iMyanmarHouse.com - Best Property Website for Myanmar
×


 ျမတ္စြာဘုရား လက္ထက္ေတာ္က ရာဇၿဂိဳလ္ျပည္မွာ ေစ်းသည္အမ်ိဳးသမီး ေလးေယာက္ ရွိပါတယ္ ။ သူတို႔ရဲ႕ေစ်းေရာင္းမႈဟာ မွန္ကန္မႈ မရွိပါဘူး ။ အေလး ခိုးသလို စဥ္းလဲေကာက္က်စ္တဲ႔ နည္းေတြနဲ႔ ေရာင္းေတာ့ စီးပြားေရးေတြက ခဏေလးနဲ႔ တိုးတက္သြားျပီး ၿခံႀကီး ၊ အိမ္ႀကီးေတြနဲ႔ ျဖစ္ကုန္ၾကတယ္ ။

အဲဒီအမ်ိဳးသမီးေလးေယာက္ဟာ စီးပြားေရးေတြ အဆင္ေျပဆဲ ကာလမွာပဲ အေၾကာင္း မယ္မယ္ရရ မရွိပဲ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္ကုန္ၾကတယ္ ၊
ကြယ္လြန္ျပီး ဘယ္ေရာက္သြားသလဲဆိုေတာ့ က်ံဳးၿမိဳ႕ရဲ႕ အျပင္ဘက္နားမွာ ျဗိတၱာမေတြ သြားျဖစ္ပါသတဲ႔ ။

လူ႔ျပည္မွာက်န္ခဲ႔တဲ႔ လင္ေယာက်္ား ေလးေယာက္က မၾကာခင္မွာ ဇနီးငယ္ေတြ ေကာက္ယူျပီး သူတို႔ရွာေဖြခဲ႔တဲ႔ ပစၥည္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ခံစားေနတာ ေတြ႔ရေတာ့ . . . ျဗိတၱာျဖစ္လို႔ ဆင္းရဲရတဲ႔အထဲ လုပ္ရက္ေလျခင္း ဆိုျပီး ပိုျပီး စိတ္ဆင္းရဲျခင္း ျဖစ္ၾကရတယ္ ။

ဒါေၾကာင့္ က်ံဳးအျပင္ဘက္ကေန ၿမိဳ႕ထဲကလူေတြ ၾကားေအာင္ အသံဆိုးႀကီးေတြနဲ႔ လွမ္း ၊ လွမ္းေအာ္ပါေတာ့တယ္ ။ ဒီအေၾကာင္းကို ျမတ္စြာဘုရားထံ ေမးျမန္းတဲ႔ အခါ . . . ျမတ္စြာဘုရားက ဒါယကာတို႔ ဒီအသံဟာ သင္တို႔ကို အႏၲရာယ္ ျပဳမယ့္ အသံ မဟုတ္ပါဘူး ၊ ျဗိတၱာ မေလးေယာက္ ဆင္းရဲျခင္းေတြ ႏွိပ္စက္လို႔ ေအာ္ေနၾကတာ ျဖစ္တယ္လို႔ မိန္႔ေတာ္မူျပီး ျဖစ္ေၾကာင္းကုန္စင္ကို ေဟာျပပါတယ္ ။
-

ဒီေခတ္မွာလည္း တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြဟာ စဥ္းလဲ ေကာက္က်စ္တဲ႔ နည္းမ်ိဳးစံုနဲ႔ ေစ်းေရာင္းၾကတာေတြ ရွိပါတယ္။ ကားကို လိမ္ေရာင္းတာ ၊ ထီကို လိမ္ေရာင္းတာ ၊ ၾကက္သားကို ေရထိုးေရာင္းတာ ၊ TV လိမ္ေရာင္းတာ ၊ေစ်းေရာင္းသူက ကိုယ္ေကာက္က်စ္လိုက္တာကို ေစ်းဝယ္သူ မသိဘူး ဆိုျပီး ကိုယ့္ကိုယ္ကို ဟုတ္လွၿပီ ထင္ေနမွာပါ ။

