မနၱေလးျမို့လယ္ေကာင္ ၇၃ လမ္းမေပၚမွာ နိစၥဓူဝ ျဖတ္သန္းသြားလာေနသူေတြအဖို့ မီးပြိုင့္မွာ မီးနီရပ္ေစာင့္ေနခ်ိန္ ကား၊ ဆိုင္ကယ္ေတြအနားကပ္ျပီး လာေရာက္ေတာင္းရမ္းတတ္တဲ့ အဖိုးအို တစ္ဦးကို သတိထားမိျကမွာပါ။

ေခါင္းေပါင္းခပ္နြမ္းနြမ္းတစ္ထည္ ေခါင္းမွာပတ္ထားျပီး ေဟာင္းနြမ္းေနတဲ့ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ့ ဒီအဘိုးအိုကို ေတာင္းရမ္းသူတစ္ဦးအျဖစ္သာ လူအမ်ားစုက ျမင္ျကမွာျဖစ္ျပီး၊ တစ္ခ်ိန္က ေခတ္ေဟာင္း လူရွြင္ေတာ္ျကီးတစ္ဦးအျဖစ္ စင္ျမင့္ထက္မွာ ပရိသတ္ကို ကျပေဖ်ာ္ေျဖ အသံုးေတာ္ခံခဲ့တယ္ ဆိုတာကိုေတာ့သတိထားမိသူ အင္မတန္နည္းပါလိမ့္မယ္။

သူ့နာမည္ဟာ အဘိုးဦးတူးျဖစ္ျပီး အသက္ ၇၃ နွစ္ ရွိပါျပီ။ သူဟာ တစ္ခ်ိန္က ဇာတ္သဘင္စင္ျမင့္ထက္မွာ ပရိသတ္ေတြကို ဟဒယေဆး တိုက္ေကြ်းခဲ့တဲ့ လူရွြင္ေတာ္တိုင္းေက်ာ္ ျဖစ္ပါတယ္။ ခမ္းနားလွတဲ့ ဇာတ္စင္ေပၚက ဘဝကို အတိတ္မွာခ်န္ထားခဲ့ျပီး မနၱေလးရဲ့ လမ္းေဘးတစ္ေနရာမွာ လူမသိ သူမသိ ေတာင္းရမ္း စားေသာက္ေနပါတယ္။

(ဒီေနရာမွာ စာဖတ္သူေတြကို အထူးအသိေပးလိုတာက လူရွြင္ေတာ္တိုင္းေက်ာ္ ဆိုတာဟာ အဘိုးဦးတူးကို ရည္ညွြန္းတာျဖစ္ျပီး အခုလက္ရွိ ဟားငါးေကာင္အဖြဲ့က လူရွြင္ေတာ္တိုင္းေက်ာ္ကို ရည္ညွြန္းတာ မဟုတ္ေျကာင္း ကြဲျပားေစလိုပါတယ္။)

“တစ္ခ်ိန္က လူရွြင္ေတာ္ျကီးဆိုတာကို မသိျကဘူး။ သိတဲ့လူတခ်ို့ကေတာ့ ဦးတိုင္းေက်ာ္လားဆိုျပီး ေမးျကတယ္။ ျမို့ထဲမွာ သကၤ࿿ျန္စာလည္ေရာင္းေနတဲ့သူ တစ္ေယာက္နဲ့လည္း လူမွားျကေသးတယ္။ ေလာကျကီးက လူတူမရွား နာမည္တူမရွားေလ”လို့ လူရွြင္ေတာ္ေဟာင္းျကီး ဦးတိုင္းေက်ာ္ တစ္ျဖစ္လဲအဘိုးဦးတူးက ေျပာပါတယ္။

သူအျမဲစားက်က္ခ်ေလ့ရွိတဲ့ ေတာင္းရမ္းရာေနရာဆီကိုမနက္တိုင္း လိုင္းကားစီးလာေလ့ရွိပါတယ္။ ေငြက်ပ္ ၅çဝဝဝေတာင္းရမ္းလို့ရျပီဆိုရင္ သူ့အတြက္ တစ္ေန့စာ လံုေလာက္ျပီျဖစ္လို့ အိမ္ျပန္ေလ့ရွိပါတယ္။

အိမ္မွာေတာ့ “ကေလး” လို့ အဘိုးဦးတူး အျမတ္တနိုးေခၚသူတစ္ဦးက ေစာင့္ေနတတ္ပါတယ္။ သူက အသက္ ၅၀ နား နီးေနျပီျဖစ္တဲ့ သူ့ခ်စ္ဇနီးသည္ပါ။ အိမ္ေထာင္သက္ ၂၆ နွစ္ရွိျပီျဖစ္ျပီး မသန္စြမ္းတစ္ဦးျဖစ္တဲ့ ဇနီးသည္ကို သူတတ္နိုင္တဲ့ နည္းလမ္းနဲ့ ျပုစုေစာင့္ေလွ်ာက္ရတာ ျဖစ္တယ္လို့ အဘိုးဦးတူးက ဆိုပါတယ္။

