လက္ဖက္ရည္ကုိ တစ္ကမာၻလုံးက ေသာက္သုံးၾကပါတယ္။ လက္ဖက္ရည္ေသာက္သုံးျခင္းမွာ ဆက္စပ္ေနတဲ႕က်န္းမာေရး အက်ဳိးေက်းဇူးေတြရွိပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ႕ လက္ဖက္ရည္ေတြကေတာ့ ဗုိက္ကအဆီေတြ က်ေစျပီး ဝိတ္က်ဖုိ႕ အေထာက္ကူျပဳနုိင္တဲ႕လက္ဖက္ရည္ေတြျဖစ္ပါတယ္။

၁- လက္ဖက္စိမ္းရည္


လက္ဖက္စိမ္းရည္ ကုိ ဝိတ္က်ခ်င္တဲ႕သူတိုင္းေသာက္သုံးသင့္တယ္ဆုိတာ က်န္းမာေရးေဆာင္းပါတုိင္းမွာ ဖတ္ဖူးၾကမယ္ထင္ပါတယ္။ လက္ဖက္စိမ္းရည္မွာ သဘာဝ အန္တီေအာက္စိဒန္႕ေတြပါဝင္ျပီး ကုိယ္တြင္းျဖစ္စဥ္ေတြကုိ ေကာင္းမြန္ေစပါတယ္။ အထူးသျဖင့္ ဝမ္းဗုိက္ေနရာက အဆီေတြဖယ္ရွားေပးျခင္းမွာ အေကာင္းဆုံး အေထာက္ကူျပဳတဲ႕ အရာတစ္ခုျဖစ္ပါတယ္။

၂- နႏြင္းမုန္႕လက္ဖက္ရည္


နႏြင္းက ဝိတ္ထိန္တဲ႕ေနရာမွာကူညီေပးနုိင္ပါတယ္။ နႏြင္းမွာပါဝင္တဲ႕ အန္တီေအာက္စိဒန္႕ ေတြက အင္ဆူလင္ပါဝင္မူ၊ ေသြးထဲသၾကားပါဝင္မူ နဲ႕ ဝျဖဳိးမူကေနျဖစ္လာတဲ႕အျခားေသာ ကုိယ္တြင္းျဖစ္စဥ္ေတြကုိလဲ ထိန္းခ်ဳပ္နုိင္ပါတယ္။

၃- သံပုယိုသီးနဲ႕ဂ်င္း


သံပုယုိသီးနဲ႕ဂ်င္း မွာ ကုိယ္တြင္းက ဇီဝကမၼျဖစ္စဥ္ေတြကုို တုိးတက္ေကာင္းမြန္ေစနုိင္တဲ႕ က်န္းမားေရးေကာင္းက်ဳိးေတြရွိပါတယ္။ ဂ်င္းနဲ႕သံပုယုိသီး လက္ဖက္ရည္ဟာ ေကာ္ဖီထက္ပုိျပီး အင္နာဂ်ီ ျမင့္တင္ေပးမူ ၃ ဆေကာင္းမြန္ပါတယ္။ ဗီတာမင္စီပါဝင္ျခင္း ၊ အန္တီေအာက္စိဒန္႕ ပါဝင္မူၾကြယ္ဝျခင္း တို႕က ကုိယ္တြင္း Immune System ကုိျမင့္တင္ေပးနိုင္ပါတယ္။ ဒါ႕အျပင္ ဂ်င္းမွာ ကုိယ္တြင္းသၾကားပါဝင္မူ ကုိထိန္းညိွ႕ေပးနုိင္တဲ႕အစြမ္းရွိပါတယ္။ သံပုသီးက အသဲ က်န္းမာေရးကုိတုိးတက္ေစျပီး အဆီေခ်ဖ်က္မူကုိကူးညီေပးနုိင္တဲ႕ အစာေျခဖ်က္မူကုိ ေကာင္းမြန္းေစကာ အဆီေတြ စုျပဳံေနျခင္း ကုိ ရပ္တန္႕ေပးနုိင္ပါတယ္။

၄- ပူစီနံ


ပူစီနံလက္ဖက္ရည္ဟာ စိတ္ဖိစီးမူ ကုိေလ်ာ့ခ်ျပီး အိပ္စက္ျခင္းကုိပုိမုိေကာင္းမြန္ေစနုိင္ပါတယ္။ အသားရည္နဲ႕ဆံေကသာအတြက္လဲအက်ဴိးျဖစ္ေစျပီး အစားေျခဖ်က္မူေကာင္းခ်င္္တဲ႕သူေတြ အတြက္သင့္ေတာ္ပါတယ္။ အန္တီေအာက္စိဒန္႕ၾကြယ္ဝျခင္းက ေသြးကုိသန္႕စင္ေစျပီး ခႏၶာကုိယ္တြင္းက အဆိပ္ေတာက္ေတြကုိ ဖယ္ရွားေပးနိုင္ပါတယ္။ မၾကာခဏဆာေလာင္တတ္ျခင္းကုိလဲ ထိန္းသိမ္းေပးတာျဖစ္လုိ႕ ဝိတ္ခ်ခ်င္တဲ႕သူေတြအတြက္သင့္ေတာ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

#Unicode Version#

လက်ဖက်ရည်ကို တစ်ကမ္ဘာလုံးက သောက်သုံးကြပါတယ်။ လက်ဖက်ရည်သောက်သုံးခြင်းမှာ ဆက်စပ်နေတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ လက်ဖက်ရည်တွေကတော့ ဗိုက်ကအဆီတွေ ကျစေပြီး ဝိတ်ကျဖို့ အထောက်ကူပြုနိုင်တဲ့လက်ဖက်ရည်တွေဖြစ်ပါတယ်။

၁- လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည် ကို ဝိတ်ကျချင်တဲ့သူတိုင်းသောက်သုံးသင့်တယ်ဆိုတာ ကျန်းမာရေးဆောင်းပါတိုင်းမှာ ဖတ်ဖူးကြမယ်ထင်ပါတယ်။ လက်ဖက်စိမ်းရည်မှာ သဘာဝ အန်တီအောက်စိဒန့်တွေပါဝင်ပြီး ကိုယ်တွင်းဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နေရာက အဆီတွေဖယ်ရှားပေးခြင်းမှာ အကောင်းဆုံး အထောက်ကူပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။

၂- နနွင်းမုန့်လက်ဖက်ရည်

နနွင်းက ဝိတ်ထိန်တဲ့နေရာမှာကူညီပေးနိုင်ပါတယ်။ နနွင်းမှာပါဝင်တဲ့ အန်တီအောက်စိဒန့် တွေက အင်ဆူလင်ပါဝင်မူ၊ သွေးထဲသကြားပါဝင်မူ နဲ့ ဝဖြိုးမူကနေဖြစ်လာတဲ့အခြားသော ကိုယ်တွင်းဖြစ်စဉ်တွေကိုလဲ ထိန်းချုပ်နိုင်ပါတယ်။

၃- သံပုယိုသီးနဲ့ဂျင်း

သံပုယိုသီးနဲ့ဂျင်း မှာ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ကျန်းမားရေးကောင်းကျိုးတွေရှိပါတယ်။ ဂျင်းနဲ့သံပုယိုသီး လက်ဖက်ရည်ဟာ ကော်ဖီထက်ပိုပြီး အင်နာဂျီ မြင့်တင်ပေးမူ ၃ ဆကောင်းမွန်ပါတယ်။ ဗီတာမင်စီပါဝင်ခြင်း ၊ အန်တီအောက်စိဒန့် ပါဝင်မူကြွယ်ဝခြင်း တို့က ကိုယ်တွင်း Immune System ကိုမြင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂျင်းမှာ ကိုယ်တွင်းသကြားပါဝင်မူ ကိုထိန်းညှိ့ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ သံပုသီးက အသဲ ကျန်းမာရေးကိုတိုးတက်စေပြီး အဆီချေဖျက်မူကိုကူးညီပေးနိုင်တဲ့ အစာခြေဖျက်မူကို ကောင်းမွန်းစေကာ အဆီတွေ စုပြုံနေခြင်း ကို ရပ်တန့်ပေးနိုင်ပါတယ်။

၄- ပူစီနံ

ပူစီနံလက်ဖက်ရည်ဟာ စိတ်ဖိစီးမူ ကိုလျော့ချပြီး အိပ်စက်ခြင်းကိုပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အသားရည်နဲ့ဆံကေသာအတွက်လဲအကျိူးဖြစ်စေပြီး အစားခြေဖျက်မူကောင်းချင်တဲ့သူတွေ အတွက်သင့်တော်ပါတယ်။ အန်တီအောက်စိဒန့်ကြွယ်ဝခြင်းက သွေးကိုသန့်စင်စေပြီး ခန္ဓာကိုယ်တွင်းက အဆိပ်တောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မကြာခဏဆာလောင်တတ်ခြင်းကိုလဲ ထိန်းသိမ်းပေးတာဖြစ်လို့ ဝိတ်ချချင်တဲ့သူတွေအတွက်သင့်တော်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: mingalarbarmorning

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top