20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
Credit:bahuthuta
# Unicode Version # ဖြင့် ဖတ်ပါ #
သိပ်မကြာခင်နှစ်တွေကမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသိများကျော်ကြား လာပြီး ပရိသတ်အားပေးမှုအပြည့်အဝရလာခဲ့တဲ့ သားစစ်ဟာဆိုရင်ပွဲတွေ တက်ပြီးပရိသတ်ကို သီချင်းနဲ့ဖျော်ဖြေနေသလို အခုဆိုရင်သူပြောထားတဲ့အတိုင်း ရုပ်ရှင်ပါရိုက်နေပါပြီ။
အနုပညာအလုပ်တွေနဲ့မအားနိုင်တဲ့သားစစ်က မကြာသေးမီက အင်တာဗျူးတစ်ခု မှာ ပရိသတ်တွေကို ရုပ်ရှင်ရိုက်တဲ့အတွေ့အကြုံတွေအကြောင်းပြောပြသွားပါ တယ်။
သားစစ်က ရုပ်ရှင်ထဲက ကာရိုက်တာအကြောင်းကို “ဘယ်လိုပြောရမလဲ မာဖီး ယားလူဆိုးဂုဏ်းပေါ့နော်အဲဒါကို သူ့ရဲ့ဇာတ်ကောင်က မုတ်ဆိတ်ပေါ့။ မာဖီး ယားခေါင်းဆောင်ပေ့ါ သူတို့လူကုန်ကူးတဲ့ဒီဇိုင်းဘာညာ စတိုင်ဒီဇိုင်းကာလာ အနေအထားပေါ့။
အဲဒါကိုယ်ကတစ်ဖန်ပြန်ပြီးတော့ ဂျပန်ပြန်ဖိုက်ရတဲ့အနေအထားပေါ့။ အက် လယ်”လို့ သူ့ရဲ့ဟန်အတိုင်းပြောပြထားပါတယ်။ ရိုက်ကူးရေးအတွေ့အကြုံ ကိုတော့ သားစစ်က “ကျွန်တော်တို့က ဘယ်လိုပြောရမလဲ ရိုက်ကူးရေးပေ့ါဗျာ အချို့နေရာတွေမှာ အစစ်ပေ့ါ။
အချို့နေရာတွေမှာ အတုပေါ့။ ပွဲဈေးတန်းကပေ့ါ။ သဘောပေါက်လား။ အဲ့လိုမျိုးပေါ့။ မျှပြီးတော့ တစ်ဖန်ပြန်ရိုက်ပြရတာပေါ့”လို့ ပြောထားပါတယ်။
သားစစ်က လတ်တလောသူ့ပါးစပ်ထဲမှာစွဲနေတဲ့ ဇာတ်ကောင်နာမည်မုတ်ဆိတ် လားရဲ့အဓိပ္ပါယ်ကို “မုတ်ဆိတ်လားဆိုတာက ကျွန်တော်တို့အခုရိုက်နေတဲ့ ရုပ်ရှင် ရုံပေါ်ရောက်မှ ပရိသတ်ကြီးကို တစ်ဖန်ပြန်လည်ချပြမယ့် အခါသမယပေါ့။
အခုလောလောဆယ်တော့ မပြောသေးဘူး”လို့ဆိုပြီး ပရိသတ်တွေကို အသည်းယားအောင်လုပ်ထားပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ဖြစ်သွားပုံကိုသားစစ်က “သူတို့ရိုက်တဲ့ ရုပ်ရှင်မှာ မိနစ်ပိုင်းလေးပေါ့နော်။ ခုနစ်မိနစ်လား ဆယ်မိနစ်လား ဘယ်လောက်တော့မသိဘူးပေါ့နော်။
အဲ့လိုကမ်းလှမ်းလို့ပါဖြစ်သွားတာပါ”လို့ရှင်းပြထားပါသေးတယ်။ သားစစ်က ပရိသတ်တွေကိုကျေးဇူးတင်တဲ့အကြောင်းကိုလည်း ခွဲခြားပြီးတော့ “ကျွန်တော့်ပရိ သတ်တွေအားလုံးကို အားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်။
အားမပေးတဲ့ပရိသတ်တွေကိုတော့ လုံးဝကျေးဇူးမတင်နိုင်ဘူးဗျာ။ ကျွန်တော်ပြော တာရှင်းရှင်းလေး။ ကိုယ်ကြည့်ချင်မှဖြစ်တာ မကြည့်ချင်ရင် ထွက်သွားလိုက် ဟုတ်တယ်မလား။ အက်လယ်”လို့ ဘွင်းဘွင်းရှင်းရှင်းဒိုးဒိုးဒေါက်ဒေါက်ကြီးိကို ရိုးရာမပျက်ပြောသွားခဲ့ပါတယ် အက်လယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top