iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ဓာတ္က်ျခင္းဟာ ထူးဆန္းတဲ့ ေရာဂါတစ္မ်ိဳးပါ။ ဦးေႏွာက္သုေတသနပညာ ရွင္ေတြနဲ႔ စိတ္ပညာရွင္ေတြကေတာ့ စိတ္ဓာတ္က်တယ္ဆိုတာ ဦးေႏွာက္ထဲက ဓာတုဆိုင္ရာ မညီမွ်ျခင္းလို႔ ဆိုပါတယ္။

စိတ္ဓာတ္က်ျခင္းကို ေျဖရွင္းဖို႔အတြက္ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေျပာင္းလဲေစတဲ့ ေဆး၀ါးေတြကို ကုထံုးတစ္ရပ္အေနနဲ႔ စားသံုးၾကပါတယ္။ ေဆး စားလိုက္တဲ့အခါ စားသံုးသူအေနနဲ႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ စိတ္က်ေ၀ဒ နာသက္သာမွာျဖစ္ေပမယ့္ တကယ္တမ္း စိတ္ဓာတ္က်ရတဲ့ အေၾကာင္းရင္း ကိုေတာ့ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။

 ေဆး၀ါးေတြဆိုတာကလည္း ေရရွည္စြဲေသာက္တဲ့အခါ ခႏၶာကိုယ္မွာ မေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိႏိုင္တာကိုလည္း သတိခ်ပ္သင့္ပါတယ္။ သိပၸံပညာရွင္ေတြ ေျပာပံုအရ စိတ္ဓာတ္က်ျခင္းကို နည္းလမ္း(၅) မ်ိဳးနဲ႔ ကုစားႏိုင္တယ္လို႔ ဆိုပါတယ္။

ကခုန္ပါ

ကပါ။ စိတ္ညစ္တဲ့အခါ ကလိုက္ပါ။ လူငယ္တစ္ေယာက္က အကဟာ သူ႔ကို ဘယ္လိုကူညီခဲ့တယ္ဆိုတဲ့အေၾကာင္း အခုလို ေျပာျပပါတယ္။ “ဘ၀မွာ တစ္ၾကိမ္ေလာက္ပဲ အရက္မူးေနတဲ့သူတစ္ေယာက္လို ကဖူးထားရင္ အကပညာဟာ အေကာင္းဆံုး စိတ္ေလ့က်င့္ခန္းဆိုတာ သင္သိပါလိမ့္မယ္..” တဲ့။

ကခုန္ျခင္းက ျဖစ္ေပၚလာတဲ့ ေကာင္းက်ိဳးကို သိပၸံပညာရွင္တြက ရွာေဖြေတြ႔ရွိ ထားၿပီျဖစ္လို႔ အခုဆိုရင္ ပါကင္ဆန္ေရာဂါ ခံစားေနရသူေတြအတြက္ေတာင္ အသံုးခ်လ်က္ရွိေနပါၿပီ။

ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းလုပ္ျခင္းဟာ ဦးေႏွာက္ကို အက်ိဳးမ်ားေစပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ႏွလံုးေသြးေတြ ပိုညစ္အားေကာင္းလာၿပီး ေသြးလည္ပတ္ မႈကို ေခ်ာမြတ္ေစပါတယ္။ စိတ္ဖိစီးမႈကိုျဖစ္ေပၚေစတဲ့ ေဟာ္မုန္းေတြကို တိုက္ ဖ်က္ေပးတဲ့ အင္ဒိုဖင္းဓာတ္ ထြက္ပါတယ္။

ဒါ့အျပင္ ေလ့က်င့္ခန္းျပဳလုပ္တာဟာ အာရံုေၾကာစနစ္ကိုပါ အေထာက္အ ပ့ံျဖစ္ေစၿပီး ဦးေႏွာက္ဆဲလ္သစ္ေတြ ျဖစ္ပြားလာေအာင္ ကူညီေပးပါတယ္။

ခရီးထြက္ပါ

ခရီးထြက္ဖို႔ကေတာ့ အခ်ိန္ေပးႏိုင္မွ ျဖစ္ႏိုင္မယ္ ထင္ပါတယ္။ ခရီးထြက္တဲ့အခါ ေစ်းၾကီးတဲ့ဟိုတယ္ၾကီးမွာ တည္းလိုက္ရမွ၊ အားလံုးစီစဥ္တက်ျဖစ္မွပဲ ထြက္ေတာ့ မယ္လို႔ မေတြးပါနဲ႔။

