ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အျငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ပင္စင္လစာကိုယခုလမွစတင္ကာWave Money ျဖင့္လည္းထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာ့စီးပြားေရးဘဏ္ႏွင့္Digital Money Myanmar Ltd(Wave Money)တို႔အက်ိဳးတူပူးေပါင္းျပီးမိုဘိုင္းလ္စနစ္ျဖင့္အျငိမ္းစားလစာထုတ္ေပးျခင္းဝန္ေဆာင္မႈလုပ္ငန္းလက္မွတ္ေရးထိုးခ်ဳပ္ဆိုသည့္အခမ္းအနားကိုယေန႔ညေနပိုင္းကေနျပည္ေတာ္Kempinskiဟိုတယ္တြင္က်င္းပျပဳလုပ္ခဲ့သည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းက”ယခုမိုဘိုင္းလ္ဝန္ေဆာင္မႈစနစ္နဲ႔ဆိုရင္MPT၊ Telenor၊ Ooredoo၊Mytelမည္သည့္Sim Cardကိုင္ေဆာင္သူမဆိုပင္စင္လစာကိုအလြယ္တကူထုတ္ယူႏိုင္ေၾကာင္းသိရွိရပါတယ္။ ဆႏၵရွိတဲ့အျငိမ္းစားမ်ားအေနျဖင့္ျမန္မာ့စီးပြားေရးဘဏ္မွာ Standing Instructionေပးထားျခင္းျဖင့္ ဘဏ္သို႔အႀကိမ္ႀကိမ္လာေရာက္ရန္မလိုအပ္ပဲ ေနထိုင္ရာေဒသႏွင့္နီးစပ္ရာျပင္ပေအးဂ်င့္မ်ားတြင္ထုတ္ယူႏိုင္မွာျဖစ္ပါတယ္”ဟုေျပာၾကားခဲ့သည္။

”ျမန္မာ့စီးပြားေရးဘဏ္က ျမန္မာႏိုုင္ငံေတာ္ဗဟိုုဘဏ္မွ မိုုဘိုုင္းလ္ေငြေရးေၾကးေရးလုုပ္ငန္း မွတ္ပုုံတင္အမွတ္ရရွိထားတဲ့ Wave Money နဲ႔ အက်ဳိးတူပူးေပါင္းျပီး မိုုဘိုုင္းလ္စနစ္ျဖင့္ အျငိမ္းစားလစာထုုတ္ေပးျခင္း၀န္ေဆာင္မႈေပးႏိုုင္ရန္အတြက္ အျငိမ္းစားဦးေရမ်ားျပားနဲ့ ဒဂုုံ(ေျမာက္)ဘဏ္ခြဲမွာ Pilot Project စမ္းသပ္မႈျပဳလုုပ္ျပီးျဖစ္ပါတယ္”ဟုုလည္း ဒုုတိယ၀န္ၾကီးကေျပာၾကားသည္။ ယင္း Pilot Project အရ လက္ရွိတြင္ အျငိမ္းစားဦးေရ ၂၀၀ သည္ အဆိုုပါ၀န္ေဆာင္မႈျဖင့္ လစာထုုတ္ယူေနလွ်က္ရွိေၾကာင္းကိုုလည္း သူကေျပာၾကားသည္။

ဘဏ္တြင္ပင္စင္လစာထုတ္ေပးေနက်ရက္ျဖစ္ေသာ(၂၁)ရက္ေန႔တုိင္းတြင္ျမန္မာ့စီးပြားေရးဘဏ္မွWave Moneyကိုအေၾကာင္းၾကားမည္ျဖစ္ျပီး ၀န္ေဆာင္မႈရယူထားသူ သက္ဆိုင္ရာအျငိမ္းစားမ်ား၏ဖုန္းကိုElectronic Moneyလႊဲေျပာင္းထည့္သြင္းေပးလိုက္သည္ႏွင့္တစ္ျပိဳင္နက္အဆိုပါဖုန္းအတြင္းသို႔လစာထုတ္ယူႏိုင္ေၾကာင္းSMSေရာက္ရွိလာမည္ျဖစ္သည္။

အျငိမ္းစားမ်ားအေနျဖင့္လစဥ္(၂၁)ရက္ေန႔မွေနာက္လ(၂၀)ရက္ေန႔အတြင္းမိမိတို႔အဆင္ေျပႀကိဳက္ႏွစ္သက္ရာေန႔ရက္၊အခ်ိန္တြင္မိမိတို႔မိုဘိုင္းလ္ဖုန္းအတြင္းရွိလစာကိုနီးစပ္ရာWave Moneyေအးဂ်င့္မ်ားထံတြင္ထုတ္ယူႏိုင္မည္ျဖစ္သည္။

