iMyanmarHouse.com - Best Property Website for Myanmar
×



တစ္ေခတ္တစ္ခါက VCD ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ မင္းသမီး ကေတာ့ ၾကည္လဲ့လဲ့ဦး ျဖစ္ပါတယ္။ အိမ္ေထာင္က်ျပီး ေနာက္ပိုင္း အႏုပညာအ လုပ္ေတြနဲ႕ ကင္းကြာသြားခဲ့တဲ့ ၾကည္လဲ့လဲ့ဦးက ကိုယ္ပိုင္စီးပြားေရးကိုသာ ေဇာက္ခ်လုပ္ကိုင္ေနပါတယ္။

ခင္ပြန္းသည္ သရုပ္ေဆာင္ ဇာနည္ ၊ သားသမီး ၃ ေယာက္နဲ႕အတူ သာယာေပ်ာ္ ရႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္လာတာဆိုရင္ အိမ္ေထာင္သက္ ၁၄ ႏွစ္ေက်ာ္ ၾကာခဲ့ပါျပီ။

သားသမီးေရး စီးပြားေရးေတြနဲ႕ နပန္းလံုးေနရတဲ့ ၾကည္လဲ့လဲ့ဦးက ပင္ပန္းလြန္း တာေၾကာင့္ ဝိတ္မက်ႏိုင္ ျဖစ္ေနပါတယ္။ သရုပ္ေဆာင္ စမိုင္းလ္ကို အားက်တယ္ ဆိုတဲ့ ၾကည္လဲ့လဲ့ဦးေရာ အႏုပညာအလုပ္ေတြ ျပန္လုပ္ဖို႕ ဝိတ္ခ်ဦးမလားဆိုတာ ကိုေတာ့ အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။



“အႏုပညာအလုပ္က အမစိတ္ဝင္စားရင္ေတာ့ လုပ္ပါေသးတယ္။ ေတာ္ေတာ္ေတာ့ ကင္းကြာသြားတာ ၾကာျပီ။ ဒါေပမဲ့ အႏုပညာနဲ႕ ပတ္သက္တဲ့ လုပ္ငန္းေတြေတာ့ ဆက္ႏြယ္ေနတာေလးေတြ လုပ္ျဖစ္ေသးတယ္။ လုပ္ဖို႕ရွိတဲ့ဟာလည္း ရွိတယ္။ လုပ္ေနတယ္ေပါ့ေနာ္။ အမနဲ႕ အမအမ်ိဳးသား ဦးေဆာင္ျပီး ေနာက္ပိုင္း ပရိသတ္ေတြကို ခ်ျပသြားမွာပါ။” လို႕ ဆိုပါတယ္။



“အမ ပံုစံနဲ႕ အမ ေယာက်္ားနဲ႕ေတာ့ အႏုပညာအလုပ္ေတြကို ခပ္စိပ္စိပ္လုပ္ဖို႕ မလြယ္ေတာ့ဘူးေလေနာ္။ ဝိတ္ကလည္း ခ်ဖို႕က မခ်ႏိုင္ဘူး။ စမိုင္းလ္ကို အရမ္းခ်ီး က်ဴးတယ္။ ကိုယ္က စိတ္ပဲရွိတာကြာ ။

စမိုင္းလ္ဆိုရင္ ပိန္သြားတာ အရမ္းခ်ီးက်ဴးတယ္။ ငါလည္း ပိန္ေအာင္လုပ္မယ္ လုပ္မယ္ဆိုျပီး ဒီတိုင္းပဲ။ စိတ္ပင္ပန္းေတာ့ ပိုဝတာလား မသိဘူး။ ကေလးေတြ ကလည္း ငယ္ေသးေတာ့။

မနက္မိုးလင္းကေန မိုးခ်ဳပ္ ကေလးေတြ အတြက္ေရာ စီးပြားေရးေရာ။ တစ္ခ်ိန္ခ်ိန္ မွာေတာ့ အႏုပညာဆိုတာထက္ ကိုယ့္က်န္းမာေရးအတြက္ ဝိတ္ခ်ရမွာပါ။” ဆိုျပီး ေျပာျပသြားပါတယ္။