လြန္ခဲ့တဲ့ ၁၉၆၀ ျပည့္လြန္နွစ္ေတြက လူရွြင္ေတာ္တစ္ျဖစ္လဲအျငိမ့္ေတြ၊ ဇာတ္သဘင္ေတြမွာ ေဖ်ာ္ေျဖ ကျပရင္း သမုဒၵရာဝမ္းတစ္ထြာအေရး ေျပလည္ခဲ့ေပမဲ့ အခုအခ်ိန္မွာ သူ့အတြက္ ဝမ္းစာဖူလံုေရးဟာ အမ်ားသူငွာရဲ့ ကရုဏာနဲ့ ဥေပကၡာအျကားျမင့္တစ္ခ်ီ နွိမ့္တစ္လွည့္ ျဖစ္ရပါတယ္။

“ေတာင္းစားျဖစ္ေနတာက ဇာတ္မထြက္ရေတာ့တာလည္း ျကာျပီ။ ထြက္ရရင္လည္း ညေျကးေလး ၁၀çဝဝဝ ေလာက္နဲ့ ဘာသြားစားမလဲ” လို့ အဘိုးဦးတူးက ေျပာပါတယ္။

အံတုလို့ ရေပမဲ့ အာခံလို့မရတဲ့ ဇရာေရခ်ိန္ က်ဆင္းလာတဲ့အခါမွာေတာ့ အရင္က ဒိုးတူေပါင္ဖက္ လက္တြဲခဲ့တဲ့ ဇာတ္သမားေတြကလည္း လမ္းခြဲစကား ဆိုလာျကတယ္လို့ သူက ဆိုပါတယ္။”အရင္က ေခၚတဲ့သူေတြက ေျပာျကတယ္။ အသက္လည္းျကီးျပီ။ ကားအဆင္း အတက္ကအစ မလြယ္ဘူးတဲ့။ အမွန္ေတာ့(သူတို့က ကိုယ့္ကို) မလိုခ်င္ေတာ့တာ” လို့ ဦးတူးက ေျပာပါတယ္။

ဒီလို အခက္အခဲေတြရွိေနေပမဲ့ အသက္ရႉေနသေရြ့ ဝမ္းေရးအတြက္ မျဖစ္မေန ရုန္းကန္ရမွာမို့ တစ္ခ်ိန္က သူဟာဒယရွြင္ေဆး တိုက္ေကြ်းခဲ့တဲ့ ျပည္သူေတြဆီကပဲ အာဟာရအသက္ရွင္ေဆးအတြက္ ေစတနာရွိသမွ် စြန့္ျကဲအသျပာကို ေတာင္းခံဖို့ သူဆံုးျဖတ္လိုက္ပါတယ္။

“ဒီအရြယ္က်မွ ဆိုက္ကားနင္း၊ အထမ္းသမားလည္း မလုပ္နိုင္ေတာ့ဘူးေလ”လို့ အဘိုးဦးတူးက ေျပာပါတယ္။ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေျကာင္း၊ ေခတ္သစ္ အနုပညာလွိုင္းေတြအျကား အျငိမ့္၊ ဇာတ္သဘင္ေလာကရဲ့ ေခတ္ေကာင္းနိ႒ဌိတံဖို့ တျဖည္းျဖည္း နီးကပ္လာခ်ိန္မွာ ရပ္တည္ေရးအတြက္ ရုန္းကန္ေနရတဲ့ ဇာတ္အဖြဲ့ေတြ ရွိသလို၊ လက္ရွိ အခ်ိန္အထိ အားေပးသူ ပရိသတ္အခိုင္အမာနဲ့ ရပ္တည္ေနတဲ့ ဇာတ္အဖြဲ့တခ်ို့လည္း ရွိေနပါေသးတယ္။

အဘိုးဦးတူးရဲ့ အျဖစ္ကေတာ့ ဇာတ္အတြင္း ကျပေဖ်ာ္ေျဖအသံုးေတာ္ခံတဲ့ ဟာသလူရွြင္ေတာ္ေတြရဲ့ ဘဝဟာ ေရရွည္မွာ မေရရာမႈေတြနဲ့ ျပည့္နွက္ေနေျကာင္း လွစ္ဟျပေနသလိုပါပဲ။

အနုပညာျမို့ေတာ္လို့ တင္စားရေလာက္ေအာင္ သူ့အသက္ ငယ္ရြယ္စဉ္တုန္းက မနၱေလးျမို့ျကီးဟာ ဇာတ္ပြဲေတြ၊ အျငိမ့္ေတြက အခါမလပ္ေအာင္ အျပိုင္အဆိုင္ က်င္းပခဲ့ရာ ေနရာလို့ ဦးတူးက ေျပာပါတယ္။ မနၱေလး ေျမာက္ျပင္သားျဖစ္တဲ့ အဘိုးဦးတူးဟာ ငယ္စဉ္ကတည္းက ဇာတ္ပြဲတကာကို လိုက္ျကည့္ရတာ ဝါသနာ အထံုရွိခဲ့သူ တစ္ဦးပါ။

