20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 မႏၲေလးခ်မ္းေအးသာစံအမွတ္(၁၂) အထက္တန္းေက်ာင္းဆရာမတစ္ဦးကိုလစာ ၇၈ သိန္းေက်ာ္ ျပန္သြင္းခိုင္း

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံ ၿမိဳ႕နယ္ အမွတ္(၁၂) အေျခခံပညာ အထက္တန္းေက်ာင္းက ဆရာမ ေဒၚမာမာျမင့္ဟာ ဆယ္တန္းေအာင္လက္မွတ္က ေမြးသကၠရာဇ္ႏွင့္

အမႈထမ္းစာအုပ္က ေမြးသကၠရာဇ္ မတူတာေၾကာင့္ ပင္စင္ယူရမယ့္ အသက္ထက္ ၃ ႏွစ္ ႏွင့္ ၇ လ ပိုၿပီး တာဝန္ထမ္းေဆာင္ခဲမိပါတယ္ဒီျဖစ္ရပ္မွာဆိုရင္ ေဒၚမာမာျမင့္ရဲ႕ အသက္ဟာဆယ္တန္းေအာင္လက္မွတ္မွာရွိတဲ့ ေမြးသကၠရာဇ္ နဲ႔ တြက္ရင္ ယခုအခ်ိန္မွာ ၆၃ ႏွစ္ နဲ႔ ၇ လ ျဖစ္ေနတာျဖစ္ပါတယ္

ပညာေရးမႉး႐ုံးက ျဖည့္သြင္းထားတဲ့ အမႈထမ္းစာအုပ္ကေမြးသကၠရာဇ္နဲ႔ တြက္ရင္ေတာ့ ပင္စင္ယူရမယ့္အခ်ိန္ဟာ အသက္ ၆၀ ျပည့္ပဲျဖစ္ပါတယ္. . .

ခုလိုေမြးသကၠရာဇ္ လြဲမွားေနတဲ့ အတြက္ ဆရာမေဒၚမာမာျမင့္ဟာ ပင္စင္ယူရမယ့္ အခ်ိန္မွာ မယူဘဲဆက္လက္တာဝန္ထမ္းေဆာင္ေနတဲ့အတြက္ ပင္စင္ယူရမယ့္အသက္ထက္ပိုေနတဲ့ ၃ ႏွစ္ ႏွင့္ ၇ လစာ ေငြ ၇၈ သိန္းေက်ာ္ကို ျပန္လည္ေပးသြင္းရေတာ့မွာ ျဖစ္ပါတယ္

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ဆရာတစ္ေယာက္က ခုလို ရင္ဖြင့္ ထားပါတယ္ “အမႈထမ္းစာအုပ္ လိုင္းကိုင္စာေရး ဘယ္သူလဲ။အမႈထမ္းစာအုပ္ထဲမွာ တကၠသိုလ္ဝင္ေအာင္လက္မွတ္၊ဘြဲ႕လက္မွတ္

၊ရာထူးတိုး/ေျပာင္း အမိန႔္စာ အကုန္တြဲထည့္ထားရတာပဲ မဟုတ္လား။အဲဒါကို လိုင္းကိုင္က စိစစ္ၿပီး ေက်ာင္းအုပ္က လက္မွတ္ ထိုးေပးရတာပါ။

အမႈထမ္းသက္လြန္ကိစၥမွာ တာဝန္ရွိတာ စာေရး၊ေက်ာင္းအုပ္၊ကာယကံရွင္ အားလုံးျဖစ္ပါတယ္။ေနာက္ၿပီး အဲ့ဒီ့ေက်ာင္းကို ႏွစ္စဥ္ ေက်ာင္းစစ္ေဆးရတဲ့TEO ၊ DTEO ေတြမွာလည္း တာဝန္ရွိတယ္။

ပင္စင္ယူမွ ဒီကိစၥကို သိတယ္ဆိုေတာ့ ေတာ္ေတာ္ႀကီး မ်ားသြားၿပီ။ သူလိမ္ထားတယ္ဆိုရင္ေတာင္ အကုန္ျပန္သြင္းခိုင္းဖို႔မသင့္ဘူး။သူ႔ကို ၂၀၁၅ နဲ႔ ပင္စင္တြက္မယ္။အဲ့ဒီ့အတြက္ရမယ့္ပင္စင္လစာရယ္၊

ၿပီးရင္ သူအလုပ္လုပ္ ေပးေနတာအတြက္ ေထာက္ပံ့ေငြပမာဏတစ္ခုကို သတ္မွတ္ၿပီးေတာ့ရယ္၊ အဲ့ဒီ့ႏွစ္ခုကိုေပါင္းၿပီး သူျပန္သြင္းရမယ့္ေငြေၾကးထဲကႏႈတ္၊လိုတာေလာက္ကိုပဲ ျပန္သြင္းခိုင္းသင့္ပါတယ္။

TEO အမ်ားစုက စစ္ေဆးခ်က္ပုံစံ ကဆ ေတြကို ႐ုံးစားပြဲေပၚထိုင္ျဖည့္ၿပီး ေက်ာင္းအုပ္ကို လက္မွတ္ေခၚထိုးခိုင္း၊ၿပီးရင္ TA ဆြဲတင္ေနၾကတာလည္းအမ်ားသား မဟုတ္ေပလားဟ႐ို႕

