20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာႏုိင္ငံရဲ႕ ပထမဆုံး သိန္းတစ္ေသာင္းခြဲ ထီကုိ ေပါက္ခဲ့တဲ့ ဆရာေတာ္ ဘဒၵႏၱစႏၵိမာ အခုလုိမ်ိဳး ထီေပါက္ခဲ့တာက ဝမ္းသာမႈတစ္ခု ေပ်ာ္ရႊင္မႈတစ္ခုအျပင္ တစ္ျခားမ႐ွိဘဲ ကံေကာင္းခဲ့လုိ႔ အခုလုိ ထီေပါက္ခဲ့တာ ျဖစ္ေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ မိန္႔ၾကားသြားခဲ့ပါတယ္။ ဒါ့အျပင့္အခုအခ်ိန္မွာ ေမြးစားထားတဲ့ တုိင္းရင္း ကေလးေတြကုိ ဘယ္လုိျပဳစုမယ္ဆုိတဲ့အေၾကာင္းေတြကုိ မိန္႔သြားခဲ့ပါတယ္။

ဆရာေတာ္ ဘဒၵႏၱစႏၵိမာက “ထီေပါက္တယ္ဆုိတာ တစ္ခ်က္ပဲ ဝမ္းသာမႈတစ္ခုပါပဲ က်န္တာကေတာ့ ပုံမွန္အတုိင္း ျပန္ျဖစ္သြားတယ္။ ထီေပါက္လုိ႔ ေပ်ာ္တယ္ဆုိတာကလည္း ေစာေစာက ေျပာခဲ့သလုိ ထီေပါက္လုိ႔ ရတဲ့ေငြေၾကးဟာ ဟုိတစ္ေန႔ကလည္း ထပ္ၿပီးေတာ့ စဥ္းစားတယ္။ ဘာလုိ႔လဲဆုိေတာ့ မျမင္အပ္တဲ့ အတိတ္ကံလည္း ပါမယ္။ ယခုမ်က္ေမွာက္ကံလည္း ပါမယ္ ကံေၾကာင့္ ျဖစ္ေပၚလာတဲ့ ဥစၥာပစၥည္းလုိ႔ပဲ ယူဆတယ္။ အဲ့ေတာ့ သူမ်ားဆီက လိမ္ထားတာ ညာထားတာ ေကာက္က်စ္ထားတာ ေလာဘနဲ႔ ႐ွာတဲ့ ဥစၥာလည္း ိမဟုတ္ဘူး။ ေဒါသနဲ႔႐ွာတာလည္း မဟုတ္ဘူး ေမာဟနဲ႔ ႐ွာတာလည္း မဟုတ္ဘူး။ ကံေၾကာင့္ျဖစ္ေပၚလာတဲ့ ဒီဥစၥာဟာ ဝမ္းသာတယ္ဆုိတာ ငါေကာင္းတဲ့ကံေတြပဲ ဒီဥစၥာနဲ႔ ျပန္ရင္းနီးရမယ္။ ဒီလုိေတြးၿပီးေတာ့ ေပ်ာ္တာပဲ႐ွိပါတယ္။ တစ္ျခားေထြေထြထူးထူး ကိစၥနဲ႔ေပ်ာ္တာမ်ိဳး မ႐ွိပါဘူး။

