ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာရုပ္ရွင္ ေလာကထဲမွာ ႏွစ္အေတာ္ၾကာ က်င္လည္ေနတဲ့ ဇာတ္ပိ႔ုသရုပ္ေဆာင္ မႏြယ္နီကေတာ့ လက္ရွိမွာ ကင္ဆာဆိုတဲ့ ေရာဂါေဝဒနာဆိုးၾကီးကို ခံစားေနရတာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဒီေရာဂါကိုေပ်ာက္ဖို႔အတြက္ ေငြေၾကးအခက္ခဲရွိေနတာေၾကာင့္ Online ေပၚမွာ အရင္လိုကားရိုက္ေတြ ေခၚေပးဖို႔ကို စာေလးတင္ထားတာ ျဖစ္ပါတယ္။ ဒီလိုစာေလးတင္ထားတာေၾကာင့္  မႏြယ္နီနဲ႔ ပတ္သက္ျပီး စိတ္ဝင္စားမႈ ျမင့္တက္ခဲ့ျပီး မႏြယ္နီရဲ့ အေၾကာင္းကိုေတာ့ 8 Day ကသြားေရာက္ ေမးျမန္းထားတာ ျဖစ္ပါတယ္။

8 Day နဲ႔ အင္တာဗ်ဴးမွာေတာ့ ဇာတ္ပို႔သရုပ္ေဆာင္ႏြယ္နီကေတာ့ Online ေပၚမွာ စာတင္ျပီး အကူညီေတာင္းျဖစ္တာနဲ႔ ပတ္သက္ျပီး “ေဆးရံုေတြဘာေတြတက္ရတာကလည္း စရိတ္ေတြကမ်ားတယ္ေလ။ ဒီရက္အေတာအတြင္းေလးမွာ ေဆးရံုမတက္ခင္ ရႈတင္ေလးရိုက္လို႔ရတဲ့ ပိုက္ဆံေလးနဲ႔ ေဆးရံုစရိတ္ကုိ ခုမိကာမိေအာင္ အကူညီေတာင္းလိုက္တဲ့ သေဘာပါ”

“အခုခ်ိန္က နာတာေတြေတာ့ မရွိေသးပါဘူး။ ဆရာဝန္ေတြ သတ္မွတ္ထားတဲ့အတိုင္း ကင္ဆာေပါ့။ ခံစားခ်က္ကေတာ့ ေၾကာက္တာေပါ့။ ဘာလို႔လည္းဆိုေတာ့ ကိုယ့္မွာ သားသမီးေတြ ရွိေသးေတာ့ ကိုယ္တခုခု ျဖစ္သြားမွာကို စိုးရိမ္တာပါ။ ရင္ဆိုင္ေနရတဲ့ အခက္ခဲေတြကေတာ့ ေငြေရးေၾကးေရးပဲ ေျပာရမွာေပါ့။ ဒီေရာဂါၾကီးကို ေပ်ာက္ေအာင္ကုရမွာဆိုေတာ့။ ဒီကေလးေတြမွာ အမတေယာက္ပဲ ရွိတယ္။ ေပ်ာက္ခ်င္တဲ့အတြက္ ေငြမရွိရင္ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး”

ကားရိုက္တုန္းက ေငြေတြကို မစုမိတာလား ဆုိတဲ့ အေပၚမွာေတာ့ “မကာမိဘူးလို႔ပဲ ေျပာရမွာေပါ့။ မကာမိဘူးဆိုတာထက္ အမတို႔က ကန္ထရိုက္ကားေတြက သိပ္မရိုက္ရဘူး။ ကားရိုက္က တပတ္ကုိ တရက္။ တလလံုးမွာ ႏွစ္ရက္ေလာက္ပဲရိုက္ရတယ္။ တရက္ကို ၂ သိန္းေလာက္ရဦး။ တလကို ၂ ရက္ ၄ သိန္းေလာက္ဆိုေတာ့ အဆင္မေျပဘူး။ အမအေနနဲ႔ကေတာ့ ကိုယ္ပဲ ခပ္ေအးေအးေနတတ္လို႔လားေတာ့ မသိဘူး။ စိတ္ထဲမွာေတာ့ ဘာမွမရွိပါဘူး။ ကိုယ့္ကို ေခၚမရိုက္တာ ကိုယ္နဲ႔ပဲ မကိုက္ညီလို႔လားဆိုျပီးေတာ့ ေတြးမိပါတယ္”

