20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ဆံပင္ပံုစံဟာ လူတစ္ေယာက္အတြက္အေရးၾကီးဆံုးအရာျဖစ္ပါတယ္။ မွန္ကန္တဲ့ ဆံပင္ပံုစံက လူတစ္ေယာက္ကို ႏုပ်ိဳလွပသြားေစႏိုင္သလို၊ မွားယြင္းတဲ့ဆံပင္ပံုစံက ၾကည့္ေကာငး္ျပီးသားလူတစ္ေယာက္ကိုေတာင္ ရုပ္ဆိုးသြားေစႏိုင္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ဆံပင္ညွပ္ဖုိ႔ စဥ္းစားေနတယ္ဆိုရင္ မျဖစ္မေနသိထား သင့္တဲ့ အရာေလးေတြပါ။

(၁) သင့္ရဲ႕မ်က္ႏွာပံုစံကိုသိဖို႔လိုပါတယ္

သင့္မ်က္ႏွာက်ပံုစံကို သင္ကိုယ္တိုင္ေကာငး္မြန္စြာသိထားဖို႔လိုပါတယ္။ သင့္မ်က္ႏွာက်နဲ႔လိုက္ဖက္ညီတဲ့ ဆံပင္ပံုစံကို ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။ သင့္မ်က္ႏွာပံုစံနဲ႔ မလိုက္ဖက္တဲ့ ဆံပင္ပံုကို ေရြးမိလိုက္ရင္ ညွပ္ျပီးမွ ေနာင္တရေန ရမွာျဖစ္တာေၾကာင့္ ကိုယ့္မ်က္ႏွာက်နဲ႕ အလိုက္ဖက္ဆံုးဆံပင္ပံုစံကို ေရြးခ်ယ္တတ္ဖုိ႔လိုပါတယ္။

(၂) ဆံပင္အထူအပါးကုိ သိဖုိ႔လိုပါတယ္

သင္ဟာ ဆံပင္ပါးသူတစ္ေယာက္ဆိုရင္ေတာ့ ဆံပင္ထူတဲ့သူေတြကို အားက်ျပီး သူတုိ႔ညွပ္သလို လိုက္ညွပ္လုိ႔မရပါဘူး။ သင့္ဆံပင္ကို ထူလာေအာင္ ဆံသဆရာ က လုပ္ေပးလို႔မရတာေၾကာင့္ သင့္ဆံပင္အထူအပါးနဲ႔ လိုက္မယ့္ ဆံပင္ပံုစံ ျဖစ္ေနဖို႔ကလည္း အရမ္းကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ ဆံပင္ပံုစံေရြးတဲ့အခါ သင့္ဆံပင္ အထူအပါးအေပၚမူတည္ျပီး ေရြးခ်ယ္တတ္ဖို႔ကလညး္ အရမး္ကုိ အေရးၾကီးပါတယ္။

(၃) ပံုအျမဲက်ေနမွာမဟုတ္ဘူး

သင္ဟာ ဆယ္လီတစ္ေယာက္ေယာက္ရဲ႕ ဆံပင္ပံုစံအတိုင္း ညွပ္ခ်င္တယ္ဆိုပါစို႔။ ဒါဆိုရင္ေတာ့ သင္သိထားရမွာက သင့္ဆံပင္ဟာ သူတို႔လို အျမဲတမး္ပံုက်ေနမွာ မဟုတ္ဘူးဆိုတာကိုပါ။ ဆယ္လီေတြျဖစ္တဲ့အေလ်ာက္ ဓာတ္ပံုအရိုက္ခံဖို႔ ဆံပင္ ကုိ နာရီေပါငး္မ်ားစြာ အကုန္ခံျပီး ပံုသြင္းထားတာျဖစ္တဲ့အတြက္ သူတို႔လိုအျမဲ တမး္ပံုက်ဖို႔ေတာ့ မေမွ်ာ္လင့္ပါနဲ႔။ ပံုသြင္းလုိက္မွ လွေနမယ့္ ဆံပင္မ်ိဳးဆိုရင္ေတာ့ ေသခ်ာစဥ္းစားဖို႔လိုပါတယ္ေနာ္။

