ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×



ကစားတာကို လူေတာ္ေတာ္မ်ားမ်ားက ပိုက္ဆံေပးျပီး ကူလီထမ္းတယ္လို႔ ျမင္ တတ္ၾကေပမယ့္ တကယ္တမ္းေတာ့ အလွအပအတြက္ေရာ၊ က်န္းမာေရးအတြက္ပါ မျဖစ္မေန လုပ္ေပးသင့္တဲ့ အေလ့အက်င့္ေကာင္း တစ္ခုပဲျဖစ္ပါတယ္။

အိမ္မွာ ကိုယ္တိုင္ေလ့က်င့္ရင္လည္း ရေပမယ့္ လူအမ်ားစုက ကိုယ္တိုင္လုပ္ရမွာ ပ်င္းတာရယ္၊ အလုပ္၊ ေက်ာင္းကေန အိမ္ျပန္ေရာက္ျပီဆိုရင္ ပင္ပန္းလို႔ဆိုျပီး အိပ္ယာတန္း၀င္လိုက္တာေတြ၊ နည္းစနစ္မွန္ကန္စြာ ေလ့က်င့္ခန္း မလုပ္တဲ့အခါ ပင္ပန္းျပီး ဘာမွအက်ိဳးထူး မရွိေတာ့ဘူးေပါ့။

Gym မွာေတာ့ နားလည္တတ္ကၽြမ္းတဲ့ နည္းျပဆရာေတြကိုယ္တိုင္ စနစ္တက် နည္းမွန္လမ္းမွန္နဲ႔ ေလ့က်င့္ေပးတယ္။ စားေသာက္မႈပံုစံ၊ ေနထိုင္မႈပံုစံေတြကို ျပဳျပင္ေျပာင္းလဲေပးႏိုင္တယ္။ ကိုယ္ခႏၶာအလွအပအတြက္သာမက စိတ္ကိုပါ လန္းဆန္းေပါ့ပါးေစတယ္။

အခ်ိန္တိုအတြင္းမွာ သိသိသာသာ ေျပာင္းလဲသြားတဲ့ ေကာင္းမြန္တဲ့ ရလဒ္ကို ေတြ႔ျမင္ရေစပါတယ္။ ဒါေၾကာင့္ က်ား၊ မ အသက္အရြယ္မေရြး ေလ့က်င့္ခန္းကို ေန႔စဥ္ ဂရုစိုက္ျပီး လုပ္ဖို႔ လိုအပ္ပါတယ္။

Gym ကစားျခင္းျဖင့္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရႏိုင္လဲ။

ပိန္တဲ့သူနဲ႔ ၀တဲ့သူ Gym ကစားရတဲ့ ရည္ရြယ္ခ်က္ခ်င္း၊ ပန္းတိုင္ခ်င္း ကြဲသြားရင္ေတာင္ ကိုယ့္အသက္အရြယ္နဲ႔ လိုက္ဖက္တဲ့ က်စ္လ်စ္သန္မာတဲ့ ကိုယ္ခႏၶာအလွအပကို လိုခ်င္ၾက တာေတာ့ တူၾကမွာပါ။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ကိုယ္အေလးခ်ိန္ကို ထိန္းညွိေပးတယ္။ ကိုယ္ခႏၶာတြင္း အဆီေတြကို က်ေစတယ္။ ၾကြက္သားနဲ႔ အရိုးအဆစ္ကို သန္စြမ္းၾက့ံ ခိုင္ေစျပီး ခြန္အားျဖစ္ေစတယ္။

ကိုယ္ခံအားစနစ္ကို တည္ေဆာက္ေပးျပီး အေမာခံႏိုင္ကာ သက္လံုေကာင္းေစတယ္။ ေရာဂါေတြကိုလည္း ကိုယ္ခႏၶာထဲ မ၀င္ေရာက္လာေစဖို႔ ခုခံတိုက္ထုတ္ေပးႏိုင္ပါတယ္။
Gym ကစားတဲ့သူတိုင္း သိထားသင့္တဲ့ စားေသာက္ေနထိုင္မႈပံုစံ