သူဟာ ေရွြမန္းတင္ေမာင္ဇာတ္က နာမည္ျကီးလူရွြင္ေတာ္ ဦးေဖ်ာက္ဆိပ္ရဲ့ ေျမးလည္းျဖစ္တယ္လို့ အဘိုးဦးတူးက ေျပာပါတယ္။ သူ့အဘိုးျဖစ္သူဟာ လူရွြင္ေတာ္ျဖစ္ေပမဲ့ ဦးတူးရဲ့ မိသားစုဝင္ေတြဟာ အနုပညာနဲ့ အသက္ေမြးဝမ္းေက်ာင္းျပုဖို့ စိတ္မပါျကပါဘူး။

“အဘိုးက လူရွြင္ေတာ္ေပမဲ့ အေဖက ဆံပင္ညွပ္ဆရာ။ အနုပညာနဲ့ဘာမွမဆိုင္တဲ့သူ။ ေမာင္နွမသားခ်င္း ၁၀ ေယာက္ထဲမွာ ကိုယ္ပဲအရွက္မရွိ လူရွြင္ေတာ္ဝါသနာပါတာ။ လူရွြင္ေတာ္ျဖစ္ရမယ္ဆိုတဲ့ စိတ္က ငယ္ကတည္းကပါတယ္။ အိမ္မွာ ဇာတ္ခံုေသးေသးေလးေတြေဆာက္ျပီး တစ္ေယာက္တည္းလည္း ေဆာ့တတ္တယ္”လို့ ဦးတူးက ငယ္ဘဝကို ျပန္ေျပာင္းေျပာပါတယ္။

သူငယ္စဉ္က မနၱေလးတစ္ခြင္မွာ ဘယ္ေလာက္ပဲေဝးေဝး ေနထိုင္ရာ ေျမာက္ျပင္အရပ္ကေန ဇာတ္ပြဲ၊ အျငိမ့္ပြဲရွိရာကို ေျခလ်င္ေလွ်ာက္ျပီး ေရာက္ေအာင္သြားခဲ့တယ္လို့ သူက ဆိုပါတယ္။

“အသက္ ၁၆ နွစ္ေရာက္ေတာ့ မင္းသမီး ညိုညိုစန္းအျငိမ့္မွာ လူရွြင္ေတာ္ ကိုသန္းေဇာ္က မျပန္ေတာ့ဘူးလားလို့ ေမးေတာ့ ခင္ဗ်ားတို့ေနာက္လိုက္ခ်င္တာဆိုျပီး ကိုယ္က ေျပာလိုက္တယ္။ ဒါနဲ့ ကားဆြဲအေနနဲ့ မံႈေရွြရည္အျငိမ့္မွာ တစ္ေန့ ငါးက်ပ္စားနဲ့ စလိုက္ခြင့္ရတယ္”လို့ ဦးတူးက ေျပာပါတယ္။

ကားလိပ္ဆြဲအျဖစ္ တစ္နွစ္အျကာမွာ ျထြကပြင့္လန္းလာတဲ့ အနုပညာဓာတ္အခံေျကာင့္ သူဟာ လူရွြင္ေတာ္ ဇာတိခံယူ၊ စင္ျမင့္ထက္ကို တစ္ဆင့္တက္လွမ္းျပီး ဇာတ္အဖြဲ့နဲ့အတူ လူရွြင္ေတာ္အျဖစ္ စတင္ကျပေဖ်ာ္ေျဖရင္း ပရိသတ္ေတြရဲ့ ဘဝအေမာေတြကို ေျပေပ်ာက္ေစခဲ့ပါတယ္။ ဒဂံုစိန္သန္း၊ ဒဂံုလွေရွြ၊ ထန္းရြက္ပုတီး ငါးမည္ရတင္သိန္း စတဲ့ ဇာတ္ေတြမွာလည္း ဦးတိုင္းေက်ာ္ ပါဝင္ေဖ်ာ္ေျဖခဲ့ပါတယ္။

စစ္အစိုးရလက္ထက္ နိုင္ငံေရးတျကြ္ကလႈပ္ရွားသူေတြကို အျပင္းထန္ဆံုး ဖိနွိပ္စဉ္မွာ နိုင္ငံေရးနဲ့ မကင္းတဲ့ ျပက္လံုးေတြ ျပက္မိတာေျကာင့္ အခ်ုပ္တန္းဝင္ဂုဏ္ထူးလည္း အဘိုးဦးတူး ခ်ီးျမွင့္ခံခဲ့ရခဲ့ပါေသးတယ္။

“ဇာတ္ထဲမွာ ေရွ့မွာ ေသနတ္မွန္တဲ့ေကာင္ေတြ က်ကုန္ျပီလို့ တစ္ေယာက္က ေျပာေတာ့ ဒါဆို မမွန္တဲ့ေကာင္ေတြကို ေရွ့ကိုပို့လိုက္ကြာလို့ ျပက္လိုက္လို့ အခ်ုပ္ထဲ ညအိပ္လိုက္ရတယ္။ အခ်ုပ္ထဲဆိုေတာ့ အနၱရာယ္ကင္းတာေပါ့ေလ” လို့ အဖမ္းခံရပံုကိုသူက ဟာသေနွာျပီး ျပန္ေျပာျပခဲ့ပါတယ္။

