11.4.2019 မွ 17.4.2019အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းျဖစ္သင့္ျဖစ္ထုိက္တဲ့ကိစၥေတြကိုဦးစားေပးေစခ်င္ပါတယ္။ အလုပ္နဲ႔႔ပက္သက္ၿပီး မိမိဆံုး ျဖတ္ခ်က္တစ္ခုပဲအတည္ယူၿပီးမလုပ္လုိက္ပါနဲ႔။ သူတစ္ပါးေတြဆီကအၾကံဥာဏ္ယူၿပီးလုပ္ကိုင္တာကဒီကာလအ တြက္အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ႀကီးမားတဲ့ အေျပာင္းအလဲေတြ၊ႀကီးမားတဲ့ စီမံေဆာင္ရြက္မႈေတြကိုဒီကာလမွာ ေရွာင္လုိက္ေစခ်င္ပါတယ္။

ေငြနဲ႔ပက္သက္ရင္ေတာ့အညံံ့အဆိုးနည္းပါးပါလိမ့္မယ္။ေငြရွာလို႔ေကာင္းပါတယ္။ သတိထားေစခ်င္တာက ဒီလုိကာလမ်ိဳးမွာအေပါင္းအသင္းမွားတတ္ပါတယ္။ ကိုယ္တိုင္စိ္တ္မပါတဲ့ ကိစၥေတြကို အေပါင္းအသင္းကဆြယ္လုိ႔ လိုက္လုပ္တာမ်ိဳးမလုပ္ပါနဲ႔။ အေပါင္းအသင္းေၾကာင့္ဒုကၡေရာက္တတ္ပါတယ္။ မိဘ ေတြကခြင့္မျပဳတာကိုလဲ ဇြတ္မလုပ္လုိက္ပါနဲ႔။

အခက္အခဲမ်ားသြားတတ္ပါတယ္။ သၾကၤန္လည္တာထက္ အထိုင္ ေနၿပီး မ႑ပ္မွာေရပက္တာမ်ိဳးကေတာ့ ပိုအဆင္ေျပပါတယ္။ က်န္းမာေရးကေတာ့အညံ့ကင္းေနပါလိမ့္မယ္။ အခ်စ္ေရးအဆင္ေျပသာယာမႈေတြရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ တက်က္က်က္ပါပဲ။ စိတ္တူသေဘာတူ ျဖစ္ဖို႔မလြယ္တာေတြ႔ရပါတယ္။ ပညာေရးအားေကာင္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/3/5

အထူးေဟာ ကံအားနည္းေနမည္။

ယၾတာ မိဘေတြကို ေငြေၾကးေထာက္ပံ့လုိက္ပါ။

တနလၤာ

ဒီကာလအတြင္း မိမိရဲ့အေတြးအေခၚေတြအားေကာင္းေနပါလိမ့္မယ္။ စိတ္ကူးထားသမွ်အဆင္ေျပေအာင္ ေဆာင္ရြက္ႏုိင္ပါလိမ့္မယ္။ အလုပ္ေတြပင္ပန္းတာမ်ိဳးေတြရွိတတ္ပါတယ္။ စိတ္ပင္ပန္းရတာမ်ိဳးေတြလဲ ႀကံဳေနရ မဲ့ကာလပါပဲ။ အခြင့္အေရးေတြႏွစ္မ်ိဳးႏွစ္ခြရတတ္ပါတယ္။ေရရွည္အတြက္ၾကည့္ၿပီးေရြးခ်ယ္လုိက္ေစခ်င္ပါတယ္။ ကိုယ္အတြက္အဆင္ေျပမဲ့ တိုးတတ္မဲ့ကိစၥေတြကိုျမင္ရင္အျခားလႊတ္ခ်သင့္တာေတြကို လႊတ္ခ်ႏိုင္ဖို႔လုိအပ္ပါ တယ္။

ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့ ရတာေလးနဲ႔ေရာင္ရဲသင့္တဲ့ကာလပါပဲ။ သမေလာဘထက္ပိုၿပီး ၀ိသမ ေလာဘျဖစ္လာရင္ေတာ့ ဒုကၡေရာက္ရတတ္ပါတယ္။က်န္းမာေရးနဲ႔ပက္သက္ၿပီး အညံ့အဆိုးနညး္ေနပါလိမ့္မယ္။ ဒီကာလမ်ိဳးဟာ ကံဇာတာကဘာသာေရးကိုအားေပးတဲ့ကာလျဖစ္တာေၾကာင့္ သၾကၤန္လည္ပတ္တာထက္ တရား အားထုတ္တာမ်ိဳးက မိမိတို႔အတြက္ပုိေကာင္းပါတယ္။တရားဥာဏ္စဥ္ေတြတျဖည္းျဖည္းတတ္ပါလိမ့္မယ္။ ခရီးေတြ ထြက္ရတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြကေတာ့ အထူးညံ့ပါတယ္။ အိမ္ေထာင္ေရးကေတာ့ သာယာေပ်ာ္ရႊင္စ ရာေတြမ်ားပါလိမ့္မယ္။ ပညာေရးမွာေတာ့ ဘာသာေရးနဲ႔ပက္သက္တဲ့အသိပညာေတြရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/4/6