(၄) သင့္ရဲ႕ဘဝပံုစံကိုစဥ္းစားပါ

သင္ညွပ္လိုက္တဲ့ဆံပင္ဟာ သင့္ရဲ႕ ဘဝအေပၚကို သက္ေရာက္မႈအမ်ားၾကီးရွိပါ တယ္။ ဥပမာ သင္ဟာဆရာမတစ္ေယာက္ျဖစ္ေနေပမယ့္ သင့္ရဲ႕ဆံပင္ပံုစံက အရမး္ကလက္ေနတာမ်ိဳးဆို အဆင္မေျပပါဘူး။ အျမဲတမ္းလည္း လွေနေအာင္ ျပင္ခ်ိန္လည္း ရွိမွာမဟုတ္တဲ့အတြက္ သင့္ရဲ႕ ဘဝ၊ ေနထိုင္မႈပံုစံ၊ ဝတ္စားဆင္ ယင္ပံုနဲ႔ အရမ္းကြဲထြက္ေနတဲ့ ဆံပင္ပံုစံမ်ိဳးကိုေတာ့ မေရြးခ်ယ္သင့္ပါဘူး။

(၅) တကယ္ညွပ္ခ်င္ရဲ႕လား

သင့္ရဲ႕ဆံပင္ကို အဖ်ားတိတာမ်ိဳးေလာက္ကေတာ့ ကိစၥမရွိပါဘူး။ ဒါေပမယ့္လည္း ဆံပင္အရွည္ၾကီးကို တုိတုိေလးညွပ္ေတာ့မယ္၊ အရင္ပံုစံနဲ႔ လံုးဝကြဲထြက္တဲ့ ပံုစံမ်ိဳး ညွပ္ပစ္ေတာ့မယ္ဆိုရင္ေတာ့ တကယ္ညွပ္ခ်င္ရဲ႕လားဆိုတာ ေသေသခ်ာခ်ာစဥ္း စားဖို႔လိုပါတယ္။ အရမး္ညွပ္ခ်င္တယ္၊ ညွပ္ခ်င္စိတ္အရမး္ျပင္းျပေနတာမ်ိဳးမွ မဟုတ္ရင္ မညွပ္ပါနဲ႔၊ ညွပ္ျပီးမွ ေနာင္တရမွာမို႔လို႔ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆံပင်ပုံစံဟာ လူတစ်ယောက်အတွက်အရေးကြီးဆုံးအရာဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆံပင်ပုံစံက လူတစ်ယောက်ကို နုပျိုလှပသွားစေနိုင်သလို၊ မှားယွင်းတဲ့ဆံပင်ပုံစံက ကြည့်ကောင်းပြီးသားလူတစ်ယောက်ကိုတောင် ရုပ်ဆိုးသွားစေနိုင်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ဆံပင်ညှပ်ဖို့ စဉ်းစားနေတယ်ဆိုရင် မဖြစ်မနေသိထား သင့်တဲ့ အရာလေးတွေပါ။

(၁) သင့်ရဲ့မျက်နှာပုံစံကိုသိဖို့လိုပါတယ်

သင့်မျက်နှာကျပုံစံကို သင်ကိုယ်တိုင်ကောင်းမွန်စွာသိထားဖို့လိုပါတယ်။ သင့်မျက်နှာကျနဲ့လိုက်ဖက်ညီတဲ့ ဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့လိုပါတယ်။ သင့်မျက်နှာပုံစံနဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံကို ရွေးမိလိုက်ရင် ညှပ်ပြီးမှ နောင်တရနေ ရမှာဖြစ်တာကြောင့် ကိုယ့်မျက်နှာကျနဲ့ အလိုက်ဖက်ဆုံးဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့လိုပါတယ်။

