iMyanmarHouse.com - Best Property Website for Myanmar
×



၁။ လူမႈကြန္ရက္တစ္ခုျဖစ္ေသာ ေနျပည္ေတာ္အသိုင္းအဝိုင္း Facebook စာမ်က္ႏွာတြင္ (၁၀.၃.၂၀၁၉) ရက္ေန႔၊ (၁၀:၃၀)အခ်ိန္၊ အေကာင့္ပိုင္ရွင္ Thwe Thwe Aung တင္ခဲ့ေသာ Post တစ္ခု တြင္ သေျပကုန္းေစ်းမွဝယ္ယူခဲ့ေသာ ေသြးအစက္အေျပာက္ပါ ဝက္သားႏွင့္ စပ္လ်ဥ္း၍ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ တိရစာၦန္ေဆးကုႏွင့္သား သတ္႐ုံမ်ား ဌာနမွ ေအာက္ပါအတိုင္း ရွင္းလင္း အပ္ပါသည္-

(က) ဝက္သား(အသား)တြင္ ယခုကဲ့သို႔ ေသြးေျခဥအစက္အေျပာက္မ်ားသည္ ဝက္ကို အသားထုတ္လုပ္ရာ၌ ဝက္ေပၚသည့္လုပ္ငန္း (ဝက္သတ္ျခင္း) ၿပီးၿပီးျခင္း ေသြးထုတ္ရန္ ၾကန္႔ၾကာခဲ့မႈေၾကာင့္ အသားရွိ ဆံခ်ည္မွ်င္ေသြးေၾကာေလးမ်ား ေပါက္ထြက္ၿပီး အနီးဝန္း က်င္ရွိအသားတြင္ ေသြးစက္ေလးမ်ား ေပၚေပါက္ေနျခင္း ျဖစ္ပါသည္၊

( ခ ) ဝက္(အသား)ႏွင့္ အေရျပား(ဝက္အေခါက္)တြင္ ေသြးေၾကာမ်ားေပါက္ထြက္၍ ေသြး ေျခဥေစႏိုင္ေသာ ဗိုင္းရပ္(စ္)ပိုးမ်ားျဖစ္သည့္ Classical Swine Fever ႏွင့္ African Swine Fever ၊ဘက္တီးရီးယားပိုးမ်ားျဖစ္သည့္စိန္ကြက္နာ (Erisipelot-hrix)၊ Actinobacillus ႏွင့္ Streptococus တို႔ေၾကာင့္ျဖစ္ပြားေသာ ဝက္ေရာဂါ ျဖစ္ျခင္းေၾကာင့္ အသားႏွင့္ အေရျပား (အေခါက္)တို႔အေပၚတြင္ သာမန္မ်က္စိျဖင့္ပင္ အျမင္မတင့္တယ္၍ ေစ်းတြင္ေရာင္းခ်ရန္ မျဖစ္ႏိုင္ပါ၊ (ေရာဂါရွိအသား နမူနာ ပုံမ်ားအား ပူးတြဲတင္ျပ ထားပါသည္)



ဗိုင္းရပ္(စ္)ႏွင့္ဘက္တီးရီယားေရာဂါပိုးရွိေသာရွိေသာအသား(ဝက္)နမူနာပုံ

( ဂ ) (၂၀.၂.၂၀၁၉)ရက္ေန႔တြင္ စိုက္ပ်ိဳေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ African Swine Fever အား တိရစာၦန္မ်ားတြင္ျဖစ္ပြားတတ္ေသာ (ခ)စာရင္းဝင္ ကူးစက္ေရာ ဂါအျဖစ္သတ္မွတ္ ေၾကညာခဲ့ၿပီးစကာလတြင္ ယခု ဝက္သား(အသား) ႏွင့္ပတ္သက္၍ Post ေရးသားမႈအေပၚ ျပည္သူမ်ားမွ ပိုမိုသတိျပဳမူခဲ့ၾကျခင္း ျဖစ္ပါသည္။

 African Swine Fever ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္ေသာ ဝက္ေရာဂါသည္ ေရာဂါျဖစ္ပြားေသာ အသားစားသုံးျခင္းမွတဆင့္ တိရစာၦန္မွ လူသို႔ေရာဂါကူးစက္ ႏိုင္ေသာေရာဂါ ( Meat- borne Zoonotic Disease) မဟုတ္ဘဲ တိရစာၦန္မွ တိရစာၦန္ သို႔ ကူးစက္ေစႏိုင္ေၾကာင္းကို “ခ”အဆင့္ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္ျခင္း ျဖစ္ ပါသည္၊