အရာအားလံုးနဲ႔ ေ၀းရာဆီ ခဏေလးသြားေနရံုနဲ႔တင္ လံုေလာက္ေနပါၿပီ။ ျဖစ္ႏိုင္ ရင္ေတာ့ တစ္ေယာက္တည္း ထြက္သြားတာ စိတ္ဖိစီးမႈေတြကို ေျခဖ်က္ဖို႔ အေကာင္းဆံုးပါ။ ခရီးကေန ျပန္လာတဲ့အခါမွာ ကိုယ့္စိတ္အေျခအေနက ေတာ္ေတာ္ေလး က်န္းမာေနတာကို သတိျပဳမိမွာပါ။

လူေနမႈဘ၀ပံုစံကို ေျပာင္းလဲပါ

Centers for Disease Control and Prevention (CDC) ကေတာ့ စိတ္ဓာတ္က် တာကို သက္သာေစခ်င္ရင္ ကိုယ့္ရဲ႕လူေနမႈဘ၀ပံုစံကို ေျပာင္းလဲပစ္ပါလို႔ ဆိုပါ တယ္။ သၾကားဓာတ္နဲ႔ ဆီသြတ္ဘူးစာေတြကို ေလ်ာ့စားပါ။ တရားထိုင္ပါ။ အသက္ ရွဴေလ့က်င့္ခန္းကို ျပဳလုပ္ပါလို႔ ဆိုပါတယ္။

ကိုယ့္ကိုကိုယ္ေမးပါ

စိတ္ဓာတ္က်ေ၀ဒနာကို သက္သာေစဖို႔အတြက္ ကိုယ့္စိတ္ကိုယ္ စကားေျပာၾကည့္ ပါ။ ဘာအရာဟာ ကိုယ့္ကို ျပန္လည္ ေပ်ာ္ရႊင္လာေအာင္ လုပ္ေပးႏိုင္မလဲ ကိုယ့္ကို ကိုယ္ေမးပါ။ တစ္ခုရွိတာက စိတ္နဲ႔ပတ္သက္တဲ့ ေ၀ဒနာျဖစ္တဲ့အတြက္ ကိုယ့္ကို ကိုယ္ စိတ္ရွည္လက္ရွည္နဲ႔ အခ်ိန္ေပး ကုစားဖို႔ေတာ့ လိုအပ္ပါတယ္။

လူငယ္တစ္ဦးကေတာ့ သူစိတ္ဓာတ္က်တဲ့အခါ သူ႔ကိုယ္သူ ဘယ္လိုေပ်ာ္ေအာင္ လုပ္သလဲဆိုတာ ျပန္လည္ မွ်ေ၀ထားပါတယ္။ “အခန္းတစ္ခန္း၀င္ၿပီး တစ္ေယာက္ တည္း မွန္ေရွ႕မွာရပ္၊ ၿပီးေတာ့ လွ်ာထုတ္ၿပီး ခုန္၊ မၾကာခင္ နည္းနည္းေလးေပ်ာ္ လာတယ္လို႔ ခံစားရမယ္..”

“ေနာက္တနည္းကေတာ့ သူငယ္ခ်င္းေတြနဲ႔ အျပင္ေလွ်ာက္သြား..” လို႔ သူက ဆိုထားပါတယ္။ အခုေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို က်င့္သံုးၿပီး စာဖတ္သူေတြ အားလံုး စိတ္က်ေ၀ဒနာကို ေကာ်္လႊားႏိုင္ၾကပါေစလို႔ ဆႏၵျပဳလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ဓာတ်ကျခြင်းဟာ ထူးဆန်းတဲ့ ရောဂါတစ်မျိုးပါ။ ဦးနှောက်သုတေသနပညာ ရှင်တွေနဲ့ စိတ်ပညာရှင်တွေကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ ဦးနှောက်ထဲက ဓာတုဆိုင်ရာ မညီမျှခြင်းလို့ ဆိုပါတယ်။

စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းဖို့အတွက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေတဲ့ ဆေးဝါးတွေကို ကုထုံးတစ်ရပ်အနေနဲ့ စားသုံးကြပါတယ်။ ဆေး စားလိုက်တဲ့အခါ စားသုံးသူအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ကျဝေဒ နာသက်သာမှာဖြစ်ပေမယ့် တကယ်တမ်း စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်း ကိုတော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

 ဆေးဝါးတွေဆိုတာကလည်း ရေရှည်စွဲသောက်တဲ့အခါ ခန္ဓာကိုယ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာကိုလည်း သတိချပ်သင့်ပါတယ်။ သိပ္ပံပညာရှင်တွေ ပြောပုံအရ စိတ်ဓာတ်ကျခြင်းကို နည်းလမ်း(၅) မျိုးနဲ့ ကုစားနိုင်တယ်လို့ ဆိုပါတယ်။