အလွအပတစ္ခုတည္းအတြက္မဟုတ္ဘဲ ကိုယ့္ရဲ႕ က်န္းမာေရးအတြက္ အလြန္အေရးပါတဲ့ ေလ့က်င့္ခန္းကိုေရာ၊ ေန႔စဥ္ ေနထိုင္မႈပံုစံနဲ႔ အစာအာဟာရကိုပါ ေသခ်ာဂရုစိုက္သင့္တဲ့ အခ်က္ေတြ ရွိပါတယ္။



၁။ ပရိုတင္းဓာတ္ မ်ားမ်ားစားေပးရမွာပါ။

ပရိုတင္းဓာတ္ဟာ ကိုယ္ခႏၶာကို ၾကီးထြားဖြံ႔ျဖိဳးေစျပီး အရိုးအဆစ္ေတြကို သန္မာေစတယ္။ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္တယ္။ ေလ့က်င့္ခန္း လုပ္ေနသူေတြအတြက္ လိုအပ္တဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးႏိုင္တယ္။ ပံုမွန္အခ်ိန္ေတြမွာ ေလ့က်င့္ခန္းေၾကာင့္ ေညာင္းကိုက္ေနတာမ်ိဳး မျဖစ္ေစဖို႔ ကူညီေပးႏိုင္တယ္။

 ပိန္တဲ့သူေတြ ကိုယ္အေလးခ်ိန္တက္ခ်င္ရင္ျဖစ္ေစ၊ ၀ေနတဲ့သူေတြ ကိုယ္အေလးခ်ိန္ က်ခ်င္ လို႔ ျဖစ္ေစ၊ ပရိုတင္းဓာတ္ကို မျဖစ္မေန စားေပးဖို႔ လိုပါတယ္။ အဓိက အသား၊ ငါး၊ ႏြားႏို႔နဲ႔ ပဲ အမ်ိဳးမ်ိဳးကေန ပရိုတင္းဓာတ္ကို ရရွိပါတယ္။ ကိုယ့္အေနနဲ႔ အခ်ိန္တိုအတြင္းမွာ ခႏၶာ ကိုယ္ၾကြက္သားထုကို တည္ေဆာက္ခ်င္တယ္ဆိုရင္ ပရိုတင္းျဖည့္စြက္စာ အားေဆးေတြကို ေသာက္သံုးေပးလို႔ ရပါတယ္။

၂။ ဟင္းသီးဟင္းရြက္၊ အသီးအႏွံေတြကို မေမ့ထားပါနဲ႔။

ကၽြန္ေတာ္တို႔ ကိုယ္ခႏၶာက ေကာင္းစြာ အလုပ္လုပ္ႏိုင္ဖို႔နဲ႔ က်န္းမာျပီး အသက္ရွည္ေစဖို႔ ဗီတာမင္အာဟာရဓာတ္ေတြ ေန႔စဥ္လိုအပ္ပါတယ္။ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံေတြမွာ ကိုယ္ခႏၶာအတြက္ မရွိမျဖစ္ ဗီတာမင္နဲ႔ သတၱဳဓာတ္ေပါင္းမ်ားစြာ ပါ၀င္တယ္။ ဒါ့အျပင္ အစာေၾကလြယ္ေစျပီး ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္။

စားလိုက္တဲ့ ပရိုတင္းဓာတ္ေတြကို ကိုယ္ခႏၶာက ေကာင္းစြာ စုပ္ယူႏိုင္ေစဖို႔လည္း ကူ ညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အသားခ်ည္းပဲ စားေနျပီး ဟင္းသီးဟင္းရြက္ေတြ၊ အသီးအႏွံေတြကို ေမ့ထားလို႔ မျဖစ္ဘူးေနာ္။

၃။ အိပ္ခ်ိန္ ျပည့္၀ေနပါေစ။

အိပ္ခ်ိန္ဟာ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအတြက္ အေရးၾကီးတယ္ဆိုတာ သိထားေပမဲ့ လူေတာ္ေတာ္မ်ားမ်ားမွာ ရွိသင့္ရွိထိုက္တဲ့ အိပ္ခ်ိန္ထက္ နည္းျပီး အိပ္စက္ေနၾကပါတယ္။ က်န္းမာေရးအတြက္လည္း ေရရွည္မွာ ဒုကၡျဖစ္ေစႏိုင္တယ္။ အထူးသျဖင့္ Gym ကို ဂရုစိုက္ျပီး ကစားေနတဲ့အခ်ိန္မွာ အိပ္ခ်ိန္မျပည့္၀လို႔ အိပ္ေရးမ၀ရင္ ေကာင္းေကာင္းေဆာ့ ကစားႏိုင္မွာ မဟုတ္သလို နည္းနည္းေလး ကစားလိုက္တာနဲ႔ ပင္ပန္းျပီး ေမာေနေတာ့ မွာေပါ့။

