iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ။ MyStyle Myanmar ရဲ႕ စာဖတ္ခ်စ္ပရိတ္သတ္ေလးေတြထဲမွာ အခ်စ္ကို ယံုၾကည္ၾကတဲ့သူေတြပါလားရွင့္။ အခ်စ္ကိုခံစားျခင္းဟာ ကမာၻေပၚရွိ ခံစားခ်က္ေတြထဲမွာမွ အေကာင္းဆံုးလို႕ေတာင္ဆိုႏိုင္ပါတယ္။

သူ႕ကိုေတြ႕ရင္ ရင္ခုန္တယ္၊ အတူရွိေနခ်ိန္ေတြမွာ ေပ်ာ္ရႊင္ေနမယ္၊ သူနဲ႕အတူတူ ေရွ႕ဆက္ေလွ်ာက္မယ့္ အနာဂတ္ကို ႀကိဳေတြးေနမယ္ဆိုတာေတြကို မလိုခ်င္တဲ့သူ မခံစားမိတဲ့သူမရွိေလာက္ပါဘူး။

အခ်စ္စစ္ဆိုတာကို ကိုယ္တကယ္လက္ေတြ႕မခံစားမိေသးသေရြ႕ေတာ့ ယံုၾကမွာမဟုတ္ပါဘူးေနာ္။ ဒါေၾကာင့္ ကိုယ္တစ္ကယ္ခ်စ္ရသူကို ကိုယ့္ကိုတစ္ကယ္ခ်စ္သူကို ရွာေတြ႕ၿပီဆိုတာ သိႏိုင္မယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အနားမွာ အၿမဲရွိျခင္း

ကိုယ္လိုအပ္ခ်ိန္တိုင္းမွာ အနားမွာရွိေနေပးၿပီး ဘယ္မွခြဲမသြားပါဘူး။ ကိုယ့္အေပၚတကယ္ဂရုစိုက္ၿပီး ကိုယ့္ဆီမွာဘာေတြျဖစ္ေနလဲဆိုတာကို အၿမဲအေလးထားေနသူတစ္ဦးပါ။ ဘဝဆိုတာဟာ ျမင့္တစ္လွည့္ နိမ့္တစ္လွည့္ရွိတဲ့အတြက္ေၾကာင့္ ကိုယ့္အနားမွာအၿမဲရွိေနေပးသူတစ္ဦးကို ပိုင္ဆိုင္ရတာဟာ တကယ္ကို ေကာင္းတဲ့ဆုလဒ္တစ္ခုပါပဲ။

ယံုၾကည္အားကိုးရျခင္း

ကိုယ့္ရဲ႕ ယံုၾကည္မႈကို အျပည့္မအပ္ရဲတဲ့သူဆီမွာ အဖိုးတန္တဲ့အခ်ိန္ေတြနဲ႕ အခ်စ္ေတြကို ေပးဆပ္ရတာဟာ ဘယ္လိုမွမထိုက္တန္ပါဘူး။ ကိုယ့္ကိုလိမ္ေနမလား၊ ကိုယ့္အေပၚေဖာက္ျပန္ေလမလားဆိုတဲ့ စိတ္ကူးသံသယေတြက ကိုယ့္ကိုစိုးမိုးေနရင္ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးဟာ ေပ်ာ္စရာ၊ ၾကည္ႏူးစရာလံုးဝမေကာင္းပါဘူး။ ကိုယ့္အေပၚမွာ ယံုၾကည္မႈအျပည့္ရွိတယ္ဆိုရင္ ကိုယ့္ကိုတစ္ကယ္ခ်စ္ၿပီး တစ္ကယ္တန္ဖိုးထားတယ္ဆိုတာကို သိႏိုင္ပါတယ္။

ဆက္ဆံေျပာဆိုျခင္း

ခ်စ္သူရယ္လို႕ ျဖစ္လာၿပီဆိုရင္ တစ္ဦးနဲ႕တစ္ဦးၾကားမွာ ရိုးသားမႈ၊ ပြင့္လင္းမႈေတြလိုအပ္လာပါၿပီ။ ကိုယ္ေတြးေနတဲ့အေတြးေတြ၊ ကိုယ္ခံစားေနရတဲ့ စိတ္ခံစားခ်က္ေတြကို မေျပာျပ၊ မေဖာ္ျပပဲနဲ႕ တစ္ဖက္လူကလည္း ဘယ္လိုမွသိႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ႏွစ္ကိုယ္တူအေတြးေလးေတြကို ပြင့္ပြင့္လင္းလင္း ေျပာဆိုဖို႕ လိုပါတယ္။

