Face mask ေလးေတြက ဘယ္အသားအေရျပႆနာမ်ိဳးနဲ႔မဆို ဆရာက်ၾကပါတယ္။ မိနစ္ပိုင္းေလးေလာက္အခ်ိန္ေပးရံုနဲ႔ က်န္းမာလွပတဲ့အသားအေရမ်ိဳးျဖစ္လာေအာင္လည္း ပံ့ပိုးေပးႏိုင္ၾကပါတယ္။

၁။ အသားအေရေတာက္ပခ်င္ရင္

အက္ဆစ္ဓာတ္ေတြႂကြယ္ဝစြာပါဝင္ၾကတဲ့ ခရမ္းခ်ဥ္သီးရည္ (၁) ဇြန္းနဲ႔ အုန္းႏို႔ရည္ (၂) ဇြန္းကိုေရာၿပီး ညအိက္ယာမဝင္ခင္ေပါင္းတင္ေပးပါ။ (၁၅) မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။ မိုးလင္းလာတဲ့အခါ ႏူးညံ့ေခ်ာေမြ႕တင္းေျပာင္ေနတဲ့သင့္အသားအေရေလးကို ေတြ႕ရပါလိမ့္မယ္။

၂။ မွဲ႕ေျခာက္ေတြအတြက္

သံပရာရည္ (၁) ဇြန္းနဲ႔ ၾကက္ဥအကာ (၁) ဇြန္းကိုဆတူေရာၿပီး ေပါင္းတင္ေပးျခင္းကလည္း မွဲ႕ေျခာက္နဲ႔ အမဲစက္ေတြကို ေလ်ာ့ပါးေစႏိုင္ပါတယ္။ ၎ကိုေတာ့မ်က္ႏွာေပၚေျခာက္ေအာင္ထားၿပီးမွ ေရေႏြးေလးနဲ႔ေဆးခ်ေပးပါ။

၃။ အဆီျပန္တဲ့သူေတြအတြက္

အဆီျပန္တတ္သူေတြ၊ ဝက္ျခံနဲ႔ အေရးအေၾကာင္းေတြေပ်ာက္ၿပီး က်န္းမာတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္သူေတြကေတာ့ နႏြင္းမႈန္႔ (၁) ဇြန္းနဲ႔ လွ်ားေဇာင္းလတ္ပတ္ဂ်ယ္လ္ (၂) ဇြန္းကိုေရာၿပီး ေပါင္းတင္ေပးလို႔ရပါတယ္။

၄။ အသားအေရညီညာေစဖို႕

ေကာ္ဖီမႈန္႔ (၂) ဇြန္းနဲ႔ ပ်ားရည္ (၂) ဇြန္းကိုေရာၿပီး ေပါင္းတင္ေပးျခင္းျဖင့္လည္း အသားအေရညီညာေအာင္ ျပဳလုပ္လို႔ရပါတယ္။

၅။ ဝက္ျခံအတြက္ဆို

ဝက္ျခံအတြက္ဆိုရင္ေတာ့ ပ်ားရည္ (၂) ဇြန္းနဲ႔ သစ္ၾကံပိုးေခါက္ (၄) ပံု (၁) ပံုေလာက္ကို ပ်ားရည္ထည့္ထားနဲ႔ ပမာဏနဲ႔ယွဥ္ၿပီး ေရာစပ္ေပါင္းတင္ေပးလို႔ရပါတယ္။ (၁၅) မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးခ်လို႔ရပါၿပီ။

၆။ အေရးအေၾကာင္းကင္းခ်င္ရင္
ေရဓာတ္ပါဝင္မႈပမာဏမ်ားျပားတဲ့ လွ်ားေဇာင္းလတ္ပတ္ဂ်ယ္လ္ (၂) ဇြန္းနဲ႔ ၾကက္ဥအကာ (၁) ဇြန္းတို႔ကို်ရာၿပီး ေန႔စဥ္ပံုမွန္ေပါင္းတင္ေပးျခင္းကလည္း အေရးအေၾကာင္းေတြကို သိသိသာသာေလ်ာ့ပါးလာေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mystylemyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