ဒါေၾကာင့္ အိပ္ခ်ိန္ကို အနည္းဆံုး ၇-၈နာရီ အိပ္စက္ေပးဖို႔ အေရးၾကီးပါတယ္။ ညဘက္ ေနာက္က်မွ အိပ္တတ္တဲ့ အက်င့္ရွိရင္ေတာ့ ေစာေစာစီးစီး ေဖ်ာက္လိုက္တာ ကိုယ့္ရဲ႕ အနာဂတ္က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရွိေစမွာပါ။

၄။ ပမာဏနည္းနည္းနဲ႔ အၾကိမ္ေရမ်ားမ်ားစားပါ။

စားျပီး ဗိုက္၀ရင္ျပီးေရာ ဆိုျပီး ထမင္းေတြကို တစ္ထိုင္တည္းနဲ႔ အမ်ားၾကီးစားတဲ့အခါ အစာ အိမ္က ေကာင္းစြာ ေခ်ဖ်က္ဖို႔အတြက္ အလုပ္အရမ္းလုပ္ရပါတယ္။ ဒီအခါမွာ ကိုယ္စားလိုက္ တဲ့ အစာအာဟာရကို ကိုယ္ခႏၶာက ေကာင္းစြာ စုပ္ယူႏိုင္ဖို႔လည္း ခဲယဥ္းသြားတာေပါ့။ ဒါေၾကာင့္ ပမာဏနည္းနည္းနဲ႔ မၾကာခဏ အစာစားတတ္တဲ့အက်င့္ကို ေမြးထားပါ။ ဗိုက္ဆာ တဲ့အခ်ိန္မွာ အာဟာရျဖစ္ေစတဲ့ အစားအစာေတြကို အဓိကစားပါ။

၅။ အဆီ၊ အငန္၊ အခ်ိဳ ေလွ်ာ့စားပါ။

လံုး၀မစားဘဲ ေနလိုက္တာထက္ ေလွ်ာ့စားမယ္ဆိုရင္ သိပ္ျပီးေတာ့ ျပႆနာမရွိေစပါဘူး။ အဆီမ်ားတဲ့ အစားအစာေတြ၊ အငန္ဓာတ္မ်ားတာ၊ အခ်ိဳလြန္ကဲတဲ့ မုန္႔ေတြဟာ လူကိုအ၀ လြန္ေစျပီး ကိုယ္တြင္းအဆီတက္ေစတယ္။ ၾကာလာရင္ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလံုး၊ ကင္ဆာ အစရွိတဲ့ ေရာဂါေတြကိုပါ ျဖစ္လာေစႏိုင္ပါတယ္။

က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းညွိဖို႔၊ ကိုယ္ခႏၶာ အမိုက္စားရေအာင္ ေလ့က်င့္ေနတဲ့ အခ်ိန္မွာ ဒီလိုအစားအစာေတြကို အမ်ားၾကီးစားလိုက္ရင္ ကိုယ္အပင္ပန္းခံ ေဆာ့ခဲ့သမွ် အလဟႆ ျဖစ္သြားမယ္ဆိုတာ အျမဲသိထားဖို႔ေတာ့ လိုပါတယ္။

၆။ ခႏၶာကိုယ္က ေရဓာတ္ျပည့္၀ေနပါေစ။

ကိုယ္ခႏၶာက လႈပ္လႈပ္ရွားရွား ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ ေခၽြးထြက္ျပီး ကိုယ္တြင္းမွာ ရွိတဲ့ ေရဓာတ္ေတြ ဆံုးရံႈးတာ သဘာ၀ပါပဲ။ ဒီေတာ့ ကိုယ္က ေရကို ပံုမွန္ေသာက္ေပးမယ္၊ ေရဓာတ္ၾကြယ္၀တဲ့ အစားအစာေတြကို ပံုမွန္စားေပးမယ္ဆိုရင္ ေရဓာတ္ခမ္းေျခာက္တဲ့ အေျခအေနထိ မေရာက္ေအာင္ ကာကြယ္ေပးႏိုင္မယ့္အျပင္ လူကိုလည္း ေပါ့ပါးလန္း ဆန္းေစလို႔ ေလ့က်င့္ခန္းကို တက္တက္ၾကြၾကြနဲ႔ အားသြန္ခြန္စိုက္ ကစားႏိုင္ဖို႔ ကူညီေပးႏိုင္ ပါတယ္။