အိမ္ဆိုင္ေလး ဖြင့္ျဖစ္တာနဲ႔ ပတ္သက္ျပီး “ဆိုင္ေလးဖြင့္ျဖစ္တာက ကားရိုက္ေတြက မရွိမရွိနဲ႔ဆိုေတာ့ အမ်ိဳးသားလစာ တခုထဲနဲ႔ကလည္း အဆင္မေျပဘူးေလ။ ေက်ာင္းစရိတ္ေတြ ကေလးစရိတ္ေတြကလည္း ရွိတယ္။ ဘာပဲေျပာေျပာ အိမ္မွာေနျပီး ဒါေလးဖြင့္လိုက္ရင္ ေန႔စဥ္ ဝင္ေငြေလး ရွိတယ္ဆိုျပီး အစ္မဒါေလးကို ဖြင့္လိုက္တာပါ”

Online မွာ စာတင္လိုက္တာက ကိုယ္ဂုဏ္သိကၡာကို ထိခိုက္ႏိုင္လားဆိုတဲ့ အေပၚမွာေတာ့ “ဂုဏ္သိကၡာက်သြားမလားဆိုတ့ဲ စိတ္ရွိတယ္။ ဒါေပမယ့္ အမမွာေလာေလာဆယ္မွာ ဂုဏ္သိကၡာထက္ ဘာကအေရးၾကီးေနလည္းဆိုေတာ့ အစ္မအလုပ္လိုခ်င္တယ္။ အမတင္လိုက္တာကို သနားျပီးေတ့ာ အလွဴေငြေတာင္းတာ မဟုတ္ဘူး။ အလုပ္လိုခ်င္တာပါ။ အဲ့အတြက္ အစ္မဒီပို႔စ္ကိုတင္တာ။ အလုပ္လိုခ်င္တာပါ။ အလွဴေငြေတာင္းတာ မဟုတ္ပါဘူး”

“အႏုပညာသက္တမ္းကေတာ့ အမအေနနဲ႔ အႏွစ္ ၂၀ ေက်ာ္ေလာက္ေတာ့ ရွိျပီ။ ခက္ခဲတဲ့သူေတြ ရွိရင္ေတာ့ ဘာပဲျဖစ္ျဖစ္ေပါ့။ အစ္မဆိုလည္း အစ္မအရမ္းေၾကာက္တဲ့ ေရာဂါကို ရင္ဆိုင္ေနရတယ္။ ဒါေပမယ့္လည္း အားတင္းထားတယ္။ ဘာလို႔လဲဆိုေတာ့ ငါလဲသြားလို႔ မျဖစ္ဘူး။ အမ စကားပံုတခုၾကားဖူးတယ္။ တိမ္ေတြဖံုးတာခဏပါ မၾကာခင္ေကာင္းကင္ၾကီးက သာယာလာမွာပါ။ အစ္မအဲ့စကားေလးနဲ႔ ကိုယ့္ကိုကိုယ္ အားတင္ထားတယ္။ ရုပ္ရွင္အစည္းရံုးက ေထာက္ပံ့ထားတဲ့ ေငြေၾကးရွိတယ္။ မင္းသမီးေအးျမတ္သူကလည္း ပိုက္ဆံ ၂ သိန္းလွဴခ်င္တယ္တဲ့။ အေမေပါ့ သူတို႔မွာရွိတာေလးေတြစုျပီးေတာ့ လုပ္ရမွာေပါ့။ မျဖစ္ျဖစ္ေအာင္ေတာ့ ကိုယ့္အသက္ကို ဆပ္ရမွာေပါ့၊ ပရိသတ္ေတြလည္း ကြ်န္မကို ဒီေဝဒနာၾကီး ေပ်ာက္ဖို႔နဲ႔ အသက္ရွင္ဖို႔ ဆုေတာင္းေပးဖို႔နဲ႔ အားေပးပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Verison#
မြန်မာရုပ်ရှင် လောကထဲမှာ နှစ်အတော်ကြာ ကျင်လည်နေတဲ့ ဇာတ်ပိ့ုသရုပ်ဆောင် မနွယ်နီကတော့ လက်ရှိမှာ ကင်ဆာဆိုတဲ့ ရောဂါဝေဒနာဆိုးကြီးကို ခံစားနေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီရောဂါကိုပျောက်ဖို့အတွက် ငွေကြေးအခက်ခဲရှိနေတာကြောင့် Online ပေါ်မှာ အရင်လိုကားရိုက်တွေ ခေါ်ပေးဖို့ကို စာလေးတင်ထားတာ ဖြစ်ပါတယ်။ ဒီလိုစာလေးတင်ထားတာကြောင့်  မနွယ်နီနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး မနွယ်နီရဲ့ အကြောင်းကိုတော့ 8 Day ကသွားရောက် မေးမြန်းထားတာ ဖြစ်ပါတယ်။

