မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×

အြန္လိုင္း You Tube ေပၚမွာ တင္ထားတဲ့ “ကိုယ္တိုင္ ကေလးဘယ္လိုမီးဖြားရမလဲ” ဆိုတဲ့ ပညာေပး႐ုပ္သံကိုၾကည့္ရႈၿပီး အကူညီမပါပဲ ကိုယ့္ဟာကိုယ္ တစ္ေယာက္ထဲ ကေလးက်ိတ္ေမြးရန္ႀကိဳးစားခဲ့သည့္ အမ်ိဳးသမီး ေသဆုံးခဲ့မႈ မတ္လ ၁၁ ရက္ေန႔က ျဖစ္ပြားခဲ့သည္။

အိႏၵိယႏိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာ အိမ္ေထာင္မျပဳရေသးပဲ ကိုယ္ဝန္ရွိေနခဲ့သည့္အတြက္ ပတ္ဝန္းက်င္၏ ကဲ့ရဲ႕ရႈံ႕ခ်မႈကို ခံရမည္စိုးရိမ္းၿပီး ကေလးကို ကိုယ္တိုင္ တစ္ေယာက္ထဲ က်ိတ္ေမြးစဥ္ ေသဆုံးခဲ့ရျခင္းျဖစ္သည္။

အမ်ိဳးသမီးနဲ႔အတူ ေမြးကင္းစ သားေယာက္်ားေလးလည္း ေသဆုံးေနတာကို သူမငွားရမ္းေနခဲ့တဲ့ အတၳာပရာဒက္ရွ္ျပည္နယ္ေျမာက္ပိုင္းက ဂိုရက္ျပာၿမိဳ႕ရွိ အခန္းတစ္ခန္းမွာ ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အမ်ိဳးသမီးရဲ႕ အမည္ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိပါဘူး။

အမ်ိဳးသမီးေသဆုံးမႈကို တနလၤာေန႔နံနက္က အိမ္နားနီးခ်င္းျဖစ္သူက သူ႔ရဲ႕အခန္းေရွ႕ကို ေသြးေတြစီးလာတာ ေတြ႕ၿပီးေနာက္ အိမ္ရွင္ကို အေၾကာင္းၾကားလိုက္ရာကေန သိရွိခဲ့တာျဖစ္ေၾကာင္း ရဲမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အိမ္ရွင္ျဖစ္သူ ေရာက္လာၿပီး တံခါးကို ဖ်က္ၿပီးဝင္ခဲ့ရာ ကတ္ေၾကး၊ ဓား၊ အပ္ခ်ည္တို႔နဲ႔အတူ စမတ္ဖုန္းတစ္လုံးကို ေသဆုံးသူရဲ႕ အနီးမွာ ေတြ႕ခဲ့ရပါတယ္။
သူမဟာ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ ကိုယ္တိုင္ကေလးဘယ္လို ေမြးဖြားရမလဲဆိုတဲ့ YouTube  သင္ခန္းစာ ႐ုပ္သံကို ၾကည့္ရႈၿပီး လုပ္ေဆာင္ခဲ့ေၾကာင္း ရဲအရာရွိ Ravi Rai က ေျပာၾကားခဲ့ပါတယ္။ သူမဟာ အဆိုပါအခန္းမွာ ငွားေနၿပီး ေလးရက္ေျမာက္ေန႔ တနဂၤေႏြေန႔ညမွာ အကူအညီမပါပဲ ကိုယ္တိုင္ ကေလးမီးဖြားဖို႔ ႀကိဳးစားခဲ့တာျဖစ္ေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသမီးဟာ ဘဟာရိခ်္ ေဒသကျဖစ္ၿပီး အိမ္ေထာင္မရွိပဲ ကိုယ္ဝန္ရွိခဲ့တဲ့အတြက္ ပတ္ဝန္းက်င္ရဲ႕ ျပစ္တင္ေျပာဆိုမႈကို ခံရမွာ စိုးရိမ္ၿပီး အခုလို လုပ္ခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ကမာၻ႔အေနာက္ျခမ္း ႏိုင္ငံမ်ားမွာ အိမ္ေထာင္မျပဳပဲ ကေလးေမြးတဲ့သူမ်ားကို “Single Mother” အျဖစ္ အမည္နာမတစ္မ်ိဳး တပ္ေခၚကာ ဂုဏ္ယူစရာတစ္ခုသဖြယ္ လက္ခံေနၾကေပမယ့္ အာရွတိုက္သားေတြကေတာ့ ေရွးအစဥ္အလာ ယဥ္ေက်းမႈအရ အခုလို လင္သားမေပၚပဲ ကေလးေမြးတာကို ရွက္စရာတစ္ခုအျဖစ္ သတ္မွတ္ထားဆဲျဖစ္ပါတယ္၊ အိႏၵိယႏိုင္ငံလို ေရွး႐ိုးစြဲႀကီးတဲ့ ႏိုင္ငံေတြမွာ အခုလိုအျဖစ္မ်ိဳးဟာ ပတ္ဝန္းက်င္မွာ မ်က္ႏွာမျပရဲတဲ့ ကိစၥအျဖစ္ ရွိေနပါေသးတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
အွန်လိုင်း You Tube ပေါ်မှာ တင်ထားတဲ့ “ကိုယ်တိုင် ကလေးဘယ်လိုမီးဖွားရမလဲ” ဆိုတဲ့ ပညာပေးရုပ်သံကိုကြည့်ရှုပြီး အကူညီမပါပဲ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ကလေးကျိတ်မွေးရန်ကြိုးစားခဲ့သည့် အမျိုးသမီး သေဆုံးခဲ့မှု မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်မပြုရသေးပဲ ကိုယ်ဝန်ရှိနေခဲ့သည့်အတွက် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုံ့ချမှုကို ခံရမည်စိုးရိမ်းပြီး ကလေးကို ကိုယ်တိုင် တစ်ယောက်ထဲ ကျိတ်မွေးစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။