ဒီအခ်က္ေလးေတြကို ေသခ်ာလိုက္နာမယ္။ ေန႔စဥ္ ပံုမွန္ မွန္ကန္တဲ့ နည္းစနစ္နဲ႔ ေလ့က်င့္ခန္းလုပ္မယ္၊ ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈပံုစံကို ျပင္လိုက္မယ္ဆိုရင္ အခ်ိန္တိုအတြင္းမွာ ကိုယ္ရည္မွန္းတဲ့ ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ႏိုင္မွာ အေသအခ်ာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ကစားတာကို လူတော်တော်များများက ပိုက်ဆံပေးပြီး ကူလီထမ်းတယ်လို့ မြင် တတ်ကြပေမယ့် တကယ်တမ်းတော့ အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။

အိမ်မှာ ကိုယ်တိုင်လေ့ကျင့်ရင်လည်း ရပေမယ့် လူအများစုက ကိုယ်တိုင်လုပ်ရမှာ ပျင်းတာရယ်၊ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ဆိုပြီး အိပ်ယာတန်းဝင်လိုက်တာတွေ၊ နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခန်း မလုပ်တဲ့အခါ ပင်ပန်းပြီး ဘာမှအကျိုးထူး မရှိတော့ဘူးပေါ့။

Gym မှာတော့ နားလည်တတ်ကျွမ်းတဲ့ နည်းပြဆရာတွေကိုယ်တိုင် စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ပေးတယ်။ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ကိုယ်ခန္ဓာအလှအပအတွက်သာမက စိတ်ကိုပါ လန်းဆန်းပေါ့ပါးစေတယ်။

အချိန်တိုအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ ကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရစေပါတယ်။ ဒါကြောင့် ကျား၊ မ အသက်အရွယ်မရွေး လေ့ကျင့်ခန်းကို နေ့စဉ် ဂရုစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။

Gym ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ။

ပိန်တဲ့သူနဲ့ ဝတဲ့သူ Gym ကစားရတဲ့ ရည်ရွယ်ချက်ချင်း၊ ပန်းတိုင်ချင်း ကွဲသွားရင်တောင် ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကျစ်လျစ်သန်မာတဲ့ ကိုယ်ခန္ဓာအလှအပကို လိုချင်ကြ တာတော့ တူကြမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်ခန္ဓာတွင်း အဆီတွေကို ကျစေတယ်။ ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ ခိုင်စေပြီး ခွန်အားဖြစ်စေတယ်။

ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးပြီး အမောခံနိုင်ကာ သက်လုံကောင်းစေတယ်။ ရောဂါတွေကိုလည်း ကိုယ်ခန္ဓာထဲ မဝင်ရောက်လာစေဖို့ ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။
Gym ကစားတဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံ

အလှအပတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်ခန်းကိုရော၊ နေ့စဉ် နေထိုင်မှုပုံစံနဲ့ အစာအာဟာရကိုပါ သေချာဂရုစိုက်သင့်တဲ့ အချက်တွေ ရှိပါတယ်။

၁။ ပရိုတင်းဓာတ် များများစားပေးရမှာပါ။

ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ လေ့ကျင့်ခန်း လုပ်နေသူတွေအတွက် လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပုံမှန်အချိန်တွေမှာ လေ့ကျင့်ခန်းကြောင့် ညောင်းကိုက်နေတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်တယ်။

 ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်ချင်ရင်ဖြစ်စေ၊ ဝနေတဲ့သူတွေ ကိုယ်အလေးချိန် ကျချင် လို့ ဖြစ်စေ၊ ပရိုတင်းဓာတ်ကို မဖြစ်မနေ စားပေးဖို့ လိုပါတယ်။ အဓိက အသား၊ ငါး၊ နွားနို့နဲ့ ပဲ အမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို ရရှိပါတယ်။ ကိုယ့်အနေနဲ့ အချိန်တိုအတွင်းမှာ ခန္ဓာ ကိုယ်ကြွက်သားထုကို တည်ဆောက်ချင်တယ်ဆိုရင် ပရိုတင်းဖြည့်စွက်စာ အားဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။