အထူးေဟာ စိတ္ႏွစ္ခြျဖစ္ေနတတ္ပါတယ္။

ယၾတာ ဒိန္ခ်ဥ္ဘုရားကပ္လွဴေပးပါ။

အဂၤါ

ဒီကာလဟာ မိတ္ေဟာင္းေဆြေဟာင္းေတြနဲ႔ျပန္လည္ဆံုဆည္းရတတ္ၿပီး ေပ်ာ္စရာအခ်ိန္ေလးေတြကို ဖန္တီးႏုိင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ရင္လဲ မိတ္ေဆြေတြဆီကအၾကံဥာဏ္ယူပါ။ တိုင္ပင္ပါ။ပိုမိုေအာင္ျမင္ တတ္ပါတယ္။ သၾကၤန္ပိတ္ရက္ ၀ါသနာပါတဲ့အလုပ္ေတြလုပ္မယ္ဆိုလဲ အလြန္ေကာင္းပါတယ္။ မိမိစိတ္ထဲလုပ္ ခ်င္တာ၊ထီထြင္ခ်င္တာ၊ စူးစမ္းခ်င္တာေလးေတြကို လုပ္္ကိုင္ျခင္းျဖင့္ေပါက္ေျမာက္ေအာင္ျမင္တတ္ပါတယ္။ ရစရာရွိတဲ့ေငြေတြ ျပန္ရႏုိင္သလုိ ေငြေၾကးလာဘ္လာဘေတြလဲ ရႊင္လန္းပါလိမ့္မယ္။

စကားအရာနဲ႔ပက္သက္ၿပီး လိမၼာပါးနပ္တာေၾကာင့္ အလုပ္မွာျဖစ္ေစ၊လူမႈေရးကိစၥေတြမွာျဖစ္ေစအဆင္ေျပေခ်ာေမြ႔ေနပါလိမ့္မယ္။ မိတ္ေဆြ ေတြနဲ႔သၾကၤန္လည္ပတ္တာပဲျဖစ္ျဖစ္၊ တစ္ေနရာရာသြားၿပီး တစ္ႏွစ္တာပင္ပန္းခဲ့သမွ်ကို စိတ္လြတ္ကိုယ္လြတ္ အနားယူတာမ်ိဳးပဲျဖစ္ျဖစ္ေဆာင္ရြက္လုိ႔ေကာင္းတဲ့ကာလပါ။ က်န္းမာေရးလဲေကာင္းေနပါလိမ့္မယ္။ အခ်စ္ေရးကိ စၥေတြမွာ မိတ္ဖြဲ႔မိရာကေနေနာက္ဆို တဆင့္တတ္လွမ္းႏိုင္မဲ့အေနအထားပါပဲ။ အိမ္ေထာင္ေရးမွာေတာ့ ၾကား စကားေတြကိုမယံုလုိက္ပါနဲ႔။ နည္းပညာနဲ႔ပက္သက္ေသာပညာမ်ား ရွာလုိ႔ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 3/5/0

အထူးေဟာ လုပ္ငန္းစီးပြားေကာင္းပါလိမ့္မယ္။

ယၾတာ စံပယ္ပန္းဘုရားကပ္လွဴလုိက္ပါ။

ဗုဒၶဟူး/ရာဟု

သူတစ္ပါးရဲ့စိတ္ခ်မ္းသာမႈကိုဦးစားေပးပါ။ ဒါမွမိမိလဲ စိတ္ခ်မ္းသာရပါလိမ့္မယ္။ သၾကၤန္တြင္း ျဖစ္လာမဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ကူညီေပးမဲ့ ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊လူမႈကူညီေရးလုပ္ငန္းမ်ားေဆာင္ရြက္သင့္တဲ့ ကာလပါပဲ။ သၾကၤန္မွာအေရးေပၚေသြးလုိလုိ႔လွဴဒါန္းေပးတာမ်ိဳး၊ အေရးေပၚကား၊နာေရးကားေတြေမာင္းပို႔ေပးတာ မ်ိဳးစတဲ့ ပရဟိတေတြလုပ္ေပးတာက သၾကၤန္လည္ပတ္တာထက္ ပိုေကာင္းပါလိမ့္မယ္။ဒီသၾကၤန္မွာဗုဒၶဟူး/ရာဟု သားသမီးေတြအေနနဲ႔ စတုဒိသာမ်ားမ်ားေကၽြးသင့္ပါတယ္။ ကုသိုလ္မ်ားမ်ားျပဳပါ။