ဒါေပမယ့္ က်န္တဲ႔သူေတြသူ မသိရင္ေနမယ္ ၊ ေစ်းေရာင္းသူ ကိုယ္တိုင္ကေတာ့ သိေနခဲ႔ပါၿပီ ။ ကိုယ့္ရဲ႕ အျပဳအမူဟာ မဟုတ္မမွန္ဘူး ဆိုတာ သိလ်ွက္နဲ႔ ျပဳမူတယ္ ဆိုတာ ကိုယ္ရထားတဲ႔ လူ႔ဘဝကို လံုးဝ တန္ဖိုးမထားတာပါ ၊

ကံဆိုတာ ျပဳၿပီးရင္ ျပီးေျမာက္သြားတာပါ ။ ဘာမွ ျပန္လုပ္လို႔ မရပါဘူး ၊ ေျမာက္သြားတဲ႔ကံက အခြင့္အခါသင့္ရင္ ျပန္ အက်ိဳးေပးေတာ့မွာပါ ။ ေကာက္က်စ္စဥ္းလဲတဲ႔ ကံေတြမ်ားရင္ မ်ားသေလာက္ အက်ိဳးေပးမွာပါ ။
-

ကိုယ္က မွန္မွန္ကန္ကန္ ေစ်းေရာင္းခဲ႔ရင္ ကိုယ္ထားခဲ႔တဲ႔ ေမတၱာ ၊ ေစတနာေတြ ၊ ကိုယ္ျပဳခဲ႔တဲ႔ ကံေတြကလည္း အလကားေနမွာ မဟုတ္ပါဘူး ၊ သူ႔အက်ိဳးအားေလ်ာ္ စြာ တံုန္႔ျပန္မွာပါ ၊

ကိုယ့္ရဲ႕အျပဳအမူေတြကို ေမ့ျခင္းသံုးမ်ိဳးနဲ႔ ခ်ိန္ၾကည့္လို႔ ရပါတယ္ ၊ ေမ့ျခင္းသံုးမ်ိဳးက . . .
၁။အေမ့ႀကီး ေမ့ေနတာရယ္ ၊
၂။ အသင့္အတင့္ ေမ့ေနတာရယ္ ၊
၃။ မေမ့သင့္တာကို ေမ့ေနတာရယ္ပါ ။

၁။အေမ့ႀကီး ေမ့ေနတယ္ဆိုတာ. . .
ေငြရဖို႔ အဓိက ၊ ပစၥည္းဥစၥာ ရဖို႔အဓိက ၊ ရာထူး အာဏာရဖို႔ အဓိက ၊ ေအာင္ျမင္ေက်ာ္ၾကားဖို႔ အဓိက. . . . အဲသလို ႏွလံုးသြင္းျပီး မသမာတဲ႔ နည္းနဲ႔ ၊ ေကာက္က်စ္စဥ္းလဲတဲ႔ နည္းနဲ႔ ၊ ဒုစရိုက္နည္းနဲ႔ စီးပြားရွာေနၾကတာပါ ။ အဲဒီလို ပုဂၢိဳလ္မ်ိဳးေတြ ေသရင္ ျဗိတၱာျဖစ္ရင္ျဖစ္ ၊ မျဖစ္ရင္ အပါယ္ငရဲ က်မွာပါ ။

၂။ေနာက္ဒုတိယက အသင့္အတင့္ ေမ့ေနတယ္ ဆိုတာ . . .ကာမဂုဏ္အာ ရံုေတြမွာ စိတ္ညႊတ္ျပီး ကုသိုလ္ ေကာင္းမႈ ျပဳဖို႔ ၊ တရားအားထုတ္ဖို႔ ေမ့ေနတာပါ ၊
ကိုရီးယား ဇတ္ကားေလး ၾကည့္ျပီး ေမ့ေနတာ ၊ေဘာလံုးပြဲ ကို ည ၁ ၊ ၂ နာရီထိ ေစာင့္ၾကည့္ျပီး ေမ့ေနတာ ၊ မဂၤလာဧည့္ခံပြဲေတြမွာ ငါ့ဝတ္စားဆင္ဆင္မႈက သူတို႔ထက္ သာတယ္ ဆိုျပီး သာယာျပီး ေမ့ေနတာ ၊ငါ့ဘဝ မွာ " ကိုကိုသာ အဓိ က " ဆိုျပီး ကိုကို အတြက္သာ အခ်ိန္ကုန္ျပီး တရားအားထုတ္ဖို႔ ေမ့ေနတာ ။
ကိုယ့္ရဲ႕ ေျမးေလးနဲ႔ပဲ အခ်ိန္ကုန္ုျပီး ေမ့ေနတာ ။