၂။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို မမေ့ထားပါနဲ့။

ကျွန်တော်တို့ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကျန်းမာပြီး အသက်ရှည်စေဖို့ ဗီတာမင်အာဟာရဓာတ်တွေ နေ့စဉ်လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းများစွာ ပါဝင်တယ်။ ဒါ့အပြင် အစာကြေလွယ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။

စားလိုက်တဲ့ ပရိုတင်းဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်စေဖို့လည်း ကူ ညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားချည်းပဲ စားနေပြီး ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို မေ့ထားလို့ မဖြစ်ဘူးနော်။

၃။ အိပ်ချိန် ပြည့်ဝနေပါစေ။

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ သိထားပေမဲ့ လူတော်တော်များများမှာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ထက် နည်းပြီး အိပ်စက်နေကြပါတယ်။ ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဒုက္ခဖြစ်စေနိုင်တယ်။ အထူးသဖြင့် Gym ကို ဂရုစိုက်ပြီး ကစားနေတဲ့အချိန်မှာ အိပ်ချိန်မပြည့်ဝလို့ အိပ်ရေးမဝရင် ကောင်းကောင်းဆော့ ကစားနိုင်မှာ မဟုတ်သလို နည်းနည်းလေး ကစားလိုက်တာနဲ့ ပင်ပန်းပြီး မောနေတော့ မှာပေါ့။

ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး ၇-၈နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။ ညဘက် နောက်ကျမှ အိပ်တတ်တဲ့ အကျင့်ရှိရင်တော့ စောစောစီးစီး ဖျောက်လိုက်တာ ကိုယ့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေမှာပါ။

၄။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပါ။

စားပြီး ဗိုက်ဝရင်ပြီးရော ဆိုပြီး ထမင်းတွေကို တစ်ထိုင်တည်းနဲ့ အများကြီးစားတဲ့အခါ အစာ အိမ်က ကောင်းစွာ ချေဖျက်ဖို့အတွက် အလုပ်အရမ်းလုပ်ရပါတယ်။ ဒီအခါမှာ ကိုယ်စားလိုက် တဲ့ အစာအာဟာရကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်ဖို့လည်း ခဲယဉ်းသွားတာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ အစာစားတတ်တဲ့အကျင့်ကို မွေးထားပါ။ ဗိုက်ဆာ တဲ့အချိန်မှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပါ။

၅။ အဆီ၊ အငန်၊ အချို လျှော့စားပါ။

လုံးဝမစားဘဲ နေလိုက်တာထက် လျှော့စားမယ်ဆိုရင် သိပ်ပြီးတော့ ပြဿနာမရှိစေပါဘူး။ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်များတာ၊ အချိုလွန်ကဲတဲ့ မုန့်တွေဟာ လူကိုအ၀ လွန်စေပြီး ကိုယ်တွင်းအဆီတက်စေတယ်။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ ကိုယ်ခန္ဓာ အမိုက်စားရအောင် လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် ကိုယ်အပင်ပန်းခံ ဆော့ခဲ့သမျှ အလဟဿ ဖြစ်သွားမယ်ဆိုတာ အမြဲသိထားဖို့တော့ လိုပါတယ်။

၆။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေပါစေ။

ကိုယ်ခန္ဓာက လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ချွေးထွက်ပြီး ကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးတာ သဘာဝပါပဲ။ ဒီတော့ ကိုယ်က ရေကို ပုံမှန်သောက်ပေးမယ်၊ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်တဲ့ အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် လူကိုလည်း ပေါ့ပါးလန်း ဆန်းစေလို့ လေ့ကျင့်ခန်းကို တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက် ကစားနိုင်ဖို့ ကူညီပေးနိုင် ပါတယ်။

ဒီအချက်လေးတွေကို သေချာလိုက်နာမယ်။ နေ့စဉ် ပုံမှန် မှန်ကန်တဲ့ နည်းစနစ်နဲ့ လေ့ကျင့်ခန်းလုပ်မယ်၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်ရည်မှန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top