ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


လာမယ့္ရာသီမွာ ဘတ္ပီကို ေခၚယူသြားဖို႔အတြက္ ဂ်ဴဗီဘက္က အတတ္ႏိုင္ဆံုး လႈပ္ရွားသြားမယ္လို႔ ေျပာၾကားလိုက္တာလည္း ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုက္တာ ေဖဘီယိုပါရာတီက အသင္းပရိသတ္ေတြကို ကိုင္လီယန္ဘတ္ပီနဲ႔ ပတ္သက္ျပီးေတာ့ ျဖစ္ႏိုင္သမွ် အားလံုးကို ေဆာင္ရြက္ေပးသြားမယ္လို႔ ကတိေပးစကား ေျပာၾကားလိုက္ပါတယ္။

လာမယ့္ရာသီမွာ ဘတ္ပီကို ေခၚယူသြားဖို႔အတြက္ ဂ်ဴဗီဘက္က အတတ္ႏိုင္ဆံုး လႈပ္ရွားသြားမယ္လို႔ ေျပာၾကားလိုက္တာလည္း ျဖစ္ပါတယ္။ ျပိးခဲ့တဲ့ ေႏြရာသီမွာ ေရာ္နယ္ဒိုကို ရီးရဲလ္မက္ဒရစ္အသင္းကေန ေခၚယူႏိုင္ခဲ့ျပီးေနာက္မွာ ပါရာတီစီက ေနာက္ထပ္တစ္ၾကိမ္ ေဘာလံုးေလာကကို လႈပ္လႈပ္ရွားရွား ျဖစ္သြားေစမယ့္ အေျပာင္းအေရႊ႕ကို ပံုေဖာ္သြားဖို႔ ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

 ေရာ္နယ္ဒုိကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့ျပီးေနာက္ ဂ်ဴဗီက ဘတ္ပီအတြက္ ေနာက္ထပ္တစ္ၾကိမ္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး သံုးစြဲေတာ့မွာလည္း ျဖစ္ပါတယ္။

အသင္းေရွ႕တန္းမွာ ေရာ္နယ္ဒို နဲ႔ ဘတ္ပီကို တြဲဖက္ေပးသြားဖို႔ ဂ်ဴဗင္တပ္စ္ဘက္က ဆႏၵရွိေနျပီး ကမၻာ့အေကာင္းဆံုး တိုက္စစ္မွဴး နဲ႔ ေနာင္တစ္ခ်ိန္မွာ ကမၻာ့အေကာင္းဆံုးကစားသမား ျဖစ္လာႏိုင္တယ္လို႔ သတ္မွတ္ခံထားရတဲ့ ကစားသမားကို အသင္းတစ္သင္းတည္းမွာ ျမင္ေတြ႕ရေတာ့မွာလားဆိုတာကလည္း စိတ္လႈပ္ရွားဖြယ္ရာ ျဖစ္လာခဲ့ျပီ ျဖစ္ပါတယ္။

အီတလီသတင္းစာ Tuttosport က ဒီသတင္းကို သူတို႔သတင္းစာရဲ႕ မ်က္ႏွာဖံုးမွာ ေ၀ေ၀ဆာဆာေဖာ္ျပခဲ့တာ ျဖစ္ျပီး အက္သလက္တီကိုမက္ဒရစ္ကို အႏိုင္ရခဲ့တဲ့ ညမွာ ျပဳလုပ္ခဲ့တဲ့ ညစာစားပြဲမွာ ပါရာတီစီက ေျပာဆိုခဲ့တာလို႔လည္း သိရပါတယ္။

 ဒီေျပာဆိုမႈက ဂ်ဴဗီပရိသတ္ေတြ အတြက္လည္း စိတ္လႈပ္ရွားစရာ ျဖစ္လာခဲ့ျပီး အသင္းရဲ႕ အေျပာင္းအေရႊ႕ေပၚလစီအေပၚမွာ ေက်နပ္ေနမွာလည္း ေသခ်ာပါတယ္။



ဂ်ဴဗင္တပ္စ္အသင္းဟာ ဘတ္ဖြန္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ၂၀၀၁ ခုႏွစ္မွာ ေခၚယူခဲ့ျပီးေနာက္ (၁၅)ႏွစ္အၾကာမွာ နာပိုလီတိုက္စစ္မွဴး ဟီဂူအင္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၅)သန္းနဲ႔ ထပ္မံေခၚယူခဲ့ပါတယ္။