ဒီေမ့ျခင္းေတြက အပါယ္ငရဲကို က်ေစတတ္တဲ႔ ေမ့ျခင္းေတာ့ မဟုတ္ပါဘူး ၊ ဒါေပမယ့္ သံသရာရွည္ျပီး နိဗၺာန္နဲ႔ ေဝးေစတာပါ ။

၃။ေနာက္ တတိယကမေမ့သင့္တာ ေမ့ေနတယ္ ဆိုတာ ကေတာ့ . .တရား ရိပ္သာ ဝင္တဲ႔အခါ အမွတ္ေတြ က်ဲက်ဲ ေနတာကို ေျပာတာပါ ။ တရားထိုင္တဲ႔အခါ စိတ္ေတြက ေတာင္ေရာက္ ေျမာက္ေရာက္ အိမ္ေရာက္ ရံုးေရာက္ နဲ႔ သမာဓိေတြ က်ဲေနတာပါ ။

ဒီေမ့ျခင္းက ငရဲကို က်ေစတတ္တဲ႔ ေမ့ျခင္း မဟုတ္ပါဘူး ၊ ဒါေပမယ့္ တရားအေတြ႔ေတြ ေႏွးေနတတ္ပါတယ္ ။ ေမ့ျခင္းသံုးမ်ိဳးထဲမွာ လူသား တစ္ေယာက္အေနနဲ႔ လံုးဝ မရွိသင့္တဲ႔ ေမ့ျခင္းကေတာ့ ပထမေမ့ျခင္း ပါ ။

ဗုဒၶဘာသာဝင္တစ္ေယာက္ရဲ႕ ပန္းတိုင္အစစ္ဟာ နိဗၺာန္ ပါ ။ နိဗၺာန္ မရေသးရင္ေတာင္ ဘဝကို ျငိမ္းျငိမ္းခ်မ္းခ်မ္း ေနသြားရဖို႔က အဓိကပါ ။ ပစၥည္းေတြေတာ့ ေပါပါရဲ႕ ၊ ဒါေပမယ့္ ဘဝက မျငိမ္းခ်မ္းဘူးဆိုရင္ ဘဝက အဓိပါယ္ မရွိလွပါဘူး ။

ဘာပဲေျပာေျပာ ျဗိတၱာျဖစ္တဲ႔ စီးပြားရွာနည္းေတြ ကိုေတာ့ အထူးေရွာင္ဖို႔ အေရးႀကီးပါတယ္ ။ ေမ့ျခင္းသံုးမ်ိဳးကို သဒၶမၼံရံသီဆရာေတာ္ႀကီးရဲ႕ လကၤာေလးနဲ႔ ကပ္မွတ္ထားလိုက္ရေအာင္ပါ ။

ဒုစရိုက္သာ ျပဳလုပ္ခါ ေနတာေမ့ေနမည္ ၊
ကာမဂုဏ္မွာ စိတ္ညႊတ္ခါ ေနတာေမ့ေနမည္ ၊
ဘာဝနာမွာ စိတ္လြတ္ခါ ေနတာေမ့ေနမည္ ၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗုဒၶေရအိုးစင္
# Unicode Version # ျဖင့္ ဖတ္ပါ #

 မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက် ရှိပါတယ် ။ သူတို့ရဲ့ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး ။ အလေး ခိုးသလို စဉ်းလဲကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေးတွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး ၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန်ကြတယ် ။

အဲဒီအမျိုးသမီးလေးယောက်ဟာ စီးပွားရေးတွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြတယ် ၊
ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက်နားမှာ ဗြိတ္တာမတွေ သွားဖြစ်ပါသတဲ့ ။

လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောကျ်ား လေးယောက်က မကြာခင်မှာ ဇနီးငယ်တွေ ကောက်ယူပြီး သူတို့ရှာဖွေခဲ့တဲ့ ပစ္စည်းတွေနဲ့ ပျော်ပျော်ပါးပါး ခံစားနေတာ တွေ့ရတော့ . . . ဗြိတ္တာဖြစ်လို့ ဆင်းရဲရတဲ့အထဲ လုပ်ရက်လေခြင်း ဆိုပြီး ပိုပြီး စိတ်ဆင်းရဲခြင်း ဖြစ်ကြရတယ် ။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ မြို့ထဲကလူတွေ ကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်း ၊ လှမ်းအော်ပါတော့တယ် ။ ဒီအကြောင်းကို မြတ်စွာဘုရားထံ မေးမြန်းတဲ့ အခါ . . . မြတ်စွာဘုရားက ဒါယကာတို့ ဒီအသံဟာ သင်တို့ကို အန္တရာယ် ပြုမယ့် အသံ မဟုတ်ပါဘူး ၊ ဗြိတ္တာ မလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်လို့ အော်နေကြတာ ဖြစ်တယ်လို့ မိန့်တော်မူပြီး ဖြစ်ကြောင်းကုန်စင်ကို ဟောပြပါတယ် ။
-

ဒီခေတ်မှာလည်း တစ်ချို့ပုဂ္ဂိုလ်တွေဟာ စဉ်းလဲ ကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ ဈေးရောင်းကြတာတွေ ရှိပါတယ်။ ကားကို လိမ်ရောင်းတာ ၊ ထီကို လိမ်ရောင်းတာ ၊ ကြက်သားကို ရေထိုးရောင်းတာ ၊ TV လိမ်ရောင်းတာ ၊ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကို ဈေးဝယ်သူ မသိဘူး ဆိုပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေမှာပါ ။

ဒါပေမယ့် ကျန်တဲ့သူတွေသူ မသိရင်နေမယ် ၊ ဈေးရောင်းသူ ကိုယ်တိုင်ကတော့ သိနေခဲ့ပါပြီ ။ ကိုယ့်ရဲ့ အပြုအမူဟာ မဟုတ်မမှန်ဘူး ဆိုတာ သိလျှက်နဲ့ ပြုမူတယ် ဆိုတာ ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝ တန်ဖိုးမထားတာပါ ၊

ကံဆိုတာ ပြုပြီးရင် ပြီးမြောက်သွားတာပါ ။ ဘာမှ ပြန်လုပ်လို့ မရပါဘူး ၊ မြောက်သွားတဲ့ကံက အခွင့်အခါသင့်ရင် ပြန် အကျိုးပေးတော့မှာပါ ။ ကောက်ကျစ်စဉ်းလဲတဲ့ ကံတွေများရင် များသလောက် အကျိုးပေးမှာပါ ။
-

ကိုယ်က မှန်မှန်ကန်ကန် ဈေးရောင်းခဲ့ရင် ကိုယ်ထားခဲ့တဲ့ မေတ္တာ ၊ စေတနာတွေ ၊ ကိုယ်ပြုခဲ့တဲ့ ကံတွေကလည်း အလကားနေမှာ မဟုတ်ပါဘူး ၊ သူ့အကျိုးအားလျော် စွာ တုံန့်ပြန်မှာပါ ၊

ကိုယ့်ရဲ့အပြုအမူတွေကို မေ့ခြင်းသုံးမျိုးနဲ့ ချိန်ကြည့်လို့ ရပါတယ် ၊ မေ့ခြင်းသုံးမျိုးက . . .
၁။အမေ့ကြီး မေ့နေတာရယ် ၊
၂။ အသင့်အတင့် မေ့နေတာရယ် ၊
၃။ မမေ့သင့်တာကို မေ့နေတာရယ်ပါ ။

၁။အမေ့ကြီး မေ့နေတယ်ဆိုတာ. . .
ငွေရဖို့ အဓိက ၊ ပစ္စည်းဥစ္စာ ရဖို့အဓိက ၊ ရာထူး အာဏာရဖို့ အဓိက ၊ အောင်မြင်ကျော်ကြားဖို့ အဓိက. . . . အဲသလို နှလုံးသွင်းပြီး မသမာတဲ့ နည်းနဲ့ ၊ ကောက်ကျစ်စဉ်းလဲတဲ့ နည်းနဲ့ ၊ ဒုစရိုက်နည်းနဲ့ စီးပွားရှာနေကြတာပါ ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ သေရင် ဗြိတ္တာဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် အပါယ်ငရဲ ကျမှာပါ ။