လက္႐ွိအခ်ိန္မွာလည္း ကေလးေတြကုိ ကုိယ္က စည္းနဲ႔ကမ္းနဲ႔ စားလည္းစည္းနဲ႔ကမ္းနဲ႔ သြားလည္းစည္းနဲ႔ကမ္းနဲ႔ စာသင္တာေရာ အိပ္တာစားတာေရာ အကုန္လုံးစည္းကမ္းခ်က္ေတြေပါ့။ ဘာေၾကာင့္ စည္းကမ္းထုတ္သလဲ သူတုိ႔ကုိ ေျပာပါတယ္။ လူတစ္ေယာက္ဟာလုိ႔ စည္းမဲ့ကမ္းမဲ့ေနလာတဲ့ လူတစ္ေယာက္ဟာ စည္းကမ္းေဘာင္နဲ႔ေတြ႔ရင္ သူ႔အတြက္ က်ဥ္းသြားၿပီေနလုိ႔မရဘူး။ စည္းနဲ႔ကမ္းနဲ႔ ေနလာတဲ့ လူသားတစ္ေယာက္ဟာ ဘယ္နားျဖစ္ျဖစ္ ေနတတ္ပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ သူတုိ႔ ဘယ္နားျဖစ္ျဖစ္ ေနတတ္ေအာင္လုိ႔ စည္းကမ္းသတ္မွတ္ထားတာ။ အဲ့ေတာ့ အဓိကေတာ့ သူတုိ႔ကုိလည္း ေျပာပါတယ္ ကုိယ္ေမြးထားတာက တုိင္းရင္းသားေတြေလ မင္းတုိ႔ဘုန္းႀကီးက ဗမာပါလုိ႔။

ဒါေပမဲ့လုိ႔ ဗမာေတြ တုိင္းရင္းသားေတြ တုိ႔က မခြဲျခားဘူး ေတာ္ရင္ေတာ္သလုိ ၾကဳိးစားရင္ ၾကဳိးစားသလုိ ကူညီေပးမယ္ ေစာင့္ေ႐ွာင့္ေပးမယ္ ေထာက္ပံ့ေပးမယ္။ ဒါဘုန္းႀကီး အလုပ္ပဲ ဒီလုိကူညီလုိ႔ ေစာင့္ေ႐ွာင့္လုိ႔ ဘုန္းႀကီးမွာ ဘာေမွ်ာ္လင့္ခ်က္ေတြ ႐ွိသလဲလုိ႔ ေမးရင္လည္း ဘာမွ ေမွ်ာ္လင့္ခ်က္မ႐ွိပါဘူး။ အဓိကက ကုိယ္ျပဳစုပ်ိဳးေထာင္ေပးလုိက္တဲ့ ကေလးတစ္ေယာက္က ပညာေရးနဲ႔ လက္မႈပညာေရးနဲ႔ပဲျဖစ္ျဖစ္ စာေပပညာေရးနဲ႔ပဲ ျဖစ္ျဖစ္ သူတုိ႔ေျခေထာက္ေပါ့ သူတုိ႔ရပ္တည္ႏုိင္သြားရင္ ဆရာသမားဘုန္းႀကီးတစ္ပါးအေနနဲ႔ အရမ္းဝမ္းသာၿပီး ဂုဏ္ယူမိမွာေတာ့ ေသခ်ာပါတယ္။”လုိ႔ မိန္႔ၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Verison#
မြန်မာနိုင်ငံရဲ့ ပထမဆုံး သိန်းတစ်သောင်းခွဲ ထီကို ပေါက်ခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ အခုလိုမျိုး ထီပေါက်ခဲ့တာက ဝမ်းသာမှုတစ်ခု ပျော်ရွှင်မှုတစ်ခုအပြင် တစ်ခြားမရှိဘဲ ကံကောင်းခဲ့လို့ အခုလို ထီပေါက်ခဲ့တာ ဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ မိန့်ကြားသွားခဲ့ပါတယ်။ ဒါ့အပြင့်အခုအချိန်မှာ မွေးစားထားတဲ့ တိုင်းရင်း ကလေးတွေကို ဘယ်လိုပြုစုမယ်ဆိုတဲ့အကြောင်းတွေကို မိန့်သွားခဲ့ပါတယ်။