“တို့ငယ္ငယ္က အဲဒါကိုက ေပ်ာ္စရာလိုျဖစ္ေနတာ။ မနက္လင္းျပီဆိုရင္ ဘယ္ေကာင္ျကီးေတာ့ ဖမ္းသြားျပီေဟ့ဆိုျပီး ၄၂ လမ္းကလက္ဖက္ရည္ဆိုင္မွာ ထိုင္ေျပာေနျကတာ”လို့ သူက ေျပာပါတယ္။

သူေပ်ာ္ရွြင္ခဲ့ရတဲ့ ဇာတ္ေလာကဟာ ၁၉၇၀ ျပည့္နွစ္ေနာက္ပိုင္းမွာေတာ့ တစ္နည္းတစ္ဖံု ေျပာင္းလဲလို့ လာပါတယ္။ မိုးလင္းေပါက္ကတဲ့ ဘယ္ဇာတ္အဖြဲ့ကိုပဲ ျကည့္ျကည့္ မနက္မိုးလင္းလာရင္ မွတ္သားစရာ ဘာမွ မက်န္ေတာ့ဘူးလို့ သူက ဆိုပါတယ္။

“ဇာတ္ပြဲေတြထဲ ေအာ္ဂင္ေတြ စေရာက္ကတည္းက ေအာက္ကဆိုင္းနဲ့ ေအာ္ဂင္နဲ့ ညွိေနရတာ။ လုပ္ခ်င္သလိုသာ လုပ္ျကပါေတာ့ဆိုျပီး ဇာတ္ခံုေပၚကေန ဆင္းေပးလိုက္ရသလိုပါပဲ”လို့ သူတြယ္တာခဲ့ရတဲ့ ဇာတ္ေလာကအေျကာင္းကို ျပန္ေျပာင္းေျပာျပပါတယ္။

ဒါ့ျပင္ ကျပေဖ်ာ္ေျဖတဲ့ ဇာတ္အရည္အေသြးကလည္း တျဖည္းျဖည္းက်ဆင္းလာတယ္လို့ သူက ဆိုပါတယ္။ နိုင္ငံေက်ာ္စာေရးဆရာမျကီး လူထုေဒၚအမာက အျငိမ့္နဲ့ ဇာတ္သဘင္ေလာကမွာ ယိုယြင္းလာတဲ့ အေျခအေနေတြကို မီးေမာင္းထိုးျပထားတဲ့ “အမ်ိုးသားသဘင္ေတြရဲ့ ကေန့အေျခအေန” စာတမ္းကို ျပုစုျပီး ၁၉၇၁ ခုနွစ္ စာဆိုေတာ္ေန့ အခမ္းအနားမွာ ဖတ္ျကားခဲ့ပါတယ္။

“မွတ္မွတ္ရရ ၁၉၆၉ ဝန္းက်င္မွာ စိန္ပန္းရပ္က စတိတ္ရွိုးမွာ မိန္းမေတြပါ လက္ေတြေျခေတြလႈပ္ျပီး ကတာ ျမင္ရေတာ့တို့ေလာကေတာ့ ပ်က္စီးဖို့ စလာျပီလို့ေတြးျပီး ရင္ထုမနာျဖစ္ရတယ္။ ေနာက္ပိုင္းမွာ ပြဲကရင္းနဲ့ လူသတ္မႈျဖစ္တာေတြ ရွိလာတယ္”လို့သူက ေျပာပါတယ္။

အရင္တုန္းက ဇာတ္ကရာမွာ ပရိသတ္ရာခ်ီအားေပးခဲ့တဲ့ ကဇာတ္ရံုျကီးေတြ အသံုးျပုျကျပီး အခုအခ်ိန္မွာေတာ့ ဇာတ္ရံုအေသးေလးေတြနဲ့ပဲ ကျပျကေတာ့တယ္လို့ သူက ဆိုပါတယ္။ ဇာတ္ကတဲ့အခါမွာ စတိတ္ရွိုးလို့ေခၚတဲ့ ဇာတ္စင္ေပၚမွာ ကာလေပၚသီခ်င္းေတြကို သီဆိုေဖ်ာ္ေျဖေနျခင္းကလည္း ကတဲ့ဇာတ္၊ အျငိမ့္ေတြရဲ့ အနွစ္သာရကို ထိခိုက္ေစတယ္လို့ ဦးတူးက ေျပာပါတယ္။

ဒီအေျခအေနေတြနဲ့ အသက္အရြယ္အရ စင္ျမင့္ေပၚက လူျပက္ဘဝကို စြန့္ခြာခဲ့ေပမဲ့ သူ့ရဲ့ အနုသုခုမဘဝ သူဘယ္ေတာ့မွ ေနာင္တမရခဲ့ဘူးလို့ ဦးတူးက ဆိုပါတယ္။ သူသိထားတဲ့ လူျပက္ပညာရပ္ေတြကိုလည္း သင္ယူလိုတဲ့သူရွိရင္ ပညာအေမြေပးခ်င္တယ္လို့ သူက ဆိုပါတယ္။

