20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဩစေၾတးလ်တြင္ ေကာင္ေလး ႏွစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာအရ ထိပါး အျမတ္ထုတ္ခဲ့သည့္အမႈ ေပၚေပါက္ခဲ့ၿပီး ေနာက္တြင္ ကာနီဒယ္ေဂ်ာ့ပဲကို ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း BBC သတင္းက ေဖာ္ျပထားသည္။

အဆိုပါကာဒီနယ္ႀကီးသည္ ဗာတီကန္၏ ဘ႑ာေရးစီမံခန္႔ခြဲသူအျဖစ္လည္း တာဝန္ယူခဲ့ဖူးရာ ကေလးမ်ားကိုလိင္ပိုင္းဆိုင္ရာအရ အျမတ္ထုတ္သျဖင့္ အေရးယူခံရေသာ ခရစ္ယာန္ဘုန္းႀကီးမ်ားတြင္ ဝါစဥ္အရအျမင့္ဆံုးတစ္ဦး ျဖစ္လာခဲ့သည္။

ကာဒီနယ္ေဂ်ာ့ပဲသည္ ၁၉၉၆ ခုႏွစ္က မဲလ္ဘုန္းၿမိဳ႕ ကက္သီဒရယ္ႀကီးထဲတြင္ ဓမၼေတးဆိုသူ ၁၃ ႏွစ္သားေကာင္ေလးမ်ားကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခဲ့သည္ဟု တရားသူႀကီးက ဆံုးျဖတ္ခဲ့သည္။

အသက္ ၇၇ ႏွစ္အ႐ြယ္ ကာဒီနယ္ႀကီးက ၎တြင္အျပစ္မရွိဟု ဆက္လက္ ထြက္ဆိုထားၿပီး အယူခံဝင္ထားသည္။

ခံစားရသည့္ ဆယ္ေက်ာ္သက္ႏွစ္ဦးအေပၚ ကာဒီနယ္သည္ အရွက္ကင္းမဲ့စြာ အတင္းအက်ပ္ လိင္ပိုင္းဆိုင္ရာထိခိုက္ ေစာ္ကားခဲ့သည္ဟု တရားသူႀကီးက ေျပာၾကားခဲ့သည္။

၁၆ ႏွစ္ေအာက္ လူငယ္ေလးတစ္ဦးကို မေလ်ာ္ကန္စြာ လိင္ပိုင္းဆိုင္ရာထိုးသြင္းခဲ့တယ္ဆိုတဲ့ အမႈတစ္ခုနဲ႔ ဒီဇင္ဘာလကလည္း တရား႐ံုးက ဆံုးျဖတ္ထားျခင္းရွိသည္။ ေဂ်ာ့ပဲသည္ ပုပ္ရဟန္းမင္းႀကီး၏ အနီးကပ္အႀကံေပးအဖြဲ႔ဝင္တစ္ဦး ျဖစ္ခဲ့ၿပီး ၎ကို တရား႐ံုးက အျပစ္ရွိေၾကာင္းဆံုးျဖတ္လိုက္ျခင္းသည္ကား ကက္သလစ္သာသနာတြင္ လႈပ္ခတ္သြားခဲ့သည္။

ေဂ်ာ့ပဲအေနႏွင့္ အာမခံျဖင့္အျပင္ တြင္ေနရႏိုင္ၿပီး ၎၏အယူခံကို ဇြန္လတြင္ စတင္ၾကားနာမည္ျဖစ္သည္။

ဘာသာေရးေခါင္းေဆာင္ဘုန္းေတာ္ႀကီးက အယူခံဆက္ဝင္ေနၿပီး တရား႐ံုးက ယခုကဲ့သို႔ ဆံုးျဖတ္ေပးလိုက္ျခင္းသည္ သက္သာရာရသည္ဟုျမင္ရန္ ခက္ခဲေၾကာင္း ေဂ်ာ့ပဲ၏ သားေကာင္ျဖစ္ခဲ့ရဖူးသူတစ္ဦးက ေျပာၾကားသည္။

ငိုေနေသာကေလးမ်ားကို ဘယ္သူ႔ကိုမွ မေျပာရန္အတြက္ ေျပာခဲ့ျခင္းမ်ိဳးရွိေၾကာင္း တရားသူႀကီးက တရားခြင္တြင္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice

#Unicode Version#
ဩစတြေးလျတွင် ကောင်လေး နှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအရ ထိပါး အမြတ်ထုတ်ခဲ့သည့်အမှု ပေါ်ပေါက်ခဲ့ပြီး နောက်တွင် ကာနီဒယ်ဂျော့ပဲကို ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အဆိုပါကာဒီနယ်ကြီးသည် ဗာတီကန်၏ ဘဏ္ဍာရေးစီမံခန့်ခွဲသူအဖြစ်လည်း တာဝန်ယူခဲ့ဖူးရာ ကလေးများကိုလိင်ပိုင်းဆိုင်ရာအရ အမြတ်ထုတ်သဖြင့် အရေးယူခံရသော ခရစ်ယာန်ဘုန်းကြီးများတွင် ဝါစဉ်အရအမြင့်ဆုံးတစ်ဦး ဖြစ်လာခဲ့သည်။

ကာဒီနယ်ဂျော့ပဲသည် ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းမြို့ ကက်သီဒရယ်ကြီးထဲတွင် ဓမ္မတေးဆိုသူ ၁၃ နှစ်သားကောင်လေးများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။

အသက် ၇၇ နှစ်အရွယ် ကာဒီနယ်ကြီးက ၎င်းတွင်အပြစ်မရှိဟု ဆက်လက် ထွက်ဆိုထားပြီး အယူခံဝင်ထားသည်။

ခံစားရသည့် ဆယ်ကျော်သက်နှစ်ဦးအပေါ် ကာဒီနယ်သည် အရှက်ကင်းမဲ့စွာ အတင်းအကျပ် လိင်ပိုင်းဆိုင်ရာထိခိုက် စော်ကားခဲ့သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

၁၆ နှစ်အောက် လူငယ်လေးတစ်ဦးကို မလျော်ကန်စွာ လိင်ပိုင်းဆိုင်ရာထိုးသွင်းခဲ့တယ်ဆိုတဲ့ အမှုတစ်ခုနဲ့ ဒီဇင်ဘာလကလည်း တရားရုံးက ဆုံးဖြတ်ထားခြင်းရှိသည်။ ဂျော့ပဲသည် ပုပ်ရဟန်းမင်းကြီး၏ အနီးကပ်အကြံပေးအဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး ၎င်းကို တရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်လိုက်ခြင်းသည်ကား ကက်သလစ်သာသနာတွင် လှုပ်ခတ်သွားခဲ့သည်။

ဂျော့ပဲအနေနှင့် အာမခံဖြင့်အပြင် တွင်နေရနိုင်ပြီး ၎င်း၏အယူခံကို ဇွန်လတွင် စတင်ကြားနာမည်ဖြစ်သည်။

ဘာသာရေးခေါင်းဆောင်ဘုန်းတော်ကြီးက အယူခံဆက်ဝင်နေပြီး တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်းသည် သက်သာရာရသည်ဟုမြင်ရန် ခက်ခဲကြောင်း ဂျော့ပဲ၏ သားကောင်ဖြစ်ခဲ့ရဖူးသူတစ်ဦးက ပြောကြားသည်။

ငိုနေသောကလေးများကို ဘယ်သူ့ကိုမှ မပြောရန်အတွက် ပြောခဲ့ခြင်းမျိုးရှိကြောင်း တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top