iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Thandar Hlaing သန္တာလှိုင်
#Unicode Version#
မိန်းကလေးတိုင်းအားကျရတဲ့ Body မျိုးကို ပိုင်ဆိုင်ထားတဲ့ စူပါမော်ဒယ် သန္တာလှိုင်ကတော့ သူမလိုပဲ တခြား မိန်းကေ လးတိုင်း လှပအောင် လေ့ကျင့်ခန်းဗီဒီယိုဖိုင်လေးတွေကို ဝေမျှပေးနေပါတယ်။သူမကိုယ်တိုင်လည်း တကယ့်ကို ကျန်း မာ ကျစ်လစ်လှပတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ကတော့ ဒီတစ်ခါမှာတော့ တင်ပါးလေးလုံးပြီး လှစေမယ့် လေ့ကျင့်ခန်းကို ဝေမျှပေးလိုက်ပါတယ်။
တင်မရှိလို့၊တင်ပြားလို့၊တင်ခွက်လို့ …အစရှိသဖြင့် တင်ပါးအလှနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုး သမီးတွေ အတွက် ဝေမျှပေးခဲ့တာပါ။တင်ပါးအလှအတွက် အမျိုးသမီး အများစု ရွေးချယ်တဲ့ လေ့ကျင့်ခန်း ကေ တာ့ Squat လေ့ကျင့်ခန်း ပါ။Squat ကတော့ တင်ပါးအလှအတွက် တကယ့်ကို ထိရောက်တဲ့ လေ့ကျင့်ခန်းပါ။
ဒါေ ပမယ့် လေ့ကျင့်ခန်းဆိုတာဟာ တကယ့်ကို စနစ်တကျ၊ပုံစံမှန်မှန်နဲ့ လုပ်မှ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာ၊ထိချင်တဲ့ အရာ ကို ထိရောက်မှုရှိတာပါ။Squat တော့ထိုင်ပါတယ်။ဒါပေမယ့် တင်ပါးထွက်လာရမယ့်အစား ပေါင်ပဲ ကြီးလာတာမျိုး ကို တော်တော်များများကြုံဖူးကြမှာပါ။အဲ့ဒီလို ခုတ်ရာတခြားရှရာတခြား မဖြစ်စေဖို့ အတွက် Squat ကို ဘယ်လို မျိုး စနစ် တကျ ထိုင်ရမလဲ..? ဘယ်လို မျိုး စနစ်ကျကျ ထိုင်မှ ကိုယ်လိုချင်တဲ့ တင်ပါးလုံးလုံးလေးကို ရလာမလဲ ဆိုတာကို သန္တာ လှိုင်က ဗီဒီယိုဖိုင်လေးနဲ့ အတူ ဝေမျှ ပေးခဲ့ပါတယ်။
“အပတ်စဉ် တင်ပေးနေတဲ့ လေ့ကျင့်ခန်းတွေကို လိုက်လုပ်လို့ ရအောင် အမရဲ့ နာမည်ရဲ့ ညာဘက်ဘေးက လက်မလေးက်ု အပြာရောင်ဖြစ်သွားအောင် 👍 နှိပ်ထားလိုက်ပါ။ သူများရှယ်မှ မြင်ရတဲ့အထိ စောင့်စရာ မလိုပဲ အမတင်သမျှ လေ့ကျင့်ခန်းတွေ တင်လိုက်တိုင်း မြင်ရမှာပါ။ အဲဒီလေ့ကျင့်ခန်းတွေထဲက Squat ကို သေချာ မထိုင်တတ်လို့ တင်ပါးလေး လုံပြီး ကျစ်မလာပဲ ပေါင်တွေပဲ ကြီးလာပါတယ် လို့ တောင်းဆိုနေကြလို့ တင်ပါးကို သေချာထိထိရောက်ရောက် ရှိပြီး squat ထိုင်တတ်အောင် အခု Video လေးမဲ့ ပြပေးလိုက်ပြီနော်…
    အပတ်စဉ် တင်ပေးနေတဲ့ လေ့ကျင့်ခန်းတွေကို လိုက်လုပ်လို့ ရအောင် အမရဲ့ နာမည်ရဲ့ ညာဘက်ဘေးက လက်မလေးက်ု အပြာရောင်ဖြစ်သွားအောင် 👍 နှိပ်ထားလိုက်ပါ။ သူများရှယ်မှ မြင်ရတဲ့အထိ စောင့်စရာ မလိုပဲ အမတင်သမျှ လေ့ကျင့်ခန်းတွေ တင်လိုက်တိုင်း မြင်ရမှာပါ။ အဲဒီလေ့ကျင့်ခန်းတွေထဲက Squat ကို သေချာ မထိုင်တတ်လို့ တင်ပါးလေး လုံပြီး ကျစ်မလာပဲ ပေါင်တွေပဲ ကြီးလာပါတယ် လို့ တောင်းဆိုနေကြလို့ တင်ပါးကို သေချာထိထိရောက်ရောက် ရှိပြီး squat ထိုင်တတ်အောင် အခု Video လေးမဲ့ ပြပေးလိုက်ပြီနော်… အသေးစိတိသိချင်ရင် ၀၁ ၃၉၃၃၆၀ ကို ဆက်လိုက်ပါ… ဒီ video လေးကို ညီအမတွေ အချင်းချင်း ရှယ်ပေးကြအုံးနော်…
ဖိုးသူတော်(www.phothutaw.com)
Credit: Thandar Hlaing သန္တာလှိူင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top