




#Unicode Version#
တောင်ငူမြို့ I ကုန်သည်ကြီးလမ်းရှိ ထူးလက်ဖက်ရည်ဆိုင် တွင်ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန် ခန့်ကလက်ဖက်ရည် ထိုင်သောက်နေသည့်အမျိုးသားတစ်ဦးအား အမည်မသိ လူတစ်ဦးမှ ဓား ဖြင့်ထိုး ခဲ့ပြီး ဓါးထိုးခံရသူအား တောင်ငူ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း မတ်လ ၂၆ ရက်နေ့က သိရသည်။

အဆိုပါဖြစ် စဉ် အရ ဓါးထိုးခံရသူ သည် အသက် ၅၀ နှစ် အရွယ် ဦးမြင့် လွင် ဆိုသူဖြစ်ပြီး နေပြည်တော်တွင် နေထိုင်သော လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ကြောင်းသိရသည်

ဓားဒဏ်ရာဖြင့် ဦးမြင့်လွင်ဦးအား တောင်ငူဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ခဲ့ပြီး အဆိုပါ ဓါးဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုးံသွားခဲ့သည်ဟု အမှတ်၂ရဲစခန်းမှသိရသည်။

ယင်းဓါးထိုးမှုသည် အမည်မသိ သူတစ်ဦးမှ ထိုးသွားပြီး အဆိုပါ အမည်မသိသူအား တောင်ငူမြို့ အမှတ် ၂ နယ်မြေ ရဲစခန်း တွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လစ်ပြီး တရားခံဖမ်းမိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:နေလင်းအောင်( တောင်ငူ) 26.3.2018
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top