(၂) ဆံပင်အထူအပါးကို သိဖို့လိုပါတယ်

သင်ဟာ ဆံပင်ပါးသူတစ်ယောက်ဆိုရင်တော့ ဆံပင်ထူတဲ့သူတွေကို အားကျပြီး သူတို့ညှပ်သလို လိုက်ညှပ်လို့မရပါဘူး။ သင့်ဆံပင်ကို ထူလာအောင် ဆံသဆရာ က လုပ်ပေးလို့မရတာကြောင့် သင့်ဆံပင်အထူအပါးနဲ့ လိုက်မယ့် ဆံပင်ပုံစံ ဖြစ်နေဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ဆံပင်ပုံစံရွေးတဲ့အခါ သင့်ဆံပင် အထူအပါးအပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။

(၃) ပုံအမြဲကျနေမှာမဟုတ်ဘူး

သင်ဟာ ဆယ်လီတစ်ယောက်ယောက်ရဲ့ ဆံပင်ပုံစံအတိုင်း ညှပ်ချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့ သင်သိထားရမှာက သင့်ဆံပင်ဟာ သူတို့လို အမြဲတမ်းပုံကျနေမှာ မဟုတ်ဘူးဆိုတာကိုပါ။ ဆယ်လီတွေဖြစ်တဲ့အလျောက် ဓာတ်ပုံအရိုက်ခံဖို့ ဆံပင် ကို နာရီပေါင်းများစွာ အကုန်ခံပြီး ပုံသွင်းထားတာဖြစ်တဲ့အတွက် သူတို့လိုအမြဲ တမ်းပုံကျဖို့တော့ မမျှော်လင့်ပါနဲ့။ ပုံသွင်းလိုက်မှ လှနေမယ့် ဆံပင်မျိုးဆိုရင်တော့ သေချာစဉ်းစားဖို့လိုပါတယ်နော်။

(၄) သင့်ရဲ့ဘဝပုံစံကိုစဉ်းစားပါ

သင်ညှပ်လိုက်တဲ့ဆံပင်ဟာ သင့်ရဲ့ ဘဝအပေါ်ကို သက်ရောက်မှုအများကြီးရှိပါ တယ်။ ဥပမာ သင်ဟာဆရာမတစ်ယောက်ဖြစ်နေပေမယ့် သင့်ရဲ့ဆံပင်ပုံစံက အရမ်းကလက်နေတာမျိုးဆို အဆင်မပြေပါဘူး။ အမြဲတမ်းလည်း လှနေအောင် ပြင်ချိန်လည်း ရှိမှာမဟုတ်တဲ့အတွက် သင့်ရဲ့ ဘဝ၊ နေထိုင်မှုပုံစံ၊ ဝတ်စားဆင် ယင်ပုံနဲ့ အရမ်းကွဲထွက်နေတဲ့ ဆံပင်ပုံစံမျိုးကိုတော့ မရွေးချယ်သင့်ပါဘူး။

(၅) တကယ်ညှပ်ချင်ရဲ့လား

သင့်ရဲ့ဆံပင်ကို အဖျားတိတာမျိုးလောက်ကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့်လည်း ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်တော့မယ်၊ အရင်ပုံစံနဲ့ လုံးဝကွဲထွက်တဲ့ ပုံစံမျိုး ညှပ်ပစ်တော့မယ်ဆိုရင်တော့ တကယ်ညှပ်ချင်ရဲ့လားဆိုတာ သေသေချာချာစဉ်း စားဖို့လိုပါတယ်။ အရမ်းညှပ်ချင်တယ်၊ ညှပ်ချင်စိတ်အရမ်းပြင်းပြနေတာမျိုးမှ မဟုတ်ရင် မညှပ်ပါနဲ့၊ ညှပ်ပြီးမှ နောင်တရမှာမို့လို့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top