အလုပ္ေတြေမ့ထားပါ။ အိမ္တြင္းေရးအပူေတြရွိရင္လဲ ခဏေမ့ထားလုိက္ပါ။ လူငယ္ေတြဆုိရင္ေတာ့ မိဘစကားနားေထာင္ပါ။ ကလန္ ကဆန္မလုပ္လုိက္ပါနဲ႔။ က်န္းမာေရးအညံ့ေတာ့ရွိေနတတ္ပါတယ္။ သၾကၤန္ကာလမွာ အပူရွပ္တာ၊အဆုတ္အေအး ပတ္တာေတြအျခားေန႔သားေတြထက္ ပိုျဖစ္တတ္တာကို ေတြ႔ရပါတယ္။ အခ်စ္ေရးမွာ ခ်စ္သူေဟာင္းထက္ ခ်စ္သူ သစ္ရတတ္ပါတယ္။ တစ္ေယာက္မကေသာအခ်စ္ေရးေတြႀကံဳရပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ သာယာေပ်ာ္ ရႊင္ရပါလိမ့္မယ္။ စိတ္ခ်မ္းသာရမယ္။ပညာရွာလုိ႔မေကာင္းေသးပါဘူး

အက်ိဳးေပးဂဏန္း 1/8/6

အထူးေဟာ စိတ္ေလလြင့္ေနမည္။

ယၾတာ ေရအလွဴမ်ားမ်ားလုပ္ေပးပါ။

ၾကာသပေတး

ဒီကာလအတြင္း စိတ္ညစ္စရာေတြေတာ့ မ်ားေနတတ္ပါတယ္။ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ရတတ္ပါတယ္။ သၾကၤန္ပိတ္လို႔ အိမ္မွာနားမယ္ႀကံကာမွ အိမ္တြင္းမွာျပင္ဆင္စရာေလးေတြရွိေနတတ္တာ၊ အိမ္မႈကိစၥေတြမ်ား ေနတတ္တာမ်ိဳးေတြ အထူးႀကံဳရပါလိမ့္မယ္။သၾကၤန္လည္မယ္ဆိုလဲ ေပ်ာ္ရတာကနည္းနည္းစိတ္ညစ္ရတာက မ်ားမ်ားျဖစ္ေနတတ္ပါတယ္။ အမွန္ဆို ခရီးထြက္ၿပီး တစ္ေနရာရာမွာ အနားယူၿပီး သၾကၤန္ကာလကိုျဖတ္သန္းတာ ကပိုေကာင္းပါတယ္။ ေငြကုန္စရာေလးေတြမ်ားေနတတ္ပါတယ္။အလဟႆေငြကုန္တာမ်ိဳးကေတာ့မဟုတ္ပါဘူး အိမ္အတြက္လုိအပ္တာ၀ယ္ျခမ္းရင္ေငြကုန္ရတတ္တာပါ။

လုပ္ငန္းႀကီးမ်ားရင္းႏွီးျမဳပ္နွံမႈေတြမွားတတ္ပါတယ္။ ေျမ၀ယ္တာမ်ိဳး၊ကုန္ေလွာင္တာမ်ိဳးေရွာင္လုိက္ပါ။ ပညာေရးနဲ႔ပက္သက္တဲ့လုပ္ငန္းစီးပြားမ်ား ဒီကာလမွာအသစ္ ေတြမစဘဲနားထားတာမ်ိဳးကပိုေကာင္းပါတယ္။ က်န္းမာေရးအားနည္းေနတာေတြ႔ရတယ္။ အစာကိုပံုမွန္စာပါ။ အစာခံၿပီးေနရာကေနေရာဂါရတတ္ပါတယ္။အခ်စ္ေရးကံေကာင္းေနပါလိမ့္မယ္။ ဒါေပမဲ့ခ်စ္သူကမိမိက္ိုအခိ်န္မ ေပးႏုိင္တာမ်ိဳးေတြႀကံဳေနရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာအဆင္ေျပပါလိမ့္မယ္။ ပညာေရးအတြက္အားရ ေကာင္းတဲ့အေျခအေနကိုႀကံဳရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/5/7