“မေသခင္ အခုဘာအျဖစ္ခ်င္ဆံုးလဲေမးရင္ အနုပညာနဲ့ ပတ္သက္ျပီး အျကံေပးျဖစ္ခ်င္တယ္။ ေတာင္ရွည္ မဝတ္တတ္ရင္ ေတာင္ရွည္ဝတ္နည္းသင္ေပးမယ္။ ခြန္းေထာက္၊ ဧယင္က်ူး၊ ငိုခ်င္း၊ေတာခ်ီး နန္းခ်ီး (ေတာေတာင္၊ နန္းတြင္းခ်ီးမြမ္းခန္း) မတတ္ရင္ သင္ေပးခ်င္တယ္။ လူျပက္အစက ေတာင္ရွည္ဝတ္တာပဲ။ လူျပက္ျဖစ္ခ်င္ရင္ လာခဲ့။ အဲဒါကစ သင္ေပးမယ္”လို့ ဦးတိုင္းေက်ာ္ တစ္ျဖစ္လဲ အဘိုးဦးတူးက ေျပာပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Bamakit
#Unicode Version#
မန္တလေးမြို့လယ်ကောင် ၇၃ လမ်းမပေါ်မှာ နိစ္စဓူဝ ဖြတ်သန်းသွားလာနေသူတွေအဖို့ မီးပွိုင့်မှာ မီးနီရပ်စောင့်နေချိန် ကား၊ ဆိုင်ကယ်တွေအနားကပ်ပြီး လာရောက်တောင်းရမ်းတတ်တဲ့ အဖိုးအို တစ်ဦးကို သတိထားမိကြမှာပါ။

ခေါင်းပေါင်းခပ်နွမ်းနွမ်းတစ်ထည် ခေါင်းမှာပတ်ထားပြီး ဟောင်းနွမ်းနေတဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒီအဘိုးအိုကို တောင်းရမ်းသူတစ်ဦးအဖြစ်သာ လူအများစုက မြင်ကြမှာဖြစ်ပြီး၊ တစ်ချိန်က ခေတ်ဟောင်း လူရွှင်တော်ကြီးတစ်ဦးအဖြစ် စင်မြင့်ထက်မှာ ပရိသတ်ကို ကပြဖျော်ဖြေ အသုံးတော်ခံခဲ့တယ် ဆိုတာကိုတော့သတိထားမိသူ အင်မတန်နည်းပါလိမ့်မယ်။

သူ့နာမည်ဟာ အဘိုးဦးတူးဖြစ်ပြီး အသက် ၇၃ နှစ် ရှိပါပြီ။ သူဟာ တစ်ချိန်က ဇာတ်သဘင်စင်မြင့်ထက်မှာ ပရိသတ်တွေကို ဟဒယဆေး တိုက်ကျွေးခဲ့တဲ့ လူရွှင်တော်တိုင်းကျော် ဖြစ်ပါတယ်။ ခမ်းနားလှတဲ့ ဇာတ်စင်ပေါ်က ဘဝကို အတိတ်မှာချန်ထားခဲ့ပြီး မန္တလေးရဲ့ လမ်းဘေးတစ်နေရာမှာ လူမသိ သူမသိ တောင်းရမ်း စားသောက်နေပါတယ်။

(ဒီနေရာမှာ စာဖတ်သူတွေကို အထူးအသိပေးလိုတာက လူရွှင်တော်တိုင်းကျော် ဆိုတာဟာ အဘိုးဦးတူးကို ရည်ညွှန်းတာဖြစ်ပြီး အခုလက်ရှိ ဟားငါးကောင်အဖွဲ့က လူရွှင်တော်တိုင်းကျော်ကို ရည်ညွှန်းတာ မဟုတ်ကြောင်း ကွဲပြားစေလိုပါတယ်။)

“တစ်ချိန်က လူရွှင်တော်ကြီးဆိုတာကို မသိကြဘူး။ သိတဲ့လူတချို့ကတော့ ဦးတိုင်းကျော်လားဆိုပြီး မေးကြတယ်။ မြို့ထဲမှာ သင်္က࿿ြန်စာလည်ရောင်းနေတဲ့သူ တစ်ယောက်နဲ့လည်း လူမှားကြသေးတယ်။ လောကကြီးက လူတူမရှား နာမည်တူမရှားလေ”လို့ လူရွှင်တော်ဟောင်းကြီး ဦးတိုင်းကျော် တစ်ဖြစ်လဲအဘိုးဦးတူးက ပြောပါတယ်။

သူအမြဲစားကျက်ချလေ့ရှိတဲ့ တောင်းရမ်းရာနေရာဆီကိုမနက်တိုင်း လိုင်းကားစီးလာလေ့ရှိပါတယ်။ ငွေကျပ် ၅çဝဝဝတောင်းရမ်းလို့ရပြီဆိုရင် သူ့အတွက် တစ်နေ့စာ လုံလောက်ပြီဖြစ်လို့ အိမ်ပြန်လေ့ရှိပါတယ်။