ကခုန်ပါ

ကပါ။ စိတ်ညစ်တဲ့အခါ ကလိုက်ပါ။ လူငယ်တစ်ယောက်က အကဟာ သူ့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတဲ့အကြောင်း အခုလို ပြောပြပါတယ်။ “ဘဝမှာ တစ်ကြိမ်လောက်ပဲ အရက်မူးနေတဲ့သူတစ်ယောက်လို ကဖူးထားရင် အကပညာဟာ အကောင်းဆုံး စိတ်လေ့ကျင့်ခန်းဆိုတာ သင်သိပါလိမ့်မယ်..” တဲ့။

ကခုန်ခြင်းက ဖြစ်ပေါ်လာတဲ့ ကောင်းကျိုးကို သိပ္ပံပညာရှင်တွက ရှာဖွေတွေ့ရှိ ထားပြီဖြစ်လို့ အခုဆိုရင် ပါကင်ဆန်ရောဂါ ခံစားနေရသူတွေအတွက်တောင် အသုံးချလျက်ရှိနေပါပြီ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်ကို အကျိုးများစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးသွေးတွေ ပိုညစ်အားကောင်းလာပြီး သွေးလည်ပတ် မှုကို ချောမွတ်စေပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို တိုက် ဖျက်ပေးတဲ့ အင်ဒိုဖင်းဓာတ် ထွက်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်တာဟာ အာရုံကြောစနစ်ကိုပါ အထောက်အ ပံ့ဖြစ်စေပြီး ဦးနှောက်ဆဲလ်သစ်တွေ ဖြစ်ပွားလာအောင် ကူညီပေးပါတယ်။

ခရီးထွက်ပါ

ခရီးထွက်ဖို့ကတော့ အချိန်ပေးနိုင်မှ ဖြစ်နိုင်မယ် ထင်ပါတယ်။ ခရီးထွက်တဲ့အခါ ဈေးကြီးတဲ့ဟိုတယ်ကြီးမှာ တည်းလိုက်ရမှ၊ အားလုံးစီစဉ်တကျဖြစ်မှပဲ ထွက်တော့ မယ်လို့ မတွေးပါနဲ့။

အရာအားလုံးနဲ့ ဝေးရာဆီ ခဏလေးသွားနေရုံနဲ့တင် လုံလောက်နေပါပြီ။ ဖြစ်နိုင် ရင်တော့ တစ်ယောက်တည်း ထွက်သွားတာ စိတ်ဖိစီးမှုတွေကို ခြေဖျက်ဖို့ အကောင်းဆုံးပါ။ ခရီးကနေ ပြန်လာတဲ့အခါမှာ ကိုယ့်စိတ်အခြေအနေက တော်တော်လေး ကျန်းမာနေတာကို သတိပြုမိမှာပါ။

လူနေမှုဘဝပုံစံကို ပြောင်းလဲပါ

Centers for Disease Control and Prevention (CDC) ကတော့ စိတ်ဓာတ်ကျ တာကို သက်သာစေချင်ရင် ကိုယ့်ရဲ့လူနေမှုဘဝပုံစံကို ပြောင်းလဲပစ်ပါလို့ ဆိုပါ တယ်။ သကြားဓာတ်နဲ့ ဆီသွတ်ဘူးစာတွေကို လျော့စားပါ။ တရားထိုင်ပါ။ အသက် ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပါလို့ ဆိုပါတယ်။

ကိုယ့်ကိုကိုယ်မေးပါ

စိတ်ဓာတ်ကျဝေဒနာကို သက်သာစေဖို့အတွက် ကိုယ့်စိတ်ကိုယ် စကားပြောကြည့် ပါ။ ဘာအရာဟာ ကိုယ့်ကို ပြန်လည် ပျော်ရွှင်လာအောင် လုပ်ပေးနိုင်မလဲ ကိုယ့်ကို ကိုယ်မေးပါ။ တစ်ခုရှိတာက စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာဖြစ်တဲ့အတွက် ကိုယ့်ကို ကိုယ် စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေး ကုစားဖို့တော့ လိုအပ်ပါတယ်။

လူငယ်တစ်ဦးကတော့ သူစိတ်ဓာတ်ကျတဲ့အခါ သူ့ကိုယ်သူ ဘယ်လိုပျော်အောင် လုပ်သလဲဆိုတာ ပြန်လည် မျှဝေထားပါတယ်။ “အခန်းတစ်ခန်းဝင်ပြီး တစ်ယောက် တည်း မှန်ရှေ့မှာရပ်၊ ပြီးတော့ လျှာထုတ်ပြီး ခုန်၊ မကြာခင် နည်းနည်းလေးပျော် လာတယ်လို့ ခံစားရမယ်..”

“နောက်တနည်းကတော့ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွား..” လို့ သူက ဆိုထားပါတယ်။ အခုဖော်ပြထားတဲ့ အချက်လေးတွေကို ကျင့်သုံးပြီး စာဖတ်သူတွေ အားလုံး စိတ်ကျဝေဒနာကို ကောျ်လွှားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top