8 Day နဲ့ အင်တာဗျူးမှာတော့ ဇာတ်ပို့သရုပ်ဆောင်နွယ်နီကတော့ Online ပေါ်မှာ စာတင်ပြီး အကူညီတောင်းဖြစ်တာနဲ့ ပတ်သက်ပြီး “ဆေးရုံတွေဘာတွေတက်ရတာကလည်း စရိတ်တွေကများတယ်လေ။ ဒီရက်အတောအတွင်းလေးမှာ ဆေးရုံမတက်ခင် ရှုတင်လေးရိုက်လို့ရတဲ့ ပိုက်ဆံလေးနဲ့ ဆေးရုံစရိတ်ကို ခုမိကာမိအောင် အကူညီတောင်းလိုက်တဲ့ သဘောပါ”

“အခုချိန်က နာတာတွေတော့ မရှိသေးပါဘူး။ ဆရာဝန်တွေ သတ်မှတ်ထားတဲ့အတိုင်း ကင်ဆာပေါ့။ ခံစားချက်ကတော့ ကြောက်တာပေါ့။ ဘာလို့လည်းဆိုတော့ ကိုယ့်မှာ သားသမီးတွေ ရှိသေးတော့ ကိုယ်တခုခု ဖြစ်သွားမှာကို စိုးရိမ်တာပါ။ ရင်ဆိုင်နေရတဲ့ အခက်ခဲတွေကတော့ ငွေရေးကြေးရေးပဲ ပြောရမှာပေါ့။ ဒီရောဂါကြီးကို ပျောက်အောင်ကုရမှာဆိုတော့။ ဒီကလေးတွေမှာ အမတယောက်ပဲ ရှိတယ်။ ပျောက်ချင်တဲ့အတွက် ငွေမရှိရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး”

ကားရိုက်တုန်းက ငွေတွေကို မစုမိတာလား ဆိုတဲ့ အပေါ်မှာတော့ “မကာမိဘူးလို့ပဲ ပြောရမှာပေါ့။ မကာမိဘူးဆိုတာထက် အမတို့က ကန်ထရိုက်ကားတွေက သိပ်မရိုက်ရဘူး။ ကားရိုက်က တပတ်ကို တရက်။ တလလုံးမှာ နှစ်ရက်လောက်ပဲရိုက်ရတယ်။ တရက်ကို ၂ သိန်းလောက်ရဦး။ တလကို ၂ ရက် ၄ သိန်းလောက်ဆိုတော့ အဆင်မပြေဘူး။ အမအနေနဲ့ကတော့ ကိုယ်ပဲ ခပ်အေးအေးနေတတ်လို့လားတော့ မသိဘူး။ စိတ်ထဲမှာတော့ ဘာမှမရှိပါဘူး။ ကိုယ့်ကို ခေါ်မရိုက်တာ ကိုယ်နဲ့ပဲ မကိုက်ညီလို့လားဆိုပြီးတော့ တွေးမိပါတယ်”