အထူးေဟာ က်န္းမာေရးဂရုစိုက္ပါ။

ယၾတာ မရမ္းသီးမွည့္ဘုရားကပ္လွဴပါ။

ေသာၾကာ

ဒီကာလအတြင္း စိတ္ကူးပံုေဖာ္ထားတာေလးေတြျဖစ္ျဖစ္လာတတ္ပါတယ္။ စိတ္ကူးနဲ႔လက္ေတြ႔တစ္ထပ္ ထဲက်ၿပီးေတာ့စိတ္ခ်မ္းသာရမဲ့ကာလပါပဲ။ သၾကၤန္မွာေပ်ာ္လု႔ိရပါတယ္။ မူးရူးၿပီး သူမ်ားကိုဒုကၡေပးမယ္ဆုိရင္ေတာ့ ဒုကၡေရာက္တတ္ပါတယ္။ စည္းေလးကမ္းေလးနဲ႔ေပ်ာ္ပါလို႔မွာခ်င္ပါတယ္။ ႏွစ္ကူးမွာတရားနဲ႔ေပ်ာ္ခ်င္သူေတြလဲ အထူးေကာင္းပါတယ္။ မိမိလိုခ်င္တဲ့ၿငိမ္းေအးမႈေလးတစ္ခုကိုရရွိႏိုင္မဲ့ကာလပါပဲ။ ဒီကာလမ်ိဳးဟာ စိတ္ၾကည္ႏူးစ ရာေတြႀကံဳရမဲ့ကာလေတြပါပဲ။ အလုပ္စီးပြားေတြ သၾကၤန္ကာလမွာမနားဘဲ လုပ္ေနသူဆိုရင္လဲ အလုပ္စီးပြား ေကာင္းစြာတိုးတတ္ပါလိမ့္မယ္။

ေငြကံေကာင္းေနပါလိမ့္မယ္။ အိမ္အတြက္လိုအပ္တဲ့ပရိေဘာဂေတြ၀ယ္ယူတာ မ်ိဳးေတြ၊ဇိမ္ခံပစၥည္း၀ယ္ယူတာမ်ိဳးေတြေဆာင္ရြက္လုိ႔ေကာင္းတဲ့ကာလပါပဲ။ က်န္းမာေရးအတြက္စိတ္ခ်မ္းသာရ ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ေ၀းေနရတဲ့သူေတြကမ်ားပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ မိတ္ေဆြသစ္ေတြရရွိလာမဲ့ကာလလဲျဖစ္ပါတယ္။ အေပါင္းအသင္းမိတ္ေဆြေတြလဲ ခရီးရွည္ထြက္တာမ်ိဳးလဲ အလြန္ ေကာင္းပါတယ္။ ပညာေရးကေတာ့ သင့္ အေနအထားရွိပါတယ္။

အက်ိဳးေပးဂဏန္း1/6/9

အထူးေဟာ ကံျမင့္မားေနပါ လိမ့္မယ္။

ယၾတာ သေျပပန္းဘုရားကပ္လွဴလုိက္ပါ။

စေန

ဒီကာလအတြင္းကံေကာင္းျခင္း၊အလုိဆႏၵျပည့္၀ျခင္းေတြကို လက္ေတြ႔ခံစားသိရွိပါလိမ့္မယ္။ မိသားစုေတြ ျပန္လည္ဆံုဆည္းခြင့္ေတြကိုလဲ ရလာပါလိမ့္မယ္။ ေ၀းကြာေနတဲ့သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔လဲျပန္လည္ဆံုဆည္း ရတတ္ပါတယ္။ ေလွာင္ထားတဲ့ပစၥည္းေတြေရာင္းထြက္ၿပီး အျမတ္အစြန္းမ်ားစြာရရွိပါလိမ့္မယ္။ ေငြေၾကးနဲ႔ပက္ သက္ၿပီးလာဘ္လာဘအလြန္ေပါမ်ားပါလိမ့္မယ္။ ေငြရွာလုိ႔အထူးေကာင္းပါတယ္။ ထီ၀ါသနာပါရင္ထီကံစမ္းသင့္ တဲ့ကာလပါပဲ။ ၆၊၇၊၀မ်ားမ်ားပါတဲ့ထီလက္မွတ္ကို ေရြးခ်ယ္ကံစမ္းလုိက္ေစခ်င္ပါတယ္။ သၾကၤန္ကာလမွာေတာ့ လည္ပတ္လို႔အလြန္ေကာင္းပါတယ္။

