20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးသည္ တစ္ေန႔ေသာအခါ သူ႔မိခင္ႀကီး ေနထိုင္ရာ ရြာသို႔ ဆြမ္းခံေရာက္သြားသည္။ မယ္ေတာ္ႀကီး အိမ္ေရွ႕ေရာက္ေသာအခါ ဆြမ္းရပ္လိုက္သည္။ မယ္ေတာ္ႀကီးသည္ မေထရ္ျမတ္ႀကီးကို ေတြ႕သည္ႏွင့္ “သူမ်ား စားၾကြင္းစားက်န္ စားတဲ့ သာရိပုတၱရာ … အခု စားၾကြင္းပုန္းရည္ဟင္း မရလို႔ သူတစ္ပါးေတြက ေယာက္ခ်ိဳဖ်ားေလးနဲ႔ ေမႊထားတဲ့ ပုန္းရည္ဟင္းစားဖို႔ စည္းစိမ္ေတြစြန္႔ၿပီး ရဟန္းဝတ္သြားတာလား … သင္ဟာေလ တကယ့္ကို ပ်က္စီးေနတဲ့သူပဲ”စသည္ျဖင့္ ဆဲေရးျပစ္တင္ေလသည္။

 ေနာက္ပါ ရဟန္းမ်ားကိုလည္း “သင္တို႔က ငါ့သားကို ခိုင္းစရာအလုပ္အေကၽြးအျဖစ္ ခိုင္းထားၾကတယ္ေပါ့ေလ … ေရာ့ ေရာ့ … စားၾက … စားၾက … အားရေအာင္ စားၾက”စသည္ျဖင့္ ဆဲေရးျပစ္တင္ျပန္ေလသည္။

မေထရ္ျမတ္ႀကီးသည္ ရိုင္းစိုင္းစြာ ဆက္ဆံေျပာဆိုေနေသာ မယ္ေတာ္ႀကီးကို ဘာစကားမ ွ် ျပန္မေျပာဘဲ တိတ္ဆိတ္စြာျဖင့္ ေက်ာင္းသို႔ ျပန္လာခဲ့သည္။ ေက်ာင္းေရာက္ေသာအခါ အရွင္ရာဟုလာသည္ ျမတ္စြာဘုရားကို ဆြမ္းဘုဥ္းေပးရန္ ပင့္ေလ ွ်ာက္သည္။ ထိုအခါ ျမတ္စြာဘုရားက အရွင္ရာဟုလာႏွင့္ အျပန္အလွန္ စကားေျပာၾကသည္။

“ဒီေန႔ ဘယ္ကို ဆြမ္းခံၾကြသလဲ”
“ဆရာအရွင္ရဲ႕ မယ္ေတာ္ႀကီးရြာဘက္ကို ၾကြျဖစ္ပါတယ္ဘုရား”
“သူ႔မယ္ေတာ္ႀကီးက အရွင့္ဆရာကို ဘာေတြမ်ား ေျပာလိုက္ေသးလဲ”
“မယ္ေတာ္ႀကီးက ေဒါသေတြ ထြက္ေနခဲ့တယ္ဘုရား … ေဒါသထြက္ေနၿပီး အမ်ိဳးမ်ိဳး ဆဲေရးျပစ္တင္တယ္ဘုရား”
“အဲဒီေတာ့ အရွင့္ဆရာ သာရိပုတၱရာက ဘာေတြမ်ား ျပန္ေျပာေသးလဲ”
“ဆရာက သူ႕မယ္ေတာ္ႀကီးကို စကားတစ္လံုးမွ ျပန္မေျပာဘူးဘုရား”

ညေနပိုင္း ရဟန္းေတာ္မ်ား တရားနာၾကရန္ စုေဝးမိၾကေသာအခါ မနက္ပိုင္းက အရွင္ သာရိပုတၱရာႏွင့္မယ္ေတာ္ႀကီးတို႔၏အျဖစ္အပ်က္ကိုသာ ေဆြးေႏြးေျပာဆိုျဖစ္ၾကသည္။ “ဒီေလာက္ မခံသာေအာင္ ဆဲေရးတာကို သည္းခံႏိုင္လိုက္တာ၊ ဘာစကားမွ ျပန္မေျပာဘဲ ေနႏိုင္လိုက္တာ”ဟု ခ်ီးမြမ္းေနၾကေလသည္။

ဓမၼသဘင္သို႔ ျမတ္စြာဘုရားရွင္ ၾကြေရာက္လာေသာအခါ“ခ်စ္သား တို႔ … ရဟႏၲာဆိုတာ အမ်က္ေဒါသထြက္ျခင္း မရွိေတာ့ဘူး”စသည္ျဖင့္ ရွင္းလင္းေဟာၾကားေတာ္မူခဲ့ေလသည္။

