iMyanmarHouse.com - Best Property Website for Myanmar
×


တေလာတုန္းကေတာ့ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရပန္းစားခဲ့တဲ့ အျဖစ္ပ်က္တခုရွိခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ ျမန္မာႏိုင္ငံရဲ့ ထိပ္တန္း မင္းသမီး အိျႏၵာေက်ာ္ဇင္နဲ႔ ခြဲမရေအာင္တူတဲ့ ေကာင္မေလး တေယာက္ရဲ့ Tik Tok Video ေလးေတြ ျဖစ္ပါတယ္။ တိုင္းရင္းသူေလးျဖစ္တဲ့ Marip Jaseng ကေတာ့ သူ႔အေနနဲ႔ Tik Tok Video ေလးေတြ ရိုက္ရင္း မင္းသမီး အိျႏၵာေက်ာ္ဇင္နဲ႔ တူတယ္ဆိုျပီးေတာ့ သူ႔ကိုခ်စ္ျပီး ဝန္းရံၾကတဲ့ လူေတြမ်ားခဲ့ပါတယ္။ အိျႏၵာေက်ာ္ဇင္ ကိုယ္တိုင္ကလည္း သူနဲ႔တူတယ္လို႔ ေျပာခဲ့ျပီး Marip Jaseng ကေတာ့ သူ႔အေနနဲ႔ လူေတြဒီလိုေျပာၾကလို႔ ဝမ္းသာမိတယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

တိုင္းရင္းသူေလး Marip Jaseng ကေတာ့ Popular နဲ႔ အင္တာဗ်ဴးတြင္ အိျႏၵာေက်ာ္ဇင္နဲ႔တူတယ္လို႔ အမ်ားစုက ေျပာေနၾကတဲ့ အေပၚမွာေတာ့ “အရမ္းဝမ္းသာ ပီတိျဖစ္ရပါတယ္။ ကိုယ္တိုင္မတုေပမယ့္လည္း ကိုယ့္ရဲ့ Idol နဲ႔ တူသြားတဲ့အတြက္ ဝမ္းသာပါတယ္”

Tik Tok ေဆာ့ျဖစ္တာနဲ႔ ပတ္သက္ျပီး “အဲ့ဒါေဆာ့တာကေတာ့ အရမ္းမကြ်မ္းက်င္ပါဘူး။ ကိုယ္ကလည္း နဂိုကတည္းက အႏုပညာပိုးပါတာေပါ့ေနာ္။ လိုက္လုပ္ရင္း ပိုးဝင္သြားတာေပါ့။ အမွတ္မထင္ဘဲ ကိုယ္ Tik Tok ကစားလိုက္တဲ့အခ်ိန္မွာ ကိုယ့္ႏႈတ္ခမ္းကတူသြားတယ္။ ကိုယ့္မ်က္လံုးက တူသြားတယ္။ မအူဝဲကို တုမယ္ဆိုရင္ေတာ့ မတုႏိုင္ဘူးေပါ့ေနာ္။ သူမ်ားေတြက အိုက္တင္တူတယ္ ေျပာၾကလို႔ ကိုယ့္ဘာကိုယ္ေတာင္ အံ့ၾသရပါတယ္”


အိျႏၵာေက်ာ္ဇင္က ကိုယ့္အတြက္ ဘယ္လို Idol မ်ိဳးလဲဆိုတဲ့ အေပၚမွာေတာ့ “သူက ျပိဳင္စံရွားတဲ့ ကြ်န္မရဲ့ Idol ပါ။ ငယ္ငယ္ကတည္းကလည္း ကိုယ္က ၾကိဳက္ခဲ့တဲ့သူတေယာက္ျဖစ္တယ္။ သူ႔အိုက္တင္ အမူယာေလးေတြ ကိုယ္လံုးကိုယ္ေပါက္ေတြ အကုန္လံုးကို ၾကိဳက္ပါတယ္။ တကယ့္ကို Idol အၾကီးစားပါပဲ။ အစကေတာ့ တူတယ္မတူဘူးလုိ႔ ေျပာေနၾကတဲ့ အခ်ိန္မွာ ဆဲတဲ့သူေတြလည္း ရွိေတာ့ စိတ္မေကာင္းေတာ့ ျဖစ္မိပါတယ္။ ဘာပဲ ျဖစ္ျဖစ္ေတာ့ မအူဝဲကိုယ္တိုင္က ကိုယ့္ကိုသူနဲ႔တူတယ္လို႔ ေျပာလိုက္တဲ့ အခ်ိန္မွာ အရမ္းဝမ္းသာသြားတယ္။ သူကိုယ္တိုင္ေျပာေပးလိုက္ေတာ့ ဘာစိတ္ဆင္းရဲမႈမွ မရွိေတာ့သလိုပါပဲ”