ခ်စ္ခင္ရသူေတြနဲ႔ သၾကၤန္ကာလမွာေပ်ာ္စရာအခ်ိန္ေတြကိုဖန္တီးႏိုင္ပါလိမ့္ မယ္။ က်န္းမာေရးကေတာ့ အနညး္ငယ္ညံ့ေနတာကိုေတြ႔ရပါတယ္။ အခ်စ္ေရးစန္းပြင့္ေနတာေၾကာင့္ ခ်စ္သူသစ္ ရည္းစားသစ္လဲရလြယ္ပါလိမ့္မယ္။ မိမိခ်စ္ရသူကိုဖြင့္ေျပာဖို႔အေကာင္းဆံုးကာလပါပဲ။ အိမ္ေထာင္ေရးအညံ့ေတာ့ မေတြ႔ရပါဘူး။ အမ်ားစုက အိမ္ေထာင္ေရးအဆင္ေျပပါလိမ့္မယ္။ ပညာေရးမွာေတာ့ self-study လုပ္လို႔အလြန္ ေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 2/4/0

အထူးေဟာ လိုအင္ဆႏၵျပည့္၀ပါလိမ့္မယ္။

ယၾတာ ႏြားႏုိ႔ဘုရားကပ္လွဴပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

viber only -09775555695

အမွတ္-၂၁၆/ေဇယ်ာေအာင္ေျမလမ္း/

ဟသၤာကုန္းရပ္ကြက္/ပဲခူးၿမိဳ႕/

၀၉၇၇၅၅၅၅၆၉၅ /၀၉၄၄၅၅၅၅၆၉၅

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

11.4.2019 မှ 17.4.2019အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတွေကိုဦးစားပေးစေချင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး မိမိဆုံး ဖြတ်ချက်တစ်ခုပဲအတည်ယူပြီးမလုပ်လိုက်ပါနဲ့။ သူတစ်ပါးတွေဆီကအကြံဉာဏ်ယူပြီးလုပ်ကိုင်တာကဒီကာလအ တွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကြီးမားတဲ့ အပြောင်းအလဲတွေ၊ကြီးမားတဲ့ စီမံဆောင်ရွက်မှုတွေကိုဒီကာလမှာ ရှောင်လိုက်စေချင်ပါတယ်။

ငွေနဲ့ပက်သက်ရင်တော့အညံံ့အဆိုးနည်းပါးပါလိမ့်မယ်။ငွေရှာလို့ကောင်းပါတယ်။ သတိထားစေချင်တာက ဒီလိုကာလမျိုးမှာအပေါင်းအသင်းမှားတတ်ပါတယ်။ ကိုယ်တိုင်စိတ်မပါတဲ့ ကိစ္စတွေကို အပေါင်းအသင်းကဆွယ်လို့ လိုက်လုပ်တာမျိုးမလုပ်ပါနဲ့။ အပေါင်းအသင်းကြောင့်ဒုက္ခရောက်တတ်ပါတယ်။ မိဘ တွေကခွင့်မပြုတာကိုလဲ ဇွတ်မလုပ်လိုက်ပါနဲ့။

အခက်အခဲများသွားတတ်ပါတယ်။ သြင်္ကန်လည်တာထက် အထိုင် နေပြီး မဏ္ဍပ်မှာရေပက်တာမျိုးကတော့ ပိုအဆင်ပြေပါတယ်။ ကျန်းမာရေးကတော့အညံ့ကင်းနေပါလိမ့်မယ်။ အချစ်ရေးအဆင်ပြေသာယာမှုတွေရှိပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ တကျက်ကျက်ပါပဲ။ စိတ်တူသဘောတူ ဖြစ်ဖို့မလွယ်တာတွေ့ရပါတယ်။ ပညာရေးအားကောင်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/5

အထူးဟော ကံအားနည်းနေမည်။

ယတြာ မိဘတွေကို ငွေကြေးထောက်ပံ့လိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း မိမိရဲ့အတွေးအခေါ်တွေအားကောင်းနေပါလိမ့်မယ်။ စိတ်ကူးထားသမျှအဆင်ပြေအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်တွေပင်ပန်းတာမျိုးတွေရှိတတ်ပါတယ်။ စိတ်ပင်ပန်းရတာမျိုးတွေလဲ ကြုံနေရ မဲ့ကာလပါပဲ။ အခွင့်အရေးတွေနှစ်မျိုးနှစ်ခွရတတ်ပါတယ်။ရေရှည်အတွက်ကြည့်ပြီးရွေးချယ်လိုက်စေချင်ပါတယ်။ ကိုယ်အတွက်အဆင်ပြေမဲ့ တိုးတတ်မဲ့ကိစ္စတွေကိုမြင်ရင်အခြားလွှတ်ချသင့်တာတွေကို လွှတ်ချနိုင်ဖို့လိုအပ်ပါ တယ်။

