ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ေမဦးဟာဆိုရင္ သိပ္ခ်စ္တဲ့ ခ်စ္သူ ဟန္လင္းနဲ႔ သာယာတဲ့ဘဝေလးကုိပုိင္ဆိုင္ထားျပီျဖစ္တဲ့အျပင္ အနုပညာဘက္မွာလည္း မိတ္ကပ္ပညာရွင္တစ္ဦးအေနနဲ႔ ထိပ္တန္းေရာက္ေနျပီး တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕အားေပးျခင္းခံေနရသူျဖစ္ပါတယ္။ ေမဦးက မၾကာေသးမီက အင္တာဗ်ဴးမွာ အကယ္ဒမီအထူးဆုမွာ မိတ္ကပ္ပညာရွင္ေတြကုိပါ စာရင္းထဲထည့္ထားတဲ့အေပၚ ခံစားခ်က္ကုိရင္ဖြင့္လာခဲ့ပါတယ္။

ေမဦးက အကယ္ဒမီတစ္ၾကိဳေျပးေနတဲ့ မင္းသမီးေလးပုိင္ျဖိဳးသုကုိ အကယ္ဒမီပြဲအတြက္ မိတ္ကပ္လိမ္းေပးရမယ့္အေပၚ “ဒီနွစ္အကယ္ဒမီက ကစ္ကစ္ရယ္၊မိုးရယ္၊သုသုရယ္ပါ။ နစ္တိုင္းက ကုိယ္လိမ္းေပးတဲ့မင္းသမီးေတြရတာလည္းရွိတယ္။ ေနာက္ျပီးေတာ့ ဒီ မီဇာတ္ကားက ေမဦးဘဝရဲ႕ မွတ္တုိင္လို႔ေျပာလုိ႔ရတာေပါ့ေနာ္။ ေမဦးရုပ္ရွင္အေပၚခ်စ္တယ္။ ကုိယ့္အလုပ္ကုိဘယ္ေလာက္ထိၾကိဳးစားခဲ့တယ္ဆိုတာကို မွတ္တိုင္ထူထားတဲ့ကားေလးေပါ့ေနာ္”လို႔ ေျဖၾကားထားပါတယ္။

အကယ္ဒမီအထူးဆုမွာ မိတ္ကပ္ဆုကုိ စာရင္းထဲထည့္ထားေပးတဲ့အေပၚကုိ “ေမဦးထင္တယ္။ Special Effect မိတ္ကပ္တို႔ဘာတို႔ကုိ ဦးစားေပးေသးတယ္။ ဒီလုိ ကာရိုက္တာနဲ႔လိုက္ဖက္ေအာင္လိမ္းတဲ့ မိ္တ္ကပ္မ်ိဳးကုိ သိပ္ျပီးေတာ့ မၾကည့္ေပးေသးဘူးေပါ့ေနာ္။ ျပီးေတာ့ ကုိယ့္ထက္လည္းေပးရမွာေတြအမ်ားၾကီးပါ။ ကေလးသရုပ္ေဆာင္ဆုတုိ႔ special effect မိတ္ကပ္ဆုေတြကလည္း ကုိယ့္ထက္ပုိေကာင္းေနတာပါ။ဘာပဲျဖစ္ျဖစ္ရသင့္ပါတယ္”လို႔ ေျပာျပထားပါတယ္။

ဒီလို မိတ္ကပ္ဆုကုိ အထူးဆုထဲထည့္ထားေပးတာေတာ့ ေကာင္းပါတယ္လို႔လည္း “ဒါကေတာ့ မိတ္ကပ္ဆရာေတြဘက္က ဖီလင္ေလးေပါ့ေနာ္။ ရုပ္ရွင္ဇာတ္ကားတစ္ကားမွာသူ႔ရဲ႕ပံ့ပုိးမႈကလည္း အခန္းတစ္က႑အေနနဲ႔ပါတာေပ့ါေနာ္။ ဒီလို special award ေတြထဲထည့္ေပးထားတယ္ဆိုေတာ့ ကုိယ္မွမဟုတ္ပါဘူး။ က်န္တဲ့လူေတြအကုန္လံုးလည္း အလုပ္ကုိ ၾကိဳးစားခ်င္စိတ္ရွိလာၾကမယ္။ ပုိျပီးေတာ့ ကုိယ့္အလုပ္ကိုယ္သက္ေသျပခြင့္ရွိလာၾကမယ္။ ပုိျပီးေတာ့ ေကာင္းတဲ့လူေတြလည္းေပၚထြက္လာၾကမယ္ေပါ့”လို႔ ေပးထားသလို အထူးဆုမဟုတ္ပဲ သာမန္ဆုအျဖစ္သတ္မွတ္ေပးထားရင္ပိုေကာင္းမယ္လို႔လည္း “ဘာပဲေျပာေျပာ ေနာက္နွစ္ေတြက်ရင္ အထူးဆုကို ငါးဆုထဲကမွတစ္ဆုေပးတာမ်ိဳးမဟုတ္ပဲနဲ႔ ေတာက္ေလ်ွာက္သတ္မွတ္ေပးထားတာမ်ိဳးဆိုရင္ ပုိေကာင္းတာေပါ့ေနာ္”လို႔လည္း ေျပာသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေမဦးကုိ ခ်စ္ၾကလား။ အကယ္ဒမီမွာ ေမဦးကုိ အထူးဆုရေစခ်င္ၾကလား။ ေမဦးရဲ႕ အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မေဦးဟာဆိုရင် သိပ်ချစ်တဲ့ ချစ်သူ ဟန်လင်းနဲ့ သာယာတဲ့ဘဝလေးကိုပိုင်ဆိုင်ထားပြီဖြစ်တဲ့အပြင် အနုပညာဘက်မှာလည်း မိတ်ကပ်ပညာရှင်တစ်ဦးအနေနဲ့ ထိပ်တန်းရောက်နေပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ မေဦးက မကြာသေးမီက အင်တာဗျူးမှာ အကယ်ဒမီအထူးဆုမှာ မိတ်ကပ်ပညာရှင်တွေကိုပါ စာရင်းထဲထည့်ထားတဲ့အပေါ် ခံစားချက်ကိုရင်ဖွင့်လာခဲ့ပါတယ်။