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ၿဖိဳးေဝေအာင္

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးချမ်းအေးသာစံအမှတ်(၁၂) အထက်တန်းကျောင်းဆရာမတစ်ဦးကိုလစာ ၇၈ သိန်းကျော် ပြန်သွင်းခိုင်း

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းက ဆရာမ ဒေါ်မာမာမြင့်ဟာ ဆယ်တန်းအောင်လက်မှတ်က မွေးသက္ကရာဇ်နှင့်

အမှုထမ်းစာအုပ်က မွေးသက္ကရာဇ် မတူတာကြောင့် ပင်စင်ယူရမယ့် အသက်ထက် ၃ နှစ် နှင့် ၇ လ ပိုပြီး တာဝန်ထမ်းဆောင်ခဲမိပါတယ်ဒီဖြစ်ရပ်မှာဆိုရင် ဒေါ်မာမာမြင့်ရဲ့ အသက်ဟာဆယ်တန်းအောင်လက်မှတ်မှာရှိတဲ့ မွေးသက္ကရာဇ် နဲ့ တွက်ရင် ယခုအချိန်မှာ ၆၃ နှစ် နဲ့ ၇ လ ဖြစ်နေတာဖြစ်ပါတယ်

ပညာရေးမှူးရုံးက ဖြည့်သွင်းထားတဲ့ အမှုထမ်းစာအုပ်ကမွေးသက္ကရာဇ်နဲ့ တွက်ရင်တော့ ပင်စင်ယူရမယ့်အချိန်ဟာ အသက် ၆၀ ပြည့်ပဲဖြစ်ပါတယ်. . .

ခုလိုမွေးသက္ကရာဇ် လွဲမှားနေတဲ့ အတွက် ဆရာမဒေါ်မာမာမြင့်ဟာ ပင်စင်ယူရမယ့် အချိန်မှာ မယူဘဲဆက်လက်တာဝန်ထမ်းဆောင်နေတဲ့အတွက် ပင်စင်ယူရမယ့်အသက်ထက်ပိုနေတဲ့ ၃ နှစ် နှင့် ၇ လစာ ငွေ ၇၈ သိန်းကျော်ကို ပြန်လည်ပေးသွင်းရတော့မှာ ဖြစ်ပါတယ်

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆရာတစ်ယောက်က ခုလို ရင်ဖွင့် ထားပါတယ် “အမှုထမ်းစာအုပ် လိုင်းကိုင်စာရေး ဘယ်သူလဲ။အမှုထမ်းစာအုပ်ထဲမှာ တက္ကသိုလ်ဝင်အောင်လက်မှတ်၊ဘွဲ့လက်မှတ်

၊ရာထူးတိုး/ပြောင်း အမိန့်စာ အကုန်တွဲထည့်ထားရတာပဲ မဟုတ်လား။အဲဒါကို လိုင်းကိုင်က စိစစ်ပြီး ကျောင်းအုပ်က လက်မှတ် ထိုးပေးရတာပါ။

အမှုထမ်းသက်လွန်ကိစ္စမှာ တာဝန်ရှိတာ စာရေး၊ကျောင်းအုပ်၊ကာယကံရှင် အားလုံးဖြစ်ပါတယ်။နောက်ပြီး အဲ့ဒီ့ကျောင်းကို နှစ်စဉ် ကျောင်းစစ်ဆေးရတဲ့TEO ၊ DTEO တွေမှာလည်း တာဝန်ရှိတယ်။

ပင်စင်ယူမှ ဒီကိစ္စကို သိတယ်ဆိုတော့ တော်တော်ကြီး များသွားပြီ။ သူလိမ်ထားတယ်ဆိုရင်တောင် အကုန်ပြန်သွင်းခိုင်းဖို့မသင့်ဘူး။သူ့ကို ၂၀၁၅ နဲ့ ပင်စင်တွက်မယ်။အဲ့ဒီ့အတွက်ရမယ့်ပင်စင်လစာရယ်၊

ပြီးရင် သူအလုပ်လုပ် ပေးနေတာအတွက် ထောက်ပံ့ငွေပမာဏတစ်ခုကို သတ်မှတ်ပြီးတော့ရယ်၊ အဲ့ဒီ့နှစ်ခုကိုပေါင်းပြီး သူပြန်သွင်းရမယ့်ငွေကြေးထဲကနှုတ်၊လိုတာလောက်ကိုပဲ ပြန်သွင်းခိုင်းသင့်ပါတယ်။

TEO အများစုက စစ်ဆေးချက်ပုံစံ ကဆ တွေကို ရုံးစားပွဲပေါ်ထိုင်ဖြည့်ပြီး ကျောင်းအုပ်ကို လက်မှတ်ခေါ်ထိုးခိုင်း၊ပြီးရင် TA ဆွဲတင်နေကြတာလည်းအများသား မဟုတ်ပေလားဟရို့

ဖိုးသူတော် (www.phothutaw.com)
Credit:ဖြိုးဝေအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top