ငွေကြေးနဲ့ပက်သက်ပြီးတော့ ရတာလေးနဲ့ရောင်ရဲသင့်တဲ့ကာလပါပဲ။ သမလောဘထက်ပိုပြီး ဝိသမ လောဘဖြစ်လာရင်တော့ ဒုက္ခရောက်ရတတ်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီး အညံ့အဆိုးနည်းနေပါလိမ့်မယ်။ ဒီကာလမျိုးဟာ ကံဇာတာကဘာသာရေးကိုအားပေးတဲ့ကာလဖြစ်တာကြောင့် သြင်္ကန်လည်ပတ်တာထက် တရား အားထုတ်တာမျိုးက မိမိတို့အတွက်ပိုကောင်းပါတယ်။တရားဉာဏ်စဉ်တွေတဖြည်းဖြည်းတတ်ပါလိမ့်မယ်။ ခရီးတွေ ထွက်ရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေကတော့ အထူးညံ့ပါတယ်။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စ ရာတွေများပါလိမ့်မယ်။ ပညာရေးမှာတော့ ဘာသာရေးနဲ့ပက်သက်တဲ့အသိပညာတွေရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/4/6

အထူးဟော စိတ်နှစ်ခွဖြစ်နေတတ်ပါတယ်။

ယတြာ ဒိန်ချဉ်ဘုရားကပ်လှူပေးပါ။

အင်္ဂါ

ဒီကာလဟာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပြန်လည်ဆုံဆည်းရတတ်ပြီး ပျော်စရာအချိန်လေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ရင်လဲ မိတ်ဆွေတွေဆီကအကြံဉာဏ်ယူပါ။ တိုင်ပင်ပါ။ပိုမိုအောင်မြင် တတ်ပါတယ်။ သြင်္ကန်ပိတ်ရက် ဝါသနာပါတဲ့အလုပ်တွေလုပ်မယ်ဆိုလဲ အလွန်ကောင်းပါတယ်။ မိမိစိတ်ထဲလုပ် ချင်တာ၊ထီထွင်ချင်တာ၊ စူးစမ်းချင်တာလေးတွေကို လုပ်ကိုင်ခြင်းဖြင့်ပေါက်မြောက်အောင်မြင်တတ်ပါတယ်။ ရစရာရှိတဲ့ငွေတွေ ပြန်ရနိုင်သလို ငွေကြေးလာဘ်လာဘတွေလဲ ရွှင်လန်းပါလိမ့်မယ်။

စကားအရာနဲ့ပက်သက်ပြီး လိမ္မာပါးနပ်တာကြောင့် အလုပ်မှာဖြစ်စေ၊လူမှုရေးကိစ္စတွေမှာဖြစ်စေအဆင်ပြေချောမွေ့နေပါလိမ့်မယ်။ မိတ်ဆွေ တွေနဲ့သြင်္ကန်လည်ပတ်တာပဲဖြစ်ဖြစ်၊ တစ်နေရာရာသွားပြီး တစ်နှစ်တာပင်ပန်းခဲ့သမျှကို စိတ်လွတ်ကိုယ်လွတ် အနားယူတာမျိုးပဲဖြစ်ဖြစ်ဆောင်ရွက်လို့ကောင်းတဲ့ကာလပါ။ ကျန်းမာရေးလဲကောင်းနေပါလိမ့်မယ်။ အချစ်ရေးကိ စ္စတွေမှာ မိတ်ဖွဲ့မိရာကနေနောက်ဆို တဆင့်တတ်လှမ်းနိုင်မဲ့အနေအထားပါပဲ။ အိမ်ထောင်ရေးမှာတော့ ကြား စကားတွေကိုမယုံလိုက်ပါနဲ့။ နည်းပညာနဲ့ပက်သက်သောပညာများ ရှာလို့ကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/5/0

အထူးဟော လုပ်ငန်းစီးပွားကောင်းပါလိမ့်မယ်။

ယတြာ စံပယ်ပန်းဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

သူတစ်ပါးရဲ့စိတ်ချမ်းသာမှုကိုဦးစားပေးပါ။ ဒါမှမိမိလဲ စိတ်ချမ်းသာရပါလိမ့်မယ်။ သြင်္ကန်တွင်း ဖြစ်လာမဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကူညီပေးမဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ၊လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်သင့်တဲ့ ကာလပါပဲ။ သြင်္ကန်မှာအရေးပေါ်သွေးလိုလို့လှူဒါန်းပေးတာမျိုး၊ အရေးပေါ်ကား၊နာရေးကားတွေမောင်းပို့ပေးတာ မျိုးစတဲ့ ပရဟိတတွေလုပ်ပေးတာက သြင်္ကန်လည်ပတ်တာထက် ပိုကောင်းပါလိမ့်မယ်။ဒီသြင်္ကန်မှာဗုဒ္ဓဟူး/ရာဟု သားသမီးတွေအနေနဲ့ စတုဒိသာများများကျွေးသင့်ပါတယ်။ ကုသိုလ်များများပြုပါ။