“သူမ်ားေတြက တူေအာင္လိုက္တုတယ္ ေျပာၾကတယ္။ ဒါေပမယ့္လည္း ကိုယ္က လိုက္တုျပီး မလုပ္ခဲ့တာေၾကာင့္ စိတ္မေကာင္းျဖစ္ရတယ္။ ကိုယ့္ Idol ဆိုေပမယ့္လည္း တူေအာင္ေတာ့ လိုက္မတုခဲ့ပါဘူး။ မ်က္ရစ္ခြဲစိတ္ထားတယ္လည္း ေျပာၾကတယ္။ တကယ္တမ္းဆို ေဆးထိုးဖို႔ေတာင္ ေတာ္ေတာ္ေၾကာက္တယ္။ မျဖစ္ႏုိင္တာေတြ ဘာလို႔ေျပာၾကတာလဲေပါ့။ တူေတာ့လည္း ဘာျဖစ္လဲ မတူေတာ့လည္း လာျဖစ္လဲေပါ့။ ဒါေပမယ့္လည္း တူတယ္မတူဘူး ေျပာရင္းနဲ႔ပဲ ကြ်န္မကို လူသိလာတာေပါ့။ ကြ်န္မက ျမစ္ၾကီးနားမွာလည္း အက ဆရာေလ။ ျပီးေတာ့ ဗီဒီယိုေလးေတြေတ့ာ နည္းနည္းပါးပါး ရိုက္တာေပါ့။ သရုပ္ေဆာင္လုပ္ရတာလည္း ဝါသနာပါတယ္။ အႏုပညာဆိုရင္ အကုန္ဝါသနာပါပါတယ္။ အားလံုးကို ခ်စ္ေပးလို႔ ဝမ္းသာပီတိျဖစ္ရပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

တလောတုန်းကတော့ ဖေ့ဘုတ်စာမျက်နှာမှာ ရေပန်းစားခဲ့တဲ့ အဖြစ်ပျက်တခုရှိခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ခွဲမရအောင်တူတဲ့ ကောင်မလေး တယောက်ရဲ့ Tik Tok Video လေးတွေ ဖြစ်ပါတယ်။ တိုင်းရင်းသူလေးဖြစ်တဲ့ Marip Jaseng ကတော့ သူ့အနေနဲ့ Tik Tok Video လေးတွေ ရိုက်ရင်း မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ တူတယ်ဆိုပြီးတော့ သူ့ကိုချစ်ပြီး ဝန်းရံကြတဲ့ လူတွေများခဲ့ပါတယ်။ အိန္ဒြာကျော်ဇင် ကိုယ်တိုင်ကလည်း သူနဲ့တူတယ်လို့ ပြောခဲ့ပြီး Marip Jaseng ကတော့ သူ့အနေနဲ့ လူတွေဒီလိုပြောကြလို့ ဝမ်းသာမိတယ်လို့ ပြောကြားသွား ခဲ့ပါတယ်။


တိုင်းရင်းသူလေး Marip Jaseng ကတော့ Popular နဲ့ အင်တာဗျူးတွင် အိန္ဒြာကျော်ဇင်နဲ့တူတယ်လို့ အများစုက ပြောနေကြတဲ့ အပေါ်မှာတော့ “အရမ်းဝမ်းသာ ပီတိဖြစ်ရပါတယ်။ ကိုယ်တိုင်မတုပေမယ့်လည်း ကိုယ့်ရဲ့ Idol နဲ့ တူသွားတဲ့အတွက် ဝမ်းသာပါတယ်”