(ဃ) ပ်ဥ္းမနားႏွင့္ သီရိ(၅)ၿမိဳ႕နယ္အတြက္ ထုတ္လုပ္ေရာင္းခ်ေသာ အသား(ဝက္၊ အမဲ၊ ဆိတ္)မ်ားကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ သားသတ္႐ုံတြင္ လည္းေကာင္း၊ တပ္ကုန္းႏွင့္လယ္ေဝးရွိ အေဝးေရာက္(ယာယီ)သားသတ္႐ုံမ်ား တြင္လည္းေကာင္း၊ တိရစာၦန္ေဆးသိပၸံဘြဲ႕ရပညာရွင္မ်ားကိုယ္တိုင္ ထုတ္လုပ္ ေရာင္းခ်မည့္ အသားမ်ားအတြက္ ထုတ္လုပ္မည့္ တိရစာၦန္အရွင္ႏွင့္ ထုတ္လုပ္ၿပီး ေသာ အသားမ်ား စစ္ေဆးရန္ စဥ္ဆက္မျပတ္တာဝန္ေပးအပ္ စစ္ေဆးၿပီး ခြင့္ျပဳ ထားျခင္းျဖစ္ပါ၍ အဆိုပါသား သတ္႐ုံမ်ားမွ ထုတ္လုပ္ၿပီး ေနျပည္ေတာ္စည္ပင္ သာယာေရးေကာ္မ တီနယ္နိမိတ္အတြင္းရွိ ေစ်းမ်ားတြင္ေရာင္းခ်ခြင့္ျပဳထားျခင္း ေၾကာင့္ စိတ္ခ်ယုံၾကည္စြာ စားသုံးႏိုင္ပါသည္၊

( င ) သို႔ျဖစ္ပါ၍ ျပည္သူမ်ားမွ မိမိတို႔ပတ္ဝန္းက်င္တြင္ သံသယျဖစ္ဖြယ္ တရားမဝင္ အသားထုတ္လုပ္မႈမ်ားႏွင့္ တရားမဝင္ေရာင္းခ်မႈမ်ားကို ေတြ႕ရွိပါက ယင္းသို႔ လုပ္ေဆာင္မႈ မွတဆင့္ က်န္တိရစာၦန္မ်ားသို႔ ကူးစက္ျပန္႔ပြားမႈမရွိေစေရး နီးစပ္ရာ အုပ္ခ်ဳပ္ေရးဌာနမ်ား သို႔လည္းေကာင္း၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ တိရစာၦန္ေဆးကုႏွင့္သား သတ္႐ုံမ်ားဌာန ဖုန္းနံပါတ္ (၀၆၇-၃၄၃၂၄၉၃)သို႔ လည္းေကာင္း ဆက္သြယ္သတင္းေပး တိုင္ၾကား သြားရန္ႏႈိးေဆာ္အပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


၁။ လူမှုကွန်ရက်တစ်ခုဖြစ်သော နေပြည်တော်အသိုင်းအဝိုင်း Facebook စာမျက်နှာတွင် (၁၀.၃.၂၀၁၉) ရက်နေ့၊ (၁၀:၃၀)အချိန်၊ အကောင့်ပိုင်ရှင် Thwe Thwe Aung တင်ခဲ့သော Post တစ်ခု တွင် သပြေကုန်းဈေးမှဝယ်ယူခဲ့သော သွေးအစက်အပြောက်ပါ ဝက်သားနှင့် စပ်လျဉ်း၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သား သတ်ရုံများ ဌာနမှ အောက်ပါအတိုင်း ရှင်းလင်း အပ်ပါသည်-

(က) ဝက်သား(အသား)တွင် ယခုကဲ့သို့ သွေးခြေဥအစက်အပြောက်များသည် ဝက်ကို အသားထုတ်လုပ်ရာ၌ ဝက်ပေါ်သည့်လုပ်ငန်း (ဝက်သတ်ခြင်း) ပြီးပြီးခြင်း သွေးထုတ်ရန် ကြန့်ကြာခဲ့မှုကြောင့် အသားရှိ ဆံချည်မျှင်သွေးကြောလေးများ ပေါက်ထွက်ပြီး အနီးဝန်း ကျင်ရှိအသားတွင် သွေးစက်လေးများ ပေါ်ပေါက်နေခြင်း ဖြစ်ပါသည်၊

