iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version#
အိပ်ရေးဝဝအိပ်စက်ခြင်းဟာ အမျိုးသားဟော်မုန်းဓာတ်ကို မြှင့်တင်ပေးပြီး မှတ်ဉာဏ်အားကိုလည်း တိုးတက်စေကာ စိတ်ဓာတ်ကျမှုကိုလည်း ဖယ်ရှားပစ်ပါတယ်။ အိပ်ချိန် ၈ နာရီရရှိစေဖို့အတွက် ညဖက် ၁၀ နာရီမှာအိပ်ပြီး မနက် ၆ နာရီမှာထခြင်းဖြင့် ရယူနိုင်ပါတယ်။
ဒီလိုအိပ်စက်ခြင်းရဲ့ အရေးကြီးမှုကို သိပေမယ့်လည်း ညဖက်မှာ လွယ်လွယ်နဲ့အိပ်မရဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်လေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
အိပ်ဆေးတွေသောက်ဖို့ မကြိုးစားပါနဲ့
အိပ်မရတဲ့အခါ လူအများစုက အိပ်ဆေးတွေကို အားကိုးချင်ကြပါတယ်။ အိပ်ဆေးတွေက သင့်ကိုမြန်မြန်ဆန်ဆန် အိပ်ပျော်စေပေမယ့် အိပ်စက်မှုအရည်အသွေးကိုတော့ လျော့ကျစေပါတယ်။
အခန်းကိုအမှောင်ချထားပါ
Source: jorgeaurich.com
အိပ်မပျော်တတ်ဘူးဆိုပါက အိပ်ခန်းတစ်ခန်းလုံးကို အမှောင်ချထားလိုက်ပါ။ အလင်းရောင်နည်းနည်းလေးကပင်လျှင် အိပ်ပျော်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် မီးတွေပိတ်၊ ကန့်လန့်ကာတွေ အကုန်ချထားလိုက်ပါ။
စိတ်ပြေပျောက်စေမယ့် လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပါ
စိတ်ဖိစီးမှုတွေ စုပြုံနေလို့ အိပ်မရတဲ့အချိန်မှာ ဆိတ်ငြိမ်တဲ့လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးခြင်းက ၂ မိနစ်အတွင်းမှာပင် အိပ်ပျော်စေမှာဖြစ်ပါတယ်။
ညအိပ်ရာမဝင်ခင် ဖုန်းတွေအသုံးမပြုပါနဲ့
ဖုန်းတွေ၊ တက်ဘလက်တွေမှ ထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေက ညအချိန်မှာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ညအိပ်ရာဝင်ခါနီးမှာ လုံးဝအသုံးမပြုဖို့ အကြံပြုချင်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Myhealthymyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top