တ႐ုတ္ႏုိင္ငံ၊ Guizhou မွာေနထုိင္တဲ့ အသက္(၃၁)ႏွစ္အရြယ္ Zhou အမည္ရ အမ်ိဳးသမီးဟာ သူမရဲ႕ ခ်စ္သူနဲ႔ လက္ထပ္ဖုိ႔အထိ စီစဥ္ခဲ့ေပမယ့္၊ ဘ႑ာေရးျပႆနာေတြ ရင္ဆုိင္ေနရတာေၾကာင့္ လက္ထပ္ဖုိ႔ ဆုိင္းငံ့ထားရပါတယ္။ Zhou ဟာ အလုပ္လက္မဲ့ ျဖစ္သြားျခင္းကလည္း သူမနဲ႔လက္ရွိခ်စ္သူတုိ႔ လက္ထပ္ဖုိ႔ အဆင္မေျပ ျဖစ္ေစခဲ့ပါတယ္။

Zhou ဟာ အလုပ္ကေန ထုတ္ပယ္ခံရၿပီးေနာက္ တစ္လမွာ (၁၀၀)ယြမ္ ေပးရမယ့္ အခန္းခကုိ မေပးႏုိင္ေတာ့တာေၾကာင့္ အေတာ္ေလး ဒုကၡေရာက္ခဲ့ရၿပီး၊ ေငြရႏုိင္မယ့္ နည္းလမ္းကို စဥ္းစားတဲ့အခါမွာ ယခင္က (၂)ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ခ်စ္သူေဟာင္းကို သတိရလုိက္ပါေတာ့တယ္။ ဒီနည္းက ေငြအျမန္ရႏုိင္တဲ့ နည္းလမ္းပါ။

ဒါေၾကာင့္ Zhou ဟာ အသက္(၄၃)ႏွစ္အရြယ္ ခ်စ္သူေဟာင္း Ah Gang ကုိ ေတာင္ေပၚမွာ ႐ႈခင္းၾကည့္ရေအာင္ဆုိၿပီး မလိမ့္တစ္ပတ္နဲ႔ ေခၚယူခဲ့ပါတယ္။ Gang ယုံၾကည္ေအာင္ သူမ စိတ္ေျပာင္းသြားၿပီျဖစ္ၿပီး၊ ခ်စ္သူအျဖစ္ ျပန္လည္လက္တြဲလုိေၾကာင္း ဆုိပါတယ္။ Gang ကလည္း တကယ္ခ်စ္ျမတ္ႏုိးခဲ့သူပီပီ Zhou ကုိ ျပန္ၿပီး လက္ခံလုိက္ပါတယ္။

ဒါေပမယ့္ ေတာင္ေပၚကိုအေရာက္မွာ အၾကမ္းဖက္ တုိက္ခုိက္ခံခဲ့ရၿပီး၊ လူကုိ ႀကိဳးနဲ႔ခ်ည္ အဝတ္အစားေတြကုိ ခၽြတ္ၿပီး၊ ေငြယြမ္(၁၀၀၀၀)နဲ႔ အဖုိးတန္ လက္ဝတ္ရတနာေတြ ခၽြတ္ယူခဲ့ပါတယ္။

Gang ဟာ မိမိဘာသာ လြတ္ေျမာက္ေအာင္ ႀကိဳးစားခဲ့ရၿပီး၊ ရဲကုိ တုိင္ၾကားခဲ့ရာ၊ ျပစ္မႈက်ဴးလြန္သူ Zhou ကုိ ရဲကဖမ္းဆီးခဲ့ပါတယ္။ ရဲက ဖမ္းမိခ်ိန္မွာ သူမက ေငြအကုန္လုံး သုံးၿပီးၿပီလုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:MyanmarNote
#Unicode Version#
တရုတ်နိုင်ငံ၊ Guizhou မှာနေထိုင်တဲ့ အသက်(၃၁)နှစ်အရွယ် Zhou အမည်ရ အမျိုးသမီးဟာ သူမရဲ့ ချစ်သူနဲ့ လက်ထပ်ဖို့အထိ စီစဉ်ခဲ့ပေမယ့်၊ ဘဏ္ဍာရေးပြဿနာတွေ ရင်ဆိုင်နေရတာကြောင့် လက်ထပ်ဖို့ ဆိုင်းငံ့ထားရပါတယ်။ Zhou ဟာ အလုပ်လက်မဲ့ ဖြစ်သွားခြင်းကလည်း သူမနဲ့လက်ရှိချစ်သူတို့ လက်ထပ်ဖို့ အဆင်မပြေ ဖြစ်စေခဲ့ပါတယ်။

Zhou ဟာ အလုပ်ကနေ ထုတ်ပယ်ခံရပြီးနောက် တစ်လမှာ (၁၀၀)ယွမ် ပေးရမယ့် အခန်းခကို မပေးနိုင်တော့တာကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရပြီး၊ ငွေရနိုင်မယ့် နည်းလမ်းကို စဉ်းစားတဲ့အခါမှာ ယခင်က (၂)နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူဟောင်းကို သတိရလိုက်ပါတော့တယ်။ ဒီနည်းက ငွေအမြန်ရနိုင်တဲ့ နည်းလမ်းပါ။

ဒါကြောင့် Zhou ဟာ အသက်(၄၃)နှစ်အရွယ် ချစ်သူဟောင်း Ah Gang ကို တောင်ပေါ်မှာ ရှုခင်းကြည့်ရအောင်ဆိုပြီး မလိမ့်တစ်ပတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ Gang ယုံကြည်အောင် သူမ စိတ်ပြောင်းသွားပြီဖြစ်ပြီး၊ ချစ်သူအဖြစ် ပြန်လည်လက်တွဲလိုကြောင်း ဆိုပါတယ်။ Gang ကလည်း တကယ်ချစ်မြတ်နိုးခဲ့သူပီပီ Zhou ကို ပြန်ပြီး လက်ခံလိုက်ပါတယ်။

ဒါပေမယ့် တောင်ပေါ်ကိုအရောက်မှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး၊ လူကို ကြိုးနဲ့ချည် အဝတ်အစားတွေကို ချွတ်ပြီး၊ ငွေယွမ်(၁၀၀၀၀)နဲ့ အဖိုးတန် လက်ဝတ်ရတနာတွေ ချွတ်ယူခဲ့ပါတယ်။

Gang ဟာ မိမိဘာသာ လွတ်မြောက်အောင် ကြိုးစားခဲ့ရပြီး၊ ရဲကို တိုင်ကြားခဲ့ရာ၊ ပြစ်မှုကျူးလွန်သူ Zhou ကို ရဲကဖမ်းဆီးခဲ့ပါတယ်။ ရဲက ဖမ်းမိချိန်မှာ သူမက ငွေအကုန်လုံး သုံးပြီးပြီလို့ ဆိုပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top