

တကယ်တော့ သူများထက်ပိုပြီး မာနကြီးတဲ့သူတွေရဲ့ဘ၀ဟာ အခက်ခဲ တော်တော်များများ အကြပ်အတည်း တော်တော်များများနဲ့ လူတော်တော်များများရဲ့ ဖိနှိပ်ပြောဆိုမှု ဒဏ်ကို ခံလာရလို့ ပဲဖြစ်ပါတယ် ။






Credit:tameelay
# Unicode Version # ဖြင့် ဖတ်ပါ #


ဘဝမှာ ခံရပေါင်း များလာတဲ့သူတွေက မာနပိုပြီးကြီး သွားတတ်ကြောင်း လေ့လာတွေ့ရှိ

မာနကြီးတဲ့ သူတွေရဲ့နောက်ကွယ်မှာ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ ရှိနေတတ်တယ် ဆိုတာကို တစ်ချို့သူတွေက မသိကြပါဘူး ။

တကယ်တော့ သူများထက်ပိုပြီး မာနကြီးတဲ့သူတွေရဲ့ဘဝဟာ အခက်ခဲ တော်တော်များများ အကြပ်အတည်း တော်တော်များများနဲ့ လူတော်တော်များမာျးရဲ့ ဖိနှိပ်ပြောဆိုမှု ဒဏ်ကို ခံလာရလို့ ပဲဖြစ်ပါတယ် ။

မာနကြီးတယ်ဆိုတာ ဘဝမြင့်တာ မဟုတ်ဘူးနော် ။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့မာန ကိုယ့်အား ကိုယ်ကိုးချင်ပြီး သူများအပြောဆို မခံတတ်တဲ့ မာနမျိုးပါ ။

သူတို့ဘဝရဲ့ အစိတ်အပိုင်း တစ်ချို့မှာ ဖိနှိပ် ညင်းပန်း ပြောဆိုခံလာရပါများတော့ သိပ်ကို နာတတ်လာတယ် ။ တစ်ခုခုကို အပြောပဲ ခံနေရတော့ ငါပိုလုပ်မှ ရတယ်ဆိုတဲ့ အသိဝင်လာတယ် ။

တစ်ချိန် ဒီလိုလူတွေ ရဲ့အပေါ်မှာ နေနိုင်ရမဲ့ ဆိုတဲ့ စိတ်တွေပြင်းထန်လာတယ်။ ဒါကြောင့်လည်း တော်ရုံ အကောင်းပြောရင်တောင် နှိမ်နေတယ် လို့ပဲ သံယစိတ်ကြီးတွေနဲ့ အထင်လွဲ တတ်ကြတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ကဲ့ရဲ့ ရှုံ့ချမှုကို ခံစားရတဲ့ သူတစ်ယောက်ရဲ့စိတ်ဟာ သိမ်ငယ်နေတာတော့ အမှန်ပါပဲ ။

ဒါကြောင့် မာနကြီးကြတဲ့သူတွေရဲ့ ရင်ထဲမှာ များစွာသော မခံချင်စိတ်တွေ များစွာသော ဒဏ်ရာ ဒဏ်ချက်တွေ ရှိနေတတ်တယ် ဆိုတာ သင်သိပါစေ…

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top