ရယ္ေမာေပ်ာ္ရႊင္ျခင္း

ဘဝဆိုတာဟာ တိုေတာင္းလွပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ ရယ္ရယ္ေမာေမာေနထိုင္ပါ။ ကိုယ့္ရဲ႕ခ်စ္သူနဲ႕အတူရွိေနခ်ိန္ေလးေတြကို ၾကည္ႏူးရၿပီး ႀကံဳေတြ႕လာရတဲ့ အေသးအမႊားကိစၥေလးေတြကိုပါ ေပ်ာ္စရာလို႕ေတြးထင္ၿပီး ရယ္ေမာျခင္းဟာ ဘဝမွာေနခ်င္စရာပါ။ ဒါ့အျပင္ ကိုယ္ရဲ႕ဟာသဥာဏ္ေလးေတြကိုလည္း လက္ခံတတ္မယ့္ ခ်စ္သူကိုလည္းလိုအပ္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyStyle Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်လေးတွေထဲမှာ အချစ်ကို ယုံကြည်ကြတဲ့သူတွေပါလားရှင့်။ အချစ်ကိုခံစားခြင်းဟာ ကမ္ဘာပေါ်ရှိ ခံစားချက်တွေထဲမှာမှ အကောင်းဆုံးလို့တောင်ဆိုနိုင်ပါတယ်။

သူ့ကိုတွေ့ရင် ရင်ခုန်တယ်၊ အတူရှိနေချိန်တွေမှာ ပျော်ရွှင်နေမယ်၊ သူနဲ့အတူတူ ရှေ့ဆက်လျှောက်မယ့် အနာဂတ်ကို ကြိုတွေးနေမယ်ဆိုတာတွေကို မလိုချင်တဲ့သူ မခံစားမိတဲ့သူမရှိလောက်ပါဘူး။

အချစ်စစ်ဆိုတာကို ကိုယ်တကယ်လက်တွေ့မခံစားမိသေးသရွေ့တော့ ယုံကြမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ကိုယ်တစ်ကယ်ချစ်ရသူကို ကိုယ့်ကိုတစ်ကယ်ချစ်သူကို ရှာတွေ့ပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

အနားမှာ အမြဲရှိခြင်း

ကိုယ်လိုအပ်ချိန်တိုင်းမှာ အနားမှာရှိနေပေးပြီး ဘယ်မှခွဲမသွားပါဘူး။ ကိုယ့်အပေါ်တကယ်ဂရုစိုက်ပြီး ကိုယ့်ဆီမှာဘာတွေဖြစ်နေလဲဆိုတာကို အမြဲအလေးထားနေသူတစ်ဦးပါ။ ဘဝဆိုတာဟာ မြင့်တစ်လှည့် နိမ့်တစ်လှည့်ရှိတဲ့အတွက်ကြောင့် ကိုယ့်အနားမှာအမြဲရှိနေပေးသူတစ်ဦးကို ပိုင်ဆိုင်ရတာဟာ တကယ်ကို ကောင်းတဲ့ဆုလဒ်တစ်ခုပါပဲ။

ယုံကြည်အားကိုးရခြင်း

ကိုယ့်ရဲ့ ယုံကြည်မှုကို အပြည့်မအပ်ရဲတဲ့သူဆီမှာ အဖိုးတန်တဲ့အချိန်တွေနဲ့ အချစ်တွေကို ပေးဆပ်ရတာဟာ ဘယ်လိုမှမထိုက်တန်ပါဘူး။ ကိုယ့်ကိုလိမ်နေမလား၊ ကိုယ့်အပေါ်ဖောက်ပြန်လေမလားဆိုတဲ့ စိတ်ကူးသံသယတွေက ကိုယ့်ကိုစိုးမိုးနေရင် ချစ်သူနှစ်ဦးကြားဆက်ဆံရေးဟာ ပျော်စရာ၊ ကြည်နူးစရာလုံးဝမကောင်းပါဘူး။ ကိုယ့်အပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင် ကိုယ့်ကိုတစ်ကယ်ချစ်ပြီး တစ်ကယ်တန်ဖိုးထားတယ်ဆိုတာကို သိနိုင်ပါတယ်။

ဆက်ဆံပြောဆိုခြင်း

ချစ်သူရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှု၊ ပွင့်လင်းမှုတွေလိုအပ်လာပါပြီ။ ကိုယ်တွေးနေတဲ့အတွေးတွေ၊ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မပြောပြ၊ မဖော်ပြပဲနဲ့ တစ်ဖက်လူကလည်း ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှစ်ကိုယ်တူအတွေးလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။

ရယ်မောပျော်ရွှင်ခြင်း

ဘဝဆိုတာဟာ တိုတောင်းလှပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်ရယ်မောမောနေထိုင်ပါ။ ကိုယ့်ရဲ့ချစ်သူနဲ့အတူရှိနေချိန်လေးတွေကို ကြည်နူးရပြီး ကြုံတွေ့လာရတဲ့ အသေးအမွှားကိစ္စလေးတွေကိုပါ ပျော်စရာလို့တွေးထင်ပြီး ရယ်မောခြင်းဟာ ဘဝမှာနေချင်စရာပါ။ ဒါ့အပြင် ကိုယ်ရဲ့ဟာသဉာဏ်လေးတွေကိုလည်း လက်ခံတတ်မယ့် ချစ်သူကိုလည်းလိုအပ်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:MyStyle Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top