ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ည (၁၀) နာရီကေန မနက္ (၄) နာရီ အခ်ိန္တြင္းမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေန မယ္ဆိုရင္ အဲ့အခ်ိန္ေတြမွာ မအိပ္ဘဲ ေနတုန္းကထက္ အသားအေရက သိသိသာ သာ ၾကည္လင္လာမွာပါ

Marry ရဲ႕ သတို႔သမီးေလးတို႔ေရ သတို႔သမီးေလးေတြ ဆိုတာ မဂၤလာေဆာင္ခါနီး အခ်ိန္မွာ စိတ္ဖိစီးမႈေတြ၊ ပင္ပန္းမႈေတြ မလြဲမေသြ ခံစားရတဲ့အတြက္ အသား အေရနဲ႔  အလွအပကို ထိခိုက္ေစတဲ့ ျပႆနာေတြ အမ်ားႀကီး ႀကံဳရပါတယ္။

မဂၤလာပြဲနီးမွ ဝက္ၿခံေတြ ထြက္လာေတြ၊ မ်က္ကြင္းေတြ ညိဳလာတာ၊ ကိုယ္အေလး ခ်ိန္ တက္လာတာ၊ ကိုယ္အေလးခ်ိန္ က်သြားတာ အစရွိတဲ့ ျပႆနာေပါင္းစံုကို ႀကံဳရတတ္ပါတယ္။

Marry ရဲ႕ သတို႔သမီးေလးအတြက္ေတာ့ မဂၤလာပြဲ နီးလာတဲ့အခ်ိန္မွာ အလွအပနဲ႔ ပတ္သက္တဲ့ ျပႆနာေတြ မႀကံဳရေစဖို႔နဲ႔ အစစအရာရာ ကုန္က်စရိတ္မ်ားလွတဲ့ မဂၤလာပြဲ စီစဥ္ေနတုန္းမွာ တတ္ႏိုင္သေလာက္ ေငြအပို မကုန္ေစဖို႔ အတြက္ ပိုက္ ဆံမကုန္ေစဘဲ ဘယ္လိုနည္းလမ္းေတြနဲ႔ အသားအေရ ၾကည္လင္လွပသြားေအာင္ လုပ္လို႔ရမလဲ ဆိုတဲ့  အႀကံေကာင္းေလးေတြ ေပးမယ္ေနာ္။

ေန႔တိုင္း ဟင္းသီး ဟင္းရြက္စားပါ

ဟင္းသီးဟင္းရြက္ေတြက အလွအပကို ေထာက္ပံ့ေပးတဲ့ အစားအစာေတြရဲ႕ ထိပ္ ဆံုးတန္းမွာ ရွိေနတယ္ ဆိုေပမယ့္ အျမင္လွေအာင္နဲ႔ ႀကီးမားေအာင္ ျပဳျပင္မြမ္းမံ ထားတဲ့ ဟင္းသီးဟင္းရြက္ေတြမွာေတာ့ သဘာဝ ေကာင္းက်ိဳး သိပ္မရွိပါဘူး။

ဒါေပမယ့္ ဓာတ္ေျမၾသဇာ မသံုးဘဲ သဘာဝ ေျမၾသဇာနဲ႔သာ စိုက္ပ်ိဳးထားတဲ့ ဟင္း သီးဟင္းရြက္ေတြရဲ႕  ေကာင္းက်ိဳး အာနိသင္ေတြကေတာ့ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ မ်ားျပားလွပါတယ္။

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ေတြကို ျဖည့္တင္းေပးတဲ့အျပင္ အမွ်င္ဓာတ္ ကိုလည္း ေထာက္ပံ့ေပးႏိုင္တာေၾကာင့္ အလွအပ အတြက္ေရာ က်န္းမာေရးအ တြက္ပါ အေထာက္အကူျပဳႏိုင္ပါတယ္။

ညတိုင္း ေကာင္းမြန္စြာ အိပ္စက္ အနားယူပါ

မဂၤလာပြဲနီးရင္ သတို႔သမီးေလးေတြက စိတ္ေတြလႈပ္ရွားတာေၾကာင့္ေရာ၊ လုပ္စ ရာေတြ မ်ားတဲ့အတြက္ေၾကာင့္ပါ ေကာင္းေကာင္း မအိပ္ျဖစ္တာေတြ၊ အနားမယူ ျဖစ္တာေတြ ျဖစ္ႏိုင္ပါတယ္။ အိပ္စက္ခ်ိန္ မလံုေလာက္ရင္ ဝက္ၿခံထြက္တာေတြ၊ အသားအေရ ေလ်ာ့ရဲလာတာေတြနဲ႔ က်န္းမာေရး ထိခိုက္တာေတြ ျဖစ္ႏိုင္လို႔ပါ။

