





ကိုယ့်ရဲ့ဘဝစစ် ဘဝမှန်ကို ပရိသတ်ကို ဟန်ဆောင်မှုမရှိပဲ အရှိကိုအရှိအတိုင်း ချပြသွားခဲ့တဲ့ ဖြူဖြူထွေး ဆိုတဲ့ ချစ်စရာကောင်မလေးဟာ မိခင်နဲ့ အဘိုး၊အဘွားကို သူရတဲ့ အနုပညာကြေးလေးနဲ့ တတ်စွမ်းနိုင်သလောက်လုပ်ကျွေးပြုစုနေတဲ့ သမီးရတနာလေးတစ်ဦးလဲဖြစ်ပါတယ်။





Credit:bahuthuta
# Unicode Version # ဖြင့် ဖတ်ပါ #


ဟာသဗီဒီယိုအတိုလေးတွေနဲ့ Facebook မှာနာမည်ကြီးလာခဲ့ပြီး အခုအချိန်မှာလဲ ပြည့်သူအချစ်ကိုခံယူထားဆဲဖြစ်တဲ့ ဖြူဖြူထွေးကတော့ ဒီတစ်ခါ ရွာက သူတို့အိမ်ကလေးကို သူမ ချစ်တဲ့ ပရိသတ်ကြီးဆီမိတ်ဆက်ပေးခဲ့ပါတယ်။

ဒီ ဗီဒီယိုလေးထဲမှာတော့ သူမ က “ရွာက အိမ်လေးကို ရောက်ဖူးအောင် မြင်ဖူးအောင်ပြမယ်“ ဆိုပြီး ကင်မရာမန်း နဲ့အတူ သူမ ရဲ့ ရိုးရှင်းတဲ့ ဟန်ပန်လေးနဲ့ ပကာသန မရှိ ပဲ ပရိသတ်ကို ရိုးရိုးသားသားလေးပဲမိတ်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။

ဒီ ဗီဒီယိုလေးထဲမှာတော့ ဖြူဖြူထွေးတစ်ယောက် သူ့အိမ်လေးကိုမိတ်ဆက်ပေးရုံသာမက သူကိုယ်တိုင် ရေစက်ကိုနှိုးပြီး ရေချိုးရပုံ ၊ သူတို့ရွာကအိမ်လေးရဲ့အပြင်အဆင်၊ အိမ်ရဲ့မီးဖိုချောင် အစရှိတဲ့နေရာလေးတွေကို ပကာသန မပါပဲ ရိုးသားဖြူစင်စွာ သူချစ်တဲ့ပရိသတ်ကြီးကို မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

အင်တာဗျူးဗီဒိယိုလေးထဲမှာ ချစ်စဖွယ်အကောင်းဆုံးနဲ့ အံ့သြစရာတစ်ချက်ကတော့ ဗီဒီယိုတစ်ခုလုံးမှာ စီးထားခဲ့တဲ့ ဖြူဖြူထွေး ရဲ့ဖိနပ်လေးပဲဖြစ်ပါတယ်။ ဆင်ကြယ် ဖိနပ်လေးကိုဝတ်ဆင်ထားပြီး တခြားသော ဘယ်Celeနဲ့မှကို မတူပဲ ဟန်မဆောင် အရှိအတိုင်း ဖြူဖြူထွေး ဆိုတဲ့ နာမည်လေးအတိုင်း ပရိသတ်ကို အဖြူထည် အတိုင်းကို ဆက်ဆံသွားတဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ဘဝစစ် ဘဝမှန်ကို ပရိသတ်ကို ဟန်ဆောင်မှုမရှိပဲ အရှိကိုအရှိအတိုင်း ချပြသွားခဲ့တဲ့ ဖြူဖြူထွေး ဆိုတဲ့ ချစ်စရာကောင်မလေးဟာ မိခင်နဲ့ အဘုးိ၊အဘွားကို သူရတဲ့ အနုပညာကြေးလေးနဲ့ တတ်စွမ်းနိုင်သလောက်လုပ်ကျွေးပြုစုနေတဲ့ သမီးရတနာလေးတစ်ဦးလဲဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ အင်တာဗျုးတချို့မှာလဲ ရွာကအိမ်လေးကို တိုက်ဆောက်ပေးချင်တယ်ဆိုတဲ့ သူရဲ့ ချစ်စဖွယ်ကောင်းတဲ့ အဖြေလေးတွေကြောင့်လဲ ပရိသတ်ဟာ တစ်နေ့တခြားသူ့ကို အချစ်ပိုလာစေတာလည်းဖြစ်ပါတယ်။ ဖြူဖြူထွေး ကိုယ်တိုင် ချစ်စဖွယ် မိတ်ဆက်ပေးထားတဲ့ သူမရဲ့အိမ်ကိုမိတ်ဆက်ပေးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

ပရိသတ်ကြီးရော ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကိုချစ်လား ။သူမ ရဲ့ပရိသတ်တွေရော ဘယ်နှစ်ယောက်ရှိကြလဲဆိုတာ Comment မှာပြောပြပေးပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top