အိမ်မှာတော့ “ကလေး” လို့ အဘိုးဦးတူး အမြတ်တနိုးခေါ်သူတစ်ဦးက စောင့်နေတတ်ပါတယ်။ သူက အသက် ၅၀ နား နီးနေပြီဖြစ်တဲ့ သူ့ချစ်ဇနီးသည်ပါ။ အိမ်ထောင်သက် ၂၆ နှစ်ရှိပြီဖြစ်ပြီး မသန်စွမ်းတစ်ဦးဖြစ်တဲ့ ဇနီးသည်ကို သူတတ်နိုင်တဲ့ နည်းလမ်းနဲ့ ပြုစုစောင့်လျှောက်ရတာ ဖြစ်တယ်လို့ အဘိုးဦးတူးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက လူရွှင်တော်တစ်ဖြစ်လဲအငြိမ့်တွေ၊ ဇာတ်သဘင်တွေမှာ ဖျော်ဖြေ ကပြရင်း သမုဒ္ဒရာဝမ်းတစ်ထွာအရေး ပြေလည်ခဲ့ပေမဲ့ အခုအချိန်မှာ သူ့အတွက် ဝမ်းစာဖူလုံရေးဟာ အများသူငှာရဲ့ ကရုဏာနဲ့ ဥပေက္ခာအကြားမြင့်တစ်ချီ နှိမ့်တစ်လှည့် ဖြစ်ရပါတယ်။

“တောင်းစားဖြစ်နေတာက ဇာတ်မထွက်ရတော့တာလည်း ကြာပြီ။ ထွက်ရရင်လည်း ညကြေးလေး ၁၀çဝဝဝ လောက်နဲ့ ဘာသွားစားမလဲ” လို့ အဘိုးဦးတူးက ပြောပါတယ်။

အံတုလို့ ရပေမဲ့ အာခံလို့မရတဲ့ ဇရာရေချိန် ကျဆင်းလာတဲ့အခါမှာတော့ အရင်က ဒိုးတူပေါင်ဖက် လက်တွဲခဲ့တဲ့ ဇာတ်သမားတွေကလည်း လမ်းခွဲစကား ဆိုလာကြတယ်လို့ သူက ဆိုပါတယ်။”အရင်က ခေါ်တဲ့သူတွေက ပြောကြတယ်။ အသက်လည်းကြီးပြီ။ ကားအဆင်း အတက်ကအစ မလွယ်ဘူးတဲ့။ အမှန်တော့(သူတို့က ကိုယ့်ကို) မလိုချင်တော့တာ” လို့ ဦးတူးက ပြောပါတယ်။

ဒီလို အခက်အခဲတွေရှိနေပေမဲ့ အသက်ရှူနေသရွေ့ ဝမ်းရေးအတွက် မဖြစ်မနေ ရုန်းကန်ရမှာမို့ တစ်ချိန်က သူဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တဲ့ ပြည်သူတွေဆီကပဲ အာဟာရအသက်ရှင်ဆေးအတွက် စေတနာရှိသမျှ စွန့်ကြဲအသပြာကို တောင်းခံဖို့ သူဆုံးဖြတ်လိုက်ပါတယ်။

“ဒီအရွယ်ကျမှ ဆိုက်ကားနင်း၊ အထမ်းသမားလည်း မလုပ်နိုင်တော့ဘူးလေ”လို့ အဘိုးဦးတူးက ပြောပါတယ်။ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်း၊ ခေတ်သစ် အနုပညာလှိုင်းတွေအကြား အငြိမ့်၊ ဇာတ်သဘင်လောကရဲ့ ခေတ်ကောင်းနိဋ္ဌဌိတံဖို့ တဖြည်းဖြည်း နီးကပ်လာချိန်မှာ ရပ်တည်ရေးအတွက် ရုန်းကန်နေရတဲ့ ဇာတ်အဖွဲ့တွေ ရှိသလို၊ လက်ရှိ အချိန်အထိ အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဇာတ်အဖွဲ့တချို့လည်း ရှိနေပါသေးတယ်။

အဘိုးဦးတူးရဲ့ အဖြစ်ကတော့ ဇာတ်အတွင်း ကပြဖျော်ဖြေအသုံးတော်ခံတဲ့ ဟာသလူရွှင်တော်တွေရဲ့ ဘဝဟာ ရေရှည်မှာ မရေရာမှုတွေနဲ့ ပြည့်နှက်နေကြောင်း လှစ်ဟပြနေသလိုပါပဲ။

အနုပညာမြို့တော်လို့ တင်စားရလောက်အောင် သူ့အသက် ငယ်ရွယ်စဉ်တုန်းက မန္တလေးမြို့ကြီးဟာ ဇာတ်ပွဲတွေ၊ အငြိမ့်တွေက အခါမလပ်အောင် အပြိုင်အဆိုင် ကျင်းပခဲ့ရာ နေရာလို့ ဦးတူးက ပြောပါတယ်။ မန္တလေး မြောက်ပြင်သားဖြစ်တဲ့ အဘိုးဦးတူးဟာ ငယ်စဉ်ကတည်းက ဇာတ်ပွဲတကာကို လိုက်ကြည့်ရတာ ဝါသနာ အထုံရှိခဲ့သူ တစ်ဦးပါ။