အျငိမ္းစားလစာကိုတစ္ႀကိမ္တည္း(သို႔မဟုတ္)ႏွစ္ႀကိမ္ခြဲျပီးထုတ္ယူပါကဝန္ေဆာင္ခေပးရန္မလိုပဲတတိယအႀကိမ္ေျမာက္မွစတင္ျပီးထုတ္ယူသည့္အႀကိမ္တိုင္းတြင္Wave Money၏သတ္မွတ္ႏႈန္းထားအတိုင္းဝန္ေဆာင္ခေပးရမည္ျဖစ္သည္။

“မိုဘိုင္းလ္နဲ႔မိသားစုပင္စင္ထုတ္ေနတဲ့လူဆိုရင္(၃)လတစ္ႀကိမ္ဒီလူကအသက္ရွင္ေနသလား၊ မရွင္ဘူးလားဆိုတာက်ြန္မတို႔ကစစ္ေဆးရမွာပဲ။ ျပႆနာမရွိႏိုင္ပါဘူး။ တကယ္လို႔ဒီပင္စင္စားသည္ဥပမာအားျဖင့္ကြယ္လြန္ျပီးေတာ့မွ ထုတ္ထားတဲ့ဟာမ်ိဳးရွိေနတယ္ဆိုရင္ အဲ့ဒီပင္စင္စားနဲ႔ပတ္သတ္တဲ့လူေတြကိုေခၚျပီးေတာ့မွ ေဆြးေႏြးညွိႏိႈင္းျပီး ပိုေပးထားတဲ့ေငြေတြကိုျပန္ျပီးေတာ့ ေတာင္းခံရမွာျဖစ္ပါတယ္”ဟုျမန္မာ့စီးပြားေရးဘဏ္မွအေထြေထြမန္ေနဂ်ာေဒၚဆင့္ဆင့္ေအာင္ကဆိုသည္။

အဆိုပါဝန္ေဆာင္မႈမွာလက္ရွိတြင္ရန္ကုန္ဘဏ္ခြဲ(၁)၊အင္းစိန္၊တာေမြ၊သဃၤန္းက်ြန္း၊ကမာရြတ္၊ေျမာက္ဥကၠလာပ၊ဒဂံု(ေျမာက္)၊လွည္းကူးစသည့္ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္သာကနဦးေဆာင္ရြက္ႏိုင္မည္ျဖစ္ျပီးလုပ္ငန္းေအာင္ျမင္မႈႏွင့္အျငိမ္းစားမ်ား၏ေတာင္းဆိုမႈအေပၚအေျခခံျပီးက်န္တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးတြင္ထပ္မံတိုးခ်ဳဲ႕သြားမည္ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဖူးဖူးေအာင္ (PN)
#Unicode Version#
အငြိမ်းစားဝန်ထမ်းများအနေဖြင့်ပင်စင်လစာကိုယခုလမှစတင်ကာWave Money ဖြင့်လည်းထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေးဘဏ်နှင့်Digital Money Myanmar Ltd(Wave Money)တို့အကျိုးတူပူးပေါင်းပြီးမိုဘိုင်းလ်စနစ်ဖြင့်အငြိမ်းစားလစာထုတ်ပေးခြင်းဝန်ဆောင်မှုလုပ်ငန်းလက်မှတ်ရေးထိုးချုပ်ဆိုသည့်အခမ်းအနားကိုယနေ့ညနေပိုင်းကနေပြည်တော်Kempinskiဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက”ယခုမိုဘိုင်းလ်ဝန်ဆောင်မှုစနစ်နဲ့ဆိုရင်MPT၊ Telenor၊ Ooredoo၊Mytelမည်သည့်Sim Cardကိုင်ဆောင်သူမဆိုပင်စင်လစာကိုအလွယ်တကူထုတ်ယူနိုင်ကြောင်းသိရှိရပါတယ်။ ဆန္ဒရှိတဲ့အငြိမ်းစားများအနေဖြင့်မြန်မာ့စီးပွားရေးဘဏ်မှာ Standing Instructionပေးထားခြင်းဖြင့် ဘဏ်သို့အကြိမ်ကြိမ်လာရောက်ရန်မလိုအပ်ပဲ နေထိုင်ရာဒေသနှင့်နီးစပ်ရာပြင်ပအေးဂျင့်များတွင်ထုတ်ယူနိုင်မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

