20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
အကျင့်ပျက်ဝန်ထမ်းတစ်ယောက်နှင့်ပတ်သက်ပြီး ပရိသတ်ကို အသိပေးကြေညာလိုက်တဲ့ ယုန်လေး 2
အကျင့်ပျက်ဝန်ထမ်းတစ်ယောက်နှင့်ပတ်သက်ပြီး ပရိသတ်ကို အသိပေးကြေညာလိုက်တဲ့ ယုန်လေး 3အကျင့်ပျက်ဝန်ထမ်းတစ်ယောက်နှင့်ပတ်သက်ပြီး ပရိသတ်ကို အသိပေးကြေညာလိုက်တဲ့ ယုန်လေး 4
#Unicode Version#
ပရိသတ်ကြီးရေအဆိုတော်ယုန်လေးကတော့
ဝါသနာအရတေးသီချင်းများကိုသီဆိုပြီးအနုပညာလောကထဲကို
ဝင်ရောက်လာခဲ့ပေမယ့်ရုပ်ရှင်ဒါရိုက်တာတစ်ယောက်
သရုပ်ဆောင်တစ်ယောက်အဖြစ်လည်းအောင်မြင်လာနေသူတစ်ယောက်ပါ။
လက်ရှိမှာယုနေ်လေးတစ်ယောက်၊လူယုံလိုစိတ်ချယုံကြည်ရတဲ့ဝန်ထမ်းတစ်ယောက်ရဲ့သစ္စာဖောက်မှုကိုခံလိုက်ရတယ်လို့သိရပါတယ်။အဆိုပါဝန်ထမ်းအမျိုးသားနဲ့ပတ်သက်ပြီးအနုပညာလောကနဲ့ပရိသတ်တွေသိရှိအောင်ယုန်လေးရဲ့လူမှုကွန်ရက်စာမျက်နှာ ပေါ်ကနေ ရေးသားအသိပေးလိုက်ပါတယ် ။
ထက်ကောင်း ဆိုတဲ့ အမျိုးသားဝန်ထမ်းတစ်ယောက် ပျောက်ဆုံးနေတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး မနေ့က “ထက်ကောင်းဆိုတဲ့ ဒီကောင်လေး ဖုန်းပိတ်ထားလို့ပျောက်နေလို့ . တွေ့တဲ့နေရာကနေ ကျွန်တော်ကိုဆက်သွယ်ပေးကျပ.အရမ်းအရေးကြီးလို့ပါ .”ဆိုပြီးပရိသတ်တွေနဲ့မိတ်ဆွေတွေကိုအကူအညီတောင်းခဲ့တာပါ။
ဒီနေ့မှာတော့“ထက်ကောင်းခေါ်မောင်ကောင်းကျွန်တော်အလုပ်သမားလိုမထားပါဘူး.လူတိုင်းကိုလည်းယုန်လေးညီလို့ပဲပြောတာပါ.လုပ်ပိုင်ခွင့်လည်းအကုန်ပေးထားတာပါလုပ်ငန်းပိုင်း အကုန်လွှဲထားတာပါ . အခုတော့ ကျွန်တော်နဲ့မသက်ဆိုင်တော့ပါ ဖုန်းပိတ်ပြီးပျောက်နေပါတယ် .ကျွန်တော်နဲ့ ပက်သက်သော အလုပ်လုပ်နေသောညီအစ်ကိုမောင်နှမများအားလုံးကျွန်တော်နှင့်ပက်သက်မှု့လုံးဝမရှိတော့ပါ.တစ်စုံတစ်ရာ ကျွန်တော်ဘာမှတာဝန်ယူဖြေရှင်းမည်မဟုတ်ပါ.ဒီလတော်တော်ဂြိုလ်ဆိုးဝင်တဲ့.တစ်ခြားကိစ္စတွေရောရန်ကုန်ပြန်ရောက်တာနဲ့ စိတ်သစ်လူသစ်အလုပ်တွေ အရင်ကထက် အဆပေါင်းများစွာပိုလုပ်ပြီ .အားလုံး Peace …”ဆိုပြီးအဆိုပါဝန်ထမ်းရဲ့ ပုံနှင့်တကွဖြေရှင်းထားတာကိုတွေ့ရပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ လူယုံသစ္စာအဖောက်ခံခဲ့ရတဲ့ ယုန်လေးအတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ကြပါဦး။
ဖိုးသူတော်(www.phothutaw.com)
Credit: Yone Lay,CRD-CeleGabar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top