အလုပ်တွေမေ့ထားပါ။ အိမ်တွင်းရေးအပူတွေရှိရင်လဲ ခဏမေ့ထားလိုက်ပါ။ လူငယ်တွေဆိုရင်တော့ မိဘစကားနားထောင်ပါ။ ကလန် ကဆန်မလုပ်လိုက်ပါနဲ့။ ကျန်းမာရေးအညံ့တော့ရှိနေတတ်ပါတယ်။ သြင်္ကန်ကာလမှာ အပူရှပ်တာ၊အဆုတ်အအေး ပတ်တာတွေအခြားနေ့သားတွေထက် ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ အချစ်ရေးမှာ ချစ်သူဟောင်းထက် ချစ်သူ သစ်ရတတ်ပါတယ်။ တစ်ယောက်မကသောအချစ်ရေးတွေကြုံရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ သာယာပျော် ရွှင်ရပါလိမ့်မယ်။ စိတ်ချမ်းသာရမယ်။ပညာရှာလို့မကောင်းသေးပါဘူး

အကျိုးပေးဂဏန်း 1/8/6

အထူးဟော စိတ်လေလွင့်နေမည်။

ယတြာ ရေအလှူများများလုပ်ပေးပါ။

ကြာသပတေး

ဒီကာလအတွင်း စိတ်ညစ်စရာတွေတော့ များနေတတ်ပါတယ်။ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်ပါတယ်။ သြင်္ကန်ပိတ်လို့ အိမ်မှာနားမယ်ကြံကာမှ အိမ်တွင်းမှာပြင်ဆင်စရာလေးတွေရှိနေတတ်တာ၊ အိမ်မှုကိစ္စတွေများ နေတတ်တာမျိုးတွေ အထူးကြုံရပါလိမ့်မယ်။သြင်္ကန်လည်မယ်ဆိုလဲ ပျော်ရတာကနည်းနည်းစိတ်ညစ်ရတာက များများဖြစ်နေတတ်ပါတယ်။ အမှန်ဆို ခရီးထွက်ပြီး တစ်နေရာရာမှာ အနားယူပြီး သြင်္ကန်ကာလကိုဖြတ်သန်းတာ ကပိုကောင်းပါတယ်။ ငွေကုန်စရာလေးတွေများနေတတ်ပါတယ်။အလဟဿငွေကုန်တာမျိုးကတော့မဟုတ်ပါဘူး အိမ်အတွက်လိုအပ်တာဝယ်ခြမ်းရင်ငွေကုန်ရတတ်တာပါ။

လုပ်ငန်းကြီးများရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ မြေဝယ်တာမျိုး၊ကုန်လှောင်တာမျိုးရှောင်လိုက်ပါ။ ပညာရေးနဲ့ပက်သက်တဲ့လုပ်ငန်းစီးပွားများ ဒီကာလမှာအသစ် တွေမစဘဲနားထားတာမျိုးကပိုကောင်းပါတယ်။ ကျန်းမာရေးအားနည်းနေတာတွေ့ရတယ်။ အစာကိုပုံမှန်စာပါ။ အစာခံပြီးနေရာကနေရောဂါရတတ်ပါတယ်။အချစ်ရေးကံကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ချစ်သူကမိမိကိုအချိန်မ ပေးနိုင်တာမျိုးတွေကြုံနေရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာအဆင်ပြေပါလိမ့်မယ်။ ပညာရေးအတွက်အားရ ကောင်းတဲ့အခြေအနေကိုကြုံရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/5/7