ဒီႏွစ္ရာသီအစမွာေတာ့ ေရာ္နယ္ဒိုကို ေပါင္ (၁၀၅)သန္းနဲ႔ ထပ္မံေခၚယူခဲ့ျပီး စံခ်ိန္တင္ေၾကး အျဖစ္ ရွိေနခဲ့ကာ ဘတ္ပီကို ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေနာက္ထပ္ေျပာင္းေရႊ႕ေၾကး စံခ်ိန္အသစ္ ျဖစ္လာမွာ ျဖစ္ပါတယ္။ ဘတ္ပီရဲ႕ တန္ေၾကးဟာ အနည္းဆံုး ေပါင္သန္း (၁၂၀)ခန္႔ ရွိတယ္လို႔ ခန္႔မွန္းရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


လာမယ့်ရာသီမှာ ဘတ်ပီကို ခေါ်ယူသွားဖို့အတွက် ဂျူဗီဘက်က အတတ်နိုင်ဆုံး လှုပ်ရှားသွားမယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီက အသင်းပရိသတ်တွေကို ကိုင်လီယန်ဘတ်ပီနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်သမျှ အားလုံးကို ဆောင်ရွက်ပေးသွားမယ်လို့ ကတိပေးစကား ပြောကြားလိုက်ပါတယ်။

လာမယ့်ရာသီမှာ ဘတ်ပီကို ခေါ်ယူသွားဖို့အတွက် ဂျူဗီဘက်က အတတ်နိုင်ဆုံး လှုပ်ရှားသွားမယ်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ပြိးခဲ့တဲ့ နွေရာသီမှာ ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ပါရာတီစီက နောက်ထပ်တစ်ကြိမ် ဘောလုံးလောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမယ့် အပြောင်းအရွှေ့ကို ပုံဖော်သွားဖို့ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 ရော်နယ်ဒိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် ဂျူဗီက ဘတ်ပီအတွက် နောက်ထပ်တစ်ကြိမ် စံချိန်တင်ပြောင်းရွှေ့ကြေး သုံးစွဲတော့မှာလည်း ဖြစ်ပါတယ်။

အသင်းရှေ့တန်းမှာ ရော်နယ်ဒို နဲ့ ဘတ်ပီကို တွဲဖက်ပေးသွားဖို့ ဂျူဗင်တပ်စ်ဘက်က ဆန္ဒရှိနေပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး နဲ့ နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ ကစားသမားကို အသင်းတစ်သင်းတည်းမှာ မြင်တွေ့ရတော့မှာလားဆိုတာကလည်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အီတလီသတင်းစာ Tuttosport က ဒီသတင်းကို သူတို့သတင်းစာရဲ့ မျက်နှာဖုံးမှာ ဝေေ၀ဆာဆာဖော်ပြခဲ့တာ ဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ညမှာ ပြုလုပ်ခဲ့တဲ့ ညစာစားပွဲမှာ ပါရာတီစီက ပြောဆိုခဲ့တာလို့လည်း သိရပါတယ်။

 ဒီပြောဆိုမှုက ဂျူဗီပရိသတ်တွေ အတွက်လည်း စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီအပေါ်မှာ ကျေနပ်နေမှာလည်း သေချာပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘတ်ဖွန်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ၂၀၀၁ ခုနှစ်မှာ ခေါ်ယူခဲ့ပြီးနောက် (၁၅)နှစ်အကြာမှာ နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၅)သန်းနဲ့ ထပ်မံခေါ်ယူခဲ့ပါတယ်။

ဒီနှစ်ရာသီအစမှာတော့ ရော်နယ်ဒိုကို ပေါင် (၁၀၅)သန်းနဲ့ ထပ်မံခေါ်ယူခဲ့ပြီး စံချိန်တင်ကြေး အဖြစ် ရှိနေခဲ့ကာ ဘတ်ပီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်ပြောင်းရွှေ့ကြေး စံချိန်အသစ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ တန်ကြေးဟာ အနည်းဆုံး ပေါင်သန်း (၁၂၀)ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top