်တောင် ကွာဟတဲ့ Renato Payosနဲ့Loisa Gonzalesတို့ရဲ့ ဆန်းကြယ်တဲ့အချစ်ပုံပြင်အကြောင်း ဖော်ပြပေးချင်ပါတယ်။ ။

စတင်ပြီးချစ်ကြိုးသွယ်ခဲ့တုန်းက Renatoဟာ 28နှစ်ပဲရှိသေးတာဖြစ်ပြီး Eloisaကတော့ 71နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ အလွန်အကျူးအသက်ကွာဟနေမှုကြောင့် ပတ်ဝန်းကျင်အတွက် ဆန်းကြယ်စရာဖြစ်နေပေမယ့် သူတို့ကတော့ ဘာမှမှုပုံမပေါ်ပါဘူး။တကယ်လည်း ထိုစဉ်ကတည်းက ချစ်ကြိုးသွယ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ယခုချိန်မှာတော့ Renatoဟာ 52နှစ်အရွယ်ရှိနေပြီဖြစ်ပြိး Eloisaကတော့ 96နှစ်ရှိနေပြီဖြစ်ပါတယ်။

ထို့အပြင် Renatoဟာ ငယ်ရွယ်တဲ့အမျိုးသားတွေအနေနဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေကို လက်ထပ်တာဟာ ငွေကြောင့်ဆိုတဲ့ အယူအဆကိုလည်း ချေဖျက်ခဲ့သူဖြစ်ပါတယ်။သူစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေစဉ်မှာ သူမကဟင်းသီးဟင်းရွက်ရောင်းတဲ့ပျံကျဈေးသည်တစ်ဦးသာဖြစ်ပြီး နေ့စဉ်နဲ့အမျှ သူမနဲ့ဆုံတွေ့ခွင့်ရဖို့ ဆိုင်အပြင်ဘက်မှာ အမြဲရပ်စောင့်နေခဲ့ရကြောင်း ပထမဆုံးစဆုံဖြစ်တဲ့အမှတ်တရကို Renatoက ပြောပြခဲ့ပါတယ်။”သူမမှာ လုံလောက်တဲ့ငွေကြေးပိုင်ဆိုင်မှုဆိုတာ မရှိခဲ့ပါဘူး”လို့ သူကထပ်ဆိုခဲ့ပါတယ်။

သူမရဲ့နူးညံ့ကြင်နာတတ်တဲ့နှလုံးသားနဲ့အပြုအမူတွေကြောင့် ကြွေခဲ့ရတာဖြစ်ပြီး ယနေ့တိုင် ခိုင်မြဲတဲ့အချစ်ကိုတည်ဆောက်နေကြဆဲပါပဲလို့ သူကထပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ Renatoတစ်ယောက် Loisaရဲ့ဆိုးဝါးလာတဲ့ကျန်းမာရေးကြောင့် သူ့ရဲ့ချစ်ဇနီးနဲ့ခွဲခွာရတော့မှာစိုးပြီး အကြီးအကျယ်စိတ်ထိခိုက်နေရချိန်ဖြစ်ပါတယ်။သူမသာ အသက်ဆက်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် ဘာမဆိုလုပ်ဖို့ အသင့်ရှိနေချိန်ပါ..။ ။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top