အိမ်ဆိုင်လေး ဖွင့်ဖြစ်တာနဲ့ ပတ်သက်ပြီး “ဆိုင်လေးဖွင့်ဖြစ်တာက ကားရိုက်တွေက မရှိမရှိနဲ့ဆိုတော့ အမျိုးသားလစာ တခုထဲနဲ့ကလည်း အဆင်မပြေဘူးလေ။ ကျောင်းစရိတ်တွေ ကလေးစရိတ်တွေကလည်း ရှိတယ်။ ဘာပဲပြောပြော အိမ်မှာနေပြီး ဒါလေးဖွင့်လိုက်ရင် နေ့စဉ် ဝင်ငွေလေး ရှိတယ်ဆိုပြီး အစ်မဒါလေးကို ဖွင့်လိုက်တာပါ”

Online မှာ စာတင်လိုက်တာက ကိုယ်ဂုဏ်သိက္ခာကို ထိခိုက်နိုင်လားဆိုတဲ့ အပေါ်မှာတော့ “ဂုဏ်သိက္ခာကျသွားမလားဆိုတဲ့ စိတ်ရှိတယ်။ ဒါပေမယ့် အမမှာလောလောဆယ်မှာ ဂုဏ်သိက္ခာထက် ဘာကအရေးကြီးနေလည်းဆိုတော့ အစ်မအလုပ်လိုချင်တယ်။ အမတင်လိုက်တာကို သနားပြီးတေ့ာ အလှူငွေတောင်းတာ မဟုတ်ဘူး။ အလုပ်လိုချင်တာပါ။ အဲ့အတွက် အစ်မဒီပို့စ်ကိုတင်တာ။ အလုပ်လိုချင်တာပါ။ အလှူငွေတောင်းတာ မဟုတ်ပါဘူး”

“အနုပညာသက်တမ်းကတော့ အမအနေနဲ့ အနှစ် ၂၀ ကျော်လောက်တော့ ရှိပြီ။ ခက်ခဲတဲ့သူတွေ ရှိရင်တော့ ဘာပဲဖြစ်ဖြစ်ပေါ့။ အစ်မဆိုလည်း အစ်မအရမ်းကြောက်တဲ့ ရောဂါကို ရင်ဆိုင်နေရတယ်။ ဒါပေမယ့်လည်း အားတင်းထားတယ်။ ဘာလို့လဲဆိုတော့ ငါလဲသွားလို့ မဖြစ်ဘူး။ အမ စကားပုံတခုကြားဖူးတယ်။ တိမ်တွေဖုံးတာခဏပါ မကြာခင်ကောင်းကင်ကြီးက သာယာလာမှာပါ။ အစ်မအဲ့စကားလေးနဲ့ ကိုယ့်ကိုကိုယ် အားတင်ထားတယ်။ ရုပ်ရှင်အစည်းရုံးက ထောက်ပံ့ထားတဲ့ ငွေကြေးရှိတယ်။ မင်းသမီးအေးမြတ်သူကလည်း ပိုက်ဆံ ၂ သိန်းလှူချင်တယ်တဲ့။ အမေပေါ့ သူတို့မှာရှိတာလေးတွေစုပြီးတော့ လုပ်ရမှာပေါ့။ မဖြစ်ဖြစ်အောင်တော့ ကိုယ့်အသက်ကို ဆပ်ရမှာပေါ့၊ ပရိသတ်တွေလည်း ကျွန်မကို ဒီဝေဒနာကြီး ပျောက်ဖို့နဲ့ အသက်ရှင်ဖို့ ဆုတောင်းပေးဖို့နဲ့ အားပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top