အမျိုးသမီးနဲ့အတူ မွေးကင်းစ သားယောက်ျားလေးလည်း သေဆုံးနေတာကို သူမငှားရမ်းနေခဲ့တဲ့ အတ္ထာပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းက ဂိုရက်ပြာမြို့ရှိ အခန်းတစ်ခန်းမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

အမျိုးသမီးသေဆုံးမှုကို တနင်္လာနေ့နံနက်က အိမ်နားနီးချင်းဖြစ်သူက သူ့ရဲ့အခန်းရှေ့ကို သွေးတွေစီးလာတာ တွေ့ပြီးနောက် အိမ်ရှင်ကို အကြောင်းကြားလိုက်ရာကနေ သိရှိခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အိမ်ရှင်ဖြစ်သူ ရောက်လာပြီး တံခါးကို ဖျက်ပြီးဝင်ခဲ့ရာ ကတ်ကြေး၊ ဓား၊ အပ်ချည်တို့နဲ့အတူ စမတ်ဖုန်းတစ်လုံးကို သေဆုံးသူရဲ့ အနီးမှာ တွေ့ခဲ့ရပါတယ်။
သူမဟာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ကိုယ်တိုင်ကလေးဘယ်လို မွေးဖွားရမလဲဆိုတဲ့ YouTube  သင်ခန်းစာ ရုပ်သံကို ကြည့်ရှုပြီး လုပ်ဆောင်ခဲ့ကြောင်း ရဲအရာရှိ Ravi Rai က ပြောကြားခဲ့ပါတယ်။ သူမဟာ အဆိုပါအခန်းမှာ ငှားနေပြီး လေးရက်မြောက်နေ့ တနင်္ဂနွေနေ့ညမှာ အကူအညီမပါပဲ ကိုယ်တိုင် ကလေးမီးဖွားဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အမျိုးသမီးဟာ ဘဟာရိချ် ဒေသကဖြစ်ပြီး အိမ်ထောင်မရှိပဲ ကိုယ်ဝန်ရှိခဲ့တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ပြောဆိုမှုကို ခံရမှာ စိုးရိမ်ပြီး အခုလို လုပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့အနောက်ခြမ်း နိုင်ငံများမှာ အိမ်ထောင်မပြုပဲ ကလေးမွေးတဲ့သူများကို “Single Mother” အဖြစ် အမည်နာမတစ်မျိုး တပ်ခေါ်ကာ ဂုဏ်ယူစရာတစ်ခုသဖွယ် လက်ခံနေကြပေမယ့် အာရှတိုက်သားတွေကတော့ ရှေးအစဉ်အလာ ယဉ်ကျေးမှုအရ အခုလို လင်သားမပေါ်ပဲ ကလေးမွေးတာကို ရှက်စရာတစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်၊ အိန္ဒိယနိုင်ငံလို ရှေးရိုးစွဲကြီးတဲ့ နိုင်ငံတွေမှာ အခုလိုအဖြစ်မျိုးဟာ ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲတဲ့ ကိစ္စအဖြစ် ရှိနေပါသေးတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top