Beauty Sleep လို႔ တင္စားေခၚေဝၚၾကတဲ့ အိပ္ခ်ိန္အပိုင္းအျခားျဖစ္တဲ့ ည (၁၀) နာရီကေန မနက္ (၄) နာရီ အခ်ိန္တြင္းမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနမယ္ဆိုရင္ အဲ့အခ်ိန္ေတြမွာ မအိပ္ဘဲ ေနတုန္းကထက္ အသားအေရက သိသိသာသာ ၾကည္လင္လာမွာပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #

ည (၁၀) နာရီကနေ မနက် (၄) နာရီ အချိန်တွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ မယ်ဆိုရင် အဲ့အချိန်တွေမှာ မအိပ်ဘဲ နေတုန်းကထက် အသားအရေက သိသိသာ သာ ကြည်လင်လာမှာပါ

Marry ရဲ့ သတို့သမီးလေးတို့ရေ သတို့သမီးလေးတွေ ဆိုတာ မင်္ဂလာဆောင်ခါနီး အချိန်မှာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေ မလွဲမသွေ ခံစားရတဲ့အတွက် အသား အရေနဲ့  အလှအပကို ထိခိုက်စေတဲ့ ပြဿနာတွေ အများကြီး ကြုံရပါတယ်။

မင်္ဂလာပွဲနီးမှ ဝက်ခြံတွေ ထွက်လာတွေ၊ မျက်ကွင်းတွေ ညိုလာတာ၊ ကိုယ်အလေး ချိန် တက်လာတာ၊ ကိုယ်အလေးချိန် ကျသွားတာ အစရှိတဲ့ ပြဿနာပေါင်းစုံကို ကြုံရတတ်ပါတယ်။

Marry ရဲ့ သတို့သမီးလေးအတွက်တော့ မင်္ဂလာပွဲ နီးလာတဲ့အချိန်မှာ အလှအပနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မကြုံရစေဖို့နဲ့ အစစအရာရာ ကုန်ကျစရိတ်များလှတဲ့ မင်္ဂလာပွဲ စီစဉ်နေတုန်းမှာ တတ်နိုင်သလောက် ငွေအပို မကုန်စေဖို့ အတွက် ပိုက် ဆံမကုန်စေဘဲ ဘယ်လိုနည်းလမ်းတွေနဲ့ အသားအရေ ကြည်လင်လှပသွားအောင် လုပ်လို့ရမလဲ ဆိုတဲ့  အကြံကောင်းလေးတွေ ပေးမယ်နော်။

နေ့တိုင်း ဟင်းသီး ဟင်းရွက်စားပါ

ဟင်းသီးဟင်းရွက်တွေက အလှအပကို ထောက်ပံ့ပေးတဲ့ အစားအစာတွေရဲ့ ထိပ် ဆုံးတန်းမှာ ရှိနေတယ် ဆိုပေမယ့် အမြင်လှအောင်နဲ့ ကြီးမားအောင် ပြုပြင်မွမ်းမံ ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာတော့ သဘာဝ ကောင်းကျိုး သိပ်မရှိပါဘူး။

ဒါပေမယ့် ဓာတ်မြေသြဇာ မသုံးဘဲ သဘာဝ မြေသြဇာနဲ့သာ စိုက်ပျိုးထားတဲ့ ဟင်း သီးဟင်းရွက်တွေရဲ့  ကောင်းကျိုး အာနိသင်တွေကတော့ အံ့သြစရာ ကောင်းလောက်အောင် များပြားလှပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်တင်းပေးတဲ့အပြင် အမျှင်ဓာတ် ကိုလည်း ထောက်ပံ့ပေးနိုင်တာကြောင့် အလှအပ အတွက်ရော ကျန်းမာရေးအ တွက်ပါ အထောက်အကူပြုနိုင်ပါတယ်။

ညတိုင်း ကောင်းမွန်စွာ အိပ်စက် အနားယူပါ

မင်္ဂလာပွဲနီးရင် သတို့သမီးလေးတွေက စိတ်တွေလှုပ်ရှားတာကြောင့်ရော၊ လုပ်စ ရာတွေ များတဲ့အတွက်ကြောင့်ပါ ကောင်းကောင်း မအိပ်ဖြစ်တာတွေ၊ အနားမယူ ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ အိပ်စက်ချိန် မလုံလောက်ရင် ဝက်ခြံထွက်တာတွေ၊ အသားအရေ လျော့ရဲလာတာတွေနဲ့ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်နိုင်လို့ပါ။

Beauty Sleep လို့ တင်စားခေါ်ဝေါ်ကြတဲ့ အိပ်ချိန်အပိုင်းအခြားဖြစ်တဲ့ ည (၁၀) နာရီကနေ မနက် (၄) နာရီ အချိန်တွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမယ်ဆိုရင် အဲ့အချိန်တွေမှာ မအိပ်ဘဲ နေတုန်းကထက် အသားအရေက သိသိသာသာ ကြည်လင်လာမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top