သူဟာ ရွှေမန်းတင်မောင်ဇာတ်က နာမည်ကြီးလူရွှင်တော် ဦးဖျောက်ဆိပ်ရဲ့ မြေးလည်းဖြစ်တယ်လို့ အဘိုးဦးတူးက ပြောပါတယ်။ သူ့အဘိုးဖြစ်သူဟာ လူရွှင်တော်ဖြစ်ပေမဲ့ ဦးတူးရဲ့ မိသားစုဝင်တွေဟာ အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်မပါကြပါဘူး။

“အဘိုးက လူရွှင်တော်ပေမဲ့ အဖေက ဆံပင်ညှပ်ဆရာ။ အနုပညာနဲ့ဘာမှမဆိုင်တဲ့သူ။ မောင်နှမသားချင်း ၁၀ ယောက်ထဲမှာ ကိုယ်ပဲအရှက်မရှိ လူရွှင်တော်ဝါသနာပါတာ။ လူရွှင်တော်ဖြစ်ရမယ်ဆိုတဲ့ စိတ်က ငယ်ကတည်းကပါတယ်။ အိမ်မှာ ဇာတ်ခုံသေးသေးလေးတွေဆောက်ပြီး တစ်ယောက်တည်းလည်း ဆော့တတ်တယ်”လို့ ဦးတူးက ငယ်ဘဝကို ပြန်ပြောင်းပြောပါတယ်။

သူငယ်စဉ်က မန္တလေးတစ်ခွင်မှာ ဘယ်လောက်ပဲဝေးဝေး နေထိုင်ရာ မြောက်ပြင်အရပ်ကနေ ဇာတ်ပွဲ၊ အငြိမ့်ပွဲရှိရာကို ခြေလျင်လျှောက်ပြီး ရောက်အောင်သွားခဲ့တယ်လို့ သူက ဆိုပါတယ်။

“အသက် ၁၆ နှစ်ရောက်တော့ မင်းသမီး ညိုညိုစန်းအငြိမ့်မှာ လူရွှင်တော် ကိုသန်းဇော်က မပြန်တော့ဘူးလားလို့ မေးတော့ ခင်ဗျားတို့နောက်လိုက်ချင်တာဆိုပြီး ကိုယ်က ပြောလိုက်တယ်။ ဒါနဲ့ ကားဆွဲအနေနဲ့ မှုံရွှေရည်အငြိမ့်မှာ တစ်နေ့ ငါးကျပ်စားနဲ့ စလိုက်ခွင့်ရတယ်”လို့ ဦးတူးက ပြောပါတယ်။

ကားလိပ်ဆွဲအဖြစ် တစ်နှစ်အကြာမှာ ထြွကပွင့်လန်းလာတဲ့ အနုပညာဓာတ်အခံကြောင့် သူဟာ လူရွှင်တော် ဇာတိခံယူ၊ စင်မြင့်ထက်ကို တစ်ဆင့်တက်လှမ်းပြီး ဇာတ်အဖွဲ့နဲ့အတူ လူရွှင်တော်အဖြစ် စတင်ကပြဖျော်ဖြေရင်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေခဲ့ပါတယ်။ ဒဂုံစိန်သန်း၊ ဒဂုံလှရွှေ၊ ထန်းရွက်ပုတီး ငါးမည်ရတင်သိန်း စတဲ့ ဇာတ်တွေမှာလည်း ဦးတိုင်းကျော် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

စစ်အစိုးရလက်ထက် နိုင်ငံရေးတကြွ်ကလှုပ်ရှားသူတွေကို အပြင်းထန်ဆုံး ဖိနှိပ်စဉ်မှာ နိုင်ငံရေးနဲ့ မကင်းတဲ့ ပြက်လုံးတွေ ပြက်မိတာကြောင့် အချုပ်တန်းဝင်ဂုဏ်ထူးလည်း အဘိုးဦးတူး ချီးမြှင့်ခံခဲ့ရခဲ့ပါသေးတယ်။

“ဇာတ်ထဲမှာ ရှေ့မှာ သေနတ်မှန်တဲ့ကောင်တွေ ကျကုန်ပြီလို့ တစ်ယောက်က ပြောတော့ ဒါဆို မမှန်တဲ့ကောင်တွေကို ရှေ့ကိုပို့လိုက်ကွာလို့ ပြက်လိုက်လို့ အချုပ်ထဲ ညအိပ်လိုက်ရတယ်။ အချုပ်ထဲဆိုတော့ အန္တရာယ်ကင်းတာပေါ့လေ” လို့ အဖမ်းခံရပုံကိုသူက ဟာသနှောပြီး ပြန်ပြောပြခဲ့ပါတယ်။