Face mask လေးတွေက ဘယ်အသားအရေပြဿနာမျိုးနဲ့မဆို ဆရာကျကြပါတယ်။ မိနစ်ပိုင်းလေးလောက်အချိန်ပေးရုံနဲ့ ကျန်းမာလှပတဲ့အသားအရေမျိုးဖြစ်လာအောင်လည်း ပံ့ပိုးပေးနိုင်ကြပါတယ်။

၁။ အသားအရေတောက်ပချင်ရင်

အက်ဆစ်ဓာတ်တွေကြွယ်ဝစွာပါဝင်ကြတဲ့ ခရမ်းချဉ်သီးရည် (၁) ဇွန်းနဲ့ အုန်းနို့ရည် (၂) ဇွန်းကိုရောပြီး ညအိက်ယာမဝင်ခင်ပေါင်းတင်ပေးပါ။ (၁၅) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ မိုးလင်းလာတဲ့အခါ နူးညံ့ချောမွေ့တင်းပြောင်နေတဲ့သင့်အသားအရေလေးကို တွေ့ရပါလိမ့်မယ်။

၂။ မှဲ့ခြောက်တွေအတွက်

သံပရာရည် (၁) ဇွန်းနဲ့ ကြက်ဥအကာ (၁) ဇွန်းကိုဆတူရောပြီး ပေါင်းတင်ပေးခြင်းကလည်း မှဲ့ခြောက်နဲ့ အမဲစက်တွေကို လျော့ပါးစေနိုင်ပါတယ်။ ၎င်းကိုတော့မျက်နှာပေါ်ခြောက်အောင်ထားပြီးမှ ရေနွေးလေးနဲ့ဆေးချပေးပါ။

၃။ အဆီပြန်တဲ့သူတွေအတွက်

အဆီပြန်တတ်သူတွေ၊ ဝက်ခြံနဲ့ အရေးအကြောင်းတွေပျောက်ပြီး ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်ချင်သူတွေကတော့ နနွင်းမှုန့် (၁) ဇွန်းနဲ့ လျှားဇောင်းလတ်ပတ်ဂျယ်လ် (၂) ဇွန်းကိုရောပြီး ပေါင်းတင်ပေးလို့ရပါတယ်။

၄။ အသားအရေညီညာစေဖို့

ကော်ဖီမှုန့် (၂) ဇွန်းနဲ့ ပျားရည် (၂) ဇွန်းကိုရောပြီး ပေါင်းတင်ပေးခြင်းဖြင့်လည်း အသားအရေညီညာအောင် ပြုလုပ်လို့ရပါတယ်။

၅။ ဝက်ခြံအတွက်ဆို

ဝက်ခြံအတွက်ဆိုရင်တော့ ပျားရည် (၂) ဇွန်းနဲ့ သစ်ကြံပိုးခေါက် (၄) ပုံ (၁) ပုံလောက်ကို ပျားရည်ထည့်ထားနဲ့ ပမာဏနဲ့ယှဉ်ပြီး ရောစပ်ပေါင်းတင်ပေးလို့ရပါတယ်။ (၁၅) မိနစ်လောက်ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။

၆။ အရေးအကြောင်းကင်းချင်ရင်
ရေဓာတ်ပါဝင်မှုပမာဏများပြားတဲ့ လျှားဇောင်းလတ်ပတ်ဂျယ်လ် (၂) ဇွန်းနဲ့ ကြက်ဥအကာ (၁) ဇွန်းတို့ကိုျရာပြီး နေ့စဉ်ပုံမှန်ပေါင်းတင်ပေးခြင်းကလည်း အရေးအကြောင်းတွေကို သိသိသာသာလျော့ပါးလာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top