iMyanmarHouse.com - Best Property Website for Myanmar
×




Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

ဟိုတလောက ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒီသတင်းက ယောက်ျားလေးတွေတင်သာမကဘဲ မိန်းကလေးထုကြီးပါ စိတ်အကြီးအကျယ်ဝင်စားသွားတာပါ။ ရှေ့အတွေ့အကြုံတွေအရအဲ့ဒီလိုဗွီဒီယိုတွေထွက်တယ်လို့ပြောပြီးရင်တော့ တကယ်လည်းမှန်နေတတ်တယ်ဆိုတာကိုလည်းတော်တော်များများသိပြီးကြနေတယ်ဆိုတာကတော့ ငြင်းဆိုဖွယ်ရာမရှိပါတဘူး ။ ဆယ်လီတွေရဲ့ကိစ္စဆိုရင် မြန်နိုင်ငံက ပြည်သူတွေသန်းနဲ့ချီပြီးစိတ်ဝင်စားကြပါတယ်။ အခုပြောပြမယ့်သတင်းကတော့ ယွန်းယွန်း(သရုပ်ဆောင်)ရဲ့ဗွီဒီယိုထွက်လာတယ်ဆိုတဲ့သတင်းပါပဲ။

အဲ့ဒီလို သတင်းတက်လာတဲ့အချိန်မှာ ယွန်းယွန်းချစ်တဲ့ပရိသတ်ကတော့မဖြစ်နိုင်ဘူးဆိုတာယုံကြည်ကြပေမယ့်။ အများညီရင်ဤတောင်ကျွဲဖြစ်တဲ့ဆိုသလိုပဲ သူတို့ရဲ့ယုံကြည်မှုတွေကို အကြီးအကျယ်အနှောက်ယှပ်ဖြစ်သွားစေပါတယ်။ အဲ့ဒီထဲကမှ လုံးဝယွန်းယွန်းအတွက်မခံမရပ်နိုင်အောင်ခံစားနေရတဲ့ပရိသတ်တစ်ယောက်က ယွန်းယွန်းရဲ့Facebook အကောင့်ကပိုစ့်တစ်ခုရဲ့အောက်မှာ သွားရောက်မေးမြန်းလိုက်တဲ့အချိန်မှာတော့ ယွန်းယွန်းကိုယ်တိုင်ကနေ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြန်လည်ဖြေရှင်းထားပါတယ်။

ဒီကိစ္စဟာ တကယ်မဟုတ်ဘဲ တစ်စုံတစ်ယောက်က သက်သက်မဲ့ တိုက်ခိုက်လိုတဲ့စိတ်ကြောင့်စတင်ဖြန့်ဝေခဲ့သလား။ ဒါမှမဟုတ်အပျော်သဘောအနေနဲ့ပဲစနောက်တဲ့သဘောနဲ့တင်ခဲ့သလားဆိုတာကတော့ ဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး ။ကောလဟလတစ်ခုအနေနဲ့ပဲမကြာခင်မှာပျောက်ကွယ်သွားတော့မှာပါ။ ဘာပဲပြောပြော ယွန်းယွန်း ကိုချစ်တဲ့ပရိသတ်တွေက တော့ ယွန်းယွန်းရဲ့ဖြေရှင်းချက်အပေါ်မှာပျော်ရွှင်ဝမ်းမြောက်နေကြမယ်လို့ မျှော်လင့်ပြီးဒီသတင်းကိုရေးသားတင်ဆက်လိုက်ရပါတယ်။ ပြောချင်လွန်းလို့မိတ်ဆွေများ မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ ကိုပိုင်ဆိုင်နိုင်ပါစေ လို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top