Tik Tok ဆော့ဖြစ်တာနဲ့ ပတ်သက်ပြီး “အဲ့ဒါဆော့တာကတော့ အရမ်းမကျွမ်းကျင်ပါဘူး။ ကိုယ်ကလည်း နဂိုကတည်းက အနုပညာပိုးပါတာပေါ့နော်။ လိုက်လုပ်ရင်း ပိုးဝင်သွားတာပေါ့။ အမှတ်မထင်ဘဲ ကိုယ် Tik Tok ကစားလိုက်တဲ့အချိန်မှာ ကိုယ့်နှုတ်ခမ်းကတူသွားတယ်။ ကိုယ့်မျက်လုံးက တူသွားတယ်။ မအူဝဲကို တုမယ်ဆိုရင်တော့ မတုနိုင်ဘူးပေါ့နော်။ သူများတွေက အိုက်တင်တူတယ် ပြောကြလို့ ကိုယ့်ဘာကိုယ်တောင် အံ့သြရပါတယ်”

အိန္ဒြာကျော်ဇင်က ကိုယ့်အတွက် ဘယ်လို Idol မျိုးလဲဆိုတဲ့ အပေါ်မှာတော့ “သူက ပြိုင်စံရှားတဲ့ ကျွန်မရဲ့ Idol ပါ။ ငယ်ငယ်ကတည်းကလည်း ကိုယ်က ကြိုက်ခဲ့တဲ့သူတယောက်ဖြစ်တယ်။ သူ့အိုက်တင် အမူယာလေးတွေ ကိုယ်လုံးကိုယ်ပေါက်တွေ အကုန်လုံးကို ကြိုက်ပါတယ်။ တကယ့်ကို Idol အကြီးစားပါပဲ။ အစကတော့ တူတယ်မတူဘူးလို့ ပြောနေကြတဲ့ အချိန်မှာ ဆဲတဲ့သူတွေလည်း ရှိတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ဘာပဲ ဖြစ်ဖြစ်တော့ မအူဝဲကိုယ်တိုင်က ကိုယ့်ကိုသူနဲ့တူတယ်လို့ ပြောလိုက်တဲ့ အချိန်မှာ အရမ်းဝမ်းသာသွားတယ်။ သူကိုယ်တိုင်ပြောပေးလိုက်တော့ ဘာစိတ်ဆင်းရဲမှုမှ မရှိတော့သလိုပါပဲ”

“သူများတွေက တူအောင်လိုက်တုတယ် ပြောကြတယ်။ ဒါပေမယ့်လည်း ကိုယ်က လိုက်တုပြီး မလုပ်ခဲ့တာကြောင့် စိတ်မကောင်းဖြစ်ရတယ်။ ကိုယ့် Idol ဆိုပေမယ့်လည်း တူအောင်တော့ လိုက်မတုခဲ့ပါဘူး။ မျက်ရစ်ခွဲစိတ်ထားတယ်လည်း ပြောကြတယ်။ တကယ်တမ်းဆို ဆေးထိုးဖို့တောင် တော်တော်ကြောက်တယ်။ မဖြစ်နိုင်တာတွေ ဘာလို့ပြောကြတာလဲပေါ့။ တူတော့လည်း ဘာဖြစ်လဲ မတူတော့လည်း လာဖြစ်လဲပေါ့။ ဒါပေမယ့်လည်း တူတယ်မတူဘူး ပြောရင်းနဲ့ပဲ ကျွန်မကို လူသိလာတာပေါ့။ ကျွန်မက မြစ်ကြီးနားမှာလည်း အက ဆရာလေ။ ပြီးတော့ ဗီဒီယိုလေးတွေတေ့ာ နည်းနည်းပါးပါး ရိုက်တာပေါ့။ သရုပ်ဆောင်လုပ်ရတာလည်း ဝါသနာပါတယ်။ အနုပညာဆိုရင် အကုန်ဝါသနာပါပါတယ်။ အားလုံးကို ချစ်ပေးလို့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top