“တို့ငယ်ငယ်က အဲဒါကိုက ပျော်စရာလိုဖြစ်နေတာ။ မနက်လင်းပြီဆိုရင် ဘယ်ကောင်ကြီးတော့ ဖမ်းသွားပြီဟေ့ဆိုပြီး ၄၂ လမ်းကလက်ဖက်ရည်ဆိုင်မှာ ထိုင်ပြောနေကြတာ”လို့ သူက ပြောပါတယ်။

သူပျော်ရွှင်ခဲ့ရတဲ့ ဇာတ်လောကဟာ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ တစ်နည်းတစ်ဖုံ ပြောင်းလဲလို့ လာပါတယ်။ မိုးလင်းပေါက်ကတဲ့ ဘယ်ဇာတ်အဖွဲ့ကိုပဲ ကြည့်ကြည့် မနက်မိုးလင်းလာရင် မှတ်သားစရာ ဘာမှ မကျန်တော့ဘူးလို့ သူက ဆိုပါတယ်။

“ဇာတ်ပွဲတွေထဲ အော်ဂင်တွေ စရောက်ကတည်းက အောက်ကဆိုင်းနဲ့ အော်ဂင်နဲ့ ညှိနေရတာ။ လုပ်ချင်သလိုသာ လုပ်ကြပါတော့ဆိုပြီး ဇာတ်ခုံပေါ်ကနေ ဆင်းပေးလိုက်ရသလိုပါပဲ”လို့ သူတွယ်တာခဲ့ရတဲ့ ဇာတ်လောကအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

ဒါ့ပြင် ကပြဖျော်ဖြေတဲ့ ဇာတ်အရည်အသွေးကလည်း တဖြည်းဖြည်းကျဆင်းလာတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံကျော်စာရေးဆရာမကြီး လူထုဒေါ်အမာက အငြိမ့်နဲ့ ဇာတ်သဘင်လောကမှာ ယိုယွင်းလာတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ “အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ” စာတမ်းကို ပြုစုပြီး ၁၉၇၁ ခုနှစ် စာဆိုတော်နေ့ အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။

“မှတ်မှတ်ရရ ၁၉၆၉ ဝန်းကျင်မှာ စိန်ပန်းရပ်က စတိတ်ရှိုးမှာ မိန်းမတွေပါ လက်တွေခြေတွေလှုပ်ပြီး ကတာ မြင်ရတော့တို့လောကတော့ ပျက်စီးဖို့ စလာပြီလို့တွေးပြီး ရင်ထုမနာဖြစ်ရတယ်။ နောက်ပိုင်းမှာ ပွဲကရင်းနဲ့ လူသတ်မှုဖြစ်တာတွေ ရှိလာတယ်”လို့သူက ပြောပါတယ်။

အရင်တုန်းက ဇာတ်ကရာမှာ ပရိသတ်ရာချီအားပေးခဲ့တဲ့ ကဇာတ်ရုံကြီးတွေ အသုံးပြုကြပြီး အခုအချိန်မှာတော့ ဇာတ်ရုံအသေးလေးတွေနဲ့ပဲ ကပြကြတော့တယ်လို့ သူက ဆိုပါတယ်။ ဇာတ်ကတဲ့အခါမှာ စတိတ်ရှိုးလို့ခေါ်တဲ့ ဇာတ်စင်ပေါ်မှာ ကာလပေါ်သီချင်းတွေကို သီဆိုဖျော်ဖြေနေခြင်းကလည်း ကတဲ့ဇာတ်၊ အငြိမ့်တွေရဲ့ အနှစ်သာရကို ထိခိုက်စေတယ်လို့ ဦးတူးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ အသက်အရွယ်အရ စင်မြင့်ပေါ်က လူပြက်ဘဝကို စွန့်ခွာခဲ့ပေမဲ့ သူ့ရဲ့ အနုသုခုမဘဝ သူဘယ်တော့မှ နောင်တမရခဲ့ဘူးလို့ ဦးတူးက ဆိုပါတယ်။ သူသိထားတဲ့ လူပြက်ပညာရပ်တွေကိုလည်း သင်ယူလိုတဲ့သူရှိရင် ပညာအမွေပေးချင်တယ်လို့ သူက ဆိုပါတယ်။

“မသေခင် အခုဘာအဖြစ်ချင်ဆုံးလဲမေးရင် အနုပညာနဲ့ ပတ်သက်ပြီး အကြံပေးဖြစ်ချင်တယ်။ တောင်ရှည် မဝတ်တတ်ရင် တောင်ရှည်ဝတ်နည်းသင်ပေးမယ်။ ခွန်းထောက်၊ ဧယင်ကျူး၊ ငိုချင်း၊တောချီး နန်းချီး (တောတောင်၊ နန်းတွင်းချီးမွမ်းခန်း) မတတ်ရင် သင်ပေးချင်တယ်။ လူပြက်အစက တောင်ရှည်ဝတ်တာပဲ။ လူပြက်ဖြစ်ချင်ရင် လာခဲ့။ အဲဒါကစ သင်ပေးမယ်”လို့ ဦးတိုင်းကျော် တစ်ဖြစ်လဲ အဘိုးဦးတူးက ပြောပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Bamakit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top