ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×
Credit:Clean Yangon
#Unicode Version#
ဆယ်တန်းဖြေပြီးတဲ့ ကျောင်းသားကျောင်းသူလေးများရဲ့ Challenge ဖြစ်ပါတယ် အမှိုက် (၃) တင်းဝင် အိတ် (၄၀) စာရှင်းလင်းနိုင်ခဲ့ပါတယ်။
တိုက်ကြီးမြို့ကပါ။လေးစားပါတယ်ဗျာ. . ..သူတို့ကိုလည်း ဝိုင်းဝန်း ဂုဏ်ပြု ပေးခဲ့ကြပါဦးလို့
လူငယ်တွေ တက်ကြွစွာ အမှိုက်တွေစုနေသလို….လူကြီးတွေ (ပညာရှင် ) တွေကလည်း ဘယ်လို ပြန်သုံး( Reuse , Recycle) မလဲ ဆိုတဲ့ကိစ္စတွေ ကြိုးပမ်းသင့်တယ် ထင်ပါတယ်…။
သြဂဲနစ် အမှိုက် တွေအတွက် တော့ ကျမ တို့အဖွဲ့ က မြန်မြန်ဆွေးမဲ့ Microbe တွေ နဲ့ မြေဆွေးပြန်လုပ်ပေးချင် မိတယ်…။ ပလတ်စတစ်အမှိုက်ကတော့ ထိုင်း မှာDioxinမထွက်စေပဲ ကျောက်မီးသွေးအစားထိုးလောင်စာ အဖြစ် ဘိလပ်မြေစက်ရုံ မှာ သုံးကြတယ်…။
အဖရိက မှာ လမ်းခင်း တယ်…။ တာရှည် ခံမှုဆိုတာ လိုအပ်တဲ့အရည်အသွေး ဖြစ်ပါတယ်…။နေရာတလွဲ ရောက်ရှိသွားလို့ အမုန်းခံရ တဲ့ပလတ်စတစ် အတွက်…အမှိုက်စီမံခန့်ခွဲ မှု ကအရေးကြီးလာပြီထင်ပါတယ်. .
ဒီအမှိုက်ရှင်းတဲ့ Campaign က တော်တော် အောင်မြင်တဲ့ Campaign ပါ…ဒီလိုမျိုး ကလေးတွေကနေ စပြီး ပတ်ဝန်းကျင် ထိန်းသိမ်းတတ်ရမယ် ကိုယ့်အမှိုက်ကိုယ်သေချာ စွန့်ပစ်တတ်တဲ့ အလေ့အထ ယဉ်ကျေးမှုလေးတွေက နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြည်သူလူထုရဲ့ စည်းကပ်သိမ်ဝပ်မှု လူနေမှုအဆင့်အတနိး မြင့်မားမှုကို ဖော်ပြရာရောက်ပါတယ်
ဒီလိုမျိုး အမှိုက်ကောက်တဲ့ အလေ့အထလေးတွေကြောင့် အမှိုက်ကို စည်းကမ်းမရှိ ပစ်သူများကလည်း ရှက်တတ် အားနာတတ်တဲ့ အသိစိတ်လေးတွေ ဝင်လာခဲ့ရင် ကျွန်တော်တို့တွေ နေထိုင်တဲ့ ကမ္ဘာမြေကြီးက ညစ်ညမ်းမှုတွေ အထိုက်အလျောက် လျှော့ချလာနိုင်မယ်၊ ဒီထက်ပိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်များတိုးလို့ ကျွန်တော်တို့ ကမ္ဘာကြီး ဆက်လက် ရှင်သန် တည်တံ့နိုင်အောင် ကြံဆောင်နိုင်ကြမယ်
လက်ရှိမျိုးဆက်သစ်တွေအတွက် သာမက နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်လည်း ကောင်းမွန် သန့်ရှင်း နေချင်စဖွယ်ကောင်းတဲ့ ကမ္ဘာလောကကြီးအဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ကြမယ်အစမရှိဘဲ ဘယ်လိုမှ အရွေ့မဖြစ်နိုင်ပါဘူး
အခုလိုမျိုး Campaign တစ်ခု စတင်လိုက်ခြင်းဖြင့် အရွေ့တစ်ခုမှသည် စဉ်ဆက်မပြတ် အမူအကျင့် ယဉ်ကျေးမှုတစ်ခုဆီ ချီတက်နိုင်မည်လို့ ထင်ပါသည်။…
ဒီလို Challenge မျိုးလေးတွေ စတင်နိုင်အောင် ဦးဆောင်ပြီး လူအများ စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်ကြသူများ၊ စွမ်းနိုင်ကြသူများနှင့် တကယ့်ကို မွန်မွန်မြတ်မြတ် သူများတကာ ပစ်ချထားတဲ့ အမှိုက်တွေကို မရွံမရှာ ကောက်ပြီး ကိုယ့်ဌာနေ ဝန်းကျင်ကို လှပသန့်ရှင်းအောင် ဆောင်ရွက်ကြသူများ အားလုံးအတွက် ဂုဏ်ယူအားကျ ကျေးဇူးတင်မိပါတယ် ခင်ဗျား
ဖိုးသူတော်(www.phothutaw.com)
Credit:Clean Yangon
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top