”မြန်မာ့စီးပွားရေးဘဏ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းလ်ငွေရေးကြေးရေးလုပ်ငန်း မှတ်ပုံတင်အမှတ်ရရှိထားတဲ့ Wave Money နဲ့ အကျိုးတူပူးပေါင်းပြီး မိုဘိုင်းလ်စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းဝန်ဆောင်မှုပေးနိုင်ရန်အတွက် အငြိမ်းစားဦးရေများပြားနဲ့ ဒဂုံ(မြောက်)ဘဏ်ခွဲမှာ Pilot Project စမ်းသပ်မှုပြုလုပ်ပြီးဖြစ်ပါတယ်”ဟုလည်း ဒုတိယဝန်ကြီးကပြောကြားသည်။ ယင်း Pilot Project အရ လက်ရှိတွင် အငြိမ်းစားဦးရေ ၂၀၀ သည် အဆိုပါဝန်ဆောင်မှုဖြင့် လစာထုတ်ယူနေလျှက်ရှိကြောင်းကိုလည်း သူကပြောကြားသည်။

ဘဏ်တွင်ပင်စင်လစာထုတ်ပေးနေကျရက်ဖြစ်သော(၂၁)ရက်နေ့တိုင်းတွင်မြန်မာ့စီးပွားရေးဘဏ်မှWave Moneyကိုအကြောင်းကြားမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူထားသူ သက်ဆိုင်ရာအငြိမ်းစားများ၏ဖုန်းကိုElectronic Moneyလွှဲပြောင်းထည့်သွင်းပေးလိုက်သည်နှင့်တစ်ပြိုင်နက်အဆိုပါဖုန်းအတွင်းသို့လစာထုတ်ယူနိုင်ကြောင်းSMSရောက်ရှိလာမည်ဖြစ်သည်။

အငြိမ်းစားများအနေဖြင့်လစဉ်(၂၁)ရက်နေ့မှနောက်လ(၂၀)ရက်နေ့အတွင်းမိမိတို့အဆင်ပြေကြိုက်နှစ်သက်ရာနေ့ရက်၊အချိန်တွင်မိမိတို့မိုဘိုင်းလ်ဖုန်းအတွင်းရှိလစာကိုနီးစပ်ရာWave Moneyအေးဂျင့်များထံတွင်ထုတ်ယူနိုင်မည်ဖြစ်သည်။

အငြိမ်းစားလစာကိုတစ်ကြိမ်တည်း(သို့မဟုတ်)နှစ်ကြိမ်ခွဲပြီးထုတ်ယူပါကဝန်ဆောင်ခပေးရန်မလိုပဲတတိယအကြိမ်မြောက်မှစတင်ပြီးထုတ်ယူသည့်အကြိမ်တိုင်းတွင်Wave Money၏သတ်မှတ်နှုန်းထားအတိုင်းဝန်ဆောင်ခပေးရမည်ဖြစ်သည်။

“မိုဘိုင်းလ်နဲ့မိသားစုပင်စင်ထုတ်နေတဲ့လူဆိုရင်(၃)လတစ်ကြိမ်ဒီလူကအသက်ရှင်နေသလား၊ မရှင်ဘူးလားဆိုတာကျွန်မတို့ကစစ်ဆေးရမှာပဲ။ ပြဿနာမရှိနိုင်ပါဘူး။ တကယ်လို့ဒီပင်စင်စားသည်ဥပမာအားဖြင့်ကွယ်လွန်ပြီးတော့မှ ထုတ်ထားတဲ့ဟာမျိုးရှိနေတယ်ဆိုရင် အဲ့ဒီပင်စင်စားနဲ့ပတ်သတ်တဲ့လူတွေကိုခေါ်ပြီးတော့မှ ဆွေးနွေးညှိနှိုင်းပြီး ပိုပေးထားတဲ့ငွေတွေကိုပြန်ပြီးတော့ တောင်းခံရမှာဖြစ်ပါတယ်”ဟုမြန်မာ့စီးပွားရေးဘဏ်မှအထွေထွေမန်နေဂျာဒေါ်ဆင့်ဆင့်အောင်ကဆိုသည်။

အဆိုပါဝန်ဆောင်မှုမှာလက်ရှိတွင်ရန်ကုန်ဘဏ်ခွဲ(၁)၊အင်းစိန်၊တာမွေ၊သင်္ဃန်းကျွန်း၊ကမာရွတ်၊မြောက်ဥက္ကလာပ၊ဒဂုံ(မြောက်)၊လှည်းကူးစသည့်မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင်သာကနဦးဆောင်ရွက်နိုင်မည်ဖြစ်ပြီးလုပ်ငန်းအောင်မြင်မှုနှင့်အငြိမ်းစားများ၏တောင်းဆိုမှုအပေါ်အခြေခံပြီးကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ထပ်မံတိုးချုဲ့သွားမည်ဖြစ်ကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဖူးဖူးအောင် (PN)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top