( ခ ) ဝက်(အသား)နှင့် အရေပြား(ဝက်အခေါက်)တွင် သွေးကြောများပေါက်ထွက်၍ သွေး ခြေဥစေနိုင်သော ဗိုင်းရပ်(စ်)ပိုးများဖြစ်သည့် Classical Swine Fever နှင့် African Swine Fever ၊ဘက်တီးရီးယားပိုးများဖြစ်သည့်စိန်ကွက်နာ (Erisipelot-hrix)၊ Actinobacillus နှင့် Streptococus တို့ကြောင့်ဖြစ်ပွားသော ဝက်ရောဂါ ဖြစ်ခြင်းကြောင့် အသားနှင့် အရေပြား (အခေါက်)တို့အပေါ်တွင် သာမန်မျက်စိဖြင့်ပင် အမြင်မတင့်တယ်၍ ဈေးတွင်ရောင်းချရန် မဖြစ်နိုင်ပါ၊ (ရောဂါရှိအသား နမူနာ ပုံများအား ပူးတွဲတင်ပြ ထားပါသည်)

ဗိုင်းရပ်(စ်)နှင့်ဘက်တီးရီယားရောဂါပိုးရှိသောရှိသောအသား(ဝက်)နမူနာပုံ

( ဂ ) (၂၀.၂.၂၀၁၉)ရက်နေ့တွင် စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ African Swine Fever အား တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော (ခ)စာရင်းဝင် ကူးစက်ရော ဂါအဖြစ်သတ်မှတ် ကြေညာခဲ့ပြီးစကာလတွင် ယခု ဝက်သား(အသား) နှင့်ပတ်သက်၍ Post ရေးသားမှုအပေါ် ပြည်သူများမှ ပိုမိုသတိပြုမူခဲ့ကြခြင်း ဖြစ်ပါသည်။

 African Swine Fever ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ဝက်ရောဂါသည် ရောဂါဖြစ်ပွားသော အသားစားသုံးခြင်းမှတဆင့် တိရစ္ဆာန်မှ လူသို့ရောဂါကူးစက် နိုင်သောရောဂါ ( Meat- borne Zoonotic Disease) မဟုတ်ဘဲ တိရစ္ဆာန်မှ တိရစ္ဆာန် သို့ ကူးစက်စေနိုင်ကြောင်းကို “ခ”အဆင့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ခြင်း ဖြစ် ပါသည်၊

(ဃ) ပျဉ်းမနားနှင့် သီရိ(၅)မြို့နယ်အတွက် ထုတ်လုပ်ရောင်းချသော အသား(ဝက်၊ အမဲ၊ ဆိတ်)များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံတွင် လည်းကောင်း၊ တပ်ကုန်းနှင့်လယ်ဝေးရှိ အဝေးရောက်(ယာယီ)သားသတ်ရုံများ တွင်လည်းကောင်း၊ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ရပညာရှင်များကိုယ်တိုင် ထုတ်လုပ် ရောင်းချမည့် အသားများအတွက် ထုတ်လုပ်မည့် တိရစ္ဆာန်အရှင်နှင့် ထုတ်လုပ်ပြီး သော အသားများ စစ်ဆေးရန် စဉ်ဆက်မပြတ်တာဝန်ပေးအပ် စစ်ဆေးပြီး ခွင့်ပြု ထားခြင်းဖြစ်ပါ၍ အဆိုပါသား သတ်ရုံများမှ ထုတ်လုပ်ပြီး နေပြည်တော်စည်ပင် သာယာရေးကော်မ တီနယ်နိမိတ်အတွင်းရှိ ဈေးများတွင်ရောင်းချခွင့်ပြုထားခြင်း ကြောင့် စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါသည်၊

( င ) သို့ဖြစ်ပါ၍ ပြည်သူများမှ မိမိတို့ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ် တရားမဝင် အသားထုတ်လုပ်မှုများနှင့် တရားမဝင်ရောင်းချမှုများကို တွေ့ရှိပါက ယင်းသို့ လုပ်ဆောင်မှု မှတဆင့် ကျန်တိရစ္ဆာန်များသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေး နီးစပ်ရာ အုပ်ချုပ်ရေးဌာနများ သို့လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သား သတ်ရုံများဌာန ဖုန်းနံပါတ် (၀၆၇-၃၄၃၂၄၉၃)သို့ လည်းကောင်း ဆက်သွယ်သတင်းပေး တိုင်ကြား သွားရန်နှိုးဆော်အပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top