20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×



လႈိင္ျမိဳ႕နယ္ထဲက ေရသန္႔ ထုတ္လုပ္ေရာင္းခ်ေနတဲ့ လုပ္ငန္းတစ္ခုကုိ FDA က ေရွာင္တခင္၀င္စစ္ျပီး ပိတ္သိမ္းမႈျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေရသန္႔လုပ္ငန္း ကုိတုိင္ၾကားခ်က္အရ ၀င္ေရာက္ရွာေဖြခဲ့တာျဖစ္ျပီး အစားအေသာက္ထုတ္လုပ္ျခင္း ေထာက္ခံခ်က္မရွိတဲ့လုပ္ငန္းျဖစ္တာကုိေတြ႔ရ တယ္လုိ႔ မတ္လ ၁၅ ရက္ေန႔က ရန္ကုန္တုိင္းေဒသၾကီးအစားအေသာက္နဲ ႔ေဆး ၀ါးကြပ္ကဲေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

လိႈင္ၿမိဳ႕နယ္ထဲက ေအးျမၾကည္ ေသာက္ေရသန္႔လုပ္ငန္းကုိ ေရွာင္တခင္ ကြင္း ဆင္းစစ္ေဆးခဲ့တာျဖစ္ပါတယ္။ အဲဒီေရသန္႔လုပ္ငန္းမွာ စက္႐ုံဖြဲ႔စည္းပံု (Layout) မရွိတာ၊ စက္႐ုံထုတ္လုပ္မႈအလိုက္ အခန္းမရွိတာ၊ စက္ကိရိယာမ်ား ေကာင္းမြန္စြာ အလုပ္မလုပ္တာနဲ႔ ထိန္းသိမ္းမႈမရွိတာေတြေတြ႕ရတယ္လုိ႔ ဆုိပါတယ္။



ဒါ့အျပင္ စက္႐ုံအတြင္း သန္႔ရွင္းမႈ မရွိတာေတြေၾကာင့္ ေကာင္းမြန္တဲ့ ထုတ္လုပ္ မႈက်င့္စဥ္ (GMP) နဲ႔ ကိုက္ညီမႈမရွိေၾကာင္း ေတြ႔ရွိရလုိ႔ စက္႐ုံကုိ ပိတ္သိမ္းခဲ့တာလုိ႔ ဆုိပါတယ္။

အဲ့ဒီ ထုတ္လုပ္ျဖန္႔ျဖဴးေရာင္းခ်ျခင္း မျပဳဖုိ႔ ခံဝန္ကတိေရးထိုးခဲ့ၿပီး လိုက္ နာေဆာင္ရြက္ျခင္း မရွိပါက အမ်ိဳးသား အစားအေသာက္ဥပေဒအရ အေရးယူ သြားမယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


လှိုင်မြို့နယ်ထဲက ရေသန့် ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတစ်ခုကို FDA က ရှောင်တခင်ဝင်စစ်ပြီး ပိတ်သိမ်းမှုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီရေသန့်လုပ်ငန်း ကိုတိုင်ကြားချက်အရ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိတဲ့လုပ်ငန်းဖြစ်တာကိုတွေ့ရ တယ်လို့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နဲ့ဆေး ဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

လှိုင်မြို့နယ်ထဲက အေးမြကြည် သောက်ရေသန့်လုပ်ငန်းကို ရှောင်တခင် ကွင်း ဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီရေသန့်လုပ်ငန်းမှာ စက်ရုံဖွဲ့စည်းပုံ (Layout) မရှိတာ၊ စက်ရုံထုတ်လုပ်မှုအလိုက် အခန်းမရှိတာ၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ်မလုပ်တာနဲ့ ထိန်းသိမ်းမှုမရှိတာတွေတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ရုံအတွင်း သန့်ရှင်းမှု မရှိတာတွေကြောင့် ကောင်းမွန်တဲ့ ထုတ်လုပ် မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရလို့ စက်ရုံကို ပိတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုဖို့ ခံဝန်ကတိရေးထိုးခဲ့ပြီး လိုက် နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top