





ဖိုးသူတော် (www.phothutaw.com)
Credit: Cele Yatkwat & Myanmar celebrity

#Unicode Version#


အဆိုတော် ဂျီလက်ရဲ့ ညီဖြစ်သူ တေးရေးဆရာတစ်ဦးဖြစ်တဲ့ ကမ္ဘာဟာ မတ်လ ၃ ရက်နေ့ ညပိုင်းလောက်က နေပြည်တော်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တေးရေး ကမ္ဘာဟာ အကိုဖြစ်သူ ဂျီလတ်ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်သော မှားလား၊ ခဏတာ၊မြို့ပြလမ်းခွဲ၊အချိန်လွန်ငှက် စတဲ့ တေးသီချင်းတွေကို ဖန်တီးရေးသားခဲ့တဲ့ အနုပညာဖန်တီးသူတစ်ဦးဖြစ်ပါတယ်။


အဆိုတော် G Latt ရဲ့ ညီဖြစ်သူ တေးရေး တေးဆို ကမ္ဘာရဲ့ နောက်ဆုံးခရီးကို မတ်လ ၇ ရက်နေ့ က ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်မှာ ဈာပနဝတ်ပြုကိုးကွယ်ခြင်းနဲ့ မြေသို့အပ်နှံခြင်း အစီအစဉ်တွေ ပြုလုပ်ခဲ့ပါတယ်။ ဂီတလောကမှ မောင်နှမတွေကလည်း ကမ္ဘာရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်၊


တေးရေး ကမ္ဘာရဲ့နောက်ဆုံး ခရီးပုံရိပ်တွေကိုပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ကမ္ဘာတစ်ယောက်ကောင်းရာ ဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: Cele Yatkwat & Myanmar celebrity
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top