မေဦးက အကယ်ဒမီတစ်ကြိုပြေးနေတဲ့ မင်းသမီးလေးပိုင်ဖြိုးသုကို အကယ်ဒမီပွဲအတွက် မိတ်ကပ်လိမ်းပေးရမယ့်အပေါ် “ဒီနှစ်အကယ်ဒမီက ကစ်ကစ်ရယ်၊မိုးရယ်၊သုသုရယ်ပါ။ နစ်တိုင်းက ကိုယ်လိမ်းပေးတဲ့မင်းသမီးတွေရတာလည်းရှိတယ်။ နောက်ပြီးတော့ ဒီ မီဇာတ်ကားက မေဦးဘဝရဲ့ မှတ်တိုင်လို့ပြောလို့ရတာပေါ့နော်။ မေဦးရုပ်ရှင်အပေါ်ချစ်တယ်။ ကိုယ့်အလုပ်ကိုဘယ်လောက်ထိကြိုးစားခဲ့တယ်ဆိုတာကို မှတ်တိုင်ထူထားတဲ့ကားလေးပေါ့နော်”လို့ ဖြေကြားထားပါတယ်။

အကယ်ဒမီအထူးဆုမှာ မိတ်ကပ်ဆုကို စာရင်းထဲထည့်ထားပေးတဲ့အပေါ်ကို “မေဦးထင်တယ်။ Special Effect မိတ်ကပ်တို့ဘာတို့ကို ဦးစားပေးသေးတယ်။ ဒီလို ကာရိုက်တာနဲ့လိုက်ဖက်အောင်လိမ်းတဲ့ မိတ်ကပ်မျိုးကို သိပ်ပြီးတော့ မကြည့်ပေးသေးဘူးပေါ့နော်။ ပြီးတော့ ကိုယ့်ထက်လည်းပေးရမှာတွေအများကြီးပါ။ ကလေးသရုပ်ဆောင်ဆုတို့ special effect မိတ်ကပ်ဆုတွေကလည်း ကိုယ့်ထက်ပိုကောင်းနေတာပါ။ဘာပဲဖြစ်ဖြစ်ရသင့်ပါတယ်”လို့ ပြောပြထားပါတယ်။

ဒီလို မိတ်ကပ်ဆုကို အထူးဆုထဲထည့်ထားပေးတာတော့ ကောင်းပါတယ်လို့လည်း “ဒါကတော့ မိတ်ကပ်ဆရာတွေဘက်က ဖီလင်လေးပေါ့နော်။ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာသူ့ရဲ့ပံ့ပိုးမှုကလည်း အခန်းတစ်ကဏ္ဍအနေနဲ့ပါတာပေ့ါနော်။ ဒီလို special award တွေထဲထည့်ပေးထားတယ်ဆိုတော့ ကိုယ်မှမဟုတ်ပါဘူး။ ကျန်တဲ့လူတွေအကုန်လုံးလည်း အလုပ်ကို ကြိုးစားချင်စိတ်ရှိလာကြမယ်။ ပိုပြီးတော့ ကိုယ့်အလုပ်ကိုယ်သက်သေပြခွင့်ရှိလာကြမယ်။ ပိုပြီးတော့ ကောင်းတဲ့လူတွေလည်းပေါ်ထွက်လာကြမယ်ပေါ့”လို့ ပေးထားသလို အထူးဆုမဟုတ်ပဲ သာမန်ဆုအဖြစ်သတ်မှတ်ပေးထားရင်ပိုကောင်းမယ်လို့လည်း “ဘာပဲပြောပြော နောက်နှစ်တွေကျရင် အထူးဆုကို ငါးဆုထဲကမှတစ်ဆုပေးတာမျိုးမဟုတ်ပဲနဲ့ တောက်လျှောက်သတ်မှတ်ပေးထားတာမျိုးဆိုရင် ပိုကောင်းတာပေါ့နော်”လို့လည်း ပြောသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မေဦးကို ချစ်ကြလား။ အကယ်ဒမီမှာ မေဦးကို အထူးဆုရစေချင်ကြလား။ မေဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top