လက္တေလာ တ႐ုတ္ႏုိင္ငံ လူမႈကြန္ယက္မွာ ေ၀ဖန္မႈမ်ားျပားေနတဲ့ သတင္းတစ္ပုဒ္ကေတာ့ တကၠသိုလ္ပညာတတ္ ပါေမာကၡတစ္ဦးက သန္႔ရွင္းေရး၀န္ထမ္း အမ်ိဳးသမီးကို ႐ုိက္ႏွက္ခဲ့တဲ့ သတင္းျဖစ္ပါတယ္။ ျဖစ္စဥ္အေသးစိပ္ကေတာ့ အမႈိက္သိမ္းတဲ့ အမ်ိဳးသမီးဟာ ပါေမာကၡဂီ ကားသြားမယ့္လမ္းကို ပိတ္ထားရာက စတင္ခဲ့တာျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕အဆုိအရ ၿပီးခဲ့တဲ့အပတ္ ဂီဟာ သန္႔ရွင္းေရးအမ်ိဳးသမီးရဲ႕ ကားက သူကားသြားမယ့္လမ္းေၾကာင္းကို ပိတ္ထားတယ္ဆုိၿပီး ျပႆနာရွာခဲ့ပါတယ္။ ၎ေနာက္ သန္႔ရွင္းေရး အမ်ိဳးသမီးကို ေသြးထြက္သံယုိ ျဖစ္သည္အထိ ကုိယ္ထိလက္ေရာက္ ႐ုိက္ႏွက္ခဲ့တဲ့အတြက္ တရားစြဲဆုိခံခဲ့ပါတယ္။

ဂီကို ေလာေလာဆယ္ ေထာင္ဒဏ္ 10 ရက္ ခ်မွတ္ထားၿပီး၊ နစ္နာခဲ့တဲ့ သန္႔ရွင္းေရး၀န္ထမ္း အမ်ိဳးသမီးကို ယြမ္ 500 ဒဏ္ေငြေပးေဆာင္ေစခဲ့တယ္လုိ႔ သိရပါတယ္။ ဂီဟာ လူသိရွင္ၾကား ေတာင္းပန္ခဲ့ၿပီး သုံးရက္အၾကာမွာ ေဆး႐ုံတက္ေနတဲ့ သန္႔ရွင္းေရး၀န္ထမ္း အမ်ိဳးသမီးဆီ လူနာသြားေမးခဲ့သလုိ၊ ေနာက္ရက္ေတြမွာ ဂီရဲ႕ဇနီးကလည္း လူနာသြားေမးခဲ့ပါေသးတယ္။

တ႐ုတ္လူမႈကြန္ယက္ အသုံးျပဳသူေတြကေတာ့ ဂီရဲ႕ မိသားစုထံကုိ ဆဲေရးတုိင္းထြာတဲ့ မက္ေဆ့ေတြ၊ ဖုန္းေခၚဆုိမႈေတြ ျပဳလုပ္ခဲ့လုိ႔ ဂီရဲ႕ဇနီးကေတာ့ အလြန္ေဒါသထြက္ေနသလုိ၊ ေနရထုိင္ရတာလည္း က်ဥ္းၾကပ္သလုိ ခံစားေနရေၾကာင္း ဆုိပါတယ္။ ဂီတာ၀န္ထမ္းေဆာင္တဲ့ Shaanxi University of Science and Technology တကၠသုိလ္ကလည္း ဒီျပစ္မႈကုိ က်ဴးလြန္ခဲ့တဲ့ ဂီကို ရာထူးမွ ဆုိင္းငံ့ထားေၾကာင္း ေၾကျငာခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:cantwait2say.com
ဟန္၀င္းေအာင္ Ref : scmp.com

#Unicode Verison#

လက်တလော တရုတ်နိုင်ငံ လူမှုကွန်ယက်မှာ ဝေဖန်မှုများပြားနေတဲ့ သတင်းတစ်ပုဒ်ကတော့ တက္ကသိုလ်ပညာတတ် ပါမောက္ခတစ်ဦးက သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ရိုက်နှက်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ဖြစ်စဉ်အသေးစိပ်ကတော့ အမှိုက်သိမ်းတဲ့ အမျိုးသမီးဟာ ပါမောက္ခဂီ ကားသွားမယ့်လမ်းကို ပိတ်ထားရာက စတင်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ ပြီးခဲ့တဲ့အပတ် ဂီဟာ သန့်ရှင်းရေးအမျိုးသမီးရဲ့ ကားက သူကားသွားမယ့်လမ်းကြောင်းကို ပိတ်ထားတယ်ဆိုပြီး ပြဿနာရှာခဲ့ပါတယ်။ ၎င်းနောက် သန့်ရှင်းရေး အမျိုးသမီးကို သွေးထွက်သံယို ဖြစ်သည်အထိ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် တရားစွဲဆိုခံခဲ့ပါတယ်။

ဂီကို လောလောဆယ် ထောင်ဒဏ် 10 ရက် ချမှတ်ထားပြီး၊ နစ်နာခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ယွမ် 500 ဒဏ်ငွေပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။ ဂီဟာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး သုံးရက်အကြာမှာ ဆေးရုံတက်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးဆီ လူနာသွားမေးခဲ့သလို၊ နောက်ရက်တွေမှာ ဂီရဲ့ဇနီးကလည်း လူနာသွားမေးခဲ့ပါသေးတယ်။

တရုတ်လူမှုကွန်ယက် အသုံးပြုသူတွေကတော့ ဂီရဲ့ မိသားစုထံကို ဆဲရေးတိုင်းထွာတဲ့ မက်ဆေ့တွေ၊ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့လို့ ဂီရဲ့ဇနီးကတော့ အလွန်ဒေါသထွက်နေသလို၊ နေရထိုင်ရတာလည်း ကျဉ်းကြပ်သလို ခံစားနေရကြောင်း ဆိုပါတယ်။ ဂီတာဝန်ထမ်းဆောင်တဲ့ Shaanxi University of Science and Technology တက္ကသိုလ်ကလည်း ဒီပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ဂီကို ရာထူးမှ ဆိုင်းငံ့ထားကြောင်း ကြေငြာခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:cantwait2say.com
ဟန်ဝင်းအောင် Ref : scmp.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top