ဤဇာတ္လမ္းေလးကို ဖတ္မိေသာအခါ ဆဲေရးျပစ္တင္မႈမ်ားၾကားတြင္ တိတ္ဆိတ္စြာ ၿငိမ္းခ်မ္းစြာ တည္ၿငိမ္စြာ ေအးခ်မ္းစြာ ေမတၱာျဖင့္ တုန္႔ျပန္ေနေသာ အရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးကို မ်က္စိထဲ ျမင္ေယာင္ကာ အၾကည္ညိဳပြားေနမိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်နေ့သောအခါ သူ့မိခင်ကြီး နေထိုင်ရာ ရွာသို့ ဆွမ်းခံရောက်သွားသည်။ မယ်တော်ကြီး အိမ်ရှေ့ရောက်သောအခါ ဆွမ်းရပ်လိုက်သည်။ မယ်တော်ကြီးသည် မထေရ်မြတ်ကြီးကို တွေ့သည်နှင့် “သူများ စားကြွင်းစားကျန် စားတဲ့ သာရိပုတ္တရာ … အခု စားကြွင်းပုန်းရည်ဟင်း မရလို့ သူတစ်ပါးတွေက ယောက်ချိုဖျားလေးနဲ့ မွှေထားတဲ့ ပုန်းရည်ဟင်းစားဖို့ စည်းစိမ်တွေစွန့်ပြီး ရဟန်းဝတ်သွားတာလား … သင်ဟာလေ တကယ့်ကို ပျက်စီးနေတဲ့သူပဲ”စသည်ဖြင့် ဆဲရေးပြစ်တင်လေသည်။

 နောက်ပါ ရဟန်းများကိုလည်း “သင်တို့က ငါ့သားကို ခိုင်းစရာအလုပ်အကျွေးအဖြစ် ခိုင်းထားကြတယ်ပေါ့လေ … ရော့ ရော့ … စားကြ … စားကြ … အားရအောင် စားကြ”စသည်ဖြင့် ဆဲရေးပြစ်တင်ပြန်လေသည်။

မထေရ်မြတ်ကြီးသည် ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုနေသော မယ်တော်ကြီးကို ဘာစကားမ ျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာဖြင့် ကျောင်းသို့ ပြန်လာခဲ့သည်။ ကျောင်းရောက်သောအခါ အရှင်ရာဟုလာသည် မြတ်စွာဘုရားကို ဆွမ်းဘုဉ်းပေးရန် ပင့်လေ ျှာက်သည်။ ထိုအခါ မြတ်စွာဘုရားက အရှင်ရာဟုလာနှင့် အပြန်အလှန် စကားပြောကြသည်။

“ဒီနေ့ ဘယ်ကို ဆွမ်းခံကြွသလဲ”
“ဆရာအရှင်ရဲ့ မယ်တော်ကြီးရွာဘက်ကို ကြွဖြစ်ပါတယ်ဘုရား”
“သူ့မယ်တော်ကြီးက အရှင့်ဆရာကို ဘာတွေများ ပြောလိုက်သေးလဲ”
“မယ်တော်ကြီးက ဒေါသတွေ ထွက်နေခဲ့တယ်ဘုရား … ဒေါသထွက်နေပြီး အမျိုးမျိုး ဆဲရေးပြစ်တင်တယ်ဘုရား”
“အဲဒီတော့ အရှင့်ဆရာ သာရိပုတ္တရာက ဘာတွေများ ပြန်ပြောသေးလဲ”
“ဆရာက သူ့မယ်တော်ကြီးကို စကားတစ်လုံးမှ ပြန်မပြောဘူးဘုရား”

ညနေပိုင်း ရဟန်းတော်များ တရားနာကြရန် စုဝေးမိကြသောအခါ မနက်ပိုင်းက အရှင် သာရိပုတ္တရာနှင့်မယ်တော်ကြီးတို့၏အဖြစ်အပျက်ကိုသာ ဆွေးနွေးပြောဆိုဖြစ်ကြသည်။ “ဒီလောက် မခံသာအောင် ဆဲရေးတာကို သည်းခံနိုင်လိုက်တာ၊ ဘာစကားမှ ပြန်မပြောဘဲ နေနိုင်လိုက်တာ”ဟု ချီးမွမ်းနေကြလေသည်။

ဓမ္မသဘင်သို့ မြတ်စွာဘုရားရှင် ကြွရောက်လာသောအခါ“ချစ်သား တို့ … ရဟန္တာဆိုတာ အမျက်ဒေါသထွက်ခြင်း မရှိတော့ဘူး”စသည်ဖြင့် ရှင်းလင်းဟောကြားတော်မူခဲ့လေသည်။

ဤဇာတ်လမ်းလေးကို ဖတ်မိသောအခါ ဆဲရေးပြစ်တင်မှုများကြားတွင် တိတ်ဆိတ်စွာ ငြိမ်းချမ်းစွာ တည်ငြိမ်စွာ အေးချမ်းစွာ မေတ္တာဖြင့် တုန့်ပြန်နေသော အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို မျက်စိထဲ မြင်ယောင်ကာ အကြည်ညိုပွားနေမိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top