အထူးဟော ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ မရမ်းသီးမှည့်ဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်း စိတ်ကူးပုံဖော်ထားတာလေးတွေဖြစ်ဖြစ်လာတတ်ပါတယ်။ စိတ်ကူးနဲ့လက်တွေ့တစ်ထပ် ထဲကျပြီးတော့စိတ်ချမ်းသာရမဲ့ကာလပါပဲ။ သြင်္ကန်မှာပျော်လု့ိရပါတယ်။ မူးရူးပြီး သူများကိုဒုက္ခပေးမယ်ဆိုရင်တော့ ဒုက္ခရောက်တတ်ပါတယ်။ စည်းလေးကမ်းလေးနဲ့ပျော်ပါလို့မှာချင်ပါတယ်။ နှစ်ကူးမှာတရားနဲ့ပျော်ချင်သူတွေလဲ အထူးကောင်းပါတယ်။ မိမိလိုချင်တဲ့ငြိမ်းအေးမှုလေးတစ်ခုကိုရရှိနိုင်မဲ့ကာလပါပဲ။ ဒီကာလမျိုးဟာ စိတ်ကြည်နူးစ ရာတွေကြုံရမဲ့ကာလတွေပါပဲ။ အလုပ်စီးပွားတွေ သြင်္ကန်ကာလမှာမနားဘဲ လုပ်နေသူဆိုရင်လဲ အလုပ်စီးပွား ကောင်းစွာတိုးတတ်ပါလိမ့်မယ်။

ငွေကံကောင်းနေပါလိမ့်မယ်။ အိမ်အတွက်လိုအပ်တဲ့ပရိဘောဂတွေဝယ်ယူတာ မျိုးတွေ၊ဇိမ်ခံပစ္စည်းဝယ်ယူတာမျိုးတွေဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရ ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ဝေးနေရတဲ့သူတွေကများပါလိမ့်မယ်။အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ မိတ်ဆွေသစ်တွေရရှိလာမဲ့ကာလလဲဖြစ်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတွေလဲ ခရီးရှည်ထွက်တာမျိုးလဲ အလွန် ကောင်းပါတယ်။ ပညာရေးကတော့ သင့် အနေအထားရှိပါတယ်။

အကျိုးပေးဂဏန်း1/6/9

အထူးဟော ကံမြင့်မားနေပါ လိမ့်မယ်။

ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလအတွင်းကံကောင်းခြင်း၊အလိုဆန္ဒပြည့်ဝခြင်းတွေကို လက်တွေ့ခံစားသိရှိပါလိမ့်မယ်။ မိသားစုတွေ ပြန်လည်ဆုံဆည်းခွင့်တွေကိုလဲ ရလာပါလိမ့်မယ်။ ဝေးကွာနေတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့လဲပြန်လည်ဆုံဆည်း ရတတ်ပါတယ်။ လှောင်ထားတဲ့ပစ္စည်းတွေရောင်းထွက်ပြီး အမြတ်အစွန်းများစွာရရှိပါလိမ့်မယ်။ ငွေကြေးနဲ့ပက် သက်ပြီးလာဘ်လာဘအလွန်ပေါများပါလိမ့်မယ်။ ငွေရှာလို့အထူးကောင်းပါတယ်။ ထီဝါသနာပါရင်ထီကံစမ်းသင့် တဲ့ကာလပါပဲ။ ၆၊၇၊ဝများများပါတဲ့ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်စေချင်ပါတယ်။ သြင်္ကန်ကာလမှာတော့ လည်ပတ်လို့အလွန်ကောင်းပါတယ်။

ချစ်ခင်ရသူတွေနဲ့ သြင်္ကန်ကာလမှာပျော်စရာအချိန်တွေကိုဖန်တီးနိုင်ပါလိမ့် မယ်။ ကျန်းမာရေးကတော့ အနည်းငယ်ညံ့နေတာကိုတွေ့ရပါတယ်။ အချစ်ရေးစန်းပွင့်နေတာကြောင့် ချစ်သူသစ် ရည်းစားသစ်လဲရလွယ်ပါလိမ့်မယ်။ မိမိချစ်ရသူကိုဖွင့်ပြောဖို့အကောင်းဆုံးကာလပါပဲ။ အိမ်ထောင်ရေးအညံ့တော့ မတွေ့ရပါဘူး။ အများစုက အိမ်ထောင်ရေးအဆင်ပြေပါလိမ့်မယ်။ ပညာရေးမှာတော့ self-study လုပ်လို့အလွန် ကောင်းပါတယ်။

အကျိုးပေးဂဏန်း 2/4/0

အထူးဟော လိုအင်ဆန္ဒပြည့်ဝပါလိမ့်မယ်။

ယတြာ နွားနို့ဘုရားကပ်လှူပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

viber only -09775555695

အမှတ်-၂၁၆/ဇေယျာအောင်မြေလမ်း/

ဟင်္သာကုန်းရပ်ကွက်/ပဲခူးမြို့/

၀၉၇၇၅၅၅၅၆၉၅ /၀၉၄၄၅၅၅၅၆၉၅

ဖိုးသူတော် (www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top