ဆရာတော် ဘဒ္ဒန္တစန္ဒိမာက “ထီပေါက်တယ်ဆိုတာ တစ်ချက်ပဲ ဝမ်းသာမှုတစ်ခုပါပဲ ကျန်တာကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ထီပေါက်လို့ ပျော်တယ်ဆိုတာကလည်း စောစောက ပြောခဲ့သလို ထီပေါက်လို့ ရတဲ့ငွေကြေးဟာ ဟိုတစ်နေ့ကလည်း ထပ်ပြီးတော့ စဉ်းစားတယ်။ ဘာလို့လဲဆိုတော့ မမြင်အပ်တဲ့ အတိတ်ကံလည်း ပါမယ်။ ယခုမျက်မှောက်ကံလည်း ပါမယ် ကံကြောင့် ဖြစ်ပေါ်လာတဲ့ ဥစ္စာပစ္စည်းလို့ပဲ ယူဆတယ်။ အဲ့တော့ သူများဆီက လိမ်ထားတာ ညာထားတာ ကောက်ကျစ်ထားတာ လောဘနဲ့ ရှာတဲ့ ဥစ္စာလည်း ိမဟုတ်ဘူး။ ဒေါသနဲ့ရှာတာလည်း မဟုတ်ဘူး မောဟနဲ့ ရှာတာလည်း မဟုတ်ဘူး။ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ဒီဥစ္စာဟာ ဝမ်းသာတယ်ဆိုတာ ငါကောင်းတဲ့ကံတွေပဲ ဒီဥစ္စာနဲ့ ပြန်ရင်းနီးရမယ်။ ဒီလိုတွေးပြီးတော့ ပျော်တာပဲရှိပါတယ်။ တစ်ခြားထွေထွေထူးထူး ကိစ္စနဲ့ပျော်တာမျိုး မရှိပါဘူး။

လက်ရှိအချိန်မှာလည်း ကလေးတွေကို ကိုယ်က စည်းနဲ့ကမ်းနဲ့ စားလည်းစည်းနဲ့ကမ်းနဲ့ သွားလည်းစည်းနဲ့ကမ်းနဲ့ စာသင်တာရော အိပ်တာစားတာရော အကုန်လုံးစည်းကမ်းချက်တွေပေါ့။ ဘာကြောင့် စည်းကမ်းထုတ်သလဲ သူတို့ကို ပြောပါတယ်။ လူတစ်ယောက်ဟာလို့ စည်းမဲ့ကမ်းမဲ့နေလာတဲ့ လူတစ်ယောက်ဟာ စည်းကမ်းဘောင်နဲ့တွေ့ရင် သူ့အတွက် ကျဉ်းသွားပြီနေလို့မရဘူး။ စည်းနဲ့ကမ်းနဲ့ နေလာတဲ့ လူသားတစ်ယောက်ဟာ ဘယ်နားဖြစ်ဖြစ် နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ ဘယ်နားဖြစ်ဖြစ် နေတတ်အောင်လို့ စည်းကမ်းသတ်မှတ်ထားတာ။ အဲ့တော့ အဓိကတော့ သူတို့ကိုလည်း ပြောပါတယ် ကိုယ်မွေးထားတာက တိုင်းရင်းသားတွေလေ မင်းတို့ဘုန်းကြီးက ဗမာပါလို့။

ဒါပေမဲ့လို့ ဗမာတွေ တိုင်းရင်းသားတွေ တို့က မခွဲခြားဘူး တော်ရင်တော်သလို ကြိုးစားရင် ကြိုးစားသလို ကူညီပေးမယ် စောင့်ရှောင့်ပေးမယ် ထောက်ပံ့ပေးမယ်။ ဒါဘုန်းကြီး အလုပ်ပဲ ဒီလိုကူညီလို့ စောင့်ရှောင့်လို့ ဘုန်းကြီးမှာ ဘာမျှော်လင့်ချက်တွေ ရှိသလဲလို့ မေးရင်လည်း ဘာမှ မျှော်လင့်ချက်မရှိပါဘူး။ အဓိကက ကိုယ်ပြုစုပျိုးထောင်ပေးလိုက်တဲ့ ကလေးတစ်ယောက်က ပညာရေးနဲ့ လက်မှုပညာရေးနဲ့ပဲဖြစ်ဖြစ် စာပေပညာရေးနဲ့ပဲ ဖြစ်ဖြစ် သူတို့ခြေထောက်ပေါ့ သူတို့ရပ်တည်နိုင်သွားရင် ဆရာသမားဘုန်းကြီးတစ်ပါးအနေနဲ့ အရမ်းဝမ်းသာပြီး ဂုဏ်ယူမိမှာတော့ သေချာပါတယ်။”လို့ မိန့်ကြားသွားခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top