20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×









Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #


ချစ်သူ သမီးရည်းစားတွေရဲ့ကြားထဲမှာ ဖြစ်နေတဲ့အဓိကပြသာနာကတော့ ချစ်သူက ကိုယ့်ကိုဂရုမစိုက်နိုင်တာတို့ အချစ်တွေလျော့သွားတာတို့ တစ်ယောက်နဲ့တစ်ယောက် မာနတွေထားပြီး သူအရင်ခေါ်မှ ကိုယ်အရင်ခေါ်မှ ဆိုတဲ့ စိတ်မျိုးတွေ ထားနေလို့ပါ…။ အဲ့တော့ အဓိကပြသာနာလေး တစ်ခုကိုအရင်ဖြေရှင်းလိုက်ရအောင်…။

တစ်ချို့ ချစ်သူတွေ ရန်ဖြစ်တဲ့အခါမှာ အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက်မခေါ် တာမျိုးတွေရှိပါတယ်…။ အဲ့ဒါက ကိုယ့်ရဲ့ ချစ်သူကိုအလေးထားတာထက် ကိုယ့်ရဲ့အရေး မပါတဲ့ မာန ကိုရှေ့တန်းတင်နေမိလို့ပါ…။

အဲ့ဒါကြောင့် ကိုယ့်ချစ်သူက ကိုယ့်အတွက်အရေးပါတဲ့ လူဆိုရင် မာနတွေကိုအရင်ဖျောက် လိုက်ပါ…။ ကိုယ့်ရဲ့ချစ်သူ ကောင်လေးက ကိုယ့်ကိုအလေးမထားဘူး ဂရုမစိုက်ဘူးလို့ ခံစားနေရရင် သူ့ကိုပွင့်ပွင့်လင်းလင်းပြောလိုက်ပါ…။

သိုဝှက်ပြီးစိတ်မကောက် ပါနဲ့။ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာဟာ ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက် ပိုမိုချစ်ခင်ပြီး သံယောဇဉ်ခိုင်မြဲဖို့ အတွက် အဓိက လက်နက်တစ်ခုပါ….။

ချစ်သူက ကိုယ့်အတွက် အချိန်မပေးနိုင်တဲ့ အခါစာတိုလေးတွေပို့ပေးပါ…။ သူအရမ်းမအားဘူးဆိုရင်တောင် ပို့ထားတဲ့စာတိုလေးတွေကို ဖတ်ဖို့ အချိန်ရမှာပါ….။ အဲ့ဒါမှ သြော် ငါသူ့အတွက်အချိန်မပေးနိုင်တာတောင် ငါ့အပေါ်စိတ်မပျက်ပါလား ဆိုတဲ့ နွေးထွေးမှုလေးတွေကို သင့်ချစ်သူ ခံစားမိပြီး သင့်အပေါ် ပိုပြီးဂရုစိုက်လာမှာ သေချာပါတယ်…။

ဖိုးသူတော် (www.phothutaw.com)
Credit:marry
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top