iMyanmarHouse.com - Best Property Website for Myanmar
×












Credit:xyznews
# Unicode Version # ဖြင့် ဖတ်ပါ #


ရန်ကုန်တိုင်းမှော်ဘီမြို့နယ် ဂျပန်ဘုရားဂေါပကအဖွဲ့အစီးကို သာသနာရေးဝန်ကြီးနှင့် တာဝန်ရှိသူများ သာသနာရေးဆောင်ရွက်နေမှု့ကိုကြည့်ရှု့စစ်ဆေးသင့်သည်။

ဒီကနေ့၁၃ရက်နေ့နေ့လည်ပိုင်းဘုရားဖူးသူများအား ကျောင်းအဝင်လမ်းများပေါ်၌၁နာရီအ နည်းဆုံးတန်း စီထားကာလူများပြီဆိုကာမှကျောင်းတွင်းဝင်စေပြီး အတန်းလိုက်ထိုင်ခိုင်း ထားပြီးအလှူပေးဖို့ရန်တစ် ယောက်ခြင်းစီရှေ့အထိလူအများရှေ့အားနာပြီး ထည့်အောင်စီမံ ထားပါသည်။

လူဆုံးလဲသွားရော နောက်တစ်ခါလှေအတွင်းလာရောက်အလှူငွေ ထည့်ကြပါရန် ထပ်တောင်းဆိုပြန်ပါတယ်။ ဖုန်းမရိုက်ဖို့ဖုန်းမဆက်ဖို့ကို လဲခဏခဏပြောပါတယ်။

အဲဒိလှေထဲငွေလှူခိုင်းပြီးသည်နှင့်တတိယနောက် တစ်ကြိမ်ဓာတ်ပုံပေးပြီးအလှူထပ်ခံပြန် တယ်။ ပြန်မည်လုပ်သူများကိုလည်းအပြန်မခံအပေါ်ထပ်တက်ပြီးဘုရားဖူးတော့မည်ဆိုလည်း အထမခံအနည်းဆုံး၁နာရီနည်းပါးလောက်ထပ်ထိုင် နေရပါတယ်။

နောက်စတုတ္ထအလှူခံကတော့ ဘုရား ဓတ်ပုံတစ်ပုံစာအုပ်သေးတစ်အုပ်ထပ်အလှူခံပြန် တာပဲ။ အားလုံးလေးချိန် ပါသမျှမလှူခြင်လဲလှူ ရှက်တတ်အားနာတတ်လဲလှူဆိုတော့ တစ်ချား ဘာသာဝင်များလည်းရှေးဘုရားများလာရောက် လေ့လာလို့အခုလိုအတင်းအလှူခံ ရည်ရွယ်ချက်နဲ့ အပြင်နေပူထဲလူစုမိအောင်လုပ်ပြီးလုပ်နေခြင်းဟာ သာသနာကိုခုတုံးလုပ်ပြီး စီးပွားရှာစားနေသလား ထင်ရအောင်ကိုပြုလုပ်နေပါတယ်။

အမှန်ရှေးဘုရားများဖူးစေချင်ပါက လူစုခိုင်းမထားပဲ အရင်ရောက်သူဖူးပြန်ပေါ့။ အလှူများလာရောက် လှူတန်းနိုင်ပါတယ်ဆို ဒါဟာဘုရားသဘောကျ အလှူခံတာဖြစ်လို့ လှူသူလည်းကုသိုလ်ရ အလှူခံသူလည်းကုသိုလ်ရပေါ့။

အခုဟာကတော့အားလုံးထိုင်ခိုင်းပြီးပါသမျှထုတ်ဆိုဓါးပြတိုက်သလားပဲ။ အခုကျွန်တော်  တင်ပေးလိုက်သောဓာတ်ပုံဟာ သာသနာငြိုးနွမ်းသွားမှာစိုးပြီးအရဲစွန့်ရိုက်ပေးထား ခြင်းဖြစ်ပါတယ်။ အဲဒါလာဆူလို့ဖုန်းပိတ်တာပါလို့ လိမ်ခဲ့ရပါတယ်။

ဘာပြုလို့အရိုက်မခံတာလဲဆိုတာ သာသနာရေး တာဝန်ရှိသူများ ရိုးရိုးဘုရားဖူးပုံလုပ် ကာလေ့လာပြီး အချိန်မှီသာသနာပြုပါအူးလို့တင်ပြပါရစေ…

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top