၂။နောက်ဒုတိယက အသင့်အတင့် မေ့နေတယ် ဆိုတာ . . .ကာမဂုဏ်အာ ရုံတွေမှာ စိတ်ညွှတ်ပြီး ကုသိုလ် ကောင်းမှု ပြုဖို့ ၊ တရားအားထုတ်ဖို့ မေ့နေတာပါ ၊
ကိုရီးယား ဇတ်ကားလေး ကြည့်ပြီး မေ့နေတာ ၊ဘောလုံးပွဲ ကို ည ၁ ၊ ၂ နာရီထိ စောင့်ကြည့်ပြီး မေ့နေတာ ၊ မင်္ဂလာဧည့်ခံပွဲတွေမှာ ငါ့ဝတ်စားဆင်ဆင်မှုက သူတို့ထက် သာတယ် ဆိုပြီး သာယာပြီး မေ့နေတာ ၊ငါ့ဘဝ မှာ " ကိုကိုသာ အဓိ က " ဆိုပြီး ကိုကို အတွက်သာ အချိန်ကုန်ပြီး တရားအားထုတ်ဖို့ မေ့နေတာ ။
ကိုယ့်ရဲ့ မြေးလေးနဲ့ပဲ အချိန်ကုန်ုပြီး မေ့နေတာ ။

ဒီမေ့ခြင်းတွေက အပါယ်ငရဲကို ကျစေတတ်တဲ့ မေ့ခြင်းတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သံသရာရှည်ပြီး နိဗ္ဗာန်နဲ့ ဝေးစေတာပါ ။

၃။နောက် တတိယကမမေ့သင့်တာ မေ့နေတယ် ဆိုတာ ကတော့ . .တရား ရိပ်သာ ဝင်တဲ့အခါ အမှတ်တွေ ကျဲကျဲ နေတာကို ပြောတာပါ ။ တရားထိုင်တဲ့အခါ စိတ်တွေက တောင်ရောက် မြောက်ရောက် အိမ်ရောက် ရုံးရောက် နဲ့ သမာဓိတွေ ကျဲနေတာပါ ။

ဒီမေ့ခြင်းက ငရဲကို ကျစေတတ်တဲ့ မေ့ခြင်း မဟုတ်ပါဘူး ၊ ဒါပေမယ့် တရားအတွေ့တွေ နှေးနေတတ်ပါတယ် ။ မေ့ခြင်းသုံးမျိုးထဲမှာ လူသား တစ်ယောက်အနေနဲ့ လုံးဝ မရှိသင့်တဲ့ မေ့ခြင်းကတော့ ပထမမေ့ခြင်း ပါ ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်အစစ်ဟာ နိဗ္ဗာန် ပါ ။ နိဗ္ဗာန် မရသေးရင်တောင် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း နေသွားရဖို့က အဓိကပါ ။ ပစ္စည်းတွေတော့ ပေါပါရဲ့ ၊ ဒါပေမယ့် ဘဝက မငြိမ်းချမ်းဘူးဆိုရင် ဘဝက အဓိပါယ် မရှိလှပါဘူး ။

ဘာပဲပြောပြော ဗြိတ္တာဖြစ်တဲ့ စီးပွားရှာနည်းတွေ ကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ် ။ မေ့ခြင်းသုံးမျိုးကို သဒ္ဓမ္မံရံသီဆရာတော်ကြီးရဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်ရအောင်ပါ ။

ဒုစရိုက်သာ ပြုလုပ်ခါ နေတာမေ့နေမည် ၊
ကာမဂုဏ်မှာ စိတ်ညွှတ်ခါ နေတာမေ့နေမည် ၊
ဘာဝနာမှာ စိတ်လွတ်ခါ နေတာမေ့နေမည် ၊

ဖိုးသူတော် (www.phothutaw.com)
Credit:ဗုဒ္ဓရေအိုးစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top