ဝလည္း ခ်စ္ေနဆဲပါပဲ ဆိုတဲ့ ပရိသတ္ေတြနဲ႕ နယ္ပရိသတ္ေတြကို ေက်းဇူးတင္သလို တစ္ခုခုျပန္ျပီး ေပးဆပ္သြားခ်င္ပါတယ္ဆိုတဲ့ အေၾကာင္း ၾကည္လဲ့လဲ့ဦးက ေက်းဇူးတင္စကား ေျပာၾကားသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ခေတ်တစ်ခါက VCD လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီး ကတော့ ကြည်လဲ့လဲ့ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာအ လုပ်တွေနဲ့ ကင်းကွာသွားခဲ့တဲ့ ကြည်လဲ့လဲ့ဦးက ကိုယ်ပိုင်စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်နေပါတယ်။

ခင်ပွန်းသည် သရုပ်ဆောင် ဇာနည် ၊ သားသမီး ၃ ယောက်နဲ့အတူ သာယာပျော် ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်လာတာဆိုရင် အိမ်ထောင်သက် ၁၄ နှစ်ကျော် ကြာခဲ့ပါပြီ။

သားသမီးရေး စီးပွားရေးတွေနဲ့ နပန်းလုံးနေရတဲ့ ကြည်လဲ့လဲ့ဦးက ပင်ပန်းလွန်း တာကြောင့် ဝိတ်မကျနိုင် ဖြစ်နေပါတယ်။ သရုပ်ဆောင် စမိုင်းလ်ကို အားကျတယ် ဆိုတဲ့ ကြည်လဲ့လဲ့ဦးရော အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ဝိတ်ချဦးမလားဆိုတာ ကိုတော့ အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“အနုပညာအလုပ်က အမစိတ်ဝင်စားရင်တော့ လုပ်ပါသေးတယ်။ တော်တော်တော့ ကင်းကွာသွားတာ ကြာပြီ။ ဒါပေမဲ့ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေတော့ ဆက်နွယ်နေတာလေးတွေ လုပ်ဖြစ်သေးတယ်။ လုပ်ဖို့ရှိတဲ့ဟာလည်း ရှိတယ်။ လုပ်နေတယ်ပေါ့နော်။ အမနဲ့ အမအမျိုးသား ဦးဆောင်ပြီး နောက်ပိုင်း ပရိသတ်တွေကို ချပြသွားမှာပါ။” လို့ ဆိုပါတယ်။

“အမ ပုံစံနဲ့ အမ ယောကျ်ားနဲ့တော့ အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်လုပ်ဖို့ မလွယ်တော့ဘူးလေနော်။ ဝိတ်ကလည်း ချဖို့က မချနိုင်ဘူး။ စမိုင်းလ်ကို အရမ်းချီး ကျူးတယ်။ ကိုယ်က စိတ်ပဲရှိတာကွာ ။

စမိုင်းလ်ဆိုရင် ပိန်သွားတာ အရမ်းချီးကျူးတယ်။ ငါလည်း ပိန်အောင်လုပ်မယ် လုပ်မယ်ဆိုပြီး ဒီတိုင်းပဲ။ စိတ်ပင်ပန်းတော့ ပိုဝတာလား မသိဘူး။ ကလေးတွေ ကလည်း ငယ်သေးတော့။

မနက်မိုးလင်းကနေ မိုးချုပ် ကလေးတွေ အတွက်ရော စီးပွားရေးရော။ တစ်ချိန်ချိန် မှာတော့ အနုပညာဆိုတာထက် ကိုယ့်ကျန်းမာရေးအတွက် ဝိတ်ချရမှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ဝလည်း ချစ်နေဆဲပါပဲ ဆိုတဲ့ ပရိသတ်တွေနဲ့ နယ်ပရိသတ်တွေကို ကျေးဇူးတင်သလို တစ်ခုခုပြန်ပြီး ပေးဆပ်သွားချင်ပါတယ်ဆိုတဲ့ အကြောင်း ကြည်လဲ့လဲ့ဦးက ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top