The Four အဖြဲ႕ဝင္အျဖစ္မွ ဂ်ဴဝဲလ္ႏုတ္ထြက္ၿပီျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ယင္းအဖြဲ႕၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ဗီဒီယိုဖိုင္တင္ကာ ပရိသတ္မ်ားကို အသိေပးထားသည္။

‘‘ကြၽန္ေတာ္က ေရွ႕ဆက္ၿပီးေတာ့ The Four Member အျဖစ္ နဲ႔ ဆက္လက္ၿပီး သီဆိုျဖစ္ေတာ့မွာ မဟုတ္ဘူး။ ဒီဆံုးျဖတ္ခ်က္ကို ခက္ခဲစြာနဲ႔ ခ်ခဲ့ရပါတယ္။ ကြၽန္ေတာ့္မွာ The Four နဲ႔ ပတ္သက္လို႔ ေပ်ာ္ရႊင္စရာအမွတ္တရေတြ၊ သင္ယူရတဲ့ အမွတ္တရေတြ အမ်ား ႀကီး ရွိခဲ့ပါတယ္။ အရမ္းခက္ခက္ခဲခဲဆံုးျဖတ္ခဲ့ရပါတယ္’’ဟု ဂ်ဴဝဲလ္က ေျပာၾကားသည္။အဆုိပါေတာ္ ဂ်ဴဝဲလ္က The Four အဖြဲ႕မွ ႏုတ္ထြက္ရန္ လြန္ခဲ့သည့္ တစ္လခန္႔ကတည္းက ဆံုးျဖတ္ခဲ့ေသာ္လည္း ၎တုိ႔ ဘက္က ေတာင္းဆုိထားေသာေၾကာင့္ လက္ရွိအခ်ိန္အထိ ရွိေန ျခင္းျဖစ္ေၾကာင္း The Four အဖြဲ႕ ဝင္ ေစာပါတလာေထာက ေျပာ ၾကားသည္။

‘‘The Four ကေတာ့ ရပ္မသြားေသးဘူး။ ေနာက္ထပ္ Artistေတြနဲ႔ Collaborating (ပူးေပါင္းေဆာင္ရြက္)လုပ္မယ္။ Member အသစ္ေတြကိုလည္း အတူတူအလုပ္ျပန္လုပ္ဖို႔ ႀကိဳးစားေနတယ္။ ကြၽန္ေတာ္တုိ႔ရဲ႕ ကိုယ္ပိုင္သီခ်င္းေတြကိုထုတ္ဖို႔ အစီအစဥ္ေတြ အမ်ားႀကီးရွိတယ္’’ ဟု The Four အဖြဲ႕မွ သားငယ္ က ေျပာၾကားထား သည္။ ထို႔အျပင္ ဂ်ဴဝဲလ္ပါဝင္မည့္ The Four ၏ ေဖ်ာ္ေျဖပြဲကို မတ္လ၁၆ ရက္တြင္ ရန္ကုန္ရြက္ေလွအသင္း၌ ျပဳလုပ္ရန္ စီစဥ္ထား ေၾကာင္း ဗီဒီယိုဖိုင္မွတစ္ဆင့္ အသိေပးထားသည္။

‘‘ဒီပြဲေလးက ကြၽန္ေတာ္နဲ႔ The Four ရဲ႕ ေနာက္ဆံုးပြဲေလး ျဖစ္မွာပါ။ ကြၽန္ေတာ္တုိ႔ ခ်စ္ရတဲ့ အစ္ကိုေတြနဲ႔ The Four ကို ခ်စ္တဲ့သူေတြ ပြဲကိုလာဖို႔ ဖိတ္ေခၚပါတယ္’’ဟု ဂ်ဴဝဲလ္က ေျပာ သည္။ The Four အဖြဲ႕တြင္ ေစာပါတလာေထာ၊ သားငယ္၊ သက္ ေဇာ္ႏွင့္ ဂ်ဴဝဲလ္တုိ႔ ပါဝင္ၿပီး ‘မိုးေလးဖြဲတုန္း’၊ ‘ေဆာင္းအိပ္မက္’၊ ‘ဖက္ထားမယ္’ စသည့္သီခ်င္းမ်ား အပါအဝင္ ပရိသတ္အားေပးမႈ ရရွိသည့္ Cover Song မ်ား သီဆိုထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day  News

# Unicode Version # ျဖင့္ ဖတ္ပါ #

The Four အဖွဲ့ဝင်အဖြစ်မှ ဂျူဝဲလ်နုတ်ထွက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဗီဒီယိုဖိုင်တင်ကာ ပရိသတ်များကို အသိပေးထားသည်။

‘‘ကျွန်တော်က ရှေ့ဆက်ပြီးတော့ The Four Member အဖြစ် နဲ့ ဆက်လက်ပြီး သီဆိုဖြစ်တော့မှာ မဟုတ်ဘူး။ ဒီဆုံးဖြတ်ချက်ကို ခက်ခဲစွာနဲ့ ချခဲ့ရပါတယ်။ ကျွန်တော့်မှာ The Four နဲ့ ပတ်သက်လို့ ပျော်ရွှင်စရာအမှတ်တရတွေ၊ သင်ယူရတဲ့ အမှတ်တရတွေ အများ ကြီး ရှိခဲ့ပါတယ်။ အရမ်းခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရပါတယ်’’ဟု ဂျူဝဲလ်က ပြောကြားသည်။အဆိုပါတော် ဂျူဝဲလ်က The Four အဖွဲ့မှ နုတ်ထွက်ရန် လွန်ခဲ့သည့် တစ်လခန့်ကတည်းက ဆုံးဖြတ်ခဲ့သော်လည်း ၎င်းတို့ ဘက်က တောင်းဆိုထားသောကြောင့် လက်ရှိအချိန်အထိ ရှိနေ ခြင်းဖြစ်ကြောင်း The Four အဖွဲ့ ဝင် စောပါတလာထောက ပြော ကြားသည်။

‘‘The Four ကတော့ ရပ်မသွားသေးဘူး။ နောက်ထပ် Artistတွေနဲ့ Collaborating (ပူးပေါင်းဆောင်ရွက်)လုပ်မယ်။ Member အသစ်တွေကိုလည်း အတူတူအလုပ်ပြန်လုပ်ဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုထုတ်ဖို့ အစီအစဉ်တွေ အများကြီးရှိတယ်’’ ဟု The Four အဖွဲ့မှ သားငယ် က ပြောကြားထား သည်။ ထို့အပြင် ဂျူဝဲလ်ပါဝင်မည့် The Four ၏ ဖျော်ဖြေပွဲကို မတ်လ၁၆ ရက်တွင် ရန်ကုန်ရွက်လှေအသင်း၌ ပြုလုပ်ရန် စီစဉ်ထား ကြောင်း ဗီဒီယိုဖိုင်မှတစ်ဆင့် အသိပေးထားသည်။

‘‘ဒီပွဲလေးက ကျွန်တော်နဲ့ The Four ရဲ့ နောက်ဆုံးပွဲလေး ဖြစ်မှာပါ။ ကျွန်တော်တို့ ချစ်ရတဲ့ အစ်ကိုတွေနဲ့ The Four ကို ချစ်တဲ့သူတွေ ပွဲကိုလာဖို့ ဖိတ်ခေါ်ပါတယ်’’ဟု ဂျူဝဲလ်က ပြော သည်။ The Four အဖွဲ့တွင် စောပါတလာထော၊ သားငယ်၊ သက် ဇော်နှင့် ဂျူဝဲလ်တို့ ပါဝင်ပြီး ‘မိုးလေးဖွဲတုန်း’၊ ‘ဆောင်းအိပ်မက်’၊ ‘ဖက်ထားမယ်’ စသည့်သီချင်းများ အပါအဝင် ပရိသတ်အားပေးမှု ရရှိသည့် Cover Song များ သီဆိုထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day  News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top