နိုင္ငံကိုယ္စားျပဳအလွမယ္နဲ႔ သ႐ုပ္ေဆာင္ဘဝကေန ေဒသႏၲရေရြးကာက္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ေနၿပီး ေရြးေကာက္ပြဲတြင္ အနိုင္ရရွိသည္ျဖစ္ေစ မရရွိသည္ျဖစ္ေစ တျခား နယ္ပယ္က လူငယ္ေတြလည္း နိုင္ငံေရးကို စိတ္ပါလာမယ္ဆိုရင္ ကၽြန္မပါ၀င္ယွဥ္ၿပိဳင္ရႀကိဳးနပ္ပါတယ္။ ဒီလို လမ္းေဖာက္လို့ ရပါ့လားလို့ ေတြးမိမယ္။ ဒါ ေကာင္းတဲ့ လကၡဏာပါ။
က်မအေနနဲ႔ကေတာ့ လူငယ္ေတြရဲ့ပါ၀င္မူဟာ အေရးႀကီးေၾကာင္းနဲ႔ လူငယ္ေတြရဲ့လုပ္ေဆာင္နိုင္စြမ္းကို က်မရဲ့လုပ္ေဆာင္မွုဆီကေနျပသဖို့ကအေရးႀကီးဆုံးပါပဲ
က်မတို့နိုင္ငံဟာ ရိုးရာဓေလ့အရ အမ်ိးသမီးေတြကို အိမ္ေထာင္မွု ထိန္းသိမ္းတဲ့ အိမ္ရွင္မတစ္ေယာက္အျဖစ္၊ ေနာက္လိုက္အျဖစ္သာ သတ္မွတ္ထားၾကပါတယ္။ ဒါကိုေက်ာ္လြန္ၿပီး လုပ္ေဆာင္သူမ်ားဟာ ႀကီးမားတဲ့ ဖိအားေတြကိုေက်ာ္လြန္ႀကိဳးစားလုပ္ကိုင္ေနရပါတယ္ ။

နိုင္ငံေရးသမားျဖစ္လာဖို့ ျမန္မာအမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ယုံၾကည္မူနဲ႔ရည္မွန္းခ်က္နည္းပါတယ္။ ျမန္မာနိုင္ငံေရးမွာ အမ်ိဳးသမီးေတြရဲ့ပါ၀င္မူဟာ ခုထိအကန္အသတ္ေတြရွိေနဆဲပါဘဲ။
ဂ်နီဗာ အေျခစိုက္ နိုင္ငံတကာ လႊတ္ ေတာ္မ်ားဆိုင္ရာ သမဂၢ Inter-Parliamentary Union (IPU)ကထုတ္ျပန္ခဲ့တဲ့ ကမၻာ နိုင္ငံေတြရဲ့ လႊတ္ေတာ္ေတြအတြင္းမွာရွိတဲ့ အမ်ိဳးသမီးအမတ္ ရာခိုင္ႏွုန္း နဲ႔ ပတ္သက္တဲ့ နိုင္ငံတကာ စစ္တမ္းအရ နိုင္ငံေပါင္း ၁၉၁နိုင္ငံမွာ ျမန္မာနိုင္ငံက အဆင့္ ၁၅၈ ေနရာမွာ ရွိေနခဲ့ပါတယ္။
ဒါေၾကာင့္အမ်ိးသမိးေတြပိုမိုပါ၀င္နိုင္ဖို့ The Asia Foundation က ၂၀၁၄ တြင္ျပဳလုပ္ခဲ့သည့္စစ္တမ္း တစ္ခုမွာ နိုင္ငံေရးနယ္ပယ္တြင္ အမ်ိဳးသမီးမ်ားပါဝင္လာမွုမွာ တိုး တက္လာသည္ဟု ေဖာ္ျပထား ေသာ္လည္း နိုင္ငံေရးအရ အေရး ပါသည့္ဆုံးျဖတ္ခ်က္မ်ားေပးနိုင္ ေသာေနရာတြင္ အမ်ိဳးသမီးမ်ား ေနရာရရွိမွုနည္းပါးေနေၾကာင္း ေဖာ္ျပထားပါတယ္။ 📉
အမ်ိဳးသမီးေတြပိုမိုပါ၀င္နိုင္ဖို့ အမ်ိဳးသမီးေတြကိုယ္တိုင္က ၀ိုင္းဝန္းအားေပးၾကမွပါ။ အမ်ိဳးသားေတြကလည္း ကိုယ့္ရဲ့ လုပ္ေဆာင္နိုင္မွုကိုတိုးျမႇင့္ရင္း အမ်ိဳးသမီးေတြရဲ့ လုပ္ေဆာင္နိုင္မွုကို အသိအမွတ္ျပဳေပးရန္လိုအပ္ပါတယ္။🤝
ကၽြန္မရဲ့ မဲဆႏၵနယ္ (၃) မွာဆိုရင္ ကၽြန္မတစ္ေယာက္ထဲ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ အမ်ိဳးသား ၉ ေယာက္နဲ႔ ယွဥ္ၿပိဳင္ေနရတာျဖစ္ပါတယ္။ ၿမိဳ့နယ္ ၃၃ ခုပါဝင္တဲ့ မဲဆႏၵနယ္ ၆ ခု မွာ ရန္ကုန္စည္ပင္ေကာ္မတီဝင္ေနရာအတြက္ အမ်ိဳးသား၂၅ဦး၊ အမ်ိဳးသမီး (၂)ဦးျဖစ္တဲ့ ကၽြန္မ ထက္ထက္ထြန္း မဲဆႏၵနယ္(၃)နဲ႔ နန႔္စုေရႊစင္ မဲဆႏၵနယ္(၅) စုစုေပါင္း ၂၇ဦး ဝင္ေရာက္ အေရြးခ်ယ္ခံမွာျဖစ္ၿပီး၊ အဲဒီကိုယ္စားလွယ္ေလာင္း (၂၇)ဦးထဲကမွ (၆)ဦးကို မဲဆႏၵရွင္ ျပည္သူေတြက ေရြးခ်ယ္ၾကရမွာပါ။
✅✅✅ကၽြန္မတို့ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း (၂)ဦးကို ယုံၾကည္ၿပီး ေရြးေပးၾကပါ။ ေကာ္မတီဝင္ (၁၁)ဦးမွာ ျပည္သူကေရြးခ်ယ္တဲ့ အမ်ိဳးသမီး ၂ဦးပါေအာင္ ကူညီေပးၾကပါ။✅✅✅
ဖိုးသူေတာ္ (www.phothutaw.com)
Credit:HTET HTET HTUN
#Unicode Version# ျဖင့္ဖတ္ပါ ။
⭐️⭐️”ကျွန်မဘဝမှာ အရေးကြီးဆုံးဖြစ်ရပ်နှစ်ခုက မြန်မာနိင်ငံကိုယ်စားပြုအလှမယ်အဖြစ် ကမ္ဘာနိုင်ငံအသီးသီးမှ အလှမယ်များနှင့်အတူ Miss Universe ယှဉ်ပြိုင်ခဲ့ခြင်းနှင့် ယခုစည်ပင်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချယှဉ်ပြိုင်နေခြင်းဖြစ်ပါတယ်” ⭐️⭐️
နိုင်ငံကိုယ်စားပြုအလှမယ်နဲ့ သရုပ်ဆောင်ဘဝကနေ ဒေသန္တရရွေးကာက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ တခြား နယ်ပယ်က လူငယ်တွေလည်း နိုင်ငံရေးကို စိတ်ပါလာမယ်ဆိုရင် ကျွန်မပါဝင်ယှဉ်ပြိုင်ရကြိုးနပ်ပါတယ်။ ဒီလို လမ်းဖောက်လို့ ရပါ့လားလို့ တွေးမိမယ်။ ဒါ ကောင်းတဲ့ လက္ခဏာပါ။
ကျမအနေနဲ့ကတော့ လူငယ်တွေရဲ့ပါဝင်မူဟာ အရေးကြီးကြောင်းနဲ့ လူငယ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို ကျမရဲ့လုပ်ဆောင်မှုဆီကနေပြသဖို့ကအရေးကြီးဆုံးပါပဲ
ကျမတို့နိုင်ငံဟာ ရိုးရာဓလေ့အရ အမျိးသမီးတွေကို အိမ်ထောင်မှု ထိန်းသိမ်းတဲ့ အိမ်ရှင်မတစ်ယောက်အဖြစ်၊ နောက်လိုက်အဖြစ်သာ သတ်မှတ်ထားကြပါတယ်။ ဒါကိုကျော်လွန်ပြီး လုပ်ဆောင်သူများဟာ ကြီးမားတဲ့ ဖိအားတွေကိုကျော်လွန်ကြိုးစားလုပ်ကိုင်နေရပါတယ် ။
နိုင်ငံရေးသမားဖြစ်လာဖို့ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေထက် ယုံကြည်မူနဲ့ရည်မှန်းချက်နည်းပါတယ်။ မြန်မာနိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မူဟာ ခုထိအကန်အသတ်တွေရှိနေဆဲပါဘဲ။
ဂျနီဗာ အခြေစိုက် နိုင်ငံတကာ လွှတ် တော်များဆိုင်ရာ သမဂ္ဂ Inter-Parliamentary Union (IPU)ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ နိုင်ငံတွေရဲ့ လွှတ်တော်တွေအတွင်းမှာရှိတဲ့ အမျိုးသမီးအမတ် ရာခိုင်နှုန်း နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စစ်တမ်းအရ နိုင်ငံပေါင်း ၁၉၁နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၁၅၈ နေရာမှာ ရှိနေခဲ့ပါတယ်။
ဒါကြောင့်အမျိးသမိးတွေပိုမိုပါဝင်နိုင်ဖို့ The Asia Foundation က ၂၀၁၄ တွင်ပြုလုပ်ခဲ့သည့်စစ်တမ်း တစ်ခုမှာ နိုင်ငံရေးနယ်ပယ်တွင် အမျိုးသမီးများပါဝင်လာမှုမှာ တိုး တက်လာသည်ဟု ဖော်ပြထား သော်လည်း နိုင်ငံရေးအရ အရေး ပါသည့်ဆုံးဖြတ်ချက်များပေးနိုင် သောနေရာတွင် အမျိုးသမီးများ နေရာရရှိမှုနည်းပါးနေကြောင်း ဖော်ပြထားပါတယ်။ 📉
အမျိုးသမီးတွေပိုမိုပါဝင်နိုင်ဖို့ အမျိုးသမီးတွေကိုယ်တိုင်က ဝိုင်းဝန်းအားပေးကြမှပါ။ အမျိုးသားတွေကလည်း ကိုယ့်ရဲ့ လုပ်ဆောင်နိုင်မှုကိုတိုးမြှင့်ရင်း အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်မှုကို အသိအမှတ်ပြုပေးရန်လိုအပ်ပါတယ်။🤝
ကျွန်မရဲ့ မဲဆန္ဒနယ် (၃) မှာဆိုရင် ကျွန်မတစ်ယောက်ထဲ အမျိုးသမီးတစ်ယောက်အဖြစ် အမျိုးသား ၉ ယောက်နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ မြို့နယ် ၃၃ ခုပါဝင်တဲ့ မဲဆန္ဒနယ် ၆ ခု မှာ ရန်ကုန်စည်ပင်ကော်မတီဝင်နေရာအတွက် အမျိုးသား၂၅ဦး၊ အမျိုးသမီး (၂)ဦးဖြစ်တဲ့ ကျွန်မ ထက်ထက်ထွန်း မဲဆန္ဒနယ်(၃)နဲ့ နန့်စုရွှေစင် မဲဆန္ဒနယ်(၅) စုစုပေါင်း ၂၇ဦး ဝင်ရောက် အရွေးချယ်ခံမှာဖြစ်ပြီး၊ အဲဒီကိုယ်စားလှယ်လောင်း (၂၇)ဦးထဲကမှ (၆)ဦးကို မဲဆန္ဒရှင် ပြည်သူတွေက ရွေးချယ်ကြရမှာပါ။
✅✅✅ကျွန်မတို့ အမျိုးသမီးကိုယ်စားလှယ်လောင်း (၂)ဦးကို ယုံကြည်ပြီး ရွေးပေးကြပါ။ ကော်မတီဝင် (၁၁)ဦးမှာ ပြည်သူကရွေးချယ်တဲ့ အမျိုးသမီး ၂ဦးပါအောင